ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း လေ့ကျင့်ခန်းစာစောင် မှာပါတဲ့ အညွှန်းများ
နိုဝင်ဘာ ၄-၁၀
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၁ ယောဟန် ၁–၅
“လောကကိုဖြစ်စေ၊ လောကမှာရှိတဲ့ အရာတွေကိုဖြစ်စေ မချစ်ပါနဲ့”
(၁ ယောဟန် ၂:၁၅၊ ၁၆) လောကကိုဖြစ်စေ၊ လောကမှာရှိတဲ့ အရာတွေကိုဖြစ်စေ မချစ်ပါနဲ့။ လောကကို ချစ်တဲ့သူဟာ အဖဘုရားကို မချစ်တဲ့သူပဲ။ ၁၆ သွေးသားအလိုဆန္ဒ၊ မျက်စိရဲ့ အလိုဆန္ဒ၊ မိမိစည်းစိမ်အကြောင်း ဝါကြွားခြင်းစတဲ့ လောကမှာရှိတဲ့ အရာအားလုံးဟာ အဖဘုရားဆီက လာတာ မဟုတ်ဘူး။ လောကမှာရှိတဲ့ လူတွေဆီက လာတာပဲ။
ယေရှု ပြခဲ့သော ပုံသက်သေကို လိုက်လော့
၁၃ လောက၌ ရှိသမျှအရာသည် အမှားချည်း မဟုတ်ဟူ၍ အချို့က ဆင်ခြေတက်ကြမည်။ ထိုသို့ မှန်စေဦးတော့၊ လောကနှင့် လောက၏ ဆွဲဆောင်မှုများသည် ယေဟောဝါအား ဝတ်ပြုကိုးကွယ်မှုမှ ကျွန်ုပ်တို့ကို အလွယ်တကူ သွေဖည်သွားစေနိုင်၏။ လောက၏ ကမ်းလှမ်းရာ ရှိသမျှသည် ဘုရားသခင်ထံ ချဉ်းကပ်စေနိုင်သည် မဟုတ်။ သို့ဖြစ်၍ လောကအရာများကိုယ်နှိုက်က မမှားသည့်တိုင် ယင်းတို့ကို တပ်မက်လာလျှင် ကျွန်ုပ်တို့သည် အန္တရာယ်ရှိ လမ်းပေါ် လျှောက်မိလျက်သား ဖြစ်နေပြီ။ (၁ တိမောသေ ၆:၉၊ ၁၀) ထို့ပြင် လောကအရာ အများစုသည် အမှန်ပင် မကောင်းသောအရာများ ဖြစ်၏၊ ကျွန်ုပ်တို့ကို ထိခိုက်ပျက်စီးစေနိုင်၏။ အကြမ်းဖက်မှု၊ ရုပ်ပစ္စည်းတပ်မက်မှု သို့မဟုတ် လိင်အကျင့်ယိုယွင်းမှုတို့ကို အသားပေးထားသည့် ရုပ်ရှင်များ သို့မဟုတ် ရုပ်မြင်သံကြား အစီအစဉ်များကို ကြည့်မည်ဆိုလျှင် ၎င်းတို့သည် လက်ခံနိုင်စရာ ဖြစ်လာပြီးနောက် ကျွန်ုပ်တို့ကို သွေးဆောင်နိုင်၏။ ဘဝပုံစံ တိုးတက်ရေး သို့မဟုတ် စီးပွားတက်လမ်း ဖန်တီးရေးဘက်တွင် အားသန်သူများနှင့် ပေါင်းသင်းမည်ဆိုလျှင် ယင်းတို့သည် ကျွန်ုပ်တို့အတွက်လည်း အဓိက အရေးကြီးရာများ ဖြစ်လာနိုင်သည်။—မဿဲ ၆:၂၄; ၁ ကောရိန္သု ၁၅:၃၃။
(၁ ယောဟန် ၂:၁၇) အဲဒီအပြင် ဒီလောကရော လောကမှာရှိတဲ့ လူတွေ လိုချင်ရာ အားလုံးပါ ရွေ့သွားကွယ်ပျောက်နေတယ်။ ဘုရားသခင်ရဲ့ အလိုတော်ကို ဆောင်တဲ့သူကတော့ အမြဲတည်တယ်။
သင် ဘယ်လိုလူစား ဖြစ်သင့်တယ်ဆိုတာ ဆင်ခြင်ပါ
၁၈ “လောက၌ရှိသော အရာများ” ကို တွန်းလှန်ရာမှာ ကျွန်ုပ်တို့အတွက် အထောက်အကူပြုမယ့်အချက် နောက်တစ်ချက်က ယောဟန်ရဲ့ ဒီစကားတွေကို အမှတ်ရခြင်း ဖြစ်တယ်– “လောကနှင့် လောကတပ်မက်ခြင်းတို့သည် ရွေ့သွားကွယ်ပျောက်ဆဲရှိ၏။ ဘုရားသခင်၏ အလိုတော်ကို ဆောင်ရွက်သောသူမူကား အစဉ်အမြဲ တည်၏။” (၁ ယော. ၂:၁၇) စာတန့်စနစ်က ထာဝစဉ် တည်မြဲမယ့်ပုံ ပေါက်နေတယ်။ ဒါပေမဲ့ အဲဒါက တစ်နေ့မှာ အဆုံးသတ်သွားပါလိမ့်မယ်။ လောကမှာရှိတဲ့ အရာတွေက တစ်နေ့မှာ ပျက်စီးဆုံးရှုံးသွားမယ်ဆိုတာကို သတိရခြင်းက စာတန်ရဲ့ လှည့်စားမှု မခံရအောင် ကူညီပေးပါလိမ့်မယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(၁ ယောဟန် ၂:၇၊ ၈) ချစ်ရသူတို့၊ ပညတ်သစ်ကို ကျွန်တော် ပေးနေတာ မဟုတ်ဘူး။ အစကတည်းက ခင်ဗျားတို့ ရထားတဲ့ ပညတ်ဟောင်းအကြောင်း ပြောပြနေတာ။ အဲဒီပညတ်ဟောင်းဆိုတာ ခင်ဗျားတို့ ကြားခဲ့ရတဲ့ တရားစကားပဲ။ ၈ ဒါပေမဲ့ ကျွန်တော် ပြောပြမယ့် ပညတ်ကို ပညတ်သစ်လို့လည်း ပြောလို့ရပါတယ်။ အဲဒီပညတ်နဲ့ပတ်သက်ပြီး ယေရှုကိုယ်တိုင် နမူနာ ပြခဲ့သလို ခင်ဗျားတို့လည်း လိုက်နာနေလို့ပါ။ ဒါကြောင့် အမှောင် ကွယ်ပျောက်ပြီး စစ်မှန်တဲ့အလင်း ထွန်းလင်းနေပြီ။
ယေဟောဝါရဲ့ သတိပေးချက်တွေက ယုံကြည်စိတ်ချထိုက်
၁၄ ခရစ်ယာန်ဂရိကျမ်းမှာ အချင်းချင်း ချစ်ဖို့ သတိပေးချက်တွေ အများကြီး ပါတယ်။ ဒုတိယ အကြီးမြတ်ဆုံး ပညတ်က “လူသားချင်းကို ကိုယ်နှင့်အမျှ ချစ်” ခြင်း ဖြစ်တယ်လို့ ယေရှု ပြောခဲ့တယ်။ (မ. ၂၂:၃၉) ယေရှုရဲ့ မိတူဖကွဲညီ ယာကုပ်က ချစ်ခြင်းမေတ္တာကို “တော်ဝင်ပညတ်” လို့ ခေါ်ခဲ့တယ်။ (ယာ. ၂:၈) တမန်တော်ယောဟန်က “ချစ်ရသောသူတို့၊ ပညတ်သစ်အကြောင်း မဟုတ်ဘဲ အစကတည်းက သင်တို့ ရထားသည့် ပညတ်ဟောင်းအကြောင်း သင်တို့ထံ ရေးလိုက်ပါ၏” လို့ ပြောခဲ့တယ်။ (၁ ယော. ၂:၇၊ ၈) “ပညတ်ဟောင်း” လို့ ပြောရာမှာ ယောဟန် ဘာကို ရည်ညွှန်းနေတာလဲ။ ချစ်ခြင်းမေတ္တာပညတ်ကို ရည်ညွှန်းနေတာ ဖြစ်တယ်။ ဒီပညတ်က ဘာကြောင့် အဟောင်း ဖြစ်သလဲဆိုတော့ ယေရှုက ဒီပညတ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ဖြစ်တဲ့ “အစကတည်းက” ပေးခဲ့လို့ပဲ။ ဒါပေမဲ့ ဒီပညတ်က အသစ်လည်း ဖြစ်တယ်၊ ဘာကြောင့်လဲဆိုတော့ တပည့်တွေဟာ အခြေအနေသစ်တွေမှာ ကိုယ်ကျိုးစွန့်မေတ္တာကို ပြသရမှာ ဖြစ်လို့ပဲ။ ခရစ်တော်ရဲ့ တပည့်တွေ ဖြစ်တဲ့ ကျွန်ုပ်တို့ဟာ ဒီလောကမှာရှိတဲ့ လူအများစု တင်ပြတဲ့ တစ်ကိုယ်ကောင်းဆန်တဲ့ သဘောထားမျိုး မရှိဖို့ သတိပေးချက်တွေ ရရှိတဲ့အတွက် ကျေးဇူးတင်ကြပါတယ်။ အဲဒီအစား ကျွန်ုပ်တို့က ကိုယ်ကျိုးစွန့်မေတ္တာ တင်ပြကြတယ်။
(၁ ယောဟန် ၅:၁၆၊ ၁၇) ညီအစ်ကိုတစ်ယောက် မသေထိုက်တဲ့ အပြစ်ကို ကျူးလွန်နေတာ တွေ့ရင် သူ့အတွက် ဆုတောင်းပေးပါ။ ဘုရားသခင်က သူ့ကို အသက်ပေးလိမ့်မယ်။ မသေထိုက်တဲ့ အပြစ်ကို ကျူးလွန်သူတွေနဲ့ပတ်သက်ပြီး ပြောနေတာပါ။ သေထိုက်တဲ့ အပြစ်လည်း ရှိတယ်။ အဲဒီလိုအပြစ်အတွက် ဆုတောင်းပေးရမယ်လို့ ကျွန်တော် ပြောနေတာ မဟုတ်ဘူး။ ၁၇ မဖြောင့်မတ်မှု မှန်သမျှဟာ အပြစ်ပဲ။ ဒါပေမဲ့ မသေထိုက်တဲ့ အပြစ်လည်း ရှိပါတယ်။
