ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbq ဆောင်းပါး ၁၇၈
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘယ်သူလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘယ်သူလဲ
  • ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျမ်းစာအဖြေ
  • နှစ်ခြင်းပေးသူ ယောဟန်ရဲ့ ထူးခြားချက်က ဘာလဲ
  • နှစ်ခြင်းပေးသူ ယောဟန်ရဲ့ မိဘတွေက ဘယ်သူတွေလဲ
  • နှစ်ခြင်းပေးသူ ယောဟန်ကို ဘယ်သူ ကွပ်မျက်သလဲ
  • နှစ်ခြင်းပေးသူ ယောဟန်က ယေရှုရဲ့ ပြိုင်ဖက်လား
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေရှုဆီကနေ ယောဟန်သိချင်တဲ့အရာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယောဟန်ယုံကြည်ခြင်း ကင်းမဲ့သလော
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ တကယ် ရှိခဲ့သလား
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကျမ်းစာမေးခွန်းများရဲ့ အဖြေ
ijwbq ဆောင်းပါး ၁၇၈
နှစ်ခြင်းပေးသူ ယောဟန် မြစ်မှာ လူတစ်ဦးကို နှစ်ခြင်း ပေးနေစဉ်။

နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘယ်သူလဲ

ကျမ်းစာအဖြေ

နှစ်ခြင်းပေးသူ ယောဟန်ဆိုတာ ဘုရားသခင်ရဲ့ ပရောဖက်ပါ။ (လုကာ ၁:၇၆) ဘီစီ ပထမရာစု နှစ်ကုန်ပိုင်းမှာ မွေးလာပြီး အေဒီ ပထမရာစုအတွင်း အသက်ရှင်ခဲ့သူ ဖြစ်တယ်။ မေရှိယ ဒါမှမဟုတ် ခရစ်တော်အတွက် လမ်းခရီးကို အသင့်ပြင်ဆင်ပေးဖို့ သူ့ကို ဘုရားသခင် တာဝန်ပေးတယ်။ ဂျူးတွေ ဘုရားဆီ ပြန်လှည့်လာအောင် ဘုရားရဲ့ သတင်းတရားကို ဟောပြောခြင်းအားဖြင့် ဒီတာဝန်ကို ယောဟန် ထမ်းဆောင်ခဲ့တယ်။—မာကု ၁:၁-၄။ လုကာ ၁:၁၃၊ ၁၆၊ ၁၇။

ယောဟန် ဟောတဲ့ သတင်းကြောင့် နာဇရက်မြို့သား ယေရှုဟာ ကတိထားရာ မေရှိယ ဖြစ်ကြောင်း စိတ်ရင်းမှန်တဲ့ ဂျူးတွေ သဘောပေါက်သွားတယ်။ (မဿဲ ၁၁:၁၀) နောင်တယူကြဖို့၊ နောင်တရတဲ့အနေနဲ့ နှစ်ခြင်းခံကြဖို့ ယောဟန် အားပေးတယ်။ (လုကာ ၃:၃-၆) လူများစွာကို နှစ်ခြင်းပေးတဲ့အတွက် နှစ်ခြင်းပေးသူ ယောဟန်လို့ အမည်တွင်တယ်။ ယောဟန် ပေးတဲ့ နှစ်ခြင်းတွေထဲမှာ အရေးကြီးဆုံးကတော့ ယေရှုရဲ့ နှစ်ခြင်း ဖြစ်တယ်။a—မာကု ၁:၉။

