ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wcg စာ. ၄-၇
  • သင် သတ္တိတိုးများလာနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင် သတ္တိတိုးများလာနိုင်
  • ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုလို သင် သတ္တိရှိနိုင်
  • သတ္တိတိုးများလာဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ
  • “ရဲစွမ်းသတ္တိရှိရှိနဲ့ လုပ်ငန်း စပေတော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ရဲစွမ်းသတ္တိရှိလေ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • “ယုဒအနွယ်ဝင် ခြင်္သေ့”
    “ကျွန်တော့်နောက်လိုက် လုပ်ပါ”
  • သတ္တိရှိပြီး ခိုင်ခံ့မြဲမြံပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
wcg စာ. ၄-၇

နိဒါန်း

သင် သတ္တိတိုးများလာနိုင်

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

၁-၃။ “ထကြ၊ သွားကြစို့” ဆိုတဲ့ ယေရှုစကားဟာ သိပ်ရဲရင့်ပြတ်သားတယ်လို့ ဘာကြောင့် ပြောနိုင်သလဲ။

လရောင်လွှမ်းတဲ့ ညနက်မှာ ဂျေရုဆလင်မြို့ပြင်နားက ဂေသရှေမန်ဥယျာဉ်ထဲ သစ္စာရှိ နောက်လိုက်တွေနဲ့အတူ ယေရှု ရောက်နေတယ်။ မိမိဆီ လူတစ်စု ဓားတွေ၊ တုတ်တွေနဲ့ လာနေမှန်း ယေရှု သိတယ်။ ဘာအတွက် လာနေမှန်းလည်း သိတယ်။ လူတစ်ယောက် ကြုံဖူးသမျှမှာ အခက်ခဲဆုံး စမ်းသပ်မှုကို ယေရှု ရင်ဆိုင်ရတော့မယ်။ ပိုဆိုးတာက တစ်ယောက်တည်း ရင်ဆိုင်ရမှာ။

အဖမ်းခံရမယ့်အချိန်ကို ဂေသရှေမန်ဥယျာဉ်မှာ ယေရှု စိတ်ရှည်ရှည် စောင့်နေ။

“ထကြ၊ သွားကြစို့။”—မ. ၂၆:၄၆

၂ ကောင်းကင်တမန်တွေ စေလွှတ်ပြီး ကာကွယ်ပေးဖို့ အဖဘုရားဆီ တောင်းဆိုနိုင်ပေမဲ့ ယေရှု မတောင်းဆိုဘူး။ (မ. ၂၆:၅၃) လူအုပ် ရောက်လာတော့ “ထကြ၊ သွားကြစို့” ဆိုပြီး နောက်လိုက်တွေကို ပြောတယ်။ သိပ်ရဲရင့်ပြတ်သားတဲ့ စကားပါပဲ။ (မ. ၂၆:၄၆) အရင်ကလည်း အဲဒီလိုပြောဖူးတယ်။ (ယော. ၁၄:၃၁) ဒါပေမဲ့ ဒီတစ်ကြိမ်ဟာ သေရေးရှင်ရေး ဖြစ်နေတဲ့အချိန်။

၃ လူအုပ်လက်ကနေ ရှောင်ပြေးဖို့ “ထကြ၊ သွားကြစို့” လို့ ယေရှု ပြောတာ မဟုတ်ဘူး။ အဖမ်းခံရ၊ နှိပ်စက်ခံရပြီး အသတ်ခံရမယ့်အဖြစ်ကို ရင်ဆိုင်ဖို့ သွားမယ်လို့ ပြောတာ။ ဝေဒနာခံစားပြီး အသေခံဖို့ ယေရှု ဘာကြောင့် တလိုတလား ရှိသလဲ။ အဖဘုရားနဲ့ နောက်လိုက်တွေကို ချစ်လို့ပါ။

၄-၅။ စစ်မှန်တဲ့ ရဲစွမ်းသတ္တိဆိုတာ ဘယ်လိုမျိုးလဲ။ ကျွန်တော်တို့ ဘာကြောင့် လိုအပ်သလဲ။

