ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gt အခန်း ၉၁
  • လာဇရုရှင်ပြန်ထမြောက် လာသောအခါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လာဇရုရှင်ပြန်ထမြောက် လာသောအခါ
  • အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ဆင်တူတဲ့ အကြောင်းအရာ
  • လာဇရု ရှင်ပြန်ထမြောက် လာသောအခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • လာဇရု အသက်ပြန်ရှင်လာ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ယေရှုအားတရားစီရင်ခဲ့သည့် ယဇ်ပုရောဟိတ်မင်းကြီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • အာနတ်ဆီ၊ ဒီနောက် ကယာဖဆီခေါ်သွား
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
နောက်ထပ် ကြည့်ပါ
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
gt အခန်း ၉၁

အခန်း ၉၁

လာဇရုရှင်ပြန်ထမြောက် လာသောအခါ

ယေရှုနှင့်အတူ ကိုယ်တော်နောက်လိုက်ပါလာသူများ လာဇရု၏အောက်မေ့ရာဂူသို့ ယခုရောက်လာကြသည်။ အမှန်မှာ အဝတွင် ကျောက်ဖြင့်ပိတ်ဆို့ထားသောဂူဖြစ်သည်။ ယေရှုက “ကျောက်ကို ရွှေ့ကြလော့” ဟုဆိုသည်။

ယေရှုပြုမည့်အမှုကို မာသမသိ၍ “သခင်၊ ယခုဆိုလျှင်နံလိမ့်မည်။ လေးရက်ရှိပါပြီ” ဟုဆို၏။

သို့သော် ယေရှုက “သင်သည်ယုံလျှင် ဘုရားသခင်၏ဘုန်းအာနုဘော်တော်ကိုမြင်ရလိမ့်မည် ငါပြောပြီမဟုတ်လော” ဟုမေး၏။

သို့နှင့်ကျောက်ကိုရွှေ့ကြသည်။ ထိုနောက် အထက်သို့ယေရှုကြည့်ပြီး “အဘ၊ ကိုယ်တော်သည် အကျွန်ုပ်စကားကိုနားထောင်တော်မူသော ကျေးဇူးတော်ကြီးလှပါ၏။ ကိုယ်တော်သည် အကျွန်ုပ်စကားကို အစဉ်မပြတ်နားထောင်တော်မူသည်ကို အကျွန်ုပ်သိပါ၏။ သို့သော်လည်း အကျွန်ုပ်အားကိုယ်တော်စေလွှတ်တော်မူသည်ကို ဝန်းရံလျက်ရှိသောဤလူအပေါင်းတို့သည် ယုံကြည်စေခြင်းငှာ သူတို့၏အကျိုးကိုထောက်၍ ဤသို့အကျွန်ုပ်လျှောက်ပါ၏” ဟုလူအများရှေ့ဆုတောင်းရခြင်းမှာ ယခုကိုယ်တော်ပြုမည့်အရာသည် ဘုရားပေးသောတန်ခိုးတော်အားဖြင့်ဖြစ်ကြောင်း လူတို့သိစေခြင်းငှာတည်း။ ထိုနောက်အသံကျယ်စွာဖြင့် “လာဇရု ထွက်၍လာလော့” ဟုဟစ်ခေါ်လေသည်။

ထိုအခါ လာဇရုထွက်လာသည်။ သူ၏ခြေလက်တို့သည် အဝတ်ဖြင့်ရစ်ပတ်ထား၍ မျက်နှာကိုလည်း ပဝါဖြင့်စည်းထားရာ ယေရှုက “သူ့ကိုဖြေ၍လွှတ်ကြလော့” ဟုမိန့်ဆိုသည်။

အံ့ဖွယ်ရာကိုမြင်သောအခါ မာသနှင့်မာရိကိုနှစ်သိမ့်ရန်ရောက်နေကြသူများစွာသည် ယေရှုကိုယုံကြည်လေသည်။ အခြားသူများမူ ဖြစ်သမျှကို ဖာရိရှဲများအားပြောပြကြသည်။ သို့နှင့်သူတို့သည် ယဇ်ပုရောဟိတ်အကြီးတို့နှင့်အတူ စန်ဟေဒရင်ခေါ်လွှတ်ရုံးတွင် အစည်းအဝေးခေါ်လိုက်သည်။

