ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wcg အခန်း ၁၄ စာ. ၇၀-စာ. ၇၃
  • ကိုယ့်လူမျိုးကို မဟုတ်ဘဲ ယေဟောဝါကို ရွေးချယ်သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ့်လူမျိုးကို မဟုတ်ဘဲ ယေဟောဝါကို ရွေးချယ်သူ
  • ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • တွေးတောစရာ သင်ခန်းစာ
  • အတွေးနယ်ချဲ့ကြည့်ပါ
  • ထပ်လေ့လာပါ
  • “အကျင့်အားဖြင့် ဖြောင့်မတ်” တဲ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေဟောဝါဘုရားကို ယုံကြည်တဲ့ ရာခပ်
    ကလေးတွေကို သင်ပေးပါ
  • သတင်းတွေကို ရာခပ် နားထောင်ခဲ့တယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
  • ရာခပ်—ယုံကြည်ခြင်းလုပ်ရပ်များအားဖြင့်ဖြောင့်မတ်ရာသို့ရောက်ခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
wcg အခန်း ၁၄ စာ. ၇၀-စာ. ၇၃

၁၄ ရာခပ်

ကိုယ့်လူမျိုးကို မဟုတ်ဘဲ ယေဟောဝါကို ရွေးချယ်သူ

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

“စွန်ပလွံပင်မြို့” လို့ ကျမ်းစာမှာ တင်စားခေါ်ထားတဲ့ ယေရိခေါမြို့ရိုးပေါ်က အိမ်တစ်အိမ်မှာ ပြည့်တန်ဆာ ရာခပ် နေတယ်။ (တရား. ၃၄:၃) ရာခပ်ရဲ့ အိမ်ပြတင်းပေါက်ကနေ ကြည့်ရင် နေရောင်ဖြာကျနေတဲ့ မြို့ပြင်ကို မျက်စိတစ်ဆုံး မြင်ရတယ်။ မြို့ထဲ ကြည့်လိုက်ရင်တော့ မြို့သားတွေ စိတ်ပျက်အားလျော့နေတာ မြင်ရတယ်။ ဘာကြောင့် စိတ်ပျက်အားလျော့နေကြသလဲ။

လွန်ခဲ့တဲ့ နှစ်လေးဆယ်တုန်းက ပင်လယ်နီမှာ ဖာရောစစ်တပ်ကို ဖျက်ဆီးခြင်းအားဖြင့် အစ္စရေးတွေကို ယေဟောဝါဘုရား ကယ်တင်ခဲ့တယ်။ သိပ်မကြာသေးခင်ကလည်း အင်အားကြီး အာမောရိဘုရင် ရှိဟုန်နဲ့ ဩဂတ်ကို ချေမှုန်းနိုင်ဖို့ ကူညီပေးခဲ့တယ်။ တကယ်ဆိုရင် အစ္စရေးတွေဟာ စစ်သားတွေ မဟုတ်ဘူး။ တောထဲမှာ လှည့်လည်သွားလာနေသူတွေ။ အခု ဂျော်ဒန်မြစ်တစ်ဖက်ကမ်းမှာ ရောက်နေကြပြီ။ ယေရိခေါမြို့ကို အစ္စရေးတွေ တိုက်ခိုက်သိမ်းပိုက်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်၊ မိမိတို့ ဖျက်ဆီးခံရတော့မယ်ဆိုတာ မြို့သားတွေ သိကြတယ်။ သူတို့ရဲ့ ဆိုးညစ်မှုအားလုံးအတွက် ယေဟောဝါ ဒဏ်စီရင်တော့မယ်။ တကယ်လည်း ဒဏ်စီရင်ခံထိုက်တယ်။

မိမိလူမျိုး ဘယ်လောက် ဆိုးသွမ်းမှန်း ရာခပ် သိတယ်။ ပြည့်တန်ဆာဘဝကို စွန့်လွှတ်ပြီး ဘဝသစ် စဖို့ မျှော်လင့်မိမှာပဲ။ ယေဟောဝါရဲ့ အံ့ဖွယ်လုပ်ဆောင်မှုတွေအကြောင်း ကြားတဲ့အခါ ယေဟောဝါကို ရာခပ် ယုံကြည်လာတယ်၊ ကိုးကွယ်ချင်လာတယ်။ ယေဟောဝါဟာ တရားမျှတတယ်၊ သန့်ရှင်းစင်ကြယ်တယ်။ မိမိကို ကိုးကွယ်သူတွေကို ကာကွယ်ပေးတယ်၊ ဂုဏ်တင်တယ်။ ခါနန်ဘုရားတွေနဲ့ လုံးဝ ကွာတယ်။