it-1 ၈၆၂ ပိုဒ်. ၅
ခွင့်လွှတ်ခြင်း
တခြားသူတွေအတွက်၊ အသင်းတော်တစ်ခုလုံးအတွက် ဘုရားသခင့်ခွင့်လွှတ်မှု ရဖို့ ဆုတောင်းပေးတာ သင့်တော်ပါတယ်။ အစ္စရေးလူမျိုးအတွက် မောရှေ အဲဒီလိုလုပ်ခဲ့တယ်။ အစ္စရေးတစ်မျိုးလုံးရဲ့ အပြစ်တွေကို ဝန်ချတောင်းပန်ပြီး ခွင့်လွှတ်ပေးဖို့ တောင်းဆိုခဲ့တယ်။ သူ့ဆုတောင်းသံကို ယေဟောဝါ နားထောင်ခဲ့တယ်။ (တလ ၁၄:၁၉၊ ၂၀) ရှောလမုန်ကလည်း အစ္စရေးတွေ အပြစ်ကျူးလွန်မိတဲ့အခါ၊ မကောင်းတဲ့ လမ်းစဉ်ကနေ ပြန်လှည့်လာတဲ့အခါ ခွင့်လွှတ်ပေးပါဆိုပြီး ဗိမာန်တော် ဆက်ကပ်အပ်နှံချိန်မှာ ယေဟောဝါဆီ ဆုတောင်းခဲ့တယ်။ (၁ဘု ၈:၃၀၊ ၃၃-၄၀၊ ၄၆-၅၂) ဧဇရဟာ ပြည်တော်ပြန်ဂျူးတွေရဲ့ အပြစ်တွေအတွက် လူအများရှေ့မှာ ဝန်ချတောင်းပန်ခဲ့တယ်။ သူ့ရဲ့ လှိုက်လှဲတဲ့ ဆုတောင်းချက်နဲ့ တိုက်တွန်းမှုကြောင့် အစ္စရေးတွေဟာ ယေဟောဝါရဲ့ ခွင့်လွှတ်မှုရဖို့ လုပ်ဆောင်ခဲ့ကြတယ်။ (ဧဇ ၉:၁၃–၁၀:၄၊ ၁၀-၁၉၊ ၄၄) အသင်းတော် အကြီးအကဲတွေကို ခေါ်ပြီး ဆုတောင်းခိုင်းဖို့ ယုံကြည်ခြင်း အားနည်းနေသူကို ယာကုပ် အားပေးခဲ့တယ်။ ဒါဆို ‘သူအပြစ်ကျူးလွန်ထားရင်လည်း ခွင့်လွှတ်ခံရလိမ့်မယ်။’ (ယာ ၅:၁၄-၁၆) ဒါပေမဲ့ သန့်ရှင်းသောစွမ်းအားတော်ကို စော်ကားပြောဆိုတာ၊ စိတ်လိုကိုယ်လျောက် အပြစ်ပြုကျင့်တာဟာ “သေထိုက်တဲ့ အပြစ်” ဖြစ်ပြီး ခွင့်လွှတ်ခံရမှာ မဟုတ်ဘူး။ ခရစ်ယာန်တစ်ယောက်ဟာ အဲဒီလိုအပြစ်ကျူးလွန်သူတွေအတွက် ဆုမတောင်းပေးသင့်ဘူး။—၁ယ ၅:၁၆။ မ ၁၂:၃၁။ ဟီ ၁၀:၂၆၊ ၂၇။
ကျမ်းစာဖတ်ရှုခြင်း
(၁ ယောဟန် ၁:၁–၂:၆) အသက်ရစေတဲ့ တရားစကားကို ယူဆောင်လာသူအကြောင်း ကျွန်တော်တို့ စာရေးလိုက်ပါတယ်။ သူဟာ အစအဦးကတည်းက တည်ရှိခဲ့တယ်။ သူပြောတာကို ကျွန်တော်တို့ကိုယ်တိုင် ကြားခဲ့ရတယ်။ သူ့ကို ကိုယ်တိုင်မြင်ခဲ့ရတယ်။ သူ့ကို စေ့စေ့ကြည့်ပြီး လက်နဲ့ ထိတွေ့ခွင့် ရခဲ့တယ်။ ၂ (ကျွန်တော်တို့က ထာဝရအသက်အကြောင်း သိခဲ့ရတယ်၊ မြင်ခဲ့ရတယ်။ ကိုယ်တိုင် မျက်မြင်သက်သေ ဖြစ်ခဲ့တဲ့အတွက် ခင်ဗျားတို့ကို အဲဒီအကြောင်း ပြောပြနိုင်တယ်။ ထာဝရအသက်ဟာ အဖဘုရားသခင်ဆီက လာတယ်။ အဲဒီအကြောင်း ကျွန်တော်တို့ သိခဲ့ရတယ်။) ၃ ကိုယ်တိုင် မြင်ခဲ့ကြားခဲ့တာတွေကို ပြန်ပြောပြရတဲ့ အကြောင်းရင်းက ခင်ဗျားတို့နဲ့ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်နေကြဖို့ပါ။ အဖဘုရားသခင်နဲ့ရော သားတော် ယေရှုခရစ်နဲ့ပါ ကျွန်တော်တို့ ရင်းနှီးကျွမ်းဝင်သလိုမျိုးပေါ့။ ၄ ကျွန်တော်တို့အားလုံး အပြည့်အဝ ရွှင်လန်းနိုင်ဖို့ ဒီအကြောင်းအရာတွေကို ရေးလိုက်ပါတယ်။ ၅ ယေရှုဆီက ကြားခဲ့ရတဲ့ သတင်းကို ခင်ဗျားတို့ဆီ ပြန်ပြောပြချင်တယ်။ အဲဒါကတော့ ဘုရားသခင်ဟာ အလင်းပဲ။ ကိုယ်တော့်ဆီမှာ မှောင်မိုက် လုံးဝမရှိဘူး။ ၆ “ဘုရားသခင်နဲ့ ရင်းနှီးကျွမ်းဝင်ပါတယ်” လို့ ပြောနေပေမဲ့ အမှောင်ထဲမှာ ဆက်လျှောက်လှမ်းနေမယ်ဆိုရင် ကျွန်တော်တို့ဟာ လူလိမ်တွေ၊ အမှန်တရားကို လက်တွေ့မကျင့်သူတွေပဲ။ ၇ ဘုရားသခင်ဟာ အလင်းထဲမှာ ရှိနေတဲ့အတွက် ကျွန်တော်တို့လည်း အလင်းမှာ လျှောက်လှမ်းမယ်ဆိုရင် အချင်းချင်း ရင်းနှီးကျွမ်းဝင်ကြလိမ့်မယ်။ သားတော်ယေရှုရဲ့ သွေးက ကျွန်တော်တို့ရဲ့ အပြစ်အားလုံးကို သန့်စင်ပေးလိမ့်မယ်။ ၈ “ကျွန်တော်တို့ အပြစ်မလုပ်ဘူး” လို့ ပြောမယ်ဆိုရင် ကိုယ့်ကိုယ်ကိုယ် လှည့်စားတာပဲ။ ကျွန်တော်တို့မှာ အမှန်တရား မရှိဘူး။ ၉ ဘုရားသခင်ဟာ သစ္စာရှိပြီး ဖြောင့်မတ်တဲ့အရှင် ဖြစ်တဲ့အတွက် အပြစ်တွေကို ကျွန်တော်တို့ ဝန်ချတောင်းပန်မယ်ဆိုရင် ခွင့်လွှတ်ပေးပြီး ဆိုးညစ်မှုမှန်သမျှကို သန့်စင်ပေးလိမ့်မယ်။ ၁၀ “ကျွန်တော်တို့ တစ်ခါမှ အပြစ်မလုပ်ခဲ့ဘူး” လို့ ပြောမယ်ဆိုရင် ဘုရားသခင်ဟာ လိမ်ညာသူလို့ ပြောတာနဲ့ အတူတူပဲ။ ကျွန်တော်တို့ရင်ထဲမှာ တရားစကား မရှိဘူး။
၂ သားသမီးတို့၊ ဒီအကြောင်းအရာတွေကို ရေးရတာက ခင်ဗျားတို့ အပြစ်မလုပ်မိအောင်ပါ။ ဒါပေမဲ့ တစ်ယောက်ယောက် အပြစ်လုပ်မိရင်တောင် ကူညီပေးမယ့်သူ ရှိပါတယ်။ သူကတော့ အဖဘုရားနဲ့အတူ ရှိနေတဲ့ ဖြောင့်မတ်သူ ယေရှုခရစ်ပဲ။ ၂ သူဟာ ကျွန်တော်တို့သာမက တစ်လောကလုံးရဲ့ အပြစ်အတွက် အပြစ်ဖြေရာပူဇော်သက္ကာပဲ။ ၃ အဲဒီအပြစ်ဖြေရာ ပူဇော်သက္ကာကြောင့် သူ့ကို ကျွန်တော်တို့ သိကျွမ်းလာတယ်။ သူ့ရဲ့ ပညတ်ချက်တွေကို အမြဲလိုက်နာမယ်ဆိုရင် သူ့ကို သိကျွမ်းသူတွေ ဖြစ်မှန်း သိရတယ်။ ၄ “သူ့ကို သိကျွမ်းတယ်” လို့ ပြောပေမဲ့ ပညတ်တွေကို မလိုက်နာတဲ့သူဟာ လူလိမ်ပဲ။ အဲဒီလူမှာ အမှန်တရား မရှိဘူး။ ၅ သူ့စကားကို လိုက်နာတဲ့သူကတော့ ဘုရားသခင်ကို တကယ် ချစ်တဲ့သူပဲ။ ကျွန်တော်တို့ဟာ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ဖြစ်နေမှန်း ဒီနည်းနဲ့ သိရတယ်။ ၆ သူနဲ့ တစ်စိတ်တစ်ဝမ်းတည်း ရှိတယ်လို့ ပြောတဲ့သူဟာ သူလျှောက်လှမ်းခဲ့တဲ့ လမ်းစဉ်အတိုင်း အမြဲလျှောက်လှမ်းရမယ့် တာဝန် ရှိတယ်။
နိုဝင်ဘာ ၁၁-၁၇
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ယောဟန် ၁-၁၃။ ၃ ယောဟန် ၁-၁၄-ယုဒ ၁-၂၅
“အမှန်တရားထဲမှာ ရှိနေဖို့ တိုက်လှန်ရမယ်”
(ယုဒ ၃) ချစ်ရသူတို့၊ ကျွန်တော်တို့အားလုံးကို ဘုရားသခင် ဘယ်လို ကယ်တင်မယ်ဆိုတာ ခင်ဗျားတို့ဆီ စာရေးပြောပြချင်ခဲ့တာ။ အခုတော့ သန့်ရှင်းသူတွေဆီ အပြီးအပိုင် အပ်ထားတဲ့ ယုံကြည်ခြင်းအတွက် ကြိုးစားတိုက်လှန်ဖို့ အားပေးတဲ့ စာကို အရင် ရေးသင့်တယ်လို့ ကျွန်တော် ထင်တယ်။
