ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • jy အခန်း ၈၇ စာ. ၂၀၄-စာ. ၂၀၅ ပိုဒ်. ၃
  • အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ
  • ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ဆင်တူတဲ့ အကြောင်းအရာ
  • လက်တွေ့ကျ အမြော်အမြင်ဖြင့် အနာဂတ်ကိုစီမံ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • လက်တွေ့ကျ အမြော်အမြင်ဖြင့် အနာဂတ်ကိုစီမံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • သင် သိပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • စစ်မှန်တဲ့ စည်းစိမ်ကို ရှာဖွေခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
နောက်ထပ် ကြည့်ပါ
ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
jy အခန်း ၈၇ စာ. ၂၀၄-စာ. ၂၀၅ ပိုဒ်. ၃
သခင်က ဘဏ္ဍာစိုးကို အလုပ်ထုတ်

အခန်း ၈၇

အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ

လုကာ ၁၆:၁-၁၃

  • မရိုးသားတဲ့ဘဏ္ဍာစိုး ပုံဥပမာ

  • ကိုယ့်ရဲ့ စည်းစိမ်ကိုသုံးပြီး “မိတ်ဖွဲ့ထားပါ”

ပျောက်တဲ့သား ပုံဥပမာကို နားထောင်နေတဲ့ အခွန်ခံတွေ၊ ကျမ်းတတ်နဲ့ ဖာရိရှဲတွေက ဘုရားသခင်ဟာ နောင်တရတဲ့ အပြစ်သားတွေကို ခွင့်လွှတ်ဖို့ အသင့်ရှိမှန်း ကောင်းကောင်း နားလည်သွားကြမှာပဲ။ (လုကာ ၁၅:၁-၇၊ ၁၁) အခု ယေရှုက တပည့်တွေကို စကားဆက်ပြောတယ်။ သူဌေးတစ်ယောက်က သူ့ဘဏ္ဍာစိုး မရိုးမသားလုပ်နေမှန်း သိသွားတဲ့ပုံဥပမာကို ပြောပြတယ်။

၁။ ဘဏ္ဍာစိုးက သူဘယ်လိုလုပ်ရပါ့မလဲလို့ တွေးနေ ၂။ ဘဏ္ဍာစိုးက သခင်ဆီမှာ အကြွေးတင်နေသူကို ပြင်ရေးခိုင်းနေ

ဘဏ္ဍာစိုးဟာ သခင့်ပစ္စည်းဥစ္စာတွေကို အလွဲသုံးစား လုပ်နေတယ်လို့ စွပ်စွဲခံရတယ်။ ဒါနဲ့ သခင်က ဘဏ္ဍာစိုးကို အလုပ်ထုတ်တော့မယ်လို့ ပြောလိုက်တယ်။ အဲဒီအခါ ဘဏ္ဍာစိုးက “ဘယ်လို လုပ်ရပါ့မလဲ။ သခင်က ငါ့ကို ဘဏ္ဍာစိုးအလုပ်ကနေ ထုတ်တော့မယ့်ပုံပဲ။ လယ်လုပ်ရအောင်လည်း ငါ့မှာ ခွန်အားမရှိဘူး။ တောင်းစားဖို့ကျတော့လည်း ရှက်တယ်။ ဘဏ္ဍာစိုးအလုပ်ကနေ အထုတ်ခံရတဲ့အခါ လူတွေ သူတို့အိမ်မှာ ငါ့ကို ကြည်ကြည်ဖြူဖြူ လက်ခံထားနိုင်အောင် ငါဘာလုပ်ရမလဲ။ ဟုတ်ပြီ။ အကြံရပြီ” လို့တွေးပြီး သခင့်ဆီမှာ အကြွေးတင်နေတဲ့ လူတွေကို ချက်ချင်းခေါ်လိုက်တယ်။ ပြီးတော့ “ငါ့သခင်ဆီ အကြွေး ဘယ်လောက် တင်နေသလဲ” လို့မေးတယ်။—လုကာ ၁၆:၃-၅။

