ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwhf ဆောင်းပါး ၈
  • စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ
  • မိသားစုအတွက် အကူအညီ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ
  • စိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်သလဲ
  • ကျွန်ုပ်တို့ရဲ့ ခရစ်ယာန်ဓမ္မအမှုမှာ စိတ်ရှည်မှုရှိဖို့လို
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၁
  • ဆက်ပြီး စိတ်ရှည်ကြပါ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ယေဟောဝါ၏သည်းခံခြင်းကို တုပကြလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • သည်းခံခြင်းကို သင်ကျင့်သုံးနိုင်မည်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
မိသားစုအတွက် အကူအညီ
ijwhf ဆောင်းပါး ၈
ဖိနပ်ဆိုင်မှာ ဇနီး ဖိနပ်ရွေးနေတာကို ခင်ပွန်း စိတ်မရှည်စွာ စောင့်နေစဉ်

မိသားစုအတွက် အကူအညီ |အိမ်ထောင်ရေး

စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ

“စိတ်ရှည်ခြင်းဆိုတာ လင်နဲ့ မယား နေ့စဉ် ကြုံရတဲ့ စမ်းသပ်မှုတစ်ခုပါ။ စိတ်ရှည်ခြင်းဟာ တစ်ကိုယ်ရေဘဝအတွက် သိပ်အရေးမပါပေမဲ့ အိမ်ထောင် သာယာဖို့အတွက်တော့ မရှိလို့ မဖြစ်ဘူး။”—ဂျွန်။

  • ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ

  • စိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်သလဲ

  • “စိတ်ရှည်ခြင်း မရှိလို့ မဖြစ်”

ဘာကြောင့် စိတ်ရှည်ဖို့ လိုသလဲ

  • အိမ်ထောင်ပြုပြီးနောက် ကိုယ့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို အတွင်းကျကျ သိလာနိုင်တယ်။

    “အိမ်ထောင်သက် ကြာလာတဲ့အခါ အိမ်ထောင်ဖက်ရဲ့ မနှစ်မြို့ဖွယ် အကျင့်စရိုက်တွေကို အာရုံစိုက်လာတတ်တယ်။ ဒီအခါမျိုးမှာ စိတ်ရှည်သည်းခံဖို့ မလွယ်ဘူး။”—ဂျက်စီနာ။

  • စိတ်တိုတိုနဲ့ မဆင်မခြင် ပြောမိနိုင်တယ်။

    “ကျွန်မက စိတ်ထဲရှိတာ ဟောဟောဒိုင်းဒိုင်း ပြောချတတ်တယ်။ ဒီထက် စိတ်ရှည်ခဲ့ရင် ပြောသင့်၊ မပြောသင့် စဉ်းစားပြီး နှုတ်ကို စောင့်စည်းနိုင်မှာ။”—ကာမဲန်။

    “မေတ္တာဟာ စိတ်ရှည်တတ်တယ်” လို့ ကျမ်းစာ ဆိုတယ်။ (၁ ကောရိန္သု ၁၃:၄) ကိုယ်ချစ်တဲ့သူကိုဆိုရင် စိတ်ရှည်သည်းခံကြမှာပဲလို့ ထင်ရတယ်။ အမြဲတမ်းတော့ မဟုတ်ဘူး။ “တခြားအရည်အချင်းကောင်းတွေလိုပါပဲ၊ စိတ်ရှည်ဖို့ထက် စိတ်တိုဖို့ ပိုလွယ်လာတယ်။ စိတ်ရှည်ရှည်ထားဖို့ဆိုတာ ကြိုးစားအားထုတ်မှု လိုတယ်” ဂျွန်ပြောတယ်။

စိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်သလဲ

  • စိတ်ရှည်သည်းခံစရာအကြောင်း ရုတ်တရက် ပေါ်လာတဲ့အခါ။

    ဥပမာ။ အိမ်ထောင်ဖက်က မညှာမတာ ပြောလာတယ်ဆိုပါစို့။ ကိုယ့်ဘက်က ခွန်းတုံ့ပြန်ဖို့ အသင့်ပဲ။

    ကျမ်းစာ အခြေခံမူ။ “ထစ်ခနဲဆို မကျေမချမ်း မဖြစ်နဲ့။ မကျေမချမ်း ဖြစ်တာဟာ ဉာဏ်တိမ်သူတွေရဲ့ အမှတ်လက္ခဏာပဲ။”—ဒေသနာ ၇:၉၊ အောက်ခြေမှတ်ချက်။

    စိတ်ရှည်မှုပြနိုင်ပုံ။ ခဏ စောင့်ပါ။ ခွန်းတုံ့မပြန်ခင် အိမ်ထောင်ဖက်က သင် စိတ်ထိခိုက်သွားစေဖို့ မရည်ရွယ်ဘူးဆိုတာ သတိပြုပါ။ “အိမ်ထောင်သည် အများစုက ကိုယ့်အိမ်ထောင်ဖက် ပြောချင်တဲ့ စကားထက် အဓိပ္ပာယ်ကို အထအနကောက်တတ်ကြတယ်” ဆိုပြီး Fighting for Your Marriage စာအုပ်က ဆိုတယ်။

    ဇနီး ဒေါသထွက်အောင် လုပ်တဲ့အခါ ခွန်းတုံ့ပြန်တာက မီးတောက်အောင် ထင်းထပ်ထည့်တာနဲ့ တူ။ ဇနီး ဒေါသထွက်အောင် လုပ်တဲ့အခါ ခင်ပွန်း ရန်တုံ့မပြန်ဘဲနေတာက မီးငြိမ်းသွားတာနဲ့ တူ

