မတ် ၂၃-၂၉
ဟေရှာယ ၄၈-၄၉
သီချင်း ၈၉ နဲ့ ဆုတောင်းချက် | နိဒါန်း (၁ မိ.)
၁။ ယေဟောဝါ သွန်သင်ပေးတာတွေကို အာရုံစိုက်ပြီး အကျိုးရယူပါ
(၁၀ မိ.)
မိမိကျေးကျွန်တွေကို ယေဟောဝါ သွန်သင်ပေး (ရှာ ၄၈:၁၇။ it “သွန်သင်သူ၊ သွန်သင်ချက်” ပိုဒ်. ၂-mwbr)
ယေဟောဝါရဲ့ သွန်သင်ချက်တွေကို အာရုံစိုက်ရမယ် (ရှာ ၄၈:၁၈က။ ijwbq ဆောင်းပါး ၄၄ ပိုဒ်. ၂-၃)
ဒါဆိုရင် ကျွန်တော်တို့ရဲ့ ငြိမ်သက်ခြင်းဟာ “မြစ်လို၊” ဖြောင့်မတ်ခြင်းဟာ “ပင်လယ်လှိုင်းတွေလို” ဖြစ်လာမယ် (ရှာ ၄၈:၁၈ခ။ lv ၁၉၉ ပိုဒ်. ၈)
အဓိပ္ပာယ်– “ငြိမ်သက်ခြင်း” လို့ ပြန်ဆိုထားတဲ့ ဟီဘရူးစကားလုံးကို ကျန်းမာခြင်း၊ ဘေးကင်းခြင်း၊ အစွမ်းခွန်အား၊ ဆက်ဆံရေး ပြေလည်ခြင်း၊ ပြီးမြောက်အောင် လုပ်ဆောင်ခြင်းလို့လည်း ပြန်ဆိုနိုင်တယ်။
၂။ ဘုရားရေးရာ ရတနာ
(၁၀ မိ.)
ရှာ ၄၉:၈—ဒီကြိုဟောချက်ရဲ့ ပြည့်စုံချက်သုံးချက်က ဘာတွေလဲ။ (ip-2 ၆၅ ပိုဒ်. ၁၆-၂၀)
ဒီအပတ် ကျမ်းစာဖတ်တာကနေ ဘယ်ဘုရားရေးရာ ရတနာတွေကို ဝေမျှချင်သလဲ။
၃။ ကျမ်းစာဖတ်ရှုခြင်း
(၄ မိ.) ရှာ ၄၈:၉-၂၀ (th သင်ခန်းစာ ၁၁)
၄။ စကားစမြည် စပြောခြင်း
(၃ မိ.) အလွတ်သဘော သက်သေခံခြင်း။ မလှုပ်မရှားဖြစ်နေတဲ့ ဆွေမျိုးတစ်ယောက်ကို အထူးဟောပြောချက်နဲ့ အောက်မေ့ရာနေ့ ဖိတ်ပါ။ (lmd သင်ခန်းစာ ၅ အချက် ၃)
၅။ ပြန်လည်ပတ်ခြင်း
(၄ မိ.) အလွတ်သဘော သက်သေခံခြင်း။ အောက်မေ့ရာအစီအစဉ် လာတက်ဖို့ စဉ်းစားနေသူကို အစီအစဉ်အကြောင်း ရှင်းပြပါ။ (lmd သင်ခန်းစာ ၉ အချက် ၃)
၆။ ပြန်လည်ပတ်ခြင်း
(၅ မိ.) အလွတ်သဘော သက်သေခံခြင်း အောက်မေ့ရာဟောပြောချက် ပြီးနောက် စိတ်ဝင်စားသူ မေးလာတဲ့ မေးခွန်းတွေကို ဖြေပေးပါ။ (lmd သင်ခန်းစာ ၈ အချက် ၃)
သီချင်း ၁၀၇
၇။ နှစ်တစ်နှစ်ရဲ့ အရေးကြီးဆုံးနေ့အတွက် အဆင်သင့် ဖြစ်နေနိုင်ပုံ
