ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • hdu ဆောင်းပါး ၃၀
  • အစည်းအဝေးခန်းမတွေကို ပြုပြင်ထိန်းသိမ်းခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အစည်းအဝေးခန်းမတွေကို ပြုပြင်ထိန်းသိမ်းခြင်း
  • အလှူငွေတွေကို အသုံးပြုပုံ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဘယ်လို လုပ်ကြသလဲ
  • ကုန်ကျစရိတ်တွေကို ဘယ်ကရသလဲ
  • အကြီးစား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ
  • ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမှုဖြစ်စေတဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း
  • သင် ဘယ်လို ကူညီထောက်မနိုင်သလဲ
  • ကျွန်ုပ်တို့၏ဝတ်ပြုရာနေရာကို ကောင်းမွန်စွာထားကြစို့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၃
  • ဝတ်ပြုရာနေရာများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • ယေဟောဝါကို ဝတ်ပြုတဲ့နေရာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • ကျွန်တော်တို့ရဲ့ ဝတ်ပြုရာနေရာကို ဂရုစိုက်ခြင်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင်—၂၀၁၇
နောက်ထပ် ကြည့်ပါ
အလှူငွေတွေကို အသုံးပြုပုံ
hdu ဆောင်းပါး ၃၀
ညီအစ်ကိုတစ်ယောက် ငြမ်းစင်ပေါ်တက်ပြီး ခန်းမခေါင်မိုးရေတံလျှောက်က သစ်ရွက်တွေကို ဖယ်ရှားနေ။

အလှူငွေတွေကို အသုံးပြုပုံ

အစည်းအဝေးခန်းမတွေကို ပြုပြင်ထိန်းသိမ်းခြင်း

ဧပြီ ၁၊ ၂၀၂၄

“ကျွန်မတို့ရဲ့အစည်းအဝေးခန်းမကို သိပ်ကြိုက်တာပဲ။ ညီအစ်ကို၊ ညီအစ်မတွေနဲ့ အတူရှိတဲ့ နေရာမို့လို့ပါ” ဆိုပြီး ကိုလံဘီယာနိုင်ငံက ညီအစ်မငယ် နီကိုးလ် ပြောတယ်။ သင်ကော ထပ်တူခံစားရပါသလား။

ကမ္ဘာတစ်ဝန်းမှာ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးခန်းမပေါင်း ၆၃,၀၀၀ လောက် ရှိတယ်။ အစည်းအဝေးခန်းမမှာ ကျွန်တော်တို့ စုဝေးပြီး ဘုရားသခင်ကို သက်သောင့်သက်သာ ဝတ်ပြုကိုးကွယ်နိုင်ကြတယ်။ ဒါ့အပြင် “အစည်းအဝေးခန်းမတွေက ကျွန်တော်တို့ ဟောတဲ့သတင်းကို တင့်တယ်စေတယ်။ ခန်းမကို ကောင်းကောင်းမွန်မွန် ထိန်းသိမ်းထားတာကို ဧည့်သည်တွေ သဘောကျကြတယ်” လို့ ကိုလံဘီယာနိုင်ငံက မှန်မှန်ရှေ့ဆောင် ညီအစ်ကို ဒေးဗစ် ပြောတယ်။ အစည်းအဝေးခန်းမတွေ ဒီလိုသန့်ရှင်းသပ်ရပ်နေအောင် ဘယ်လို လုပ်ဆောင်ကြသလဲ။

ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကို ဘယ်လို လုပ်ကြသလဲ

အစည်းအဝေးခန်းမကို အသုံးပြုတဲ့ အသင်းတော်တွေက သန့်ရှင်းရေးနဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေကို တာဝန်ယူ လုပ်ဆောင်ကြတယ်။

