ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၇၆ စာ. ၁၈၀-စာ. ၁၈၁ ပိုဒ်. ၂
  • ယေရှု ဗိမာန်တော်ကို ရှင်းလင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ဗိမာန်တော်ကို ရှင်းလင်း
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုဗိမာန်တော်ကိုရှင်းတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • စစ်မှန်တဲ့ဝတ်ပြုရေးအတွက် ယေရှု စိတ်ထက်သန်
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေဟောဝါ၏ ဝတ်ပြုကိုးကွယ်ရေးအတွက် ထက်သန်သောစိတ်ဓာတ်
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဗိမာန်တော်ကို ထပ်မံရှင်းလင်း
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၇၆ စာ. ၁၈၀-စာ. ၁၈၁ ပိုဒ်. ၂
ဗိမာန်တော်ထဲက တိရစ္ဆာန်တွေကို ယေရှု ကြာပွတ်နဲ့ မောင်းထုတ်ပြီး ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေကို မှောက်ပစ်လိုက်

သင်ခန်းစာ ၇၆

ယေရှု ဗိမာန်တော်ကို ရှင်းလင်း

အေဒီ ၃၀၊ နွေဦးပေါက်အချိန်မှာ ဂျေရုဆလင်မြို့ကို ယေရှုသွားတယ်။ အဲဒီအချိန်မှာ တခြားသူတွေလည်း ပသခါပွဲအတွက် ရောက်နေကြတယ်။ ပွဲတော်ကျင်းပတဲ့အခါ ဗိမာန်တော်မှာ တိရစ္ဆာန်တွေ ပူဇော်လေ့ရှိတယ်။ ဒါကြောင့် တချို့က တိရစ္ဆာန်တွေကို တစ်ပါတည်း ယူလာတယ်၊ တချို့ကျတော့ ဂျေရုဆလင်မြို့ရောက်မှ ဝယ်ကြတယ်။

ဗိမာန်တော်ကို ယေရှု သွားတဲ့အခါ အဲဒီမှာ တိရစ္ဆာန်တွေ ရောင်းနေကြတယ်။ ယေဟောဝါကို ဝတ်ပြုတဲ့အိမ်တော်ထဲမှာ အမြတ်ထုတ်ပြီး စီးပွားရှာနေကြတာ။ ဒီတော့ ယေရှု ဘာလုပ်သလဲ။ ကျာပွတ်နဲ့ သိုးနွားတွေကို မောင်းထုတ်ပစ်တယ်။ ငွေလဲလှယ်သူတွေရဲ့ စားပွဲတွေကို မှောက်ပစ်လိုက်တယ်။ ဒါနဲ့ ငွေပြားတွေ ပြန့်ကျဲကုန်တယ်။ ယေရှုက ချိုးငှက်ရောင်းသူတွေကို ‘ဒါတွေ အကုန်ယူသွား၊ ငါ့အဖအိမ်တော်မှာ အရောင်းအဝယ် မလုပ်ကြနဲ့’ လို့ ပြောတယ်။

ယေရှုလုပ်တာကို ဗိမာန်တော်မှာရှိနေတဲ့လူတွေ အံ့အားသင့်ကုန်ကြတယ်။ ‘ယေဟောဝါရဲ့ အိမ်တော်အတွက် စိတ်ထက်သန်မှု အပြည့်ရှိတယ်’ ဆိုတဲ့ မေရှိယအကြောင်း ကြိုဟောချက်ကို တပည့်တွေ သတိရသွားတယ်။

အေဒီ ၃၃ ခုနှစ်မှာလည်း ဗိမာန်တော်ကို ဒုတိယအကြိမ် ယေရှု ရှင်းလင်းတယ်။ ဖခင်အိမ်တော်ကို မလေးမခန့်လုပ်တာ ယေရှု ခွင့်မပြုနိုင်ဘူး။

“ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့မရဘူး။” —လုကာ ၁၆:၁၃

မေးခွန်း– ဗိမာန်တော်မှာ တိရစ္ဆာန်တွေ ရောင်းနေတဲ့သူတွေကိုတွေ့တော့ ယေရှု ဘာလုပ်သလဲ။ ဘာကြောင့် အဲဒီလိုလုပ်တာလဲ။

မဿဲ ၂၁:၁၂၊ ၁၃။ မာကု ၁၁:၁၅-၁၇။ လုကာ ၁၉:၄၅၊ ၄၆။ ယောဟန် ၂:၁၃-၁၇။ ဆာလံ ၆၉:၉

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