ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၇၈ စာ. ၁၈၂-စာ. ၁၈၃ ပိုဒ်. ၁
  • သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသင့်ပြင်ထားကြ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • တည်ကြည်သောဘဏ္ဍာစိုးနှင့် ၎င်း၏အုပ်ချုပ်ရေးအဖွဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၇၈ စာ. ၁၈၂-စာ. ၁၈၃ ပိုဒ်. ၁
လူနှစ်ယောက်က မီးခွက်ကိုင်ပြီး သခင်ပြန်အလာကို စောင့်မျှော်နေ

အခန်း ၇၈

သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ

လုကာ ၁၂:၃၅-၅၉

  • သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေရမယ်

  • စိတ်ဝမ်းကွဲပြားစေဖို့ ယေရှုရောက်လာ

ယေရှုက “သိုးစုငယ်” ပဲ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရမယ့်အကြောင်း ရှင်းပြခဲ့တယ်။ (လုကာ ၁၂:၃၂) ဒါပေမဲ့ အဲဒီအခွင့်ထူးကြီးကို ပေါ့ပေါ့တန်တန် သဘောမထားသင့်ဘူး။ တကယ်တော့ လူတစ်ယောက် နိုင်ငံတော်ဝင်ခွင့် ရဖို့ဆိုရင် သဘောထားမှန်ရှိဖို့ ဘယ်လောက် အရေးကြီးမှန်း ယေရှု ဆက်အလေးပေးတယ်။

ယေရှုက သူပြန်လာတဲ့အခါ တပည့်တွေ အသင့်ရှိနေဖို့ အခုလို သတိပေးတယ်– “ခါးကိုစည်းပြီး အသင့်ရှိနေပါ။ မီးခွက်တွေကို ထွန်းထားကြပါ။ မင်္ဂလာပွဲကနေ သခင် ပြန်လာပြီး တံခါးခေါက်တဲ့အခါ ချက်ချင်းဖွင့်ပေးဖို့ စောင့်နေတဲ့ ကျွန်တွေလို ဖြစ်ကြပါ။ သခင်ပြန်လာလို့ သတိနဲ့စောင့်နေတဲ့ ကျွန်တွေကို တွေ့ရင် အဲဒီကျွန်တွေဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်။”—လုကာ ၁၂:၃၅-၃၇။

ယေရှုပြောနေတဲ့ သဘောထားကို တပည့်တွေ အလွယ်တကူ နားလည်နိုင်တယ်။ ပုံဥပမာထဲက ကျွန်တွေဟာ အသင့်ရှိနေပြီး သခင်ပြန်အလာကို စောင့်မျှော်နေကြတယ်။ “ညဉ့်နက်မှ [ည ၉ နာရီလောက်ကနေ သန်းခေါင်ယံအထိ] ဖြစ်စေ၊ သန်းခေါင်ကျော်မှ [သန်းခေါင်ယံကနေ မနက် ၃ နာရီလောက်အထိ] ဖြစ်စေ သခင်ရောက်လာပြီး သူတို့အသင့်ဖြစ်နေတာကို တွေ့ရင် အဲဒီ ကျွန်တွေဟာ ပျော်ရွှင်ချမ်းမြေ့ရလိမ့်မယ်” လို့ ယေရှု ရှင်းပြတယ်။—လုကာ ၁၂:၃၈။

ဒါက သတိဝီရိယရှိတဲ့ ကျွန်တွေ၊ အလုပ်သမားတွေ ဖြစ်ဖို့ ဆုံးမနေရုံလောက်ပဲ မဟုတ်ပါဘူး။ လူသားဖြစ်တဲ့ ယေရှုက သူ့ကိုယ်သူ ပုံဥပမာထဲ ထည့်ပြောတာကိုကြည့်ရင် အဲဒီအချက်ကို သိနိုင်ပါတယ်။ “လူသားဟာ ခင်ဗျားတို့ မထင်မှတ်တဲ့အချိန်မှာ လာလိမ့်မယ်” လို့ တပည့်တွေကို ပြောတယ်။ (လုကာ ၁၂:၄၀) ဒါကြောင့် အနာဂတ် တစ်ချိန်ချိန်မှာ ယေရှု ရောက်လာပါလိမ့်မယ်။ ဒီတော့ သူ့နောက်လိုက်တွေ၊ အထူးသဖြင့် “သိုးစုငယ်” ကို အသင့်ရှိနေစေချင်တယ်။