ဒီဆောင်းပါးမှာ

  • နှစ်ခြင်းပေးသူ ယောဟန်ရဲ့ ထူးခြားချက်က ဘာလဲ

  • နှစ်ခြင်းပေးသူ ယောဟန်ရဲ့ မိဘတွေက ဘယ်သူတွေလဲ

  • နှစ်ခြင်းပေးသူ ယောဟန်ကို ဘယ်သူ ကွပ်မျက်သလဲ

  • နှစ်ခြင်းပေးသူ ယောဟန်က ယေရှုရဲ့ ပြိုင်ဖက်လား

  • ကျမ်းစာမှာ ယောဟန် ဘယ်နှယောက်အကြောင်း ပါသလဲ

နှစ်ခြင်းပေးသူ ယောဟန်ရဲ့ ထူးခြားချက်က ဘာလဲ

သူ့လုပ်ဆောင်မှုကို ကြိုဟောထား။ ယောဟန်က ဟောပြောခြင်းအားဖြင့် ယေဟောဝါရဲ့ စေတမန်နဲ့ပတ်သက်တဲ့ ကြိုဟောချက်ကို ပြည့်စုံစေတယ်။ (မာလခိ ၃:၁။ မဿဲ ၃:၁-၃) ဂျူးတွေကို “ယေဟောဝါအတွက် အသင့်ပြင်ထားတဲ့ လူမျိုး ဖြစ်စေ” တယ်။ ယေဟောဝါဘုရားရဲ့ ကိုယ်စားလှယ်ချုပ် ယေရှု ဟောတဲ့ သတင်းတရားကို လက်ခံလာအောင် အသင့်ပြင်ဆင်ပေးခြင်း ဖြစ်တယ်။—လုကာ ၁:၁၇။

တရားဝင်ဖြစ်မှု။ “အသက်ရှင်ခဲ့သမျှ လူတွေထဲမှာ နှစ်ခြင်းပေးသူ ယောဟန်ထက် ကြီးမြတ်တဲ့သူ မပေါ်သေးဘူး။ ဒါပေမဲ့ ကောင်းကင်နိုင်ငံမှာ အဆင့်နိမ့်တဲ့သူဟာ ယောဟန်ထက် ကြီးမြတ်တယ်” လို့ ယေရှု ပြောတယ်။ (မဿဲ ၁၁:၁၁) ယောဟန်ဟာ ပရောဖက် ဖြစ်တဲ့အပြင် ကြိုဟောထားတဲ့ “စေတမန်” လည်း ဖြစ်တယ်။ ဒီ့မတိုင်ခင် ဘုရားကျေးကျွန်တွေထဲမှာ အခုလိုမျိုး ကြီးမြတ်သူလို့ အခေါ်ခံရတဲ့သူ မရှိဘူး။ ယောဟန် ကောင်းကင်သွားမှာ မဟုတ်ကြောင်း ယေရှုစကားတွေက ဖော်ပြတယ်။b လူတွေ ကောင်းကင် တက်ဖို့ ခရစ်တော် လမ်းဖွင့်ပေးချိန် မတိုင်ခင် ဒီသစ္စာရှိ ပရောဖက် သေဆုံးခဲ့တယ်။ (ဟီဘရူး ၁၀:၁၉၊ ၂၀) ယောဟန်က ဘုရားနိုင်ငံတော် အုပ်ချုပ်မှုအောက် ကမ္ဘာ့ပရဒိသုမှာ ထာဝစဉ် အသက်ရှင်ဖို့ မျှော်လင့်ချက် ရှိတယ်။—ဆာလံ ၃၇:၂၉။ လုကာ ၂၃:၄၃။

နှစ်ခြင်းပေးသူ ယောဟန်ရဲ့ မိဘတွေက ဘယ်သူတွေလဲ

ယောဟန်ရဲ့ မိဘတွေက ဇာခရိနဲ့ ဧလိရှဗက်ပါ။ ဇာခရိက ဂျူးပုရောဟိတ် ဖြစ်တယ်။ ဧလိရှဗက်က ကလေး မရနိုင်ဘဲ မြုံနေသူ ဖြစ်လို့ ယောဟန် မွေးလာတာဟာ တကယ့် အံ့ဖွယ်ပဲ။ ဒါ့အပြင် ဇာခရိနဲ့ ဧလိရှဗက်တို့ နှစ်ယောက်စလုံး “အသက်ကြီးနေပြီ။”—လုကာ ၁:၅-၇၊ ၁၃။

နှစ်ခြင်းပေးသူ ယောဟန်ကို ဘယ်သူ ကွပ်မျက်သလဲ

ဟေရုဒ် အန္တိပမင်းက ဇနီး ဟေရောဒိရဲ့ သွေးထိုးမှုကြောင့် ယောဟန်ကို ခေါင်းဖြတ်ကွပ်မျက်ခဲ့တယ်။ ဂျူးအမည်ခံထားတဲ့ ဟေရုဒ်က ဟေရောဒိနဲ့ လက်ထပ်တာ ဂျူးပညတ်အရ တရားမဝင်ဘူး ပြောလို့ ယောဟန်ကို ဟေရောဒိ သိပ်မုန်းတယ်။—မဿဲ ၁၄:၁-၁၂။ မာကု ၆:၁၆-၁၉။