“သခင်ဘုရားအားဖြင့် ခိုင်ခံ့ခြင်း ရှိကြလော့”
၈ သမ္မာကျမ်းစာက စာတန်၏ အခြေခံ နည်းဗျူဟာများကို ဖော်ပြထားသောကြောင့် သူ၏ အကြံအစည်များကို ကျွန်ုပ်တို့ သိထားကြ၏။ (၂ ကောရိန္သု ၂:၁၁) ဖြောင့်မတ်သော ယောဘကို စာတန် တိုက်ခိုက်ချိန်တွင် စီးပွားရေး ပြဿနာများ၊ ချစ်မြတ်နိုးရသူများ သေဆုံးခြင်း၊ မိသားစု အတိုက်အခံ၊ ကျန်းမာရေးနှင့် မိတ်ဆွေအတုအယောင်များ၏ အခြေအမြစ် မရှိ ပြစ်တင်ဝေဖန်ခြင်းကို အသုံးပြုခဲ့သည်။ ယောဘသည် စိတ်ပျက်အားငယ်လာပြီး မိမိကို ဘုရားသခင် စွန့်ပစ်ပြီဟု ခံစားမိလေသည်။ (ယောဘ ၁၀:၁၊ ၂) ယနေ့ စာတန်သည် အဆိုပါ အခက်အခဲများကို တိုက်ရိုက် ဖြစ်ပေါ်စေမည် မဟုတ်သော်လည်း ထိုသို့သော အကျပ်အတည်းများကို ခရစ်ယာန်များစွာ ခံစားနေကြရပြီး ၎င်းတို့ကို စာတန် အသုံးချနိုင်သည်။
၉ ဤဆုံးခန်းချိန်တွင် ဝိညာဉ်ရေး အန္တရာယ်များ တစ်ဟုန်ထိုး တိုးများလာခဲ့ပြီ။ ဝိညာဉ်ရေး ပန်းတိုင်များအစား ရုပ်ပစ္စည်းကို ဦးစားထားသည့် လောကတွင် ကျွန်ုပ်တို့ နေထိုင်ကြရ၏။ တရားမဝင် လိင်ဆက်ဆံခြင်းသည် စိတ်ဆင်းရဲစေမည့်အစား ပျော်ရွှင်စရာပင် ဖြစ်သည်ဟု သတင်းမီဒီယာက တရစပ် ထုတ်လွှင့်လျက်ရှိ၏။ လူအများသည် “ဘုရားသခင်ကို နှစ်သက်သည်ထက် ကာမဂုဏ် ခံစားခြင်းကို သာ၍ နှစ်သက်” သူများ ဖြစ်လာကြပြီ။ (၂ တိမောသေ ၃:၁-၅) ကျွန်ုပ်တို့သည် ‘ယုံကြည်ခြင်းတရားဘက်မှာ ကြိုးစား၍ တိုက်လှန်’ မနေပါက ဤသို့သော စဉ်းစားတွေးခေါ်ခြင်းမျိုးသည် ကျွန်ုပ်တို့၏ ဝိညာဉ်ရေးဟန်ချက်ကို ပျက်ပြားသွားစေနိုင်၏။—ယုဒ ၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ယုဒ ၄) ဘာလို့လဲဆိုတော့ ရှေးကတည်းက ကျမ်းစာမှာ ကြိုပြောထားတဲ့အတိုင်း တရားစီရင်ခံရမယ့်သူတချို့ ခင်ဗျားတို့ထဲ မသိမသာ ဝင်လာပြီ။ သူတို့ဟာ ဘုရားတရားမဲ့သူတွေ၊ ဘုရားသခင့် မဟာကရုဏာကို အခွင့်ကောင်းယူပြီး မျက်နှာပြောင်တိုက်သူတွေ၊ ကျွန်တော်တို့ကို ပိုင်ဆိုင်တဲ့ တစ်ဦးတည်းသောသခင် ယေရှုခရစ်ကို သစ္စာမဲ့သူတွေ ဖြစ်နေလို့ပဲ။
(ယုဒ ၁၂) သူတို့ဟာ မိတ်ဆုံစားပွဲတွေမှာ အတူစားသောက်တဲ့အခါ ရေအောက်ကျောက်ဆောင်တွေနဲ့ တူတယ်။ အရှက်အကြောက် မရှိ ကိုယ့်ဝမ်းဝဖို့ပဲ စဉ်းစားတဲ့ သိုးထိန်းတွေ၊ လေတိုက်ရာ လွင့်မျောတဲ့ မိုးရေမပါတဲ့ တိမ်တွေ၊ ရာသီချိန်မှာ အသီးမသီးဘဲ ခြောက်သွေ့သွားလို့ နုတ်ပစ်ခံရတဲ့ အပင်တွေနဲ့ တူတယ်။
it-2 ၂၇၉
မိတ်ဆုံစားပွဲ
ကျမ်းစာမှာ မိတ်ဆုံစားပွဲတွေအကြောင်း၊ ဘယ်နှကြိမ် ကျင်းပတဲ့အကြောင်း မဖော်ပြထားဘူး။ (ယု ၁၂) အဲဒီပွဲတွေဟာ သခင်ယေရှုခရစ် ဒါမှမဟုတ် တမန်တော်တွေ မိန့်မှာခဲ့တဲ့ ပွဲတွေ မဟုတ်ဘူး။ မဖြစ်မနေ ဒါမှမဟုတ် အမြဲတစေ ကျင်းပရမယ့် ပွဲတွေလို့ မယူဆသင့်ဘူးဆိုတာ ရှင်းနေပါတယ်။ တချို့က ဒီပွဲတွေဟာ ချမ်းသာကြွယ်ဝတဲ့ ခရစ်ယာန်တွေက နွမ်းပါးတဲ့ ယုံကြည်သူချင်းတွေကို ဖိတ်ခေါ်ကျွေးမွေးတဲ့ စားသောက်ပွဲလို့ ပြောကြတယ်။ အလျှံပယ် တည်ခင်းထားတဲ့ စားသောက်ပွဲမှာ မိဘမဲ့ကလေး၊ မုဆိုးမ၊ ဆင်းရဲချမ်းသာမရွေး ညီရင်းအစ်ကို စိတ်ဓာတ်နဲ့ အတူတကွ စားသောက်ခဲ့ကြတယ်။
it-2 ၈၁၆
ကျောက်ဆောင်
ဂရိစကားလုံး စပိုင်းလတ်စ် ဟာ ရေအောက် ကျောက်ဆောင် ဒါမှမဟုတ် ကျောက်တန်းကို ရည်ညွှန်းတယ်။ ခရစ်ယာန်အသင်းတော်ထဲ မကောင်းတဲ့အကြံနဲ့ မသိမသာ ဝင်လာသူတွေအကြောင်း ပြောတဲ့အခါ ယုဒက အဲဒီစကားလုံးကို အသုံးပြုခဲ့တယ်။ ရေအောက်ကျောက်ဆောင်တွေဟာ သင်္ဘောတွေအတွက် အန္တရာယ် ဖြစ်သလို အဲဒီလိုလူတွေဟာ အသင်းသားတွေအတွက် တကယ့် အန္တရာယ်ပဲ။ အဲဒီလိုလူတွေနဲ့ပတ်သက်ပြီး ယုဒက “သူတို့ဟာ မိတ်ဆုံစားပွဲတွေမှာ အတူစားသောက်တဲ့အခါ ရေအောက်ကျောက်ဆောင်တွေနဲ့ တူတယ်” လို့ ပြောခဲ့တယ်။—ယု ၁၂။
(ယုဒ ၁၄၊ ၁၅) အာဒံကနေ ခုနစ်ဆက်မြောက် ဖြစ်တဲ့ ဧနောက်ကလည်း သူတို့အကြောင်း ပရောဖက်ပြုခဲ့တယ်- “ယေဟောဝါဘုရားက သန့်ရှင်းတဲ့ ကောင်းကင်တမန် အမြောက်အမြားနဲ့အတူ ကြွလာပြီး၊ ၁၅ လူအားလုံးကို တရားစီရင်လိမ့်မယ်။ ဘုရားတရားမဲ့ လမ်းစဉ်အတိုင်း တရားမဲ့လုပ်ရပ်တွေ ကျူးလွန်ခဲ့တဲ့ ဘုရားတရားမဲ့သူအားလုံး၊ တရားမဲ့တဲ့ အပြစ်သားတွေ ဘုရားကို ဆန့်ကျင်ပြောဆိုတဲ့ ထိတ်လန့်ဖွယ်စကား အားလုံးအတွက် သူတို့မှာ အပြစ်ရှိကြောင်း ဖော်ပြလိမ့်မယ်။”
‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’
ဧနောက် ဘာအကြောင်း ကြိုဟောခဲ့သလဲ။ “ထာဝရဘုရားသည် ခပ်သိမ်းသောသူတို့ကို တရားစီရင်တော်မူ၍၊ မတရားသောသူတို့သည် မတရားသဖြင့် ပြုသော အဓမ္မအမှု ရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း၊ မတရားသော လူဆိုးတို့သည် ဘုရားသခင်ကို ပြစ်မှား၍ ပြောသော ကြမ်းတမ်းသောစကား ရှိသမျှတို့၏ အပြစ်ကိုလည်းကောင်း ဖော်ပြခြင်းငှာ၊ အတိုင်းမသိ များစွာသော မိမိသန့်ရှင်းသူတို့နှင့်တကွ ကြွလာတော်မူလိမ့်မည်” ဆိုတဲ့ စကားပါပဲ။ (ယုဒ ၁၄၊ ၁၅) အဲဒီစကားအတိုင်း တကယ် ဖြစ်လာလိမ့်မယ်ဆိုတာကို ဧနောက် အခိုင်အမာ ယုံကြည်ခဲ့တယ်။ သူ့အတွက်တော့ အဲဒီကြိုဟောချက်မှာပါတဲ့ စကားတွေအတိုင်း ဘုရားသခင် လုပ်ဆောင်ပြီးသလိုတောင် ဖြစ်နေပါပြီ။ ပြောချင်တာက ဖြစ်လာမှာ သိပ်သေချာနေတဲ့အတွက် ဖြစ်ပြီးသွားတဲ့ ပုံစံမျိုးနဲ့တောင် သူပြောနိုင်နေပြီဆိုတာပါပဲ။—ဟေရှာယ ၄၆:၁၀။
‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’
ဧနောက်ရဲ့ ယုံကြည်ခြင်းက ဒီနေ့ခေတ် လူ့လောကကို ဘုရားသခင် မြင်သလို ကျွန်တော်တို့ မြင်ရဲ့လားဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးကြည့်ဖို့ လှုံ့ဆော်ပေးတယ်။ သူသတ္တိရှိရှိ ကြေညာခဲ့တဲ့ သတင်းစကားဟာ သူ့ခေတ်နဲ့ရော ဒီနေ့ခေတ်နဲ့ပါ သက်ဆိုင်တယ်။ သူကြေညာခဲ့တဲ့အတိုင်း ယေဟောဝါဘုရားက ဘုရားတရားမဲ့တဲ့ အဲဒီလောကကို နောဧခေတ်မှာ ရေလွှမ်းမိုးဘေးကြီးနဲ့ ဖျက်ဆီးခဲ့တယ်။ ဒါဟာ နောင်ဖြစ်လာမယ့် ဖျက်ဆီးခြင်းအတွက် နမူနာပဲ။ (မဿဲ ၂၄:၃၈၊ ၃၉။ ၂ ပေတရု ၂:၄-၆) အဲဒီခေတ်ကလိုပဲ ဒီနေ့အချိန်မှာလည်း ဘုရားသခင်ဟာ ဘုရားတရားမဲ့တဲ့ လူ့လောကကို တရားစီရင်ဖို့ သန့်ရှင်းတဲ့ ကောင်းကင်တမန်တွေနဲ့အတူ အဆင်သင့် ဖြစ်နေပါပြီ။ ဒါကြောင့် ကျွန်တော်တို့အားလုံး ဧနောက်ရဲ့ သတိပေးချက်ကို နှလုံးသွင်းပြီး သူတစ်ပါးကို ပြောပြဖို့ လိုတယ်။ အဲဒီအခါ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ကိုယ့်ဘက်ရပ်တည်ချင်မှ ရပ်တည်ပါလိမ့်မယ်။ ငါတစ်ယောက်တည်းပါလားလို့ တစ်ခါတလေ ခံစားမိမယ်။ ဒါပေမဲ့ ယေဟောဝါဘုရားက ဧနောက်ကို မစွန့်ပစ်ခဲ့သလို ဒီနေ့ခေတ် သစ္စာရှိကျေးကျွန်တွေကိုလည်း ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။
ကျမ်းစာဖတ်ရှုခြင်း
(၂ ယောဟန် ၁-၁၃) အသက်ကြီးသူ ကျွန်တော်က ရွေးချယ်ခံရသူ အမျိုးသမီးနဲ့ သူ့သားသမီးတွေဆီ စာရေးလိုက်ပါတယ်။ ကျွန်တော်သာမက အမှန်တရား သိလာသူအားလုံး ခင်ဗျားတို့ကို ချစ်မြတ်နိုးပါတယ်။ ၂ အမှန်တရားဟာ ကျွန်တော်တို့ဆီမှာ အခုရော နောင်ပါ အမြဲ ရှိနေမှာပါ။ ၃ အဖဘုရားသခင်နဲ့ ဘုရားရဲ့ သား ယေရှုခရစ်က ကျွန်တော်တို့ကို အမှန်တရား သွန်သင်ပေးပြီး မေတ္တာပြလိမ့်မယ်။ မဟာကရုဏာ၊ သနားကြင်နာခြင်း၊ ငြိမ်သက်ခြင်းကိုလည်း ပေးသနားလိမ့်မယ်။ ၄ အဖဘုရားဆီက ရထားတဲ့ ပညတ်အတိုင်း ခင်ဗျားရဲ့ သားသမီးတချို့ဟာ အမှန်တရားလမ်းစဉ်မှာ လျှောက်လှမ်းနေကြတာ တွေ့ရလို့ ကျွန်တော် သိပ်ဝမ်းသာတယ်။ ၅ ရွေးချယ်ခံရသူ အမျိုးသမီး၊ အခု ကျွန်တော် မေတ္တာရပ်ခံချင်တာက အချင်းချင်း ချစ်ကြပါဆိုတဲ့ ပညတ်ကို လိုက်နာကြဖို့ပါ။ (ပညတ်သစ်အကြောင်း ကျွန်တော် ပြောနေတာ မဟုတ်ဘူး။ ဒါဟာ အစကတည်းက ရထားတဲ့ ပညတ်ပဲ။) ၆ ချစ်ခြင်းမေတ္တာဆိုတာ ဘုရားရဲ့ ပညတ်တွေကို လိုက်လျှောက်နေခြင်းပါပဲ။ အစကတည်းက ခင်ဗျားတို့ ကြားခဲ့တဲ့အတိုင်း မေတ္တာလမ်းစဉ်မှာ ဆက်လျှောက်လှမ်းနေဖို့ ဘုရား မိန့်မှာထားတယ်။ ၇ လောကမှာ လှည့်ဖြားသူ အများကြီး ပေါ်လာပြီ။ လူသားတစ်ဦးအဖြစ် ယေရှု လာတာကို သူတို့ လက်မခံကြဘူး။ သူတို့ဟာ လှည့်ဖြားသူ၊ ခရစ်တော်ကို ဆန့်ကျင်သူပဲ။ ၈ ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် သတိထားကြပါ။ သတိမထားရင် ကျွန်တော်တို့ ကြိုးစားလုပ်ဆောင်ခဲ့သမျှ အလဟဿ ဖြစ်ပြီး အကျိုးအပြည့်အဝ မခံစားရဘဲ ဖြစ်လိမ့်မယ်။ ၉ ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း မလိုက်ဘဲ တလွဲသွန်သင်သူဟာ ဘုရားသခင်ရဲ့ နှစ်သက်လက်ခံမှုကို ရမှာ မဟုတ်ဘူး။ ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း လိုက်တဲ့သူကတော့ အဖဘုရားနဲ့ သားတော်ရဲ့ နှစ်သက်လက်ခံမှုကို ရတယ်။ ခရစ်တော်ရဲ့ သွန်သင်ချက်အတိုင်း မသွန်သင်တဲ့သူက ခင်ဗျားတို့ဆီ ရောက်လာရင် သူ့ကို လုံးဝ လက်မခံနဲ့။ နှုတ်ဆက်စကားတောင် မပြောနဲ့။ ၁၀ နှုတ်ဆက်ရင် သူ့ရဲ့ ဆိုးညစ်တဲ့ အကျင့်တွေကို ထောက်ခံရာရောက်တယ်။ ၁၁ ခင်ဗျားတို့ကို ပြောစရာ အများကြီး ရှိပေမဲ့ စာနဲ့ မရေးချင်ဘူး။ ကျွန်တော် ရောက်လာတဲ့အခါမှ မျက်နှာချင်းဆိုင် စကားပြောကြတာပေါ့။ အဲဒီအခါ ခင်ဗျားတို့ သိပ်ဝမ်းသာကြမှာပါ။ ၁၂ ရွေးချယ်ခံရသူ ခင်ဗျားအစ်မရဲ့ သားသမီးတွေက ခင်ဗျားကို နှုတ်ခွန်းဆက်လိုက်ပါတယ်။
နိုဝင်ဘာ ၁၈-၂၄
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၁–၃
‘မင်းရဲ့ အကျင့်ကို ငါသိတယ်’
(ဗျာဒိတ် ၁:၂၀) မင်းမြင်ရတဲ့ ငါ့ညာလက်ထဲက ကြယ်ခုနစ်လုံးနဲ့ ရွှေဆီမီးတိုင်ခုနစ်ခုမှာ မြင့်မြတ်တဲ့ လျှို့ဝှက်ချက် ရှိတယ်။ ကြယ်ခုနစ်လုံးက အသင်းတော်ခုနစ်ခုရဲ့ စေတမန်တွေကို ဆိုလိုတယ်။ ဆီမီးတိုင်ခုနစ်ခုက အသင်းတော်ခုနစ်ခုကို ဆိုလိုတယ်။
သင် ဘယ်လို စိတ်ထားမျိုး တင်ပြသလဲ
၈ အဲဒီစိတ်ဓာတ်မျိုး မရှိစေဖို့အတွက် ယေရှုရဲ့ “လက်ယာလက်တော်၌ ကြယ်ခုနစ်လုံး ရှိ” တယ်ဆိုတဲ့ အချက်ကို သတိရဖို့ လိုတယ်။ “ကြယ်” က ကောင်းကင်အတန်းအစား အကြီးအကဲတွေကို ပုံဆောင်တာ ဖြစ်ပေမဲ့ အသင်းတော်မှာ ရှိတဲ့ အကြီးအကဲအားလုံးကိုလည်း ရည်ညွှန်းနိုင်တယ်။ ယေရှုဟာ သူ့လက်ထဲမှာ ရှိတဲ့ “ကြယ်” တွေကို သင့်တော်တယ်လို့ သူယူဆတဲ့ ဘယ်နည်းနဲ့မဆို ညွှန်ကြားနိုင်တယ်။ (ဗျာ. ၁:၁၆၊ ၂၀) အသင်းတော်ရဲ့ ဦးခေါင်း ယေရှုဟာ အကြီးအကဲအဖွဲ့ကို အပြည့်အဝ ထိန်းချုပ်ထားတယ်။ ယေရှုရဲ့ “မျက်စိတော်သည် မီးလျှံပမာ ဖြစ်” ပြီး အရာခပ်သိမ်းကို တွေ့မြင်နိုင်တယ်။ ဒါကြောင့် အကြီးအကဲ တစ်ယောက်ယောက်ကို ပဲ့ပြင်တည့်မတ်ပေးဖို့ တကယ် လိုတယ်ဆိုရင် ယေရှုက သူ့ကို သင့်တော်တဲ့အချိန်မှာ သင့်တော်တဲ့နည်းနဲ့ ပဲ့ပြင်တည့်မတ်ပေးမှာ ဖြစ်တယ်။ (ဗျာ. ၁:၁၄) ကျွန်ုပ်တို့က အဲဒီအချိန် ရောက်တဲ့အထိ သန့်ရှင်းသော စွမ်းအားတော်နဲ့ ခန့်အပ်ထားတဲ့ အကြီးအကဲတွေကို ဆက်လေးစားရမှာ ဖြစ်တယ်။ ပေါလု ဒီလိုရေးခဲ့တယ်– “သင်တို့တွင် ဦးဆောင်သူများကို နာခံကြလော့။ လက်အောက်ခံကြလော့။ အကြောင်းမူကား သူတို့သည် ကိုယ်တိုင် စာရင်းရှင်းရမည့်သူကဲ့သို့ သင်တို့ကို ဂရုစိုက်ကြည့်ရှုနေကြ၏။ သင်တို့ကို အကျိုးယုတ်စေမည့် ညည်းတွားခြင်းဖြင့် မဟုတ်ဘဲ ဝမ်းမြောက်စွာ ထိုသို့ပြုနိုင်ကြမည်။”—ဟေဗြဲ ၁၃:၁၇။