ပထမတစ်ယောက်က “သံလွင်ဆီ အခွက် ၁၀၀ အကြွေးတင်နေပါတယ်” လို့ဖြေတယ်။ အဲဒါက ဂါလံ ၅၈၀ [လီတာ ၂,၂၀၀] လောက်ရှိမယ်။ အဲဒီလူဟာ သံလွင်ပင်တွေ အများကြီးပိုင်တဲ့သူ ဒါမှမဟုတ် ဆီကုန်သည် ဖြစ်နိုင်တယ်။ ဘဏ္ဍာစိုးက “ကဲ၊ မင်းရဲ့စာချုပ်ကို ပြန်ယူ။ အခုထိုင်ပြီး အခွက် ၅၀ [ဂါလံ ၂၉၀၊ လီတာ ၁,၁၀၀] လို့ ခပ်မြန်မြန် ပြင်ရေးလိုက်” ဆိုပြီး ပြောတယ်။—လုကာ ၁၆:၆။

နောက်တစ်ယောက်ကို “မင်းကော အကြွေး ဘယ်လောက်တင်နေသလဲ” လို့မေးတော့ သူက “ဂျုံစပါး တင်း ၁၀၀ အကြွေးတင်နေပါတယ်” လို့ဖြေတယ်။ ဘဏ္ဍာစိုးက “ကောင်းပြီ။ မင်းရဲ့စာချုပ်ကို ပြန်ယူ။ တင်း ၈၀ လို့ ပြင်ရေးလိုက်” ဆိုပြီး ပြောတယ်။ ၂၀ ရာခိုင်နှုန်း လျှော့ပေးလိုက်တာ။—လုကာ ၁၆:၇။

ဘဏ္ဍာစိုးဟာ သခင်ရဲ့ ငွေကြေးကိစ္စတွေကို စီမံကွပ်ကဲနေတုန်းဆိုတော့ သခင့်ဆီမှာ အကြွေးတင်နေသူတွေကို လျှော့ပေးပိုင်ခွင့်ရှိတာပေါ့။ အကြွေးဆပ်ရမယ့် ပမာဏကို လျှော့ပေးလိုက်ပြီး မိတ်ဖွဲ့ထားတဲ့အတွက် သူအလုပ်ပြုတ်သွားတဲ့အခါ သူတို့ဆီက အကူအညီ ရနိုင်တယ်။

ဒါကို တစ်ချိန်ချိန်မှာ သခင်သိသွားတယ်။ အဲဒီလိုလုပ်လို့ သူ့အတွက် ဆုံးရှုံးမှုရှိပေမဲ့ ဘဏ္ဍာစိုးရဲ့ လုပ်ရပ်ကို သဘောကျပြီး ချီးမွမ်းခဲ့တယ်။ ဘဏ္ဍာစိုးက “မရိုးသားပေမဲ့ အမြော်အမြင်ရှိရှိ လုပ်ဆောင်” လို့ပဲ။ ယေရှုက “ဒီလောကစနစ်မှာရှိတဲ့ လူတွေဟာ သူတို့ရဲ့ ကိစ္စဝိစ္စတွေကို စီမံတဲ့နေရာမှာ အလင်းထဲ ရှိနေသူတွေထက် ပိုပြီး အမြော်အမြင်ရှိကြတယ်” လို့ပြောတယ်။—လုကာ ၁၆:၈။

ယေရှုက ဘဏ္ဍာစိုးရဲ့ မရိုးသားတဲ့ လုပ်ရပ်ကို လျစ်လျူရှုနေတာမဟုတ်သလို စီးပွားရေးလုပ်ငန်းမှာ ကလိမ်ကကျစ်လုပ်ဖို့ အားပေးနေတာလည်း မဟုတ်ဘူး။ ဒါဆိုရင် သူ ဘာကို အလေးပေးချင်တာလဲ။ တပည့်တွေကို အခုလို တိုက်တွန်းတယ်– “ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့ စည်းစိမ်ကိုသုံးပြီး မိတ်ဖွဲ့ထားပါ။ စည်းစိမ်ကုန်သွားတဲ့အခါ သူတို့က ခင်ဗျားတို့ကို ထာဝရစံအိမ်မှာ လက်ခံထားလိမ့်မယ်။” (လုကာ ၁၆:၉) မှန်ပါတယ်၊ ရေရှည်ကို စဉ်းစားဖို့၊ အမြော်အမြင်ရှိဖို့ သင်ပေးနေတာ။ “အလင်းထဲရှိနေသူ” ဘုရားရဲ့ ကျေးကျွန်တွေအနေနဲ့ ထာဝရအနာဂတ်ကို မျှော်မှန်းပြီး ကိုယ့်ရဲ့ စည်းစိမ်ဥစ္စာတွေကို အမြော်အမြင်ရှိရှိ အသုံးပြုတတ်ဖို့လိုတယ်။