နှစ်ခြင်းပေးသူ ယောဟန်က ယေရှုရဲ့ ပြိုင်ဖက်လား

သူတို့ဟာ ပြိုင်ဖက်တွေဆိုတဲ့ အယူအဆ ကျမ်းစာနဲ့ မညီဘူး။ (ယောဟန် ၃:၂၅-၃၀) ယောဟန်က မိမိရဲ့ တာဝန်ဟာ မေရှိယအတွက် လမ်းခရီးကို အသင့်ပြင်ဆင်ပေးဖို့ ဖြစ်ပြီး ယေရှုရဲ့ ပြိုင်ဖက် မဟုတ်ကြောင်း သိထားတယ်။ “ကျွန်တော် ရေနဲ့ နှစ်ခြင်းပေးရတဲ့ အကြောင်းရင်းက သူ့ကို အစ္စရေးတွေ သိလာစေဖို့ပဲ” လို့ ယောဟန် ပြောတယ်။ “သူဟာ ဘုရားသခင်ရဲ့ သားပဲ” လို့လည်း ပြောတယ်။ (ယောဟန် ၁:၂၆-၃၄) ယေရှုရဲ့ အမှုဆောင်လုပ်ငန်း အောင်မြင်ကြောင်း ကြားတဲ့အခါ ယောဟန် အလွန်ပျော်တယ်။

a “ခရစ်တော်ဟာ အပြစ်မကျူးလွန်ခဲ့ဘူး။” (၁ ပေတရု ၂:၂၁၊ ၂၂) ဒါကြောင့် နောင်တယူတဲ့အနေနဲ့ ယေရှု နှစ်ခြင်းခံတာ မဟုတ်ဘူး။ ကျွန်တော်တို့အတွက် အသက်စွန့်ခဲ့ခြင်း အပါအဝင် ဘုရားအလိုတော် ဆောင်ဖို့ ကိုယ့်ကိုယ်ကိုယ် ပေးဆက်တဲ့အနေနဲ့ နှစ်ခြင်းခံတာ ဖြစ်တယ်။—ဟီဘရူး ၁၀:၇-၁၀။

b “ဘယ်သူတွေ ကောင်းကင်သွားမလဲ” ဆောင်းပါးကို ကြည့်ပါ။

ကျမ်းစာမှာ ယောဟန် ဘယ်နှယောက်အကြောင်း ပါသလဲ

ကျမ်းစာမှာ ယောဟန်လို့ အမည်ရှိသူ ငါးယောက်အကြောင်း ဖော်ပြတယ်။

  1. ၁။ ဇာခရိနဲ့ ဧလိရှဗက်ရဲ့ သား နှစ်ခြင်းပေးသူ ယောဟန်။—မာကု ၁:၄။ လုကာ ၁:၅၇-၆၀။

  2. ၂။ တမန်တော် ပေတရုရဲ့ ဖခင် ယောဟန်။—ယောဟန် ၁:၄၂။

  3. ၃။ ဇေဗေဒဲရဲ့ သား တမန်တော် ယောဟန်။ (မဿဲ ၁၀:၂) ယောဟန် ခရစ်ဝင်ကျမ်းအပြင် ယောဟန် ပထမစောင်၊ ဒုတိယစောင်၊ တတိယစောင်၊ ဗျာဒိတ်ကျမ်းတို့ကို ရေးတဲ့သူ။

  4. ၄။ မာကုလို့လည်း ခေါ်တဲ့ ယောဟန်။ မာကု ခရစ်ဝင်ကျမ်းကို ရေးတဲ့သူ။—တမန်တော် ၁၂:၁၂။

  5. ၅။ ပုရောဟိတ်မင်း အန္နတ်ရဲ့ ဆွေမျိုး ဂျူးအရာရှိ။—တမန်တော် ၄:၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