ဒေသဆိုင်ရာ ဒီဇိုင်း/ဆောက်လုပ်ရေးဌာန (LDC) ကလည်း ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးသူတွေကို အသင်းတော်တွေဆီ စေလွှတ်တယ်။ လေ့ကျင့်သင်ကြားပေးသူတစ်ယောက်က ခန်းမ ခြောက်လုံးကနေ ဆယ်လုံးကို သွားရောက်ကြည့်ရှုပြီး ကြေညာသူတွေကို သင်ကြားပေးတယ်။ ပြီးတဲ့နောက် သုံးနှစ်တစ်ခါ ပြန်လည်ပတ်ပြီး ပြုပြင်ဖို့လိုတာတွေကို စစ်ဆေးပေးတယ်။

ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားသူက ခန်းမမှာ ညီအစ်ကို/မတွေကို စကားပြောနေ။

လေ့ကျင့်သင်ကြားပေးသူတွေကြောင့် အစည်းအဝေးခန်းမကို ညီအစ်ကို/မတွေ ပြုပြင်ထိန်းသိမ်းတတ်လာ

ဒီလိုလာရောက်သင်ကြားပေးတာကို ညီအစ်ကို၊ ညီအစ်မတွေ ကျေးဇူးတင်လေးမြတ်ကြတယ်။ အိန္ဒိယက ညီအစ်မ အင်ဒူမာသီ အခုလို ပြောတယ်– “ခန်းမကို ကောင်းကောင်း ပြုပြင်ထိန်းသိမ်းတတ်အောင် ကျွန်မတို့ကို သေသေချာချာလေး သင်ပေးသွားတာ။ ဒီလိုသင်ယူခွင့်ရလို့ ဝမ်းသာတယ်။” ကင်ညာနိုင်ငံက ညီအစ်ကို အယ်ဗန်လည်း ဒီလိုပြောတယ်– “ပြင်စရာရှိတာကို စောစောစီးစီး ပြင်လိုက်ရင် နောက်ဆို သိပ်လုပ်စရာမလိုတော့ဘူး။ ဒီနည်းက အကုန်အကျ အများကြီးသက်သာစေတယ်ဆိုတာ သိလာတယ်။”

ကုန်ကျစရိတ်တွေကို ဘယ်ကရသလဲ

အစည်းအဝေးခန်းမရဲ့ သက်တမ်း၊ ခန်းမကိုမျှသုံးရတဲ့ အသင်းတော် အရေအတွက်အပေါ် မူတည်ပြီး ခန်းမရဲ့တစ်နှစ်စာ ကုန်ကျစရိတ်၊ ပြုပြင်ထိန်းသိမ်းစရိတ်က ဒေါ်လာ ရာဂဏန်းကနေ ထောင်ဂဏန်းထိ ရှိနိုင်တယ်။ ဒီကုန်ကျစရိတ်တွေကို ဘယ်ကရသလဲ။

အလှူငွေတွေအားဖြင့်ပါ။ ကာဇက်စတန်နိုင်ငံက ညီအစ်ကိုတစ်ယောက် အခုလို ရှင်းပြတယ်– “အင်တာနက်ဖိုး၊ ရေဖိုး၊ မီးဖိုး၊ အိမ်သာသုံးစက္ကူ၊ လက်အိတ်၊ သန့်ရှင်းရေးပစ္စည်း၊ နံရံသုတ်ဆေး စတာတွေအတွက် အလှူငွေတွေကို သုံးပါတယ်။” ပိုလျှံတဲ့အလှူငွေတွေကိုတော့ ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းကြတယ်။ ကမ္ဘာတစ်ဝန်းက အကြီးစားပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အသုံးပြုနိုင်အောင်ပါ။