လူတစ်ဦးကို ကောင်းကင် နိုင်ငံတော်မှာဖြစ်စေ၊ နိုင်ငံတော်အုပ်ချုပ်မှုအောက် မြေကြီး ပရဒိသုမှာဖြစ်စေ လက်ခံပေးနိုင်တဲ့ သူတွေက ယေဟောဝါဘုရားနဲ့ သားတော်ပဲ။ ဒါကြောင့် ကျွန်တော်တို့ရဲ့ စည်းစိမ်ဥစ္စာကို နိုင်ငံတော်သတင်း တိုးတက်ပျံ့နှံ့ရေးအတွက် အသုံးပြုပြီး သူတို့နှစ်ဦးနဲ့ မိတ်ဖွဲ့ထားရမယ်။ ဒါဆိုရင် ရွှေငွေနဲ့ တခြားပစ္စည်းဥစ္စာတွေ ပျက်စီးသွားတဲ့အခါ ကျွန်တော်တို့ကတော့ ထာဝရအနာဂတ်ကို ပိုင်ဆိုင်နိုင်မှာ သေချာပါတယ်။

စည်းစိမ်ဥစ္စာကို စီမံသုံးစွဲရာမှာ သစ္စာရှိသူတွေဟာ ပိုအရေးကြီးတဲ့ ကိစ္စတွေကို လုပ်ဆောင်ရာမှာလည်း သစ္စာရှိလိမ့်မယ်လို့ ယေရှုပြောတယ်။ “ခင်ဗျားတို့လည်း မဖြောင့်မတ်တဲ့စည်းစိမ်နဲ့ ပတ်သက်လာတဲ့အခါ သစ္စာမရှိရင် စစ်မှန်တဲ့စည်းစိမ် [ဘုရားပေးတဲ့ အရေးကြီး တာဝန်တွေ] ကို ခင်ဗျားတို့လက်ထဲ ဘယ်သူမှ အပ်မှာမဟုတ်ဘူး။”—လုကာ ၁၆:၁၁။

တပည့်တွေအနေနဲ့ “ထာဝရစံအိမ်မှာ” နေခွင့်ရဖို့ဆိုရင် အများကြီး ပေးဆပ်ရလိမ့်မယ်လို့ ယေရှုပြောတယ်။ တပည့်တစ်ဦးဟာ ဘုရားရဲ့ကျေးကျွန်၊ တစ်ချိန်တည်းမှာ မဖြောင့်မတ်တဲ့ စည်းစိမ်ရဲ့ကျွန် မဖြစ်နိုင်ဘူး။ “ဘယ်သူမှ သခင်နှစ်ဦးဆီမှာ အစေခံလို့မရဘူး။ သခင်တစ်ဦးကို မုန်းပြီး နောက်တစ်ဦးကို ချစ်မှာပဲ။ တစ်ဦးကို သစ္စာရှိပြီး တစ်ဦးကို မထီလေးစားလုပ်မှာပဲ။ ခင်ဗျားတို့လည်း ဘုရားသခင်အတွက်ရော စည်းစိမ်အတွက်ပါ တစ်ပြိုင်တည်း အစေခံလို့မရဘူး” ဆိုပြီး ယေရှု နိဂုံးချုပ်လိုက်တယ်။—လုကာ ၁၆:၉၊ ၁၃။

  • ဘဏ္ဍာစိုးက နောက်ပိုင်း သူ့ကို ကူညီနိုင်မယ့်သူတွေနဲ့ ဘယ်လို မိတ်ဖွဲ့သလဲ။

  • “မဖြောင့်မတ်တဲ့စည်းစိမ်” ဆိုတာ ဘာလဲ။ ခရစ်ယာန်တစ်ယောက် ဟာ အဲဒါတွေကိုသုံးပြီး ဘယ်လို “မိတ်ဖွဲ့ထား” နိုင်သလဲ။

  • မဖြောင့်မတ်တဲ့စည်းစိမ်” ကိုအသုံးပြုရာမှာ သစ္စာရှိမယ်ဆိုရင် ဘယ်သူတွေက ကျွန်တော်တို့ကို “ထာဝရစံအိမ်မှာ” လက်ခံနိုင်မလဲ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