ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၄၉
  • ၂ ကောရိန္သု ၁၂:၉—“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ၂ ကောရိန္သု ၁၂:၉—“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၂ ကောရိန္သု ၁၂:၉ ရဲ့ အဓိပ္ပာယ်
  • ၂ ကောရိန္သု ၁၂:၉ ရဲ့ ရှေ့နောက်စကား
  • ဘုရားသခင့်မဟာကရုဏာ ခံစားရသူတွေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အဘယ်စမ်းသပ်မှုမျိုးကိုမဆို ကျွန်ုပ်တို့ဖြေရှင်းနိုင်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ယေဟောဝါ၏တန်ခိုးတော်ကို လူ့အားနည်းမှုက ထင်ရှားစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • မဟာကရုဏာနဲ့ဆိုင်တဲ့ သတင်းကောင်းကို ဟောပြောပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၄၉

ကျမ်းပိုဒ် ရှင်းပြချက်များ

၂ ကောရိန္သု ၁၂:၉—“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏”

“ငါ့ရဲ့ မဟာကရုဏာဟာ မင်းအတွက် လုံလောက်ပြီ။ ဘာလို့လဲဆိုတော့ မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားလို့ပဲ။”—၂ ကောရိန္သု ၁၂:၉၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“ငါ့ကျေးဇူးသည် သင့်အဖို့လောက်ပေ၏။ ငါ့တန်ခိုးသည် အားနည်းခြင်းအဖြစ်၌ စုံလင်တတ်သည်။”—၂ ကောရိန္သု ၁၂:၉၊ ယုဒသန်ကျမ်း။

၂ ကောရိန္သု ၁၂:၉ ရဲ့ အဓိပ္ပာယ်

အခက်အခဲ၊ အကန့်အသတ်ဖြစ်မှုတွေကို ရင်ဆိုင်ဖြေရှင်းရာမှာ လိုအပ်တဲ့ ခွန်အားပေးမယ်လို့ တမန်တော်ပေါလုကို ဘုရားသခင် ကတိပေးနေတာပါ။

“ငါ့ရဲ့ မဟာကရုဏာဟာ မင်းအတွက် လုံလောက်ပြီ။” ပေါလုရဲ့ ထပ်တလဲလဲ ဆုတောင်းချက်ကို “မင်းလိုအပ်တာ ငါ့ကရုဏာပဲ” လို့ပြောပြီး ဘုရားသခင် အဖြေပေးခဲ့တယ်။ တစ်နည်းအားဖြင့် ဘုရားရဲ့ မဟာကရုဏာရှိရင် စမ်းသပ်မှုတွေကို ရင်ဆိုင်ဖြေရှင်းဖို့ ပေါလုအတွက် လုံလောက်ပြီဆိုတဲ့ သဘောပါ။ ဘယ်လိုနည်းနဲ့လဲ။ “မဟာကရုဏာ” ဒါမှမဟုတ် “ကျေးဇူး” လို့ပြန်ဆိုထားတဲ့ စကားလုံးဟာ ကိုယ်မရထိုက်ပေမဲ့ ကိုယ့်ကို ဘုရားသခင် ရက်ရက်ရောရော အခမဲ့ပေးထားတဲ့ ဆုလက်ဆောင်လို့ အဓိပ္ပာယ်ရတယ်။ ဘုရားရဲ့ မဟာကရုဏာကနေ မိမိ အကျိုးကျေးဇူး အများကြီးရခဲ့တယ်လို့ စာစောင်တွေထဲမှာ ပေါလု ရေးသားဖော်ပြခဲ့တယ်။ အရင်တုန်းက ခရစ်ယာန်တွေကို ညှဉ်းပန်းနှိပ်စက်သူဖြစ်ခဲ့ပေမဲ့ အကျင့်အကြံကို ပြောင်းလဲဖို့၊ တခြားသူတွေကို ခရစ်ယာန်ဖြစ်လာအောင် ကူညီပေးဖို့ သူ့ကို ဘုရား ခွန်အားပေးခဲ့တယ်။ (၁ ကောရိန္သု ၁၅:၉၊ ၁၀။ ၁ တိမောသေ ၁:၁၂-၁၄) ဒါကြောင့် ဘယ်အခက်အခဲကိုမဆို ရင်ဆိုင်ဖြေရှင်းဖို့ ဘုရားသခင်ကို ပေါလု ယုံယုံကြည်ကြည် အားကိုးနိုင်ခဲ့တာပါ။