၄ ကမ္ဘာပေါ် အသက်ရှင်ခဲ့သမျှမှာ ယေရှုခရစ်ဟာ ရဲစွမ်းသတ္တိအရှိဆုံးသူ ဖြစ်တယ်။ သင်ဟာ ယေရှုရဲ့နောက်လိုက်တစ်ယောက်လား။ ဒါဆိုရင် သင်လည်း ရဲစွမ်းသတ္တိရှိသူပဲ။ ယေရှုနောက်လိုက်စစ်တွေဟာ ရဲစွမ်းသတ္တိရှိဖို့ သိပ်လိုအပ်တယ်။ အထူးသဖြင့် ခက်ခဲပြီး အန္တရာယ်များတဲ့ကာလမှာ ရဲစွမ်းသတ္တိရှိဖို့ ပိုလို့တောင် လိုအပ်တယ်။

၅ ယေရှုလို ဘယ်လိုနည်းနဲ့ ရဲစွမ်းသတ္တိရှိနိုင်သလဲ။ ရဲစွမ်းသတ္တိရှိတယ်ဆိုတာ အန္တရာယ်ကို ပြက်ရယ်ပြုတာ၊ မလိုအပ်ဘဲ အရဲစွန့်တာ၊ ပက်ပင်းတိုးတာ မဟုတ်ပါဘူး။ အကြမ်းဖက်သူတွေ မိုက်ရူးရဲဆန်တာနဲ့လည်း မတူပါဘူး။ (ဆာ. ၁၁:၅) စစ်မှန်တဲ့ ရဲစွမ်းသတ္တိဆိုတာ အခြေအနေတွေ ဘယ်လောက် ခက်ပါစေ၊ ဘယ်လောက် ကြောက်လန့်စရာကောင်းပါစေ ရှေ့ဆက်နိုင်တဲ့ ခွန်အား၊ ဘုရားသခင် နှစ်သက်တာကို လုပ်နိုင်တဲ့ ခွန်အား ဖြစ်တယ်။

ယေရှုလို သင် သတ္တိရှိနိုင်

၆။ တမန်တော်တွေကို ယေရှု ပြောတဲ့စကားဟာ ဘာကြောင့် နှစ်သိမ့်မှု ဖြစ်စေသလဲ။

၆ စမ်းသပ်ခံရတဲ့အခါ ယေရှုလို သတ္တိရှိနိုင်ပါ့မလားလို့ သင် တွေးမိမယ်။ ယေရှု အကျိုးသင့်အကြောင်းသင့်ရှိတယ်ဆိုတာ သတိရပါ။ အဖဘုရားလိုပဲ ယေရှုလည်း ကျွန်တော်တို့ တတ်နိုင်တာထက် ဘယ်တော့မှ ပိုမတောင်းဆိုဘူး။ (ဆာ. ၁၀၃:၁၄။ ယော. ၁၄:၉) ဥပမာ၊ ဂေသရှေမန်ဥယျာဉ်ထဲ ရောက်နေတဲ့ ညတုန်းက နိုးနိုးကြားကြား နေဖို့ တမန်တော်တွေကို ယေရှု ပြောပေမဲ့ သူတို့ အိပ်ပျော်သွားကြတယ်။ “စိတ်ကတော့ ထက်သန်ပါရဲ့။ ကိုယ်ခန္ဓာက အားနည်းတယ်” လို့ပဲ ယေရှု ပြောတယ်။ (မ. ၂၆:၄၁) သူတို့ရဲ့ အားနည်းချက်ကို ယေရှု နားလည်ပေးသလို သင့်အားနည်းချက်ကိုလည်း နားလည်ပေးမယ်။