တစ်ညတော့ ရာခပ်အိမ်မှာ တည်းခိုဖို့ ဧည့်သည်နှစ်ယောက် ရောက်လာတယ်။ အစ္စရေးသူလျှိုတွေ ဖြစ်မှန်း အကင်းပါးတဲ့ ရာခပ် ချက်ချင်း သိလိုက်တယ်။ ဒါပေမဲ့ ယေရိခေါမင်းကြီးလည်း သတင်းရသွားလို့ သူလျှိုတွေကို ထုတ်ပေးဖို့ ရာခပ်အိမ်ကို လူလွှတ်လိုက်တယ်။ မိမိဘဝကို အကြီးအကျယ် ပြောင်းလဲသွားစေမယ့် ဆုံးဖြတ်ချက် ရာခပ် ချရတော့မယ်။ ဆိုးသွမ်းတဲ့ မိမိလူမျိုးဘက် ရပ်တည်မလား။ ယေဟောဝါဘက် ရပ်တည်မလား။

ယေဟောဝါဘက် ရာခပ် သတ္တိရှိရှိ ရပ်တည်တယ်။ သူလျှိုတွေကို အိမ်မိုးပေါ်မှာ ဝှက်ထားပေးပြီး မင်းကြီးရဲ့ လူတွေကို လမ်းလွှဲလိုက်တယ်။ မင်းကြီးရဲ့ လူတွေ ထွက်သွားတဲ့အခါ အိမ်မိုးပေါ် ရာခပ် ပြေးတက်သွားပြီး သူလျှိုတွေကို ကယ်လိုက်ရတဲ့ အကြောင်းရင်း ပြောပြတယ်။ အကြောင်းရင်းက ဘာလဲ။ “ယေဟောဝါဘုရားက ရှင်တို့ကို ဒီပြည် ပေးမယ်ဆိုတာ ကျွန်မ သိတယ်” တဲ့။ အစ္စရေးတွေရဲ့ ဘုရားကို ရာခပ် တကယ် ယုံကြည်တာပဲ။ ဒါ့အပြင် အစ္စရေးတွေကို ယေရိခေါမြို့သားတွေ သိပ်ကြောက်ပြီး စိတ်ပျက်အားလျော့နေကြောင်း အားတက်စရာသတင်း ပြောပြတယ်။ မြို့ကို ဖျက်ဆီးတဲ့အခါ မိမိတို့မိသားစုကို အသက်ချမ်းသာပေးဖို့ အသနားခံတယ်။

ကိုယ့်လူမျိုးကို စွန့်ဖို့၊ အကျင့်ပျက် ဘဝပုံစံကနေ ရုန်းထွက်ဖို့ ရာခပ် ဘယ်လိုလုပ်ပြီး ခွန်အား ရလာသလဲ

အသက်ချမ်းသာပေးဖို့ သူလျှိုတွေ သဘောတူလိုက်တယ်။ မိမိတို့ကို ရာခပ် ကယ်လိုက်လို့၊ ယေဟောဝါကို ရာခပ် ယုံကြည်မှန်း သိလိုက်ရလို့ပဲ။ ဒါပေမဲ့ မိမိတို့ လာတဲ့သတင်း မပေါက်ကြားစေဖို့၊ ပြတင်းပေါက်မှာ ကြက်သွေးရောင်ကြိုး ချည်ထားဖို့၊ တိုက်ပွဲဖြစ်နေစဉ်အတွင်း အိမ်ထဲမှာပဲ နေဖို့ မှာတယ်။ ဒါမှ ရာခပ်ကော မိသားစုဝင်တွေပါ အသက်ချမ်းသာရာရမှာ။