ပေတရုက ယေရှုရဲ့စကားကို ရှင်းရှင်းလင်းလင်း နားလည်ချင်တာမို့ “သခင်၊ ဒီပုံဥပမာကို ကျွန်တော်တို့ကိုပဲ ပြောတာလား ဒါမှမဟုတ် လူအားလုံးကို ပြောတာလား” လို့မေးလိုက်တယ်။ ယေရှုက တိုက်ရိုက်အဖြေမပေးဘဲ ဆက်စပ်တဲ့ နောက်ပုံဥပမာတစ်ခုကို ဆက်ပြောပြတယ်– “သစ္စာနဲ့ သတိပညာရှိတဲ့ ဘဏ္ဍာစိုးဟာ တကယ်တော့ ဘယ်သူလဲ။ အစေခံတွေကို အုပ်ချုပ်ဖို့၊ အချိန်တန်ရင် အစားအစာ မှန်မှန်ဝေပေးဖို့ သူ့ကို သခင် ခန့်အပ်ထားတယ်။ သခင်ပြန်လာတဲ့အခါ အဲဒီအတိုင်းလုပ်နေတဲ့ ကျွန်ကို တွေ့ရင် အဲဒီကျွန်ဟာ ပျော်ရွှင်ချမ်းမြေ့လိမ့်မယ်။ ကျွန်တော် မှန်တာကိုပြောမယ်။ သခင်က မိမိပိုင်ဆိုင်သမျှကို အဲဒီကျွန်ဆီ အပ်လိမ့်မယ်။”—လုကာ ၁၂:၄၁-၄၄။

ပထမပုံဥပမာမှာ “သခင်” ဆိုတာ လူသားယေရှုကို ရည်ညွှန်းနေမှန်း ရှင်းပါတယ်။ ‘သစ္စာရှိဘဏ္ဍာစိုး’ ဆိုတာကတော့ ကောင်းကင်နိုင်ငံတော် ဝင်ခွင့်ရမယ့် “သိုးစုငယ်” အဝင် အမျိုးသားတွေဖြစ်တယ်။ (လုကာ ၁၂:၃၂) ဒီအမျိုးသားအုပ်စုဟာ “အစေခံတွေကို အုပ်ချုပ်ဖို့၊ အချိန်တန်ရင် အစားအစာ မှန်မှန်ဝေပေးဖို့” ခန့်အပ်ခံရတယ်လို့ ယေရှုပြောတယ်။ အခု ပေတရုနဲ့ တခြားတပည့်တွေကို ယေရှုကိုယ်တိုင် သွန်သင်ပေးနေပြီး ပုံဆောင်အစာ ကျွေးမွေးနေတယ်။ ဒါကြောင့် အနာဂတ် အချိန်ကာလတစ်ခု ရှိဦးမယ်၊ အဲဒီအချိန်အတွင်း လူသားရောက်လာမယ်ဆိုပြီး သူတို့ ကောက်ချက်ချနိုင်ခဲ့ကြတယ်။ အဲဒီအချိန်မှာ သခင်ရဲ့ “အစေခံတွေ” ဖြစ်တဲ့ ယေရှုရဲ့ နောက်လိုက်တွေကို ပုံဆောင်အစာကျွေးမွေးတဲ့ အစီအစဉ်ရှိပါလိမ့်မယ်။

တပည့်တွေ နိုးကြားနေဖို့၊ သူတို့ရဲ့သဘောထားကို ဆန်းစစ်နေဖို့ ဘာကြောင့်လိုအပ်မှန်း နောက်တစ်နည်းနဲ့ ယေရှု အလေးပေးပြောတယ်။ တစ်ယောက်ယောက်က သတိမဲ့လာပြီး အချင်းချင်းကို ဆန့်ကျင်တာမျိုးတောင် ဖြစ်နိုင်လို့ပဲ။ “တကယ်လို့ အဲဒီကျွန်က ‘ငါ့သခင် ပြန်လာဖို့ ကြာဦးမယ်’ လို့တွေးပြီး ကျွန်ယောက်ျား၊ ကျွန်မိန်းမတွေကို ရိုက်နှက်မယ်၊ စားသောက်မူးယစ်နေမယ် ဆိုပါစို့။ သူ မျှော်လင့်မထားတဲ့နေ့၊ ထင်မထားတဲ့အချိန်မှာ သခင်ရောက်လာလိမ့်မယ်။ အဲဒီအခါ သူ့ကို အပြင်းအထန် ဒဏ်စီရင်ပြီး သစ္စာမရှိသူတွေဆီ ပို့ထားလိမ့်မယ်။”—လုကာ ၁၂:၄၅၊ ၄၆။