    အိမ်ထောင်ဖက်က ရန်လိုနေရင်တောင် ရန်တုံ့မပြန်ဘဲ စိတ်ရှည်သည်းခံမယ်ဆိုရင် အခြေအနေ ပိုဆိုးမသွားအောင် ထိန်းနိုင်မယ်။ “ထင်းမရှိရင် မီးငြိမ်းသွား” တယ်လို့ ကျမ်းစာ ဆိုတယ်။—ပညာအလိမ္မာ ၂၆:၂၀။

    “ကိုယ့်အိမ်သူကို ရန်ဘက်လို သဘောထားလာရင် သူ့ကို ဘာကြောင့် ချစ်ခဲ့သလဲဆိုတာ ပြန်စဉ်းစားပါ။ သူသဘောကျတာလေး တစ်ခုခု လုပ်ပေးလိုက်ပါ။”—အီသန်။

    စဉ်းစားကြည့်ပါ–

    • အိမ်ထောင်ဖက်က စိတ်ထိခိုက်စရာ ပြောမိလုပ်မိတဲ့အခါ သင် ဘယ်လို တုံ့ပြန်သလဲ။

    • နောက်တစ်ကြိမ် ထပ်ဖြစ်လာရင် စိတ်ရှည်ကြောင်း ဘယ်လို ပြရမလဲ။

  • စိတ်တိုစရာအကြောင်း ခဏခဏ ပေါ်လာတဲ့အခါ။

    ဥပမာ။ အိမ်ထောင်ဖက်က အမြဲ နောက်ကျတတ်တယ်။ သူ့ကို စောင့်ရင်း စိတ်က ပိုပိုတိုလာတယ်။

    ကျမ်းစာ အခြေခံမူ။ “အချင်းချင်း မကျေနပ်စရာ ရှိနေရင်တောင် ဆက်ပြီးသည်းခံကြပါ၊ ကြည်ကြည်ဖြူဖြူ ခွင့်လွှတ်ကြပါ။”—ကောလောသဲ ၃:၁၃။

    စိတ်ရှည်မှု ပြနိုင်ပုံ။ ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်အိမ်ထောင်ရေးကို ပိုအလေးထားပါ။ ‘ဒီကိစ္စနဲ့ စကားများရင် အခြေအနေ ပိုကောင်းသွားမလား၊ ပိုဆိုးသွားမလား’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။ “ကျွန်တော်တို့အားလုံး ခဏခဏ မှားတတ်ကြတယ်” ဆိုတာကိုလည်း မမေ့ပါနဲ့။ (ယာကုပ် ၃:၂) ကိုယ့်မှာလည်း ကြိုးစားရမယ့်အပိုင်းတွေ ရှိတယ်ဆိုတဲ့ သဘောပဲ။

    “တစ်ခါတလေ ကျွန်မရဲ့ ခင်ပွန်းထက် သူငယ်ချင်းအပေါ် ပိုစိတ်ရှည်တတ်တယ်။ ခင်ပွန်းနဲ့ အနေကြာတော့ သူ့အားနည်းချက်တွေကို မြင်လာလို့ဖြစ်မယ်။ စိတ်ရှည်ခြင်းဟာ မေတ္တာရဲ့ အရည်အသွေးတစ်ခုဆိုတော့ သူ့အပေါ် စိတ်ရှည်တာက အိမ်ထောင်မှာ မရှိလို့မဖြစ်တဲ့ ချစ်ခင်လေးစားမှုကို တင်ပြတာပဲပေါ့။”—နီယာ။

    စဉ်းစားကြည့်ပါ–

    • ကိုယ့်အိမ်ထောင်ဖက်ရဲ့ အားနည်းချက်တွေကို ဘယ်လောက် သည်းခံစိတ်ရှည်သလဲ။

    • နောက်နောင် ပိုစိတ်ရှည်ကြောင်း ဘယ်လို ပြနိုင်မလဲ။

“စိတ်ရှည်ခြင်း မရှိလို့ မဖြစ်”

ဂျက်စီနာနဲ့ ဟေဒန်

“အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင်ရေးဖြစ်ဖို့ စိတ်ရှည်ခြင်း မရှိလို့ မဖြစ်ဘူး။ နှစ်ဦးစလုံး ပြီးပြည့်စုံလင်သူတွေ မဟုတ်လို့ ပြဿနာအမျိုးမျိုး ပေါ်လာနိုင်တယ်။ ပြောဆိုနေထိုင်ပုံကအစ စိတ်အနှောင့်အယှက် ဖြစ်လာနိုင်တယ်။ စိတ်မရှည်ဘူးဆိုရင် ဒီပြဿနာတွေက ခြစားသလို လှိုက်စားလာပြီး အိမ်ထောင်ရေး ပြိုကွဲသွားနိုင်တယ်။”—ဂျက်စီနာနဲ့ ဟေဒန်။

ပြန်လည်သုံးသပ်ချက်။ အိမ်ထောင်မှာ စိတ်ရှည်ခြင်း မွေးမြူနိုင်ပုံ

စိတ်ရှည်သည်းခံစရာအကြောင်း ရုတ်တရက် ပေါ်လာတဲ့အခါ

ခွန်းတုံ့မပြန်ခင် အိမ်ထောင်ဖက်က သင် စိတ်ထိခိုက်သွားစေဖို့ မရည်ရွယ်ဘူးဆိုတာ သတိပြုပါ။

စိတ်တိုစရာအကြောင်း ခဏခဏ ပေါ်လာတဲ့အခါ

ကိုယ့်ကိုယ်ကိုယ်ထက် ကိုယ့်အိမ်ထောင်ရေးကို ပိုအလေးထားပါ။ ကိုယ့်မှာလည်း ကြိုးစားရမယ့်အပိုင်းတွေ ရှိတယ်ဆိုတာ သတိရပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