ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ နိုဝင်ဘာ စာ. ၃၁
  • သင် သိပါသလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သိပါသလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမြော်အမြင်ရှိရှိ ကြိုတင်စီမံပါ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • သင်တို့ဟာ ယုံကြည်စိတ်ချရတဲ့ ဘဏ္ဍာစိုးများဖြစ်ကြ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • သစ္စာရှိဘဏ္ဍာစိုး အသင့်ရှိနေပါ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • လက်တွေ့ကျ အမြော်အမြင်ဖြင့် အနာဂတ်ကိုစီမံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ နိုဝင်ဘာ စာ. ၃၁
ရှေးအီဂျစ်မှာ အလုပ်သမားတွေရဲ့ လုပ်ငန်းဆောင်တာတွေကို ဘဏ္ဍာစိုးတစ်ယောက် ကြီးကြပ်ပေးနေ

သင် သိပါသလား

ကျမ်းစာခေတ်က ဘဏ္ဍာစိုးတွေရဲ့ တာဝန်ဟာ ဘာလဲ

ကျမ်းစာခေတ်မှာ ဘဏ္ဍာစိုးဟာ လူတစ်ဦးရဲ့ အိမ်မှုကိစ္စတွေ၊ ပိုင်ဆိုင်ရာတွေကို စီမံခန့်ခွဲပေးရတယ်။ “ဘဏ္ဍာစိုး” လို့ ပြန်ဆိုထားတဲ့ ဟီဘရူးနဲ့ ဂရိစကားလုံးဟာ ကြီးကြပ်မှူး ဒါမှမဟုတ် အလုပ်ကြပ်ကို ရည်ညွှန်းလေ့ရှိတယ်။

ယာကုပ်ရဲ့သား ယောသပ်ဟာ အီဂျစ်ပြည်မှာ ကျွန်ဘဝ ရောက်နေတုန်းက သခင့်အိမ်ကို ကြီးကြပ်ပေးရတဲ့ ဘဏ္ဍာစိုး ဖြစ်လာတယ်။ သခင်က “ပိုင်ဆိုင်သမျှကို ယောသပ်လက်ထဲ အပ်” ထားတယ်။ (က. ၃၉:၂-၆) နောက်ပိုင်း ယောသပ်ကိုယ်တိုင် အီဂျစ်ပြည်မှာ သြဇာအာဏာရှိသူ ဖြစ်လာတော့ သူ့အိမ်မှာ ဘဏ္ဍာစိုး ဒါမှမဟုတ် အိမ်တော်ထိန်း ခန့်ထားတယ်။—က. ၄၄:၄။

ယေရှုခေတ်က လယ်ပိုင်ရှင်တွေဟာ လယ်မြေနဲ့ ဝေးတဲ့ မြို့ထဲမှာ နေထိုင်လေ့ရှိတယ်။ ဒါကြောင့် လယ်လုပ်သားတွေရဲ့ နေ့စဉ် လုပ်ငန်းဆောင်တာတွေကို ကြီးကြပ်ပေးဖို့ ဘဏ္ဍာစိုးတွေ ခန့်ထားကြတယ်။

ဘဏ္ဍာစိုးတာဝန်အတွက် ဘယ်သူတွေ အရည်အချင်း ပြည့်မီသလဲ။ ဘဏ္ဍာစိုး၊ တစ်နည်းအားဖြင့် ကြီးကြပ်မှူး တာဝန်ရတဲ့ ကျွန်ဟာ “အတွေ့အကြုံရှိသူ၊” “ရက်စက်ကြမ်းတမ်းမှု မရှိဘဲ လုပ်သားများကို ကြီးကြပ်နိုင်သူ” ဖြစ်သင့်တယ်လို့ ပထမရာစု ရောမစာရေးဆရာ ကလမ်မီလာ ပြောတယ်။ “ဘဏ္ဍာစိုးတစ်ယောက်အတွက် အရေးကြီးဆုံးက တကယ် မသိဘဲ သိသလိုလို မလုပ်ဖို့၊ သင်ယူချင်စိတ် အမြဲ ရှိနေဖို့ ဖြစ်တယ်” လို့ သူ ဆက်ပြောတယ်။

ခရစ်ယာန်အသင်းတော် လုပ်ငန်းဆောင်တာတချို့ကို ဖော်ပြဖို့ ဘဏ္ဍာစိုး ပုံဥပမာကို ကျမ်းစာမှာ သုံးထားတယ်။ ဥပမာ၊ “မဟာကရုဏာတော်ကို ခံစားရတဲ့ ဘဏ္ဍာစိုးကောင်းတွေ” အနေနဲ့ ဘုရားပေး ဆုကျေးဇူးကို “အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ” လို့ ခရစ်ယာန်တွေကို တမန်တော် ပေတရု တိုက်တွန်းတယ်။—၁ ပေ. ၄:၁၀။

လုကာ ၁၆:၁-၈ မှာ ဘဏ္ဍာစိုး ပုံဥပမာကို ယေရှု သုံးခဲ့တယ်။ ဘုရင်အဖြစ် မိမိရောက်ရှိခြင်း နိမိတ်အကြောင်း ကြိုဟောချက်မှာလည်း “သစ္စာနဲ့ သတိပညာရှိတဲ့ ကျွန်၊” တစ်နည်းအားဖြင့် “သစ္စာရှိ ဘဏ္ဍာစိုး” ကို ခန့်အပ်မယ်လို့ တပည့်တွေကို ကတိပေးတယ်။ အဲဒီဘဏ္ဍာစိုးရဲ့ အဓိကတာဝန်ဟာ နောက်ဆုံးကာလအတွင်း ခရစ်တော်ရဲ့ နောက်လိုက်တွေအတွက် အချိန်တန်အစာ ပုံမှန် ပြင်ဆင်ပေးဖို့ပါပဲ။ (မ. ၂၄:၄၅-၄၇။ လု. ၁၂:၄၂) ယုံကြည်ခြင်း ခိုင်ခံ့စေတဲ့ စာပေတွေ ကမ္ဘာတစ်ဝန်း ရရှိနိုင်အောင် ပြင်ဆင်ပေးနေတဲ့ သစ္စာရှိ ဘဏ္ဍာစိုးကို ကျွန်တော်တို့ အလွန် ကျေးဇူးတင်ကြပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