၇-၈။ နောက်လိုက်တွေကို ယုံကြည်စိတ်ချကြောင်း ယေရှု ဘယ်လို ပြသလဲ။

၇ နောက်လိုက်တွေကို ယုံကြည်စိတ်ချကြောင်းလည်း ယေရှု ပြတယ်။ “သတ္တိရှိကြပါ။ ဒီလောကကို ကျွန်တော် အောင်နိုင်ပြီ” လို့ ယေရှု ပြောလိုက်တဲ့အခါ တပည့်တွေ ဘယ်လောက် အားရှိသွားမလဲ မြင်ယောင်ကြည့်ပါ။ (ယော. ၁၆:၃၃) မိမိလိုပဲ သူတို့ သတ္တိရှိကြမယ်ဆိုတာ ယေရှု စိတ်ချတယ်။ တကယ်လည်း သတ္တိရှိကြတယ်။ “သတ္တိရှိကြပါ၊” “မစိုးရိမ်ပါနဲ့၊” “မကြောက်ပါနဲ့” စသဖြင့် အကြိမ်ရေတော်တော်များများ ယေရှု ပြောခဲ့တယ်။ ဥပမာ၊ လေဖြတ်နေသူတစ်ယောက်ကို အပြစ်တွေ ခွင့်လွှတ်လိုက်ပြီလို့ မပြောခင်မှာ “ဘာမှ မစိုးရိမ်ပါနဲ့” လို့ အရင်ဆုံး ပြောတယ်။ (မ. ၉:၂) အမျိုးသမီးတစ်ယောက်ကို ရောဂါဆိုး ကုသပေးပြီးနောက် “မကြောက်ပါနဲ့” လို့ ပြောတယ်။ (မ. ၉:၂၂) ရေပေါ် လမ်းလျှောက်လာတဲ့ မိမိကို တပည့်တွေ မမှတ်မိဘဲ အလန့်တကြား ဖြစ်နေချိန်မှာ “မကြောက်ပါနဲ့” လို့ ပြောတယ်။ (မ. ၁၄:၂၇) ဂျူးတရားရုံးချုပ် အဖွဲ့ဝင်တွေ စိတ်ဆိုးမာန်ဆိုး ဖြစ်လာပြီး ပေါလုကို တစ်စစီဆွဲဖြတ်တော့မတတ် လုပ်ကြချိန်မှာလည်း “သတ္တိရှိပါ” လို့ ပေါလုကို ပြောတယ်။—တ. ၂၃:၉-၁၁။

၈ သတ္တိရှိဖို့ သင့်ကိုလည်း နန်းထိုင်ဘုရင် ပြောနေတယ်လို့ ကြားယောင်လိုက်ပါ။ သင့်ကို ယေရှု သတ္တိရှိစေချင်တယ်။ သတ္တိရှိမယ်ဆိုတာ စိတ်ချတယ်။ သတ္တိရှိနိုင်ဖို့ လိုအပ်သမျှကိုလည်း ယေရှုရဲ့ ဖခင် ယေဟောဝါ ပြင်ဆင်ပေးထားတာပဲ။

သတ္တိတိုးများလာဖို့ ကျမ်းစာ ကူညီပေးနိုင်ပုံ

၉။ သတ္တိတိုးများလာဖို့ ကျမ်းစာ ဘယ်လို ကူညီပေးနိုင်သလဲ။

၉ သတ္တိတိုးများလာဖို့ ကူညီပေးတဲ့အနေနဲ့ ကျမ်းစာစံနမူနာတွေ ယေဟောဝါ ပြင်ဆင်ပေးထားတယ်။ နောက်ခံအမျိုးမျိုးက အမျိုးသား/သမီး၊ လူကြီးလူငယ်တွေရဲ့ ဖြစ်ရပ်မှန်တွေ ကျမ်းစာမှာ ပါတယ်။ သူတို့အားလုံးဟာ ကျွန်တော်တို့လိုပဲ ခံစားချက် ရှိကြတယ်။ (ယာ. ၅:၁၇) ကျွန်တော်တို့လိုပဲ မစုံလင်သူတွေ ဖြစ်ကြတယ်။ အားနည်းချက်၊ အပြစ်အနာအဆာ ရှိကြတယ်။ အခက်အခဲ၊ စမ်းသပ်မှု၊ အန္တရာယ်မျိုးစုံ ကြုံခဲ့ကြတယ်။ ဒါပေမဲ့ ယေရှုလိုပဲ သူတို့ သတ္တိရှိရှိ အောင်နိုင်ခဲ့ကြတယ်။ သူတို့ရဲ့ စံနမူနာဟာ ဒီနေ့အထိ ကျွန်တော်တို့အတွက် အားပေးမှု ဖြစ်နေဆဲပါပဲ။

၁၀-၁၁။ ဒီစာအုပ်က သင့်ကို ဘယ်လို ကူညီပေးနိုင်သလဲ။ ဒီစာအုပ်ကို ဘယ်လို လေ့လာနိုင်သလဲ။ (“ကိုယ်ပိုင်လေ့လာမှု၊ မိသားစု ဝတ်ပြုမှုမှာ ဒီစာအုပ် အသုံးပြုနိုင်ပုံ” လေးထောင့်ကွက်ကိုလည်း ကြည့်ပါ။)

