ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • lfb သင်ခန်းစာ ၉၃ စာ. ၂၁၆-စာ. ၂၁၇ ပိုဒ်. ၅
  • ယေရှု ကောင်းကင်ကို တက်သွား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှု ကောင်းကင်ကို တက်သွား
  • ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • နောက်ဆုံးကိုယ်ယောင်ထင်ရှားပြခြင်းနှင့် ပင်တေကုတ္တေ ၃၃ စီအီး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • နောက်ဆုံးကိုယ်ယောင်ထင်ရှားပြခြင်းနှင့် စီအီး ၃၃ ပင်တေကုတ္တေပွဲ
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • သံလွင်တော်ပေါ်မှာ ရောက်နေတဲ့အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
နောက်ထပ် ကြည့်ပါ
ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
lfb သင်ခန်းစာ ၉၃ စာ. ၂၁၆-စာ. ၂၁၇ ပိုဒ်. ၅
တမန်တော်တွေရှေ့မှာ ယေရှု ကောင်းကင်ကို တက်သွား

သင်ခန်းစာ ၉၃

ယေရှု ကောင်းကင်ကို တက်သွား

ယေရှုဟာ ဂါလိလဲနယ်မှာ တပည့်တွေနဲ့ ပြန်တွေ့ဆုံတယ်။ ‘နေရာအနှံ့က လူတွေဆီသွားပြီး တပည့်ဖြစ်လာအောင် သွန်သင်ပေးပါ။ ကျွန်တော် သင်ပေးသမျှကို သင်ပေးပြီး နှစ်ခြင်းပေးကြပါ’ လို့ သူတို့ကို တာဝန်ပေးတယ်။ ပြီးတော့ ‘ခင်ဗျားတို့နဲ့အတူ ကျွန်တော်အမြဲရှိနေမယ်’ လို့လည်း ကတိပေးတယ်။

ယေရှုဟာ ထမြောက်ပြီး ရက် ၄၀ အတွင်း ဂါလိလဲနယ်နဲ့ ဂျေရုဆလင်မြို့မှာရှိတဲ့ တပည့်အများကြီးရှေ့ ကိုယ်ထင်ပြတယ်။ အရေးကြီးသင်ခန်းစာတွေ သင်ပေးပြီး အံ့ဖွယ်အမှုတွေ လုပ်ပြတယ်။ တပည့်တွေနဲ့ နောက်ဆုံးအကြိမ် တွေ့ခဲ့တာက သံလွင်တောင်ပေါ်မှာ ဖြစ်တယ်။ အဲဒီမှာ သူက ‘ဂျေရုဆလင်မြို့ကနေ မထွက်သွားနဲ့ဦး။ ကောင်းကင်အဖ ကတိပေးထားတာကို စောင့်နေကြပါ’ လို့ မှာတယ်။

ဘာကိုပြောချင်မှန်း တမန်တော်တွေ နားမလည်ကြဘူး။ ဒါနဲ့ သူတို့က ‘သခင်ဟာ အခု အစ္စရေးဘုရင် ဖြစ်နေပြီလား’ လို့မေးတော့ ယေရှုက ‘ကျွန်တော်ဘုရင်ဖြစ်ဖို့ ကောင်းကင်အဖ သတ်မှတ်တဲ့အချိန် မရောက်သေးဘူး။ မကြာခင် ခင်ဗျားတို့ သန့်ရှင်းသောစွမ်းအားတော်ရလိမ့်မယ်၊ အဲဒီအခါ ကျွန်တော့်အကြောင်း သက်သေခံကြလိမ့်မယ်။ ဂျေရုဆလင်မြို့၊ ယုဒပြည်တစ်ဝန်းလုံး၊ ရှမာရိပြည်နဲ့ ကမ္ဘာမြေအစွန်အဖျားအထိ သွားဟောပြောကြပါ’ လို့ မိန့်မှာတယ်။

ပြီးတော့ ကောင်းကင်ကို ယေရှု တက်သွားပြီး မိုးတိမ်နဲ့ကွယ်သွားတယ်။ တပည့်တွေ ကြည့်နေတုန်းမှာပဲ ကွယ်ပျောက်သွားတာ။

တပည့်တွေလည်း သံလွင်တောင်ပေါ်ကနေ ဆင်းလာပြီး ဂျေရုဆလင်မြို့ကို သွားတယ်။ သူတို့ဟာ အထက်ခန်းမှာ အမြဲစုဆုံပြီး ဆုတောင်းလေ့ရှိတယ်။ ယေရှုဆီက နောက်ထပ်ညွှန်ကြားချက်တွေရဖို့ စောင့်မျှော်နေကြတယ်။

“လူမျိုးအားလုံးအတွက် သက်သေဖြစ်စေဖို့ နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်။ ပြီးမှ အဆုံးရောက်လာလိမ့်မယ်။”—မဿဲ ၂၄:၁၄

မေးခွန်း– တပည့်တွေကို ယေရှု ဘာတာဝန်ပေးသလဲ။ သံလွင်တောင်ပေါ်မှာ ဘာဖြစ်ခဲ့သလဲ။

မဿဲ ၂၈:၁၆-၂၀။ လုကာ ၂၄:၄၉-၅၃။ ယောဟန် ၂၀:၃၀၊ ၃၁။ တမန်တော် ၁:၂-၁၄။ ၁ ကောရိန္သု ၁၅:၃-၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