လွှတ်အရာရှိများတွင် ဖာရိရှဲများ၊ ဇဒ္ဒုကဲများ၊ ယဇ်ပုရောဟိတ်အကြီးများ၊ လက်ရှိယဇ်ပုရောဟိတ်မင်းကယာဖနှင့် ယခင်ယဇ်ပုရောဟိတ်မင်းများလည်းပါဝင်သည်။ သူတို့က “ငါတို့သည် အဘယ်သို့ပြုရမည်နည်း။ ထိုသူသည် များစွာသောနိမိတ်လက္ခဏာကိုပြ၏။ သူ့ကိုဤသို့လွှတ်ထားလျှင် လူခပ်သိမ်းတို့သည်ယုံကြည်ကြလိမ့်မည်။ ရောမလူတို့သည်လည်းလာ၍ ငါတို့အရပ်ဌာနကိုလည်းကောင်း၊ ငါတို့အမျိုးကိုလည်းကောင်း သုတ်သင်ပယ်ရှားကြလိမ့်မည်” ဟုဆိုကြ၏။

ယေရှုသည် “များစွာသောနိမိတ်လက္ခဏာကိုပြတော်မူပြီ” ဟုဘာသာရေးခေါင်းဆောင်များဝန်ခံကြသော်လည်း သူတို့ရာထူးနှင့်အခွင့်အာဏာအတွက်စိုးရိမ်နေကြသည်။ လာဇရုထမြောက်လာခြင်းသည် ရှင်ပြန်ထမြောက်ခြင်းကိုမယုံသောဇဒ္ဒုကဲတို့ကို အထူးသဖြင့် အရှက်ကွဲစေသည်။

ဇဒ္ဒုကဲတစ်ဦးဖြစ်ကောင်းဖြစ်မည့်ကယာဖက ဤတွင် “သင်တို့သည် အလျှင်းမသိကြ။ ယုဒလူမျိုးအကုန်အစင်ပျက်စီးသည်ထက်၊ လူတစ်ယောက်သည် လူများတို့အတွက်သေသော် သာ၍ကောင်းသည်ကို သင်တို့သည်မဆင်ခြင်ပါတကား” ဟုပြောသည်။

ကယာဖ ဤသို့ပြောဆိုရန် ဘုရားသခင်လှုံ့ဆော်ခဲ့သည်။ အကြောင်းမူကား၊ နောင်တွင်ယောဟန်ဤသို့ရေးသားခဲ့သည်။ “ထိုစကားကို [ကယာဖ] ကိုယ်အလိုအလျောက် ပြောဆိုသည်မဟုတ်။” ကယာဖဆိုလိုသည်ကား သူတို့သြဇာမှေးမှိန်အောင် ယေရှုအားဆက်ပြုစေမည့်အစား ကိုယ်တော်ကိုသတ်ပစ်သင့်သည်။ သို့ဖြစ်သော်လည်း ယောဟန်စကားအရ ‘ယုဒလူမျိုးအတွက်သာမဟုတ် ဘုရားသခင်၏သားသမီးများ စုဝေးလာစေရန် ယေရှုသေရမည်’ ဟုကယာဖပရောဖက်ပြုသည်။ လူအပေါင်းအတွက် သားတော်သေရမည်ကား ဘုရားသခင့်ရည်ရွယ်တော်မူချက်ဖြစ်သည်။

ဤတွင် ယေရှုကိုသတ်ပစ်ရန်ကြံစည်ကြဖို့ လွှတ်အရာရှိများအား ကယာဖသွေးဆောင်နိုင်ခဲ့သည်။ သို့သော် ဤအကြံအစည်များကို မိမိနှင့်ခင်မင်သောလွှတ်အရာရှိတစ်ဦးဖြစ်သူ နိကောဒင်မှတစ်ဆင့်သိရှိပုံရပြီး ထိုအရပ်မှထွက်ခွာတော်မူသည်။ ယောဟန် ၁၁:၃၈-၅၄။

▪ လာဇရုကိုထမြောက်စေတော်မမူမီ လူအများရှေ့ ယေရှုအဘယ်ကြောင့်ဆုတောင်းသနည်း။

▪ ဤထမြောက်ခြင်းကိုတွေ့မြင်သူများ မည်သို့တုံ့ပြန်ကြသနည်း။

▪ လွှတ်အရာရှိများ၏မတရားမှုကို အဘယ်အရာကဖော်ပြသနည်း။

▪ ကယာဖ၏အကြံအစည်ကား အဘယ်နည်း။ မည်သို့ပရောဖက်ပြုရန် သူ့အားဘုရားသခင်အသုံးပြုသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