အကြီးစား ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းများ

နိုင်ငံတော်ခန်းမတစ်လုံးကို ပြုပြင်ထိန်းသိမ်းဖို့ အလှူငွေ နှစ်လ၊ သုံးလစာ ထက်မက လိုအပ်လာပြီဆိုရင် အကြီးအကဲတွေက LDC က ပြုပြင်ထိန်းသိမ်းရေး လေ့ကျင့်ပေးသူနဲ့ တိုင်ပင်ကြတယ်။ LDC က ခွင့်ပြုတယ်ဆိုရင် ပြုပြင်ရေးကုန်စရိတ်ကို ကမ္ဘာချီအလှူငွေကနေ အသုံးပြုကြတယ်။ ၂၀၂၃ လုပ်ငန်းတော်နှစ်အတွင်း ဒီလိုစီမံကိန်း ၈,၇၉၃ ရှိခဲ့ပြီး စုစုပေါင်း ဒေါ်လာ ၇၆.၆ သန်း ကုန်ကျခဲ့တယ်။ စီမံကိန်း ၂ ခုအကြောင်း သုံးသပ်ကြည့်ပါ။

အင်ဂိုလာနိုင်ငံက အစည်းအဝေးခန်းမတစ်လုံးဟာ သက်တမ်း ၁၅ နှစ်ရှိပြီ။ ပြင်စရာတွေလည်း တော်တော်များနေတယ်။ လျှပ်စစ်မီးတွေ ပြန်ဆင်ရမယ်၊ နံရံမှာလည်း အက်ရာတွေ ရှိနေတယ်၊ မိုးရေလည်း အိမ်နီးချင်းတွေရဲ့ ခြံထဲ ဒလဟောစီးသွားလို့ လာလာပြောကြတယ်။ ဒါနဲ့ LDC က ၉,၂၈၅ ဒေါ်လာ အကုန်အကျခံပြီး အဲဒီပြဿနာတွေကို ဖြေရှင်းပေးခဲ့တယ်။ အိမ်နီးချင်းတွေ သိပ်ကျေးဇူးတင်ပြီး ကျွန်တော်တို့ရဲ့လုပ်ပုံကိုင်ပုံကို အထင်ကြီးလေးစားသွားကြတယ်။

အင်ဂိုလာနိုင်ငံမှာ ပြုပြင်မွမ်းမံပြီးသွားတဲ့ အစည်းအဝေးခန်းမ

ပိုလန်နိုင်ငံက အစည်းအဝေးခန်းမတစ်လုံးရဲ့ခေါင်မိုး ရေယိုပြီး ကော်ဇောလည်း လုံးဝပျက်စီးသွားတယ်။ ခေါင်မိုး ပြင်ဖို့၊ ကော်ဇောအသစ်ဝယ်ဖို့ LDC ရဲ့ ခွင့်ပြုချက် ရခဲ့တယ်။ စီမံကိန်းအတွက် ၉,၇၅၇ ဒေါ်လာ ကုန်ကျခဲ့တယ်။ အခုလိုပြုပြင်လိုက်လို့ နှစ်အတော်ကြာတဲ့အထိ ဒီခန်းမကို အကြီးစား ပြုပြင်မွမ်းမံစရာ မလိုတော့ဘူး။

ပုံ– ၁။ ညီအစ်ကိုနှစ်ယောက် ခန်းမခေါင်းမိုးကို ဆေးကြောနေ။ ၂။ အဲဒီခန်းမရဲ့ ကောဇောအဟောင်းကို ညီအစ်ကို/မတွေ ဖယ်ရှားနေ။

နော်ဝေးနိုင်ငံက အစည်းအဝေးခန်းမကို ပြုပြင်ထိန်းသိမ်းနေ

ယေဟောဝါကို ဂုဏ်တင်ချီးမွမ်းမှုဖြစ်စေတဲ့ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်း

ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းကြောင့် တန်ဖိုးရှိတဲ့ အလှူငွေတွေကို ချွေတာနိုင်တဲ့အပြင် ယေဟောဝါကိုလည်း ဂုဏ်တင်ချီးမွမ်းမှု ဖြစ်စေတယ်။ တွန်ဂါနိုင်ငံက ညီအစ်ကို ရွှန် အခုလို ပြောတယ်– “အစည်းအဝေးခန်းမကို ပြုပြင်ထိန်းသိမ်းထားလို့သာ ဒီလိုသန့်ရှင်းသပ်ရပ်တဲ့နေရာမှာ ယေဟောဝါကို ဝတ်ပြုကိုးကွယ်နိုင်တာ။ ဘုရားသခင်ရဲ့နာမည်လည်း ဂုဏ်တက်တယ်။ လူတွေကို အစည်းအဝေးခန်းမ ဖိတ်ရတာလည်း မျက်နှာပန်းလှတယ်။”

