စက်တင်ဘာ ၇ အပတ်အတွက်ဇယား
စက်တင်ဘာ ၇ မှာစမယ့်အပတ်
သီချင်း ၃ နဲ့ဆုတောင်းချက်
အသင်းတော်ကျမ်းစာလေ့လာမှု–
cl အခန်း ၃၀၊ အပိုဒ် ၁-၉ (၃၀ မိ.)
ဟောပြောသွန်သင်ခြင်းသင်တန်း–
ကျမ်းစာဖတ်ရှုခြင်း– ၄ ဓမ္မရာဇဝင် ၁၂-၁၅ (၈ မိ.)
နံပါတ် ၁– ၄ ဓမ္မရာဇဝင် ၁၃:၁၂-၁၉ (၃ မိ. ဒါမှမဟုတ် ဒီထက်နည်း)
နံပါတ် ၂– ယုံကြည်ခြင်းကို မည်သို့ရယူနိုင်သနည်း—rs စ. ၂၆၄ အပိုဒ် ၂-၅ (၅ မိ.)
နံပါတ် ၃– ခရစ်ယာန်ဂရိကျမ်းစောင်တွေထဲမှာ ဘာအကြောင်းအရာတွေပါသလဲ—igw စ. ၃၁ (၅ မိ.)
လုပ်ငန်းတော်စည်းဝေး–
ဒီလအတွက် အဓိကအကြောင်းအရာ– ‘ငါနှင့်ငါ့အိမ်သားဖြစ်လျှင် ယေဟောဝါဘုရားကိုသာ ဝတ်ပြုမည်။’—ယောရှု ၂၄:၁၅။
၁၀ မိ– ဘယ်လိုလုပ်ခဲ့ကြသလဲ။ ဆွေးနွေးပါ။ “အမှုဆောင်လုပ်ငန်းမှာ တိုးတက်အောင်လုပ်ဆောင်ခြင်း—လူသစ်တွေကို လေ့ကျင့်ပေးပါ” ဆောင်းပါးထဲကအချက်တွေကို ကျင့်သုံးခဲ့တဲ့အတွက် အကျိုးရရှိပုံကို မှတ်ချက်ပေးဖို့ ပရိသတ်ကို ဖိတ်ခေါ်ပါ။ တွေ့ကြုံမှုကောင်းတွေ ပြောပြဖို့ ဖိတ်ခေါ်ပါ။
၁၀ မိ– အသင်းတော်စည်းဝေးတွေကို မိသားစုလိုက် မှန်မှန်တက်သလား။ ဟေဗြဲ ၁၀:၂၄၊ ၂၅ ကိုအခြေခံပြီး ဟောပါ။ ကလေးရှိတဲ့ မိသားစုတစ်စုကို လူတွေ့မေးမြန်းပါ။ အိမ်ထောင်ဦးစီးတွေက စည်းဝေးတွေကို ဦးစားထားတယ်ဆိုတာ ဘယ်လိုဖော်ပြနိုင်သလဲ။ မိသားစုလိုက် စည်းဝေးတွေ မှန်မှန်တက်ရောက်ဖို့ မိသားစုဝင် တစ်ယောက်ချင်းစီက ဘယ်လိုပံ့ပိုးပေးနိုင်မလဲ။ ဘယ်အချိန်မှာ သူတို့ မှတ်ချက်တွေ ပြင်ဆင်ကြသလဲ။ တစ်ဦးချင်းစီက စည်းဝေးတက်ဖို့အတွက် ဘာတွေ ကိုယ်ကျိုးစွန့်ရသလဲ။ စည်းဝေးတွေကို မှန်မှန်တက်ရောက်ပြီး မှတ်ချက်တွေပေးဖို့ အားလုံးကိုအားပေးပါ။
၁၀ မိ– ဆွေမျိုးသားချင်းတွေကို ကျမ်းစာအမှန်တရားမျိုးစေ့ ကြဲနိုင်မလား။ (တ. ၁၀:၂၄၊ ၃၃ ၊ ၄၈) ၂၀၁၅ နှစ်ချုပ်စာအုပ် စာမျက်နှာ ၈၇ အပိုဒ် ၁-၂; စာမျက်နှာ ၉၀ အပိုဒ် ၁-၃ တို့ကို အခြေခံပြီးဆွေးနွေးပါ။ ဘာသင်ခန်းစာရသလဲဆိုတာ မှတ်ချက်ပေးဖို့ ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၁၈ နဲ့ဆုတောင်းချက်