ကြက်သွေးရောင်ကြိုးကို ပြတင်းပေါက်မှာ ရာခပ် ချည်နေ။

သူလျှိုတွေကို ပြတင်းပေါက်ကနေ ရာခပ် ကြိုးနဲ့ လျှောချပေးတယ်။ ပြီးတော့ သူလျှိုတွေ မှာသွားတဲ့အတိုင်း အတိအကျ လိုက်နာတယ်။ ပြတင်းပေါက်မှာ ကြက်သွေးရောင်ကြိုး ချည်ထားတယ်။ သူလျှိုတွေအကြောင်း ဘယ်သူ့ကိုမှ ပြောမပြဘူး။ မိသားစုဝင်တွေကို အိမ်ထဲ ခေါ်ထားတယ်။ ဒါ တော်တော် သတ္တိရှိတဲ့ လုပ်ရပ်ပဲ။ သူ့လုပ်ရပ်ကိုသာ မြို့သားတွေ သိသွားရင် ရာခပ် အသတ်ခံရမှာ။ ဒါပေမဲ့ အစ္စရေးတွေ ဖြတ်ကူးနိုင်ဖို့ ဂျော်ဒန်မြစ်ရေကို ယေဟောဝါ တန့်စေတယ်ဆိုတဲ့သတင်း ကြားတဲ့အခါ မိမိဆုံးဖြတ်ချက် မှန်တယ်ဆိုတာ ရာခပ် ပိုယုံကြည်စိတ်ချသွားမှာပဲ။ မြို့ကို အစ္စရေးစစ်တပ် ခုနစ်ရက်တိုင်တိုင် လှည့်ပတ်နေစဉ်အတွင်း ယေရိခေါမြို့သားတွေ ကြောက်ဒူးတုန်နေကြတယ်။ ခုနစ်ရက်မြောက်နေ့မှာ ပုရောဟိတ်တွေ တံပိုးမှုတ်ပြီး စစ်သည်တွေ စစ်ငြာသံ ပေးလိုက်တာနဲ့ မြို့ရိုး လုံးဝ ပြိုကျသွားတယ်။ ရာခပ်တို့အိမ် ရှိနေတဲ့ မြို့ရိုးအပိုင်းလေးပဲ မပြိုဘဲ ကျန်ရစ်ခဲ့တယ်။ ရာခပ်တို့မိသားစုဟာ အိမ်ထဲမှာ ပူးပူးကပ်ကပ်လေး နေရင်း အသက်ဘေးလွတ်သွားကြတယ်။

တိုက်ပွဲပြီးတဲ့နောက် ယောရှု ညွှန်ကြားထားတဲ့အတိုင်း ရာခပ်တို့မိသားစုကို သူလျှိုတွေ အိမ်ပြင်ခေါ်ထုတ်လာကြတယ်။ သူတို့ကို အသက်ချမ်းသာပေးလိုက်ကြတယ်။ နောက်တော့ ရာခပ်ဟာ အစ္စရေးလူမျိုးနဲ့ ပူးပေါင်းပြီး ယေဟောဝါကို ဝတ်ပြုကိုးကွယ်တယ်။ အစ္စရေးအမျိုးသားတစ်ယောက်နဲ့ အိမ်ထောင်ကျပြီး သားသမီးတွေ ရလာတယ်။ ရာစုနှစ်များစွာအကြာမှာ ရာခပ်ရဲ့ မျိုးရိုးကနေ ကမ္ဘာပေါ်မှာ သတ္တိအရှိဆုံး ဖြစ်တဲ့ ယေရှု မွေးဖွားလာတယ်။ (မ. ၁:၅၊ ၁၆) ယုံကြည်ခြင်းနဲ့ သတ္တိ ရှိတဲ့ ရာခပ်ကို ယေဟောဝါ ကြွယ်ဝစွာ ကောင်းချီးပေးလိုက်တာပါပဲ။

ကျမ်းမှတ်တမ်းကို ဖတ်ပါ–

  • ယောရှု ၂:၁-၂၄။ ၅:၁။ ၆:၁၄-၂၅

  • ဟီဘရူး ၁၁:၃၀၊ ၃၁

  • ယာကုပ် ၂:၂၄၊ ၂၅

ဆွေးနွေးရန်–

သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ရာခပ် ပြသလဲ။

ရှာဖွေလေ တွေ့ရှိလေ

  1. ၁။ ယေရိခေါမြို့က ရာခပ်ရဲ့ ဘဝပုံစံကို ပြောပြပါ။ (က၁၃ ၁၁/၁ ၁၂ ပိုဒ်. ၄–၁၃ ပိုဒ်. ၁)

