ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၀/၁ စာ. ၄-၇
  • စစ်မဲ့ကမ္ဘာ—ဘယ်သောအခါနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စစ်မဲ့ကမ္ဘာ—ဘယ်သောအခါနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘာသာတရား—မဟာအဆီးအတား
  • ဘာသာတရား၏အနာဂတ်
  • မစုံလင်သောလူ့သဘာဝ
  • ယေရှုခရစ်—ငြိမ်သက်ခြင်းမင်းသား
  • ဘာသာတရားတွေ ဘာဖြစ်သွားမလဲ—ကျမ်းစာ အဆို
    ထပ်ဆင့် အကြောင်းအရာများ
  • နှစ်ကြာ စိတ်ပျက်ဖွယ်အားထုတ်မှုများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဘာသာရေးအမည်ခံပြီး ကျူးလွန်သော မကောင်းမှုများ အဆုံးတိုင်မည်လော
    ဘာသာရေးအမည်ခံပြီး ကျူးလွန်သောမကောင်းမှုများ အဆုံးတိုင်မည်လော
  • မဟာဗာဗုလုန်ကို အဆုံးစီရင်ခြင်း
    ဗျာဒိတ်ကျမ်း—ယင်း၏ မဟာအထွတ်အထိပ်နီးပြီ!
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၀/၁ စာ. ၄-၇

စစ်မဲ့ကမ္ဘာ—ဘယ်သောအခါနည်း

ကုလသမဂ္ဂပဋိညာဉ်စာတမ်းကို ၁၉၄၅ အောက်တိုဘာ ၂၄ တွင် အတည်ပြုလိုက်သည်။ ယင်းသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် လူသားတို့ကြံစည်အားထုတ်ခဲ့ဖူးသမျှတွင် ပြည့်စုံကျယ်ပြန့်မှုအရှိဆုံးသော မဟာဗျူဟာတစ်ခုဖြစ်သည်။ ယင်း၏အဖွဲ့ဝင် ၅၁ နိုင်ငံနှင့်စတင်သည့် ယူအဲန်သည် ကမ္ဘာ့သမိုင်းတွင် အကြီးမားဆုံးသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းဖြစ်လာသည်။ ငြိမ်းချမ်းရေးနှင့်လုံခြုံရေးကို မဖြစ်မနေရရှိစေရန်နှင့် စစ်မဲ့ကမ္ဘာကို ဆောင်ကြဉ်းပေးရန်အတွက် စစ်တပ်ကို အသုံးပြုခွင့်ရှိမည့် ယခင်ကမရှိဖူးသည့် ပထမဆုံးသော အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းလည်း ဖြစ်သည်။

ယနေ့တွင် အဖွဲ့ဝင် ၁၈၅ နိုင်ငံနှင့်အတူ ယူအဲန်သည် တစ်ခါနှင့်မျှမတူအောင် သာ၍အင်အားတောင့်တင်းလာသည်။ သို့ဆိုလျှင် သမိုင်းတွင် အစွမ်းတန်ခိုးအရှိဆုံး အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းသည် ယင်း၏မြင့်မြတ်သောရည်မှန်းချက်များအပြည့်အစုံ ပြီးမြောက်အောင်မြင်ရန် အဘယ်ကြောင့် မစွမ်းဆောင်နိုင်သနည်း။

ဘာသာတရား—မဟာအဆီးအတား

မဟာအရှုပ်တော်ပုံကြီးတစ်ခုမှာ ကမ္ဘာ့ရေးရာများတွင် ဘာသာတရားဝင်ရောက်စွက်ဖက်သည့် ကဏ္ဍဖြစ်သည်။ မှန်သည်၊ ယူအဲန်စတင်တည်ထောင်ကတည်းက ကမ္ဘာပေါ်ရှိ အဓိကဘာသာတရားများသည် ထိုအဖွဲ့အစည်းကို ပံ့ပိုးပေးရန် ကတိသစ္စာပြုခဲ့ကြသည်။ နှစ် ၅၀ မြောက် နှစ်ပတ်လည်နေ့ကို ရည်ညွှန်းကာ ပုပ် ဂျွန်ပေါလ် ၂ က ယူအဲန်ကို “ငြိမ်းချမ်းရေးကို တိုးပွားစေကာ အကာအကွယ်ပေးနေသည့် အကောင်းဆုံးသော ကိရိယာ” အဖြစ် ထုတ်ပြောခဲ့သည်။ သူ၏သဘောထားကို ကမ္ဘာတစ်ခွင်ရှိ ဘာသာရေးခေါင်းဆောင်များ၏ အသိုင်းအဝိုင်းက ခံယူကြသည်။ သို့ရာတွင် ဘာသာရေးနှင့် အစိုးရတို့အကြား ပရိယာယ်ကြွယ်ဝသော ဤထိတွေ့ဆက်ဆံမှုက ဘာသာတရားသည် ယူအဲန်အတွက် အဆီးအတားနှင့် အနှောင့်အယှက် ဖြစ်လာခဲ့သည်ဟူသည့် အမှန်တရားကို မဖုံးကွယ်နိုင်ပါ။

