ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၈၉
  • ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု ဗိမာန်တော်ကို ရှင်းလင်း
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်ရေးအတွက် ထက်သန်သောစိတ်ဓာတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ယေရှု စိတ်ထက်သန်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • တိရစ္ဆာန်များ
    နိုးလော့!—၂၀၁၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၈၉
ယေရှုဟာ ငွေလဲလှယ်သူတွေကို မောင်းထုတ်ပြီး သူတို့ရဲ့စားပွဲတွေကို မှောက်ပစ်နေ

ပုံပြင် ၈၉

ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း

ဒီမှာ ယေရှုတကယ်ဒေါသ ထွက်နေတဲ့ပုံပဲ။ ဟုတ်တယ် မဟုတ်လား။ သူဘာဖြစ်လို့ ဒီလောက်တောင် ဒေါသထွက်နေရသလဲ သိလား။ ယေရုရှလင်မြို့ က ဘုရားသခင့်ဗိမာန်တော်မှာရှိတဲ့ ဒီလူတွေ သိပ်လောဘကြီးလို့ပဲ။ ဘုရားသခင်ကိုဝတ်ပြုဖို့ ဒီကိုလာကြတဲ့ လူတွေဆီကနေ ငွေအများကြီးညှစ်ယူကြတယ်။

နွားပျိုတွေ၊ သိုးတွေ၊ ချိုးတွေကိုတွေ့လား။ ဒီလူတွေ ဗိမာန်တော်ထဲအထိလာပြီး ဒါတွေကိုရောင်းနေကြတယ်လေ။ ဘာဖြစ်လို့လာရောင်းကြသလဲသိလား။ ဣသရေလလူတွေက ဘုရားသခင်ကိုပူဇော်ဖို့တိရစ္ဆာန်တွေ၊ ငှက်တွေလိုလို့ပေါ့။

ဣသရေလလူတစ်ယောက် အပြစ်လုပ်မိလို့ရှိရင် ဘုရားသခင်ကို ယဇ်ပူဇော်ရမယ်ဆိုတဲ့ ဘုရားသခင့်ပညတ်ရှိတယ်။ တခြားအချိန်မှာလည်း ဣသရေလလူတွေ ယဇ်ပူဇော်တာလည်းရှိတယ်။ ဒါပေမဲ့ ဘုရားသခင်ကိုပူဇော်ဖို့ ဘယ်ကနေငှက်တို့ တိရစ္ဆာန်တို့ရနိုင်မှာလဲ။

ဣသရေလလူတချို့ ငှက်တွေ၊ တိရစ္ဆာန်တွေပိုင်ကြတယ်။ ဒါကြောင့် အဲဒါတွေကိုသူတို့ပူဇော်နိုင်ကြတယ်။ ဒါပေမဲ့ တိရစ္ဆာန်တွေ၊ ငှက်တွေမပိုင်တဲ့ ဣသရေလလူတွေတစ်ပုံကြီး။ ပြီးတော့ နေတာလည်း ယေရုရှလင်မြို့ နဲ့အဝေးကြီးဆိုတော့ သူတို့လိုချင်တဲ့ငှက်တွေ၊ တိရစ္ဆာန်တွေကိုယူမလာနိုင်ဘူး။ ဒါကြောင့်လိုချင်တဲ့ငှက်တို့၊ တိရစ္ဆာန်တို့ကို ဒီမှာလာပြီးဝယ်ယူရတယ်။ ဒါပေမဲ့ ရောင်းတဲ့လူတွေက လူတွေကို အဆမတန်ပိုက်ဆံတောင်းတယ်။ လူတွေကိုညာစားနေကြတာ။ တကယ်ဆိုရင် ဘုရားသခင်ရဲ့ဗိမာန်တော်ထဲလာပြီးရောင်းဖို့မကောင်းဘူး။

ယေရှုဒေါသထွက်တာ အဲဒါကြောင့်ပဲပေါ့။ ဒါကြောင့်ငွေတင်ထားတဲ့ စားပွဲတွေကို မှောက်ပစ်ပြီး ငွေတွေကိုကြဲဖြန့်ပစ်လိုက်တယ်။ ပြီးတော့ ကြာပွတ်တစ်ချောင်းကျစ်ပြီး တိရစ္ဆာန်တွေကိုဗိမာန်တော်ထဲကမောင်းထုတ်ပစ်တယ်။ ချိုးတွေကိုရောင်းတဲ့လူတွေကိုလည်း ‘ဒါတွေအပြင်ထုတ်ပစ်လိုက်။ ငါ့အဘအိမ်တော်ကို အမြတ်ကြီးစားတဲ့နေရာဖြစ်အောင် မလုပ်ကြနဲ့’ ဆိုပြီးအမိန့်ပေးလိုက်တယ်။

ယေရှုရဲ့တပည့်တော်အချို့ အဲဒီအချိန်မှာ ယေရှုနဲ့အတူ ယေရုရှလင်ဗိမာန်တော်မှာရှိကြတယ်။ ယေရှုခုလိုလုပ်တာကို သူတို့မြင်ကြတဲ့အခါ အံ့ဩကြတယ်။ အဲဒီနောက် ဘုရားသခင့်သားတော်နဲ့ပတ်သက်ပြီး ‘ဘုရားသခင်အိမ်တော်ကို ချစ်တဲ့စိတ်ဟာ သူ့ကိုမီးလိုမြှိုက်မယ်’ ဆိုပြီးကျမ်းစာတစ်နေမှာ ရေးထားမှန်းသတိရလာကြတယ်။

ယေရှုဟာ ယေရုရှလင်မြို့မှာ ပသခါပွဲတက်ရင်းနဲ့ တန်ခိုးအမျိုးမျိုးပြခဲ့တယ်။ အဲဒီနောက် ယုဒနယ်ကထွက်ပြီး ဂါလိလဲနယ်ကို ပြန်သွားတယ်။ ဒါပေမဲ့ ရှမာရိနယ်ကို ဖြတ်ပြီးသွားရတယ်။ အဲဒီမှာ ဘာဖြစ်ခဲ့သလဲ ကြည့်ရအောင်။

ယောဟန် ၂:၁၃-၂၅; ၄:၃၊ ၄။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