(ဗျာဒိတ် ၂:၁၊ ၂) “ဧဖက်အသင်းတော်ရဲ့ စေတမန်ဆီ အခုလိုရေးလိုက်ပါ– ညာလက်မှာ ကြယ်ခုနစ်လုံးကို ကိုင်ပြီး ရွှေဆီမီးတိုင် ခုနစ်ခု အလယ်မှာ သွားလာတဲ့သူ ပြောတာက၊ ‘မင်းရဲ့ အကျင့်၊ ကြိုးစားအားထုတ်မှုနဲ့ ခံနိုင်ရည်ကို ငါသိတယ်။ လူဆိုးတွေကို မင်း သည်းမခံခဲ့တာ၊ တမန်တော်တွေပါလို့ ပြောပေမဲ့ တကယ် မဟုတ်တဲ့သူတွေကို စစ်ဆေးပြီး လူလိမ်အဖြစ် ဖော်ထုတ်ခဲ့တာတွေကို ငါသိတယ်။
ကျွန်ုပ်တို့ ကယ်တင်ခြင်း ရဖို့ ယေဟောဝါ ကာကွယ်စောင့်ရှောက်ပေး
၁၁ အာရှနယ်မှာ ရှိတဲ့ အသင်းတော် ခုနစ်ခုမှာ ဖြစ်ပျက်နေရာတွေကို ဘုရင်ယေရှုခရစ် သိမြင်ကြောင်း ဗျာဒိတ်ကျမ်း အခန်းကြီး ၂ နဲ့ ၃ မှာ ပါတဲ့ ရူပါရုံက ဖော်ပြတယ်။ ခရစ်တော်က အဲဒီအသင်းတော်တွေမှာ ဖြစ်ပျက်နေရာတွေနဲ့ပတ်သက်ပြီး အကြမ်းဖျင်းလောက်သာ မဟုတ်ဘဲ အသေးစိတ် သိတယ်။ ဘယ်အရာတွေ ဖြစ်နေတယ်ဆိုတာကိုသာမက သတ်သတ်မှတ်မှတ် လူပုဂ္ဂိုလ်တွေကိုတောင် အဲဒီရူပါရုံမှာ ဖော်ပြခဲ့တယ်။ ယေရှုခရစ်က အသင်းတော် တစ်ခုချင်းစီရဲ့ လိုအပ်ချက်ကိုလိုက်ပြီး ချီးမွမ်းခဲ့သလို သွန်သင်ချက်တွေလည်း ပေးခဲ့တယ်။ ဒီရူပါရုံက ကျွန်ုပ်တို့အတွက် ဘာအဓိပ္ပာယ် ရှိသလဲ။ အသင်းတော် ခုနစ်ခုက ၁၉၁၄ ခုနှစ် နောက်ပိုင်းမှာ ရှိတဲ့ ဘိသိက်ခံခရစ်ယာန်တွေကို ဆိုလိုတယ်။ ခရစ်တော် ပေးခဲ့တဲ့ သွန်သင်ချက်က ဘိသိက်ခံတွေကို အဓိက ရည်ညွှန်းတာ ဖြစ်ပေမဲ့ ဒီနေ့ မြေကြီးပေါ်မှာ ရှိတဲ့ ဘုရားသခင့်လူမျိုးရဲ့ အသင်းတော်အားလုံးက အဲဒီကနေ အကျိုးခံစားရနိုင်ပါတယ်။ ဒါကြောင့် မျက်မှောက်ခေတ်မှာ ယေဟောဝါက မိမိရဲ့ သားတော်ကို သုံးပြီး မိမိလူမျိုးကို လမ်းပြပေးနေတယ်လို့ ပြောလို့ ရတယ်။ ယေဟောဝါရဲ့ လမ်းပြမှုကို ကျွန်ုပ်တို့ ဘယ်လို ခံယူကြမလဲ။
ယေဟောဝါ၏ အဖွဲ့အစည်းနှင့်အတူ ရင်ပေါင်းတန်း လျှောက်လှမ်းနေလော့
၂၀ ယေဟောဝါ၏ တိုးတက်နေသော အဖွဲ့အစည်းနှင့်အတူ ရင်ပေါင်တန်း လျှောက်လှမ်းနေဖို့ ‘အသင်းတော်၏ ဦးခေါင်း’ အဖြစ် ယေရှုခရစ်၏ ဘုရားသခင်ပေး အခန်းကဏ္ဍကို ကျွန်ုပ်တို့ အသိအမှတ်ပြုဖို့ လိုပါသည်။ (ဧဖက် ၅:၂၂၊ ၂၃) ဟေရှာယ ၅၅:၄ ကိုလည်း သတိပြုထိုက်ရာ၊ ယင်းတွင် ကျွန်ုပ်တို့အား ဤသို့ဆိုထားသည်– “ကြည့်ရှုလော့။ ထိုသူကို . . . ဆရာ ဖြစ်စေခြင်းငှာလည်းကောင်း၊ စီရင်အုပ်စိုးသောအရှင် ဖြစ်စေခြင်းငှာလည်းကောင်း လူမျိုးတို့အား ငါ [ယေဟောဝါ] ပေးပြီ။” မည်သို့ ဦးဆောင်ရမည်ကို ယေရှု အသေအချာ သိထား၏။ ကိုယ်တော်သည် သူ၏ သိုးများနှင့် သူတို့၏ ဆောင်ရွက်ချက်များကိုလည်း သိ၏။ အာရှမိုင်းနားရှိ အသင်းတော် ခုနစ်ခုကို ကိုယ်တော် စစ်ဆေးသောအခါ ငါးကြိမ် ဤသို့ဆိုခဲ့သည်– “သင်အကျင့်ကျင့်ခြင်း . . . ကို ငါသိ၏။” (ဗျာဒိတ် ၂:၁၊ ၁၉; ၃:၁၊ ၈၊ ၁၅) ယေရှုသည်လည်း ခမည်းတော် ယေဟောဝါကဲ့သို့ ကျွန်ုပ်တို့၏ လိုအပ်ရာများကို သိပါသည်။ စံပြုဆုတောင်းချက်ကို မဖော်ပြမီ ယေရှု ဤသို့ပြောခဲ့သည်– “သင်တို့ အလိုရှိသမျှတို့ကို သင်တို့ မတောင်းမီ သင်တို့အဘ သိတော်မူ၏။”—မဿဲ ၆:၈-၁၃။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဗျာဒိတ် ၁:၇) ယေရှုက မိုးတိမ် ခြံရံပြီး လာလိမ့်မယ်။ သူ့ကို ထိုးဖောက်ခဲ့သူတွေပါမကျန် လူတိုင်း သူ့ကို မြင်ရလိမ့်မယ်။ ကမ္ဘာမြေပေါ်မှာ ရှိတဲ့ လူမျိုးအားလုံးဟာ သူ့ကြောင့် ရင်ဘတ်ထုပြီး ငိုကြွေးကြလိမ့်မယ်။ အာမင်။
ဘုရားသခင့်နိုင်ငံတော်က ရန်သူတွေအပေါ် အောင်ပွဲခံ
၁၀ တရားစီရင်ချက်ကို ကြေညာခြင်း။ ဘုရားသခင့်နိုင်ငံတော်ရဲ့ ရန်သူတွေဟာ ပိုကြောက်ရွံ့ထိတ်လန့်စရာ ဖြစ်ရပ်တစ်ခုကို မြင်ရလိမ့်မယ်။ “မဟာဘုန်းတန်ခိုးတော်ကို ဆောင်လျက် မိုးတိမ်ကို စီး၍ လူသား ကြွလာတော်မူသည်ကို မြင်ကြရလိမ့်မည်” လို့ ယေရှု ပြောခဲ့တယ်။ (မာ. ၁၃:၂၆) တန်ခိုးပြတဲ့ ဒီသဘာ၀လွန်ဖြစ်ရပ်က တရားစီရင်ချက်ကို ကြေညာဖို့ ယေရှု ရောက်လာပြီဆိုတာကို အချက်ပြတယ်။ နောက်ဆုံးကာလနဲ့ပတ်သက်တဲ့ ဒီပရောဖက်ပြုချက်ရဲ့ နောက်အပိုင်းတစ်ခုမှာ ယေရှုက ဒီအချိန်မှာ ကြေညာမယ့် တရားစီရင်ချက်အကြောင်း အသေးစိတ် ဖော်ပြခဲ့တယ်။ အဲဒီအကြောင်းကို သိုးနဲ့ဆိတ် ပုံဥပမာမှာ တွေ့ရတယ်။ (မဿဲ ၂၅:၃၁–၃၃၊ ၄၆ ကိုဖတ်ပါ။) ဘုရားသခင့် နိုင်ငံတော်ကို သစ္စာရှိရှိ ထောက်ခံသူတွေဟာ “သိုး” အဖြစ် တရားစီရင်ခံရလိမ့်မယ်။ သူတို့က “ရွေးနုတ်သော အချိန်ကာလ ရောက်လုနီး” ပြီဆိုတာ သိတဲ့အတွက် “ခေါင်းကို မော့” ကြလိမ့်မယ်။ (လု. ၂၁:၂၈) နိုင်ငံတော်ကို ဆန့်ကျင်သူတွေကတော့ “ဆိတ်” အဖြစ် တရားစီရင်ခံရလိမ့်မယ်။ သူတို့က “ထာ၀ရ သေဒဏ်စီရင်ခြင်းခံရ” မယ်ဆိုတာ သိတဲ့အတွက် “ရင်ဘတ်ကို ထု၍ ငိုကြွေး” ကြလိမ့်မယ်။—မ. ၂၄:၃၀; ဗျာ. ၁:၇။
(ဗျာဒိတ် ၂:၇) အောင်မြင်သူကို ဘုရားသခင့်ပရဒိသုမှာ ရှိတဲ့ အသက်ပင်ရဲ့ အသီးကို ငါစားခွင့်ပေးမယ်။ အသင်းတော်တွေဆီ စွမ်းအားတော် ဆင့်ဆိုတဲ့ အဲဒီစကားကို နားရှိတဲ့သူ ကြားပါစေ။’