“မင်း အားနည်းတဲ့အခါ ငါ့တန်ခိုး အပြည့်အဝ ထင်ရှားလို့ပဲ။” မိမိရဲ့တန်ခိုးဟာ အားနည်းတဲ့၊ မစုံလင်တဲ့ လူသားတွေကို ကူညီပေးချိန်မှာ အပေါ်လွင်ဆုံးဖြစ်တယ်လို့ ပေါလုကို ယေဟောဝါa ဘုရား သတိပေးနေတာဖြစ်တယ်။ (၂ ကောရိန္သု ၄:၇။ ၁၂:၈) ကိုယ့်ကန့်သတ်ချက်တွေကို အသိအမှတ်ပြုပြီး ယေဟောဝါရဲ့ အကူအညီကို မျှော်ကိုးတာဟာ ဘုရားရဲ့တန်ခိုးတော် အပြည့်အဝ လုပ်ဆောင်နိုင်ဖို့ အခွင့်ပေးလိုက်တာပါပဲ။ (ဧဖက် ၃:၁၆။ ဖိလိပ္ပိ ၄:၁၃) ဒီနည်းနဲ့ လူ့အားနည်းချက်ကြောင့် ဘုရားရဲ့တန်ခိုးတော် ထင်ရှားလာတယ်။

၂ ကောရိန္သု ၁၂:၉ ရဲ့ ရှေ့နောက်စကား

ပေါလုက အေဒီ ၅၅ လောက်မှာ စွမ်းအားတော်လမ်းညွှန်မှုနဲ့ ကောရိန္သုမြို့က ခရစ်ယာန်တွေဆီ စာတစ်စောင် ရေးပို့ခဲ့တယ်။ စာရဲ့ အဆုံးပိုင်းလောက်မှာ မိမိရဲ့ တမန်တော် အခွင့်အာဏာကို ကာကွယ်ပြောဆိုထားတယ်။ အဲဒီလိုပြောရတဲ့အကြောင်းက ကိုယ့်ကိုယ်ကိုယ် ဆရာသမားတွေလို့ ပြောသူတချို့က ပေါလုရဲ့ရုပ်ရည်၊ အဟောအပြော စွမ်းရည်ကိုထောက်ပြီး ပေါလုကို ပြစ်တင်ရှုတ်ချနေကြလို့ပါ။—၂ ကောရိန္သု ၁၀:၇-၁၀။ ၁၁:၅၊ ၆၊ ၁၃။ ၁၂:၁၁။

ဒါကြောင့် ပေါလုက မိမိခွန်အားနဲ့ အမှုဆောင်နိုင်ခဲ့တာ၊ စမ်းသပ်မှု အမျိုးမျိုးကို ခံရပ်နိုင်ခဲ့တာမဟုတ်ဘူးလို့ ထုချေရှင်းပြတယ်။ (၂ ကောရိန္သု ၆:၄။ ၁၁:၂၃-၂၇။ ၁၂:၁၂) အခန်းကြီး ၁၂ မှာ ပုံဆောင်စကားနဲ့ “ကိုယ်ခန္ဓာမှာ စူးတဲ့ဆူး” အကြောင်း ပြောတယ်။ ကာယပိုင်း၊ စိတ်ပိုင်းကို ထိခိုက်နာကျင်စေတဲ့ ပြဿနာတစ်ခုကို ဆိုလိုနေပုံရတယ်။ (၂ ကောရိန္သု ၁၂:၇) ပေါလုက မိမိရဲ့ဒုက္ခကို အတိအကျ မဖော်ပြထားပေမဲ့ ဘုရားသခင်ရဲ့အကူအညီနဲ့ ခံရပ်သွားဖို့ စိတ်ပိုင်းဖြတ်ခဲ့တယ်။

ဒီနေ့ခေတ် ခရစ်ယာန်တွေလည်း အခက်အခဲ၊ ညှဉ်းပန်းနှိပ်စက်မှုတွေ ကြုံရနိုင်တယ်။ ဒါပေမဲ့ ဘယ်လိုအခက်အခဲပဲ ရင်ဆိုင်ရပါစေ ဘုရားသခင်ရဲ့တန်ခိုးနဲ့ အဲဒီအခက်အခဲတွေကို တန်ပြန်ခံရပ်နိုင်မယ်ဆိုတာ သိထားလို့ နှစ်သိမ့်မှုရကြတယ်။ “ကျွန်တော် အားနည်းတဲ့အခါ အစွမ်းခွန်အားပြည့်နေ” တယ်ဆိုပြီး ပေါလုပြောခဲ့သလို ခိုင်ခိုင်မာမာ ပြောနိုင်ကြပါတယ်။—၂ ကောရိန္သု ၁၂:၁၀။

ကမ္ဘာသစ်ဘာသာပြန်ကျမ်း ထဲက ကောရိန္သု ဒုတိယစောင် အခန်းကြီး ၁၂ ကို ဖတ်ပါ။ ဖတ်ရလွယ်ကူတဲ့ ဒီကျမ်းမှာ မြေပုံ၊ ဗီဒီယိုနဲ့ ကျမ်းအညွှန်းတွေ ပါတယ်။

၂ ကောရိန္သုကျမ်း ခြုံငုံသုံးသပ်ချက်ကို သိနိုင်ဖို့ ဒီဗီဒီယိုကို ကြည့်ပါ။

a ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည် ဖြစ်တယ်။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