  2. ၂။ လိင်အကျင့်ယိုယွင်းဖို့ ရာခပ်ရဲ့ အိမ်ကို သူလျှိုတွေ သွားတာ မဟုတ်မှန်း ဘယ်လို သိရသလဲ။ (က၉၃ ၁၂/၁၅ ၂၄ ပိုဒ်. ၄။ က၁၃ ၁၁/၁ ၁၃ ပိုဒ်. ၄-၅)

  3. ၃။ ရာခပ်ရဲ့ အိမ်မိုးပေါ်မှာ ပိုက်ဆန်လျှော်ရိုးတွေ ဘာကြောင့် ဖြန့်လှန်းသလဲ။ ပိုက်ဆန်လျှော်ရိုးတွေကို ဘာအတွက် သုံးသလဲ။ (it “ပိုက်ဆန်လျှော်ရိုး” ပိုဒ်. ၂-၄-wcgr) ရုပ်ပုံ က

    Thanks for your interest in my photos/Moment Open via Getty Images

    ရုပ်ပုံ က– ပိုက်ဆန်လျှော်ခင်း

  4. ၄။ မင်းကြီး လွှတ်လိုက်တဲ့ လူတွေကို ရာခပ် လမ်းလွှဲလိုက်တာ ဘာကြောင့် အပြစ် မဟုတ်သလဲ။ (က၁၃ ၁၁/၁ ၁၄ ပိုဒ်. ၄) ရုပ်ပုံ ခ

    မင်းကြီး လွှတ်လိုက်တဲ့ လူနှစ်ယောက်ကို ရာခပ် လမ်းညွှန်နေ။

    ရုပ်ပုံ ခ

တွေးတောစရာ သင်ခန်းစာ

  • အကျင့်ပျက် ဘဝပုံစံကို စွန့်ဖို့၊ အစ္စရေးတွေနဲ့အတူ ယေဟောဝါကို ကိုးကွယ်ဖို့ ရာခပ် ဘာကြောင့် သတ္တိ လိုသလဲ။ ရာခပ်ဆီကနေ ကျမ်းစာသင်သားတွေ ဘာသင်ယူနိုင်သလဲ။

  • လိမ်မပြောဖို့ ကျမ်းစာမှာ ဆိုထားတယ်။ ဒါပေမဲ့ ညီအစ်ကို/မတွေနဲ့ ပတ်သက်ပြီး လျှို့ဝှက်ထားရမယ့် အချက်အလက်တွေ ထုတ်ပြောဖို့ ကျွန်တော်တို့ကို ရန်သူတွေ ဖိအားပေးလာတဲ့အခါ ရာခပ်ကို ဘယ်လို အတုယူနိုင်သလဲ။ (ပညာ. ၁၁:၁၃။ ဒေ. ၃:၇။ ဧ. ၄:၂၅) ရုပ်ပုံ ဂ

ထောင်အရာရှိ စစ်မေးနေချိန် လက်ထိတ်ခတ်ခံထားရတဲ့ ညီအစ်မ တစ်ခွန်းမှ မပြောဘဲနေ။ စားပွဲပေါ်က စာရွက်စာတမ်းတွေကို အရာရှိ ထောက်ပြနေ။ လက်နက်ကိုင် စစ်သား ရပ်နေ။

ရုပ်ပုံ ဂ

ရုပ်ပုံ ဂ

  • ရာခပ်ရဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။

အတွေးနယ်ချဲ့ကြည့်ပါ

  • ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

  • ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

  • ရာခပ် အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။

ထပ်လေ့လာပါ

ယေဟောဝါရဲ့ နေ့ကြီး ရောက်လာတဲ့အခါ အသက်ရှင်လွတ်မြောက်နိုင်ပုံနဲ့ပတ်သက်ပြီး ရာခပ်ဆီကနေ ဘာသိရသလဲ။

“အဆုံးရောက်လာသောအခါ သင် အဘယ်နေရာ၌ရှိနေသင့်သနည်း” (က၀၉ ၅/၁၅ ၆-၈)

ဒီမှတ်တမ်း အသက်ဝင်လာတဲ့အထိ သားသမီးတွေ မြင်ယောင်စဉ်းစားနိုင်ဖို့ ဒီကျမ်းစာရုပ်ပြဇာတ်လမ်းကို သုံးပါ။

“ညွှန်ကြားချက်တွေကို လိုက်နာတဲ့ ရာခပ်” (ijwis ဆောင်းပါး ၁၁)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