ဗျာဒိတ်ကျမ်းမှ ပေါ်လွင်ချက်များ—အပိုင်း ၁
၂:၇—“ဘုရားသခင့်ပရဒိသု” ကား အဘယ်နည်း။ ယင်းစကားများကို ဘိသိက်ပေးခြင်းခံရသော ခရစ်ယာန်များအား ပြောဆိုခြင်း ဖြစ်သောကြောင့် ဤတွင် အသုံးပြုသော ပရဒိသုသည် ဘုရားသခင်ကိုယ်တော်တိုင် ကျိန်းဝပ်တော်မူသည့် ကောင်းကင်ပရဒိသုကို ရည်ညွှန်းခြင်း ဖြစ်ရမည်။ တည်ကြည်သော ဘိသိက်ပေးခံရသူတို့သည် “အသက်ပင်၏” အသီးကို စားခွင့်ရကြမည်။ သူတို့သည် မသေနိုင်သည့် အဖြစ်ကို ရရှိကြမည်။—၁ ကော. ၁၅:၅၃။
ကျမ်းစာဖတ်ရှုခြင်း
(ဗျာဒိတ် ၁:၁-၁၁) ဘုရားသခင်က မိမိရဲ့ ကျွန်တွေကို မကြာမီ ဖြစ်ပျက်မယ့်အရာတွေ ဖော်ပြဖို့ ယေရှုခရစ်ကို ဗျာဒိတ်တော် ပေးတယ်။ ယေရှုက ဘုရားရဲ့ ကျွန် ယောဟန်ဆီ ကောင်းကင်တမန်ကို စေလွှတ်ပြီး ဗျာဒိတ်တော်အကြောင်း အမှတ်သင်္ကေတတွေနဲ့ ဖော်ပြတယ်။ ၂ ယောဟန်က ဘုရားပေးတဲ့ တရားစကားနဲ့ ယေရှုခရစ် ပေးတဲ့ သက်သေခံချက်အပြင် တွေ့မြင်ကြားသိရသမျှကို ရေးထားတယ်။ ၃ သတ်မှတ်ထားချိန် နီးနေပြီ ဖြစ်လို့ ဒီပရောဖက်ပြုချက်တွေကို ဖတ်ရွတ်တဲ့သူ၊ ကြားနာတဲ့သူ၊ ရေးထားသမျှကို လိုက်နာတဲ့သူဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။ ၄ အာရှနယ်မှာရှိတဲ့ အသင်းတော် ခုနစ်ခုဆီ ကျွန်တော် ယောဟန် စာရေးလိုက်တယ်။ “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်တည်ရှိတဲ့အရှင်” နဲ့ ရာဇပလ္လင်ရှေ့မှာ ရှိတဲ့ စွမ်းအားတော် ခုနစ်ခုဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကို ခင်ဗျားတို့ ခံစားရပါစေ။ ၅ “သစ္စာရှိတဲ့ သက်သေ၊” “သေရာကနေ ဦးဆုံးထမြောက်လာတဲ့ သားဦး၊” “ကမ္ဘာမြေပေါ်က ဘုရင်တွေကို အုပ်စိုးတဲ့အရှင်” ယေရှုခရစ်ဆီက မဟာကရုဏာနဲ့ ငြိမ်သက်ခြင်းကိုလည်း ခင်ဗျားတို့ ခံစားရပါစေ။ ကျွန်တော်တို့ကို ချစ်မြတ်နိုးသူ၊ အပြစ်ရဲ့ လက်အောက်ကနေ မိမိရဲ့ သွေးနဲ့ လွတ်မြောက်စေသူ၊ ၆ ကျွန်တော်တို့ကို ဘုရင်တွေ၊ အဖဘုရားသခင်ရဲ့ ပုရောဟိတ်တွေ ဖြစ်စေသူ ယေရှုရဲ့ ဘုန်းအသရေနဲ့ တန်ခိုးဟာ ထာဝစဉ် တည်တံ့ပါစေ။ အာမင်။ ၇ ယေရှုက မိုးတိမ် ခြံရံပြီး လာလိမ့်မယ်။ သူ့ကို ထိုးဖောက်ခဲ့သူတွေပါမကျန် လူတိုင်း သူ့ကို မြင်ရလိမ့်မယ်။ ကမ္ဘာမြေပေါ်မှာ ရှိတဲ့ လူမျိုးအားလုံးဟာ သူ့ကြောင့် ရင်ဘတ်ထုပြီး ငိုကြွေးကြလိမ့်မယ်။ အာမင်။ ၈ ယေဟောဝါဘုရားက “ငါဟာ အာလဖနဲ့ ဩမေဃ ဖြစ်တယ်။ အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ်ကာလ အစဉ်တည်ရှိတဲ့ အနန္တတန်ခိုးရှင် ဖြစ်တယ်” လို့ မိန့်ဆိုတယ်။ ၉ ယေရှုရဲ့ နောက်လိုက်အဖြစ် ခင်ဗျားတို့လိုပဲ ဆင်းရဲဒုက္ခခံရတဲ့သူ၊ ဘုရင် ဖြစ်မယ့်သူ၊ ခံနိုင်ရည်ရှိတဲ့သူ ကျွန်တော် ညီအစ်ကို ယောဟန်က ဘုရားသခင်အကြောင်း ဟောပြောလို့၊ ယေရှုအကြောင်း သက်သေခံလို့ ပတ်မုကျွန်းကို ရောက်နေတယ်။ ၁၀ ကျွန်တော်ဟာ စွမ်းအားတော်နဲ့ ပြည့်ပြီး သခင့်နေ့တော်ကို ရောက်သွားတယ်။ ကျွန်တော့်နောက်မှာ ခရာမှုတ်သံလို ကျယ်လောင်တဲ့အသံ ကြားရတယ်။ ၁၁ “မြင်ရတဲ့အရာတွေကို စာလိပ်မှာ ရေးပြီး ဧဖက်၊ စမုရန၊ ပေရဂံ၊ သွာတိရ၊ သာဒိ၊ ဖိလဒေလဖိ၊ လောဒိကိဆိုတဲ့ အသင်းတော် ခုနစ်ခုဆီ ပေးပို့ပါ” ဆိုတဲ့အသံပဲ။
နိုဝင်ဘာ ၂၅–ဒီဇင်ဘာ ၁
ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ဗျာဒိတ် ၄–၆
“မြင်းစီးသူရဲ လေးဦး”
(ဗျာဒိတ် ၆:၂) ကျွန်တော် ကြည့်လိုက်တော့ မြင်းဖြူတစ်စီး မြင်တယ်။ မြင်းစီးသူရဲဟာ လေးကို ကိုင်ထားတယ်။ ဘုရားသခင်က သူ့ကို သရဖူပေးတယ်။ သူက ရန်သူတွေကို အောင်ပွဲခံရင်း အပြီးသတ် အောင်ပွဲခံဖို့ ထွက်သွားတယ်။
မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ
မြင်းဖြူစီးသူဟာ ဘယ်သူလဲ။ သူ ဘယ်သူလဲဆိုတာကို ဗျာဒိတ်ကျမ်းမှာပဲ ဖော်ပြထားတယ်။ ကောင်းကင်ပေါ်က အဲဒီမြင်းစီးသူရဲကို “ဘုရားသခင်ရဲ့ နှုတ်ကပတ်တော်” လို့ ခေါ်ထားတယ်။ (ဗျာဒိတ် ၁၉:၁၁-၁၃) နှုတ်ကပတ်တော်ဆိုတဲ့ ဘွဲ့ကို ယေရှုခရစ် ရရှိထားတယ်။ ယေရှုဟာ ဘုရားသခင်ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဖြစ်လို့ပဲ။ (ယောဟန် ၁:၁၊ ၁၄) သူ့ကို “ဘုရင်တကာတို့ရဲ့ ဘုရင်၊ သခင်တကာတို့ရဲ့ သခင်၊” “သစ္စာရှိသူ၊ အမှန်အတိုင်း ပြောတဲ့သူ” လို့လည်း ခေါ်တယ်။ (ဗျာဒိတ် ၁၉:၁၁၊ ၁၆) သူဟာ တိုက်ပွဲဝင်နေတဲ့ ဘုရင်အဖြစ် အခွင့်အာဏာ ရထားပေမဲ့ အာဏာကို အလွဲသုံးစား မလုပ်ဘူး။ ဒါပေမဲ့ မေးခွန်းတချို့ ပေါ်လာတယ်။
မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ
မြင်းစီးသူရဲတွေဟာ ဘယ်အချိန်မှာ စပြီး စီးနင်းသလဲ။ ပထမမြင်းစီးသူရဲ ယေရှုဟာ သရဖူ ရတာနဲ့ စီးနင်းတယ်ဆိုတာ သိရတယ်။ (ဗျာဒိတ် ၆:၂) ကောင်းကင်မှာ ဘုရင်အဖြစ် ဘယ်အချိန်မှာ ယေရှု နန်းတက်သလဲ။ သေဆုံးပြီးနောက် ကောင်းကင် ပြန်တက်သွားချိန်မှာတော့ မဟုတ်ဘူး။ အချိန်အတော်ကြာ စောင့်ဆိုင်းခဲ့ရမှန်း ကျမ်းစာ ဖော်ပြတယ်။ (ဟီဘရူး ၁၀:၁၂၊ ၁၃) ကောင်းကင်မှာ သူ ဘယ်အချိန်ထိ စောင့်ရမလဲ၊ ဘယ်အချိန် စအုပ်ချုပ်မလဲဆိုတာ တပည့်တွေ သိနိုင်တဲ့ နည်းကို ပေးခဲ့တယ်။ သူ့အုပ်ချုပ်မှု စတင်တဲ့အခါ ကမ္ဘာ့အခြေအနေတွေ သိသိသာသာ ဆိုးရွားသွားမယ်လို့ ပြောခဲ့တယ်။ စစ်တွေ၊ အစာခေါင်းပါးမှုတွေ၊ ကပ်ရောဂါဘေးတွေ ဖြစ်လိမ့်မယ်။ (မဿဲ ၂၄:၃၊ ၇။ လုကာ ၂၁:၁၀၊ ၁၁) ၁၉၁၄ မှာ ပထမကမ္ဘာစစ်ဖြစ်ပြီး မကြာခင် လူတွေဟာ ဒုက္ခကာလကို စကြုံခဲ့ရမှန်း ထင်ရှားတယ်။ အဲဒါကို ကျမ်းစာမှာ “နောက်ဆုံးကာလ” လို့ ခေါ်ထားတယ်။—၂ တိမောသေ ၃:၁-၅။