သင် ဘယ်လို ကူညီထောက်မနိုင်သလဲ

ကျွန်တော်တို့ယောက်တိုင်း ပါဝင်ကူညီနိုင်ပါတယ်။ ဝတ်ပြုရာနေရာတွေကို သန့်ရှင်းရေး လုပ်နိုင်တယ်၊ ပြုပြင်ထိန်းသိမ်းပေးနိုင်တယ်။ ပြုပြင်ထိန်းသိမ်းရေးနဲ့ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးတဲ့ သြစတြေးလျက ညီအစ်ကို မာရီနို အခုလို ပြောတယ်– “အစည်းအဝေးခန်းမကို ဂရုစိုက်ထိန်းသိမ်းဖို့ ကျွန်တော်တို့အားလုံးမှာ အခွင့်အရေးရှိထားပါတယ်။ ဒီလိုထိန်းသိမ်းတာက ငွေကုန်ကြေးကျ သက်သာစေတော့ အလှူငွေကို တကယ်လိုအပ်တဲ့နေရာမှာ သုံးနိုင်တာပေါ့။”

အိန္ဒိယနိုင်ငံက ညီအစ်ကို ဂျိုဝယ်လ်က အစည်းအဝေးခန်းမ ထိန်းသိမ်းရေးမှာ ပါဝင်ရတာကို သဘောကျတယ်။ “ညီအစ်ကို/မတွေနဲ့ အလုပ်တွဲလုပ်တဲ့အခါ ကမ္ဘာသစ်မှာလည်း ဒီလိုပုံစံပဲ ဖြစ်ရမယ်ဆိုပြီး မြင်ယောင်မိတယ်” လို့ ပြောပြတယ်။ အထက်မှာ ဖော်ပြထားတဲ့ နီကိုးလ်လည်း အခုလို ပြောတယ်– “တစ်လောက အိမ်သာမှာ ရေယိုနေတာကို ညီအစ်ကိုတွေ ပြင်ပေးကြတယ်။ ကိုယ်တိုင် ဝင်မပြင်နိုင်ပေမဲ့ ကျွန်မက ရေတွေ သုတ်ပေးပြီး ချော်လဲသွားတာမျိုး မဖြစ်အောင် ကူညီပေးခဲ့တယ်။”

အစည်းအဝေးခန်းမ ပြုပြင်ထိန်းသိမ်းရေးမှာ လုပ်အားပေးချင်တယ်ဆိုရင် ဒေသခံ အကြီးအကဲတွေကို အသိပေးပါ။ သင်ထည့်ဝင်တဲ့ အလှူငွေတွေကလည်း သင့်အစည်းအဝေးခန်းမနဲ့ ကမ္ဘာတစ်ဝန်းကခန်းမတွေ ပြုပြင်ထိန်းသိမ်းရေးကို ကူညီထောက်ပံ့ပေးတယ်။ အစည်းအဝေးခန်းမရဲ့အလှူငွေပုံးမှာဖြစ်စေ၊ donate.jw.org ကတစ်ဆင့်ဖြစ်စေ လှူဒါန်းနိုင်ပါတယ်။ သင့်ရဲ့ရက်ရောမှုအတွက် အထူးကျေးဇူးတင်ပါတယ်။

ညီအစ်ကိုတစ်ယောက်က ထိုင်ခုံကို ပြုပြင်ပြီး ကျန်တဲ့ညီအစ်ကို/မတွေက ခန်းမသန့်ရှင်းရေးလုပ်နေ။

အစည်းအဝေးခန်းမ ထိန်းသိမ်းရေးမှာ ကျွန်တော်တို့အားလုံး ပါဝင်ကူညီနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