ယေရှုက “ကမ္ဘာပေါ်မှာ မီးလောင်စေဖို့” လာတာလို့ ပြောတယ်။ ဟုတ်ပါတယ်၊ အကြီးအကျယ် အငြင်းပွားစေတဲ့ ကိစ္စရပ်တွေကို သူဖြစ်ပေါ်စေပြီး ရလဒ်အနေနဲ့ မှားယွင်းတဲ့ သွန်သင်ချက်တွေနဲ့ ဓလေ့ထုံးစံတွေ လောင်ကျွမ်းပျက်စီးသွားတယ်။ ဒါ့အပြင် စည်းစည်းလုံးလုံး ရှိရမယ့်သူတွေကိုလည်း စိတ်ဝမ်းကွဲပြားစေတယ်။ “အဖေနဲ့သား၊ သားနဲ့အဖေ၊ အမေနဲ့သမီး၊ သမီးနဲ့အမေ၊ ယောက္ခမနဲ့ချွေးမ၊ ချွေးမနဲ့ယောက္ခမ အချင်းချင်း စိတ်ဝမ်းကွဲ” ကြတယ်။—လုကာ ၁၂:၄၉၊ ၅၃။

ဒီစကားတွေကို အထူးသဖြင့် တပည့်တွေအတွက် ပြောနေတာ။ ဒီနောက် ယေရှုက လူအုပ်ဘက် လှည့်လိုက်တယ်။ သူဟာ မေရှိယဖြစ်ကြောင်း အထောက်အထားကို လူအများစု ခေါင်းမာမာနဲ့ ငြင်းဆန်နေလို့ အခုလိုပြောတယ်– “ခင်ဗျားတို့ဟာ အနောက်အရပ်ကနေ မိုးတိမ်တက်လာတာကို မြင်တဲ့အခါ ‘မုန်တိုင်းလာတော့မယ်’ လို့ ပြောတတ်ကြတယ်။ ပြောတဲ့အတိုင်းလည်း ဖြစ်တတ်တယ်။ တောင်လေ တိုက်ခတ်တာကို မြင်တဲ့အခါ ‘အရမ်းပူလိမ့်မယ်’ လို့ ပြောတတ်ကြတယ်။ ပြောတဲ့အတိုင်းလည်း ဖြစ်တတ်တယ်။ သူတော်ကောင်း ယောင်ဆောင်သူတို့၊ ခင်ဗျားတို့က ရာသီဥတုကို ခန့်မှန်းတတ်ပေမဲ့ ဒီအချိန်ကာလအကြောင်းကို ဘာလို့ မဆန်းစစ်တတ်တာလဲ။” (လုကာ ၁၂:၅၄-၅၆) သူတို့ အသင့်ရှိမနေဘူးဆိုတာ ရှင်းနေပါတယ်။

  • “သခင်” ဆိုတာ ဘယ်သူလဲ။ ‘သစ္စာရှိဘဏ္ဍာစိုး’ ဆိုတာကော ဘယ်သူလဲ။

  • အနာဂတ်မှာ သစ္စာရှိဘဏ္ဍာစိုး ရှိမယ်လို့ တပည့်တွေ ဘာကြောင့် ကောက်ချက်ချနိုင်တာလဲ။ ဘဏ္ဍာစိုးရဲ့ အခန်းကဏ္ဍက ဘာလဲ။

  • “အသင့်ရှိနေပါ” ဆိုတဲ့ ယေရှုရဲ့ သတိပေးချက်က ဘာကြောင့် သိပ်အရေးကြီးသလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