ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ကမ္ဘာဦး ၄၀-၄၁
ယောသပ်ကို ယေဟောဝါ ကယ်တင်
ယောသပ်ဟာ ယေဟောဝါ မကယ်တင်ခင် ကျွန်တစ်ဦး၊ ထောင်သားအဖြစ် ၁၃ နှစ်ကြာ ဒုက္ခခံခဲ့ရတယ်။ စိတ်နာကြည်းမယ့်အစား အဲဒီကနေ ကောင်းတာတွေ အများကြီး သင်ယူခဲ့တယ်။ (ဆ ၁၀၅:၁၇-၁၉) သူ့ကို ယေဟောဝါ ဘယ်တော့မှ မစွန့်ပစ်ဘူးဆိုတာ သိခဲ့တယ်။ အဲဒီအခြေအနေမှာ ယောသပ် ဘယ်လို အကောင်းဆုံး လုပ်ခဲ့သလဲ။
ယောသပ်ဟာ အလုပ်ကြိုးစားပြီး ယုံကြည်စိတ်ချရလို့ ယေဟောဝါ သူ့ကို ကောင်းချီးပေးခဲ့တယ်။—က ၃၉:၂၁၊ ၂၂
ယောသပ်ဟာ မိမိအပေါ် မတရားဆက်ဆံခဲ့သူတွေကို ကလဲ့စားချေမယ့်အစား ကြင်နာမှု ပြခဲ့တယ်။—က ၄၀:၅-၇
အခက်အခဲတွေကို ခံရပ်နိုင်ဖို့ ယောသပ်ရဲ့တွေ့ကြုံမှုက ငါ့ကို ဘယ်လို ကူညီပေးသလဲ
ငါ့ကို ယေဟောဝါ ကယ်တင်မယ့် အာမဂေဒုန် ရောက်တဲ့အထိ အခြေအနေကို အကောင်းဆုံးဖြစ်အောင် ဘယ်လို လုပ်မလဲ