(၁၅ မိ.) ဆွေးနွေးပါ။
နှစ်တိုင်း အောက်မေ့ရာအစီအစဉ် တက်တာဟာ ယေရှုရဲ့ မိန့်မှာချက်ကို လိုက်နာကြောင်း၊ ယေဟောဝါ ပေးတဲ့ ရွေးဖိုးလက်ဆောင်ကို ကျေးဇူးတင်ကြောင်း ပြရာရောက်တယ်။ (လု ၂၂:၁၉) ကျွန်တော်တို့ကို ယေဟောဝါနဲ့ သားတော် ဘယ်လောက် ချစ်သလဲဆိုတာ လေးလေးနက်နက် တွေးတောနိုင်တဲ့ အခါသမယလည်း ဖြစ်တယ်။ (ဂ ၂:၂၀။ ၁ယ ၄:၉၊ ၁၀) ရွေးဖိုးလက်ဆောင်ကနေ ဘယ်လို အကျိုးအပြည့်အဝ ရနိုင်သလဲ။ စိတ်ဝင်စားသူတွေ အကျိုးရဖို့ကော ဘယ်လို ကူညီပေးနိုင်သလဲ။
အောက်မေ့ရာကာလ ကျမ်းစာဖတ်ရှုခြင်း ဇယားထဲက ကျမ်းပိုဒ်တွေကို နေ့တိုင်း ဖတ်ရှုတွေးတောပါ
ရွေးဖိုး ဘယ်လောက် အဖိုးတန်ကြောင်း၊ ရွေးဖိုးအတွက် ကျေးဇူးတင်ကြောင်း ပြရာရောက်တဲ့နည်းနဲ့ ဘယ်လို အသက်ရှင်နိုင်ကြောင်း စဉ်းစားပါ
အထူးဟောပြောချက်နဲ့ အောက်မေ့ရာအစီအစဉ် လာတက်ဖို့ ဖိတ်ခေါ်တဲ့ ကင်ပိန်းမှာ အင်တိုက်အားတိုက် ပါဝင်ပါ။ အသိမိတ်ဆွေတွေ၊ ဆွေမျိုးတွေ၊ ကိုယ့်ရပ်ကွက်မှာ ရှိသူတွေကို အတတ်နိုင်ဆုံး ဖိတ်ပါ
အောက်မေ့ရာနေ့မှာ ဧည့်သည်တွေကို ဖော်ဖော်ရွေရွေ ပြုံးပြနှုတ်ဆက်ပါ။ ကိုယ်ဖိတ်ထားသူတွေကို ဂရုစိုက်ပေးသလို ဖိတ်စာရလို့ ရောက်လာသူတွေကိုလည်း မျက်စိရှင်ရှင်ထားပြီး ဂရုစိုက်ပေးပါ။ အတူတူ ခေါ်ထိုင်ပါ
ဧည့်သည်တွေ တစ်ခုခု မေးလာရင် စိတ်ရှည်ရှည် ဖြေပေးပါ
မလှုပ်မရှား ဖြစ်နေသူတွေကို ကြိုဆိုပါ။ အထူးသဖြင့် အသင်းတော်ကနေ ဖယ်ရှားခံရသူတွေကို အကြီးအကဲတွေ မျက်စိရှင်ရှင်ထားပြီး ကြိုဆိုသင့်တယ်
ယေရှုဟာ “ပျောက်သောသူတို့ကို ရှာ၍ ကယ်တင်ရန် ကြွလာ” ဗီဒီယို ပြပါ။ ပြီးနောက် ပရိသတ်ကို မေးပါ။
မလှုပ်မရှား ဖြစ်နေသူတွေ အောက်မေ့ရာအစီအစဉ် လာတက်တဲ့အခါ နွေးနွေးထွေးထွေး ကြိုဆိုဖို့ အရေးကြီးကြောင်း ဘာသင်ယူရသလဲ။
၈။ အသင်းတော် ကျမ်းစာလေ့လာမှု
(၃၀ မိ.) lfb သင်ခန်းစာ ၇၂-၇၃