(ဗျာဒိတ် ၆:၄-၆) အဲဒီနောက် မြင်းနီတစ်စီး ထွက်လာတယ်။ မြင်းစီးသူရဲက လူလူချင်း သတ်ဖြတ်စေဖို့ ကမ္ဘာပေါ်ကနေ ငြိမ်သက်ခြင်းကို ရုပ်သိမ်းပိုင်ခွင့် ရတယ်။ သူက ဓားကြီးတစ်လက်ကို ရတယ်။ ၅ တတိယတံဆိပ်ကို သိုးသငယ် ဖွင့်တဲ့အခါ တတိယသတ္တဝါက “လာခဲ့ပါ” လို့ ပြောတာကို ကျွန်တော် ကြားတယ်။ ကြည့်လိုက်တော့ မြင်းနက်တစ်စီးကို မြင်တယ်။ မြင်းစီးသူရဲက ချိန်ခွင်တစ်လက် ကိုင်ထားတယ်။ ၆ သတ္တဝါလေးပါးရဲ့ အလယ်ကနေ ထွက်လာပုံရတဲ့ အသံတစ်သံက “ဂျုံတစ်ခွက်အတွက် ဒေနာရိတစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား ပေးရတယ်။ သံလွင်ဆီနဲ့ စပျစ်ဝိုင်ကို မပြတ်စေနဲ့” လို့ပြောတာကို ကျွန်တော် ကြားတယ်။
မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ
မြင်းနီစီးသူဟာ စစ်ပွဲကို ပုံဆောင်တယ်။ နိုင်ငံအနည်းငယ်က မဟုတ်ဘဲ တစ်ကမ္ဘာလုံးက ငြိမ်သက်ခြင်းကို ရုပ်သိမ်းတယ်လို့ ပြောထားတယ်။ လူ့သမိုင်းမှာ ပထမဆုံးအနေနဲ့ ၁၉၁၄ မှာ ကမ္ဘာချီစစ်ပွဲ ဖြစ်ပွားခဲ့တယ်။ အဲဒီနောက် အဖျက်စွမ်းအား ပိုကြီးတဲ့ ဒုတိယကမ္ဘာစစ် လိုက်ပါလာတယ်။ ၁၉၁၄ ကစပြီး ဖြစ်တဲ့ စစ်ပွဲတွေ၊ လက်နက်ကိုင် ပဋိပက္ခတွေကြောင့် သေဆုံးသူ သန်း ၁၀၀ ကျော်သွားပြီလို့ တချို့ ခန့်မှန်းကြတယ်။ အကြီးအကျယ် ထိခိုက်ဒဏ်ရာရသူတွေလည်း အများကြီး ရှိတယ်။
မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ
“ကြည့်လိုက်တော့ မြင်းနက်တစ်စီးကို မြင်တယ်။ မြင်းစီးသူရဲက ချိန်ခွင်တစ်လက် ကိုင်ထားတယ်။ သတ္တဝါလေးပါးရဲ့ အလယ်ကနေ ထွက်လာပုံရတဲ့ အသံတစ်သံက ‘ဂျုံတစ်ခွက်အတွက် ဒေနာရိတစ်ပြား၊ မုယောသုံးခွက်အတွက် ဒေနာရိတစ်ပြား ပေးရတယ်။ သံလွင်ဆီနဲ့ စပျစ်ဝိုင်ကို မပြတ်စေနဲ့’ လို့ ပြောတာကို ကျွန်တော် ကြားတယ်။”—ဗျာဒိတ် ၆:၅၊ ၆။
မြင်းနက်စီးသူဟာ အစာခေါင်းပါးမှုကို ပုံဆောင်တယ်။ ဂျုံတစ်ခွက်အတွက် ပထမရာစုရဲ့ တစ်ရက်လုပ်အားခ ဖြစ်တဲ့ ဒေနာရိတစ်ပြား ပေးရတဲ့အထိ အစာရှားလွန်းတာကို ရုပ်ပုံမှာ တွေ့နိုင်တယ်။ (မဿဲ ၂၀:၂) ဂျုံထက်ညံ့တဲ့ မုယောဆိုရင်တော့ အဲဒီငွေနဲ့ သုံးခွက် ဝယ်နိုင်တယ်။ မိသားစုကြီးဆိုရင် ဘယ်လို စားလို့လောက်မလဲ။ အဲဒီခေတ်အခါက နေ့စဉ် အဓိကစားကုန် ဖြစ်တဲ့ သံလွင်ဆီနဲ့ ဝိုင်ကို ခြိုးခြံချွေတာဖို့ သတိပေးထားတယ်။
(ဗျာဒိတ် ၆:၈) ကြည့်လိုက်တော့ မြင်းမွဲတစ်စီးကို မြင်ရတယ်။ မြင်းစီးသူရဲ နာမည်က သေမင်းလို့ ခေါ်တယ်။ သင်္ချိုင်းလည်း သူ့နောက်ကနေ ကပ်လိုက်လာတယ်။ သူတို့က ကမ္ဘာမြေရဲ့ လေးပုံတစ်ပုံမှာ ရှိတဲ့ လူတွေကို ဓားဘေး၊ အစာခေါင်းပါးဘေး၊ ကပ်ရောဂါဘေး၊ မြေသားရဲဘေးတွေနဲ့ သတ်နိုင်တဲ့ အခွင့်အာဏာ ရထားတယ်။
မြင်းစီးသူရဲလေးဦး—သူတို့ဟာ ဘယ်သူတွေလဲ
စတုတ္ထမြင်းစီးသူဟာ ကပ်ရောဂါနဲ့ တခြားဘေးတွေကြောင့် သေဆုံးရတာကို ပုံဆောင်တယ်။ ၁၉၁၄ နောက်ပိုင်း မကြာခင်မှာ စပိန်တုပ်ကွေးကြောင့် လူတွေ သန်းနဲ့ချီ သေဆုံးရတယ်။ သန်း ၅၀၀ လောက်ဟာ ရောဂါကူးစက်ခံရပြီး ၃ ယောက်မှာ ၁ ယောက်ပဲ အသက်ရှင်တယ်။
စပိန်တုပ်ကွေးဟာ အစပဲ ရှိသေးတယ်။ ၂၀ ရာစုအတွင်း ရေကျောက်ပေါက်လို့ လူသန်း ၃၀၀ ကျော် သေဆုံးခဲ့တယ်လို့ ခန့်မှန်းကြတယ်။ အခုချိန်မှာ ဆေးပညာ အကြီးအကျယ် ထွန်းကားနေတဲ့ကြားက အေအိုင်ဒီအက်စ်၊ ငှက်ဖျားနဲ့ တီဘီရောဂါကြောင့် သန်းနဲ့ချီ သေဆုံးနေရတယ်။
စစ်၊ အငတ်ဘေး၊ ကပ်ရောဂါ ဘာကြောင့်ပဲ ဖြစ်ပါစေ သေခြင်းမှာ ဇာတ်သိမ်းကြရတယ်။ သင်္ချိုင်းဟာ ဘာမျှော်လင့်ချက်မှ မပေးဘဲ လူ့အသက်တွေကို မနားတမ်း ခြွေယူနေတယ်။
ရှာဖွေလေ့လာ ဘုရားရေးရာရတနာ
(ဗျာဒိတ် ၄:၄) အဲဒီရာဇပလ္လင်ပတ်လည်မှာ ပလ္လင် ၂၄ ခု ရှိတယ်။ အဖြူရောင် ဝတ်ဆင်ပြီး ရွှေသရဖူ ဆောင်းထားတဲ့ အကြီးအကဲ ၂၄ ယောက်က ပလ္လင်တွေပေါ် ထိုင်နေတာကို ကျွန်တော် မြင်တယ်။
(ဗျာဒိတ် ၄:၆) ရာဇပလ္လင်ရှေ့မှာ သလင်းကျောက်လို ကြည်လင်နေတဲ့ ဖန်ရေကန်လည်း ရှိတယ်။ ရာဇပလ္လင်ရှိရာ အလယ်မှာ၊ ရာဇပလ္လင်ပတ်လည်မှာ သတ္တဝါလေးပါး ရှိတယ်။ သူတို့ခန္ဓာကိုယ်ရဲ့ အရှေ့မှာရော အနောက်မှာပါ မျက်စိတွေ ပြည့်နေတယ်။
ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု
၈ ရှေးတဲတော်အတွင်း အမှုထမ်းရန် ယဇ်ပုရောဟိတ်များကို ခန့်အပ်ထားကြောင်း ယောဟန် သိ၏။ ထို့ကြောင့် သူနောက်ထပ် တွေ့မြင်ရသော အရာများကြောင့် အံ့သြမိပေမည်။ သူ ဤသို့ဖော်ပြ၏– “ပလ္လင်တော်၏ ပတ်ပတ်လည်တွင် ပလ္လင် နှစ်ဆယ့်လေးခု ရှိ၏။ ထိုပလ္လင်များပေါ်တွင် အကြီးအကဲ နှစ်ဆယ့်လေးပါး ထိုင်လျက်နေသည်ကို ငါမြင်ရ၏။ သူတို့သည် ဝတ်ရုံဖြူကို ဝတ်ဆင်လျက် ဦးခေါင်းပေါ်တွင် ရွှေသရဖူများကို ဆောင်းထားကြ၏။” (ဗျာဒိတ် ၄:၄) မှန်ပေသည်။ ယဇ်ပုရောဟိတ်များအစား၊ အကြီးအကဲ ၂၄ ပါးသည် ဘုရင်များကဲ့သို့ သရဖူဆောင်းလျက် နန်းထိုင်နေကြသည်။ ဤအကြီးအကဲများကား မည်သူများနည်း။ ရှင်ပြန်ထမြောက်ပြီး ယေဟောဝါ၏ ကတိတော်အတိုင်း ကောင်းကင်ရာထူးကို ရယူထားသော ခရစ်ယာန်အသင်းတော်ရှိ ဘိသိက်ခံများမှလွဲ၍ အခြားသူများ မဖြစ်နိုင်။ ကျွန်ုပ်တို့ မည်သို့ သိနိုင်သနည်း။
ယေဟောဝါ၏ ကောင်းကင်ပလ္လင်တော်ဆိုင်ရာ ခမ်းနားမှု