၁၀ သင် သတ္တိတိုးများလာအောင် ကူညီပေးဖို့ ဒီစာအုပ်က ရည်ရွယ်ပါတယ်။ ဒီစာအုပ်မှာ အခန်း ၅၄ ခန်း ပါပြီး သင့်နည်းတူ မစုံလင်တဲ့သူတွေ သတ္တိရှိလာဖို့ ယေဟောဝါ ဘယ်လို ကူညီပေးကြောင်း ဆွေးနွေးထားတယ်။ အခန်းတစ်ခန်းစီမှာ ပါတဲ့ ဇာတ်ကြောင်းကို ဖတ်ပါ။ အဲဒီနောက် ဇာတ်ကောင်တစ်ယောက်စီရဲ့ နောက်ခံကို ပိုသိဖို့ ရှာဖွေလေ့လာပါ။ ဒီလိုနဲ့ ကျမ်းစာစံနမူနာရှင်တွေအကြောင်း သင် ပိုသိလာမယ်။

၁၁ သူတို့ရဲ့ စံနမူနာကို လေ့လာပြီး “နောက်ဆုံးကာလ” မှာ သင် ခံနိုင်ရည်၊ သတ္တိ တိုးများလာနိုင်ပါစေ။ (၂ တိ. ၃:၁) “မင်းတို့ကို ငါ ဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ခွာမှာ မဟုတ်ဘူး” ဆိုတဲ့ ယေဟောဝါရဲ့ကတိကို နေ့တိုင်း သတိရကြရအောင်။ ဒါဆိုရင် ပေါလု ပြောသလိုပဲ “ယေဟောဝါဟာ ကူညီမစရှင် ဖြစ်တဲ့အတွက် ငါ ဘာကိုမှ မကြောက်ဘူး” ဆိုပြီး ရဲရဲဝံ့ဝံ့ ပြောနိုင်ပါလိမ့်မယ်။—ဟီ. ၁၃:၅၊ ၆။

ကိုယ်ပိုင်လေ့လာမှု၊ မိသားစု ဝတ်ပြုမှုမှာ ဒီစာအုပ် အသုံးပြုနိုင်ပုံ

  • ဇာတ်ကြောင်း ဖတ်ပါ (၁)၊ ကျမ်းမှတ်တမ်းကို ဖတ်ပါ (၂)၊ ဆွေးနွေးရန် မေးခွန်းကို သုံးသပ်ပါ (၃)။

  • ဇာတ်ကောင်တွေ၊ သူတို့ရဲ့ အခက်အခဲတွေအကြောင်း၊ သတ္တိရှိပုံအကြောင်း သိရဖို့ ရုပ်ပုံတွေ သေသေချာချာ ကြည့်ပါ (၄)။

    ဒီစာအုပ်ရဲ့ အသွင်အပြင် ၁ ကနေ ၄ ဘယ်မှာဆိုတာ ပြထားတဲ့ စာမျက်နှာ ၂၈ နဲ့ ၂၉ မှာ ပါတဲ့ ရုပ်ပုံ။
  • ရှာဖွေလေ တွေ့ရှိလေ (၅) ဖြစ်ဖို့ အညွှန်းတွေ ဖတ်ပါ။

  • တွေးတောစရာ သင်ခန်းစာ (၆)။ သင်ခန်းစာကို ဘယ်လို လက်တွေ့ကျင့်သုံးနိုင်သလဲ၊ တခြားသူတွေကို ကူညီပေးဖို့ ဘယ်အချိန်မှာ ပြန်သုံးနိုင်သလဲ တွေးတောပါ။

  • ယေဟောဝါအကြောင်း၊ ရည်ရွယ်ချက်အကြောင်း၊ အနာဂတ်အကြောင်း မှတ်တမ်းကနေ ဘာသိရသလဲဆိုတာ အတွေးနယ်ချဲ့ကြည့်ပါ (၇)။

  • မှတ်တမ်း ဒါမှမဟုတ် သင်ခန်းစာနဲ့ ဆက်စပ်နေတဲ့ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ ထပ်လေ့လာပါ (၈)။

    ဒီစာအုပ်ရဲ့ အသွင်အပြင် ၅ ကနေ ၈ ဘယ်မှာဆိုတာ ပြထားတဲ့ စာမျက်နှာ ၃၀ နဲ့ ၃၁ မှာ ပါတဲ့ ရုပ်ပုံ။

ဆွေးနွေးသွားတဲ့ ဇာတ်ကောင်အကြောင်း ကိုယ်ပိုင်လေ့လာမှု လုပ်ချင်ရင် jw.org မှာ ဆောင်းပါးတွေ၊ ဗီဒီယိုတွေ၊ ဟောပြောချက်တွေ ထပ်ရှာဖွေပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