၁၉ ဤသတ္တဝါတို့သည် ဘာကို ပုံခိုင်းသနည်း။ အခြားပရောဖက်တစ်ပါး ဖြစ်သူ ယေဇကျေလ တင်ပြသည့် ရူပါရုံက အဖြေရဖို့ အကူအညီ ပေး၏။ ယေဇကျေလသည် ယောဟန် ဖော်ပြသော ထူးခြားသော လက္ခဏာများနှင့် ဆင်တူသည့် လက္ခဏာများ ပါရှိသော သက်ရှိသတ္တဝါများဖြင့် ခြံရံလျက် ကောင်းကင်ရထားတော်ပေါ်မှာ စံတော်မူသော ယေဟောဝါကို မြင်ရသည်။ (ယေဇကျေလ ၁:၅-၁၁၊ ၂၂-၂၈) နောက်ပိုင်း၌ ယေဇကျေလသည် သက်ရှိသတ္တဝါများ ခြံရံသော ထိုရထားပလ္လင်တော်ကို မြင်ပြန်သည်။ သို့သော်၊ ဤတစ်ကြိမ်တွင် ထိုသက်ရှိသတ္တဝါများကို ခေရုဗိမ်အဖြစ် သူညွှန်းဆိုသည်။ (ယေဇကျေလ ၁၀:၉-၁၅) ယောဟန်မြင်သော သက်ရှိသတ္တဝါလေးပါးသည် ဘုရားသခင်၏ များပြားသော ခေရုဗိမ်များ—နာမ်ဝိညာဉ် အဖွဲ့အစည်းရှိ ရာထူးအဆင့်မြင့်သော သတ္တဝါများ—ကို ကိုယ်စားပြုခြင်း ဖြစ်ရပေမည်။ ခေရုဗိမ်များ ယေဟောဝါ၏ အပါးတော်တွင် ဤမျှနီးကပ်စွာ တည်ရှိသည်ကို ယောဟန် မြင်ရသောအခါ အဆန်းထင်မည်မဟုတ်။ အကြောင်းမှာ ရှေးတဲတော် အစီအစဉ်၌ ယေဟောဝါ၏ ပလ္လင်တော်ကို ကိုယ်စားပြုသော ပဋိညာဉ်သေတ္တာ အဖုံးအပေါ်၌ ရွှေခေရုဗိမ်နှစ်ပါးကို ပြသထား၍ ဖြစ်သည်။ ယေဟောဝါ၏ စကားသံသည် ထိုခေရုဗိမ်နှစ်ပါး စပ်ကြားမှနေ၍ ဣသရေလလူမျိုးတို့အား အမိန့်တော်များ ထုတ်ဆင့်တော်မူသည်။—ထွက်မြောက်ရာ ၂၅:၂၂; ဆာလံ ၈၀:၁။
(ဗျာဒိတ် ၅:၅) အဲဒီအခါ အကြီးအကဲတွေထဲက တစ်ယောက်က “မငိုနဲ့တော့။ ဒါဝိဒ်ရဲ့ အမြစ်ဖြစ်တဲ့ ယုဒအနွယ်ဝင် ခြင်္သေ့က အောင်မြင်ပြီ ဖြစ်လို့ စာလိပ်နဲ့ တံဆိပ်ခုနစ်ခုကို ဖွင့်နိုင်တယ်” လို့ ကျွန်တော့်ကို ပြောတယ်။
“ယုဒအနွယ်ဝင် ခြင်္သေ့”
၅ ခြင်္သေ့ကို ရဲစွမ်းသတ္တိနှင့် တွဲဖက်ဖော်ပြလေ့ရှိ၏။ သင်သည် အရွယ်ရောက် ခြင်္သေ့အထီးတစ်ကောင်ရှေ့ မျက်နှာချင်းဆိုင် ရပ်ခဲ့ဖူးသလော။ ရပ်ဖူးပါသည်ဟု သင်ဖြေဆိုလျှင် တိရစ္ဆာန်ရုံအတွင်းရှိ လှောင်အိမ်ထဲမှ ခြင်္သေ့ရှေ့ ဖြစ်ကောင်းဖြစ်မည်။ ထိုသို့ဖြစ်သည့်တိုင် သင့်အတွက် ကြောက်လန့်စရာ ဖြစ်ခဲ့ပေမည်။ အကောင်ကြီး၍ ခွန်အားရှိသော ထိုသတ္တဝါကို သင် ကြည့်လိုက်စဉ် သူကလည်း သင့်ကို ပြန်စိုက်ကြည့်နေလိမ့်မည်။ ခြင်္သေ့ဟူသော သတ္တဝါမျိုးသည် ကြောက်လန့်ပြီး ထွက်ပြေးမည့်ပုံ မရှိပါ။ သမ္မာကျမ်းစာက “တိရစ္ဆာန်တကာတို့ထက် ခွန်အားကြီး၍ အဘယ်သူကိုမျှ မရှောင်တတ်သော ခြင်္သေ့” ဟု ဆို၏။ (သုတ္တံ ၃၀:၃၀) ခရစ်တော်၏ ရဲစွမ်းသတ္တိသည် ထိုကဲ့သို့ပင် ဖြစ်၏။
၆ ယေရှုသည် ခြင်္သေ့ကဲ့သို့သော ရဲစွမ်းသတ္တိကို နည်းသုံးနည်းဖြင့် မည်သို့ တင်ပြခဲ့ကြောင်း ဆွေးနွေးကြစို့။ ၎င်းနည်းသုံးနည်းမှာ အမှန်တရားဘက် ရပ်တည်ရာတွင်၊ တရားမျှတမှုကို ထောက်ခံရာတွင်၊ ဆန့်ကျင်မှုကို ရင်ဆိုင်ရာတွင် ရဲစွမ်းသတ္တိ တင်ပြခြင်း ဖြစ်သည်။ ကျွန်ုပ်တို့အားလုံးလည်း ပင်ကိုအရ သတ္တိရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ယေရှုကို အတုယူပြီး ရဲစွမ်းသတ္တိ တင်ပြနိုင်ကြောင်း တွေ့ရပါလိမ့်မည်။
ကျမ်းစာဖတ်ရှုခြင်း
(ဗျာဒိတ် ၄:၁-၁၁) အဲဒီနောက် ကောင်းကင်မှာ တံခါးပွင့်နေတာကို ကျွန်တော် မြင်တယ်။ ဦးဆုံး ကြားလိုက်ရတဲ့ အသံက ခရာသံနဲ့ တူပြီး “ဒီကို တက်လာပါ။ နောင်ဖြစ်လာမယ့် အရာတွေကို ပြမယ်” လို့ ပြောတယ်။ ၂ ချက်ချင်းပဲ ကျွန်တော့်အပေါ် စွမ်းအားတော် သက်ရောက်လာတယ်။ ကျွန်တော် ကြည့်လိုက်တဲ့အခါ ကောင်းကင်မှာ ရာဇပလ္လင်တစ်ခု ရှိနေတယ်၊ ပလ္လင်ပေါ်မှာ ပုဂ္ဂိုလ်တစ်ယောက် ထိုင်နေတယ်။ ၃ ထိုင်နေတဲ့ ပုဂ္ဂိုလ်ဆီကနေ နဂါးသွဲ့ကျောက်နဲ့ ကျောက်နီရောင် ဖြာထွက်နေတယ်။ ပလ္လင်ပတ်လည်မှာ မြစိမ်းရောင်ပြေးနေတဲ့ သက်တံ ရှိတယ်။ ၄ အဲဒီရာဇပလ္လင်ပတ်လည်မှာ ပလ္လင် ၂၄ ခု ရှိတယ်။ အဖြူရောင် ဝတ်ဆင်ပြီး ရွှေသရဖူ ဆောင်းထားတဲ့ အကြီးအကဲ ၂၄ ယောက်က ပလ္လင်တွေပေါ် ထိုင်နေတာကို ကျွန်တော် မြင်တယ်။ ၅ ရာဇပလ္လင်ကနေ လျှပ်စီးတွေ၊ စကားသံတွေ၊ မိုးခြိမ်းသံတွေ ထွက်ပေါ်လာတယ်။ ရာဇပလ္လင်ရှေ့မှာ ဘုရားသခင့် စွမ်းအားတော် ခုနစ်ခု ဖြစ်တဲ့ မီးခွက်ကြီးခုနစ်လုံး ထွန်းလင်းနေတယ်။ ၆ ရာဇပလ္လင်ရှေ့မှာ သလင်းကျောက်လို ကြည်လင်နေတဲ့ ဖန်ရေကန်လည်း ရှိတယ်။ ရာဇပလ္လင်ရှိရာ အလယ်မှာ၊ ရာဇပလ္လင်ပတ်လည်မှာ သတ္တဝါလေးပါး ရှိတယ်။ သူတို့ခန္ဓာကိုယ်ရဲ့ အရှေ့မှာရော အနောက်မှာပါ မျက်စိတွေ ပြည့်နေတယ်။ ၇ ပထမသတ္တဝါက ခြင်္သေ့နဲ့ တူတယ်။ ဒုတိယသတ္တဝါက နွားပေါက်နဲ့ တူတယ်။ တတိယသတ္တဝါမှာ လူ့မျက်နှာမျိုး ရှိတယ်။ စတုတ္ထသတ္တဝါက လင်းယုန်နဲ့ တူတယ်။ ၈ သတ္တဝါလေးပါးမှာ အတောင်ခြောက်ခုစီ ရှိတယ်။ အတောင်ရဲ့ အတွင်းမှာရော အပြင်မှာပါ မျက်စိတွေ ပြည့်နေတယ်။ သူတို့က “အတိတ်၊ ပစ္စုပ္ပန်၊ အနာဂတ် အစဉ်တည်ရှိတဲ့ အနန္တတန်ခိုးရှင် ယေဟောဝါဘုရားဟာ သန့်ရှင်းတယ်။ သန့်ရှင်းတယ်။ သန့်ရှင်းတယ်” လို့ နေ့ညမပြတ် ပြောနေကြတယ်။ ၉ ရာဇပလ္လင်ပေါ်မှာ ထိုင်နေတဲ့အရှင်၊ အစဉ်ထာဝရ အသက်ရှင်တဲ့အရှင်ကို သတ္တဝါတွေ ဂုဏ်တင်ချီးမွမ်းပြီး ကျေးဇူးတင်တဲ့အခါတိုင်း၊ ၁၀ အကြီးအကဲ ၂၄ ယောက်က ရာဇပလ္လင်ပေါ် ထိုင်နေတဲ့ အရှင်ရှေ့မှာ ပျပ်ဝပ်ပြီး အစဉ်ထာဝရ အသက်ရှင်တဲ့အရှင်ကို ကိုးကွယ်ကြတယ်။ သရဖူတွေကိုလည်း ပလ္လင်ရှေ့မှာ ချထားပြီး၊ ၁၁ “ယေဟောဝါဘုရား၊ ကိုယ်တော်က အရာခပ်သိမ်းကို ဖန်ဆင်းခဲ့တယ်။ အရာခပ်သိမ်းဟာ အလိုတော်ကြောင့် ဖန်ဆင်းခံရပြီး တည်ရှိနေတယ်။ ဒါကြောင့် ဂုဏ်တင်မှု၊ ချီးမွမ်းမှုနဲ့ အစွမ်းခွန်အားတွေကို ကိုယ်တော် ရထိုက်ပါတယ်” လို့ ပြောကြတယ်။