ဘာသာတရားသည် လူမျိုးရေးဆိုင်ရာမုန်းတီးမှု၊ စစ်ပွဲများနှင့် အမျိုးဖြုတ်သတ်ဖြတ်ခြင်းတို့ကို သွေးထိုးလှုံ့ဆော်ခြင်း၊ ထောက်ခံအားပေးခြင်းတို့တွင် အဓိကကဏ္ဍမှ ရာစုနှစ်များစွာကြာ ပါဝင်လာခဲ့သည်။ မကြာသေးမီနှစ်များက ဘာသာရေးထက်သန်မှုကို အယောင်ပြကာ အိမ်နီးချင်းတို့သည် တစ်ဦးကိုတစ်ဦး သတ်ဖြတ်ခဲ့ကြသည်။ “လူမျိုးစုသန့်စင်ရေး” ဝေါဟာရသည် ဘော်လကန်ဒေသများတွင်ဖြစ်သည့် စစ်ပွဲနှင့် ဆက်နွှယ်လျက် ကျယ်ကျယ်ပြန့်ပြန့်အသုံးပြုလာခဲ့သည်။ သို့ရာတွင် သူတို့အများစုသည် တူညီသောလူမျိုးစုအဝင်ဖြစ်ကြသောကြောင့် တစ်ဦးအပေါ်တစ်ဦး ပြင်းထန်စွာမုန်းတီးခြင်းသည် လူမျိုးစုပေါ်တွင်အခြေမပြုဘဲ ဘာသာတရားဆိုင်ရာဆက်နွှယ်ခြင်းအပေါ်တွင် အခြေပြုသည်။ မှန်သည်၊ ယခင်ယူဂိုစလားဗီးယား၌ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအတွက် ဘာသာရေးတွင် တာဝန်များစွာရှိသည်ကို ဝန်ခံရမည်; ယူအဲန်သည် ယင်းကို မတားဆီးနိုင်ခဲ့ပါ။

မကြာသေးမီက ဘာသာရေးဆိုင်ရာ ကောလိပ်ပါမောက္ခတစ်ဦးက “ဘာသာရေးဆိုင်ရာစစ်မက်လိုလားမှုများ တိုးပွားနေသော စစ်အေးတိုက်ပွဲကမ္ဘာ ပြီးနောက်တွင် ကသိကအောက်နိုင်သည့်ကြားမှ ဘာသာတရားနှင့် အမျိုးဖြုတ်သတ်ဖြတ်ခြင်းတို့ကို ဆန်းစစ်လေ့လာခြင်းသည် ကျွန်ုပ်တို့၏ အရေးတကြီးလုပ်ရမည့်ဦးစားပေးအရာထဲတွင် တစ်ခုဖြစ်ပေမည်” ဟု ဆီလျော်စွာပြောခဲ့သည်။ ဘာသာတရားသည် ကမ္ဘာ့ငြိမ်းချမ်းရေးအတွက် အဆီးအတားဖြစ်စေပုံနှင့်ပတ်သက်သော သိရှိမှုအသစ်သည် ယနေ့အချိန်တွင် ထင်ရှားသည်။

၁၉၈၁ ခုနှစ် ယူအဲန် ဆုံးဖြတ်ချက်တွင် ဤသို့ဖော်ပြထားသည်– “ကမ္ဘာ့ဒေသ တော်တော်များများတွင် သိသိသာသာတွေ့မြင်နေရဆဲဖြစ်သော သည်းမခံနိုင်မှုကိုထုတ်ဖော်တင်ပြခြင်းနှင့် ဘာသာတရား သို့မဟုတ် ယုံကြည်ချက်နှင့်ပတ်သက်သော ကိစ္စရပ်များတွင် အတန်းအစားခွဲခြားမှု ရှိနေခြင်းတို့ကို စိုးရိမ်မကင်းဖြစ် ကာ ပုံစံအမျိုးမျိုး၊ ထုတ်ဖော်တင်ပြမှုအမျိုးမျိုးဖြင့် ဖော်ပြသည့် ဤကဲ့သို့သောသည်းမခံနိုင်မှုကို အလျင်အမြန်သုတ်သင်ခြင်းနှင့် ဘာသာတရား သို့မဟုတ် ယုံကြည်ချက်အပေါ်အခြေပြုသည့် အတန်းအစားခွဲခြားမှုကို တားဆီးတိုက်လှန်ပစ်ခြင်းတို့ကို လိုအပ်သည့်အတိုင်းအတာဖြင့် ခံယူကျင့်သုံးသွားရန် အဓိဋ္ဌာန်ပြုပါသည်။”

ယင်းတို့၏ဆုံးဖြတ်ချက်နှင့်အညီ ယူအဲန်သည် ၁၉၉၅ ခုနှစ်ကို သည်းခံမှုနှစ်အဖြစ် ကြေညာခဲ့သည်။ ပြောသော်လည်း လက်တွေ့တွင်မူ ဘာသာတရားကြောင့် ကွဲပြားနေသည့်ကမ္ဘာတွင် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို ရရှိရန်ဖြစ်နိုင်ပါမည်လော။

ဘာသာတရား၏အနာဂတ်

ကျမ်းစာတွင် ဗျာဒိတ်ကျမ်းပါပရောဖက်ပြုချက်တစ်ခုက အဖြေပေးသည်။ ယင်းက “ဘုရင်မ” အဖြစ်ထိုင်ကာ “လောကီရှင်ဘုရင်တို့ကို အုပ်စိုးသောမြို့ကြီး” ကိုပိုင်ဆိုင်ထားသည့် ပုံဆောင် “ပြည့်တန်ဆာမကြီး” အကြောင်း ဆိုထားသည်။ ဤပြည့်တန်ဆာမသည် “ကာမဂုဏ်၌မွေ့လျော်” ကာ လောကီအုပ်စိုးရှင်များနှင့် ပေါင်းသင်းဆက်ဆံသည်။ ပြည့်တန်ဆာမ အငြိမ့်သားတက်စီးထားသည့် “သားရဲနီ” အဖြစ်ဤအုပ်စိုးရှင်များကို ပုံဖော်ထားသည်။ (ဗျာဒိတ် ၁၇:၁-၅၊ သတင်းကောင်း၊ ၁၈; ၁၈:၇၊ သမ) “ဗာဗုလုန်မြို့ကြီး” အဖြစ်ထင်ရှားသည့် တန်ခိုးသြဇာကြီး၍ အကျင့်ပျက်သော ဤအမျိုးသမီးသည် ရုပ်ပုံကိုးကွယ်သည့် ဘာသာတရား၏ အရင်းခံနေရာဖြစ်သည့် ရှေးဗာဗုလုန်အမည်ဖြင့် ကင်ပွန်းတပ်ခံရသည်။ ယနေ့တွင် အုပ်ချုပ်ရေးရာများတွင် ထွေးရောယှက်တင်ဖြစ်နေသည့် ကမ္ဘာ့ဘာသာတရားရှိရှိသမျှကို ဤပြည့်တန်ဆာက လျော်ကန်စွာကိုယ်စားပြုသည်။

အရေးယူလုပ်ဆောင်ရန်အကြံအစည်ကို သားရဲ၏စစ်ဘက်ဆိုင်ရာအပေါင်းပါတို့၏ နှလုံးထဲသို့ အချိန်ရောက်လျှင် ဘုရားသခင် ထည့်သွင်းပေးမည်ဖြစ်ကြောင်း မှတ်တမ်းက ဆက်ပြောသည်။ သူတို့သည် “ပြည့်တန်ဆာကိုမုန်း၍ သူ၏စည်းစိမ်ကိုဖျက်ဆီးလိမ့်မည်။ သူ၏အဝတ်တန်ဆာကို ချွတ်၍ သူ၏အသားကို ကိုက်စားလိမ့်မည်။ သူ၏ကိုယ်ကိုလည်းမီးရှို့လိမ့်မည်။” (ဗျာဒိတ် ၁၇:၁၆)a ထို့ကြောင့် အင်အားကြီးနိုင်ငံများက မှားယွင်းသောဘာသာရေးကို ဖယ်ရှားပစ်ဖို့ ထိုးစစ်ဆင်ရန် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင် အစပြု၍လုပ်ဆောင်စေတော်မူမည်။ ကမ္ဘာတစ်လွှားရှိ ဘာသာရေးစနစ်ကို ယင်း၏ကြီးကျယ်ခမ်းနားသည့်ဗိမာန်များ၊ ဝတ်ကျောင်းများနှင့်အတူ လုံးဝပျက်သုဉ်းသွားစေမည်။ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု တည်ဆောက်ရန်ဟန့်တားသည့် ဘာသာရေးဆိုင်ရာအဆီးအတားသည် ထိုအချိန်တွင် ပယ်ရှင်းခြင်းခံရမည်။ သို့သော် ဤအချိန်၌ပင် ကမ္ဘာပေါ်တွင် တကယ့်ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ရှိမည်လော။

မစုံလင်သောလူ့သဘာဝ

ဘာသာရေးကို သုတ်သင်လိုက်ခြင်းသည် စစ်မဲ့ကမ္ဘာအတွက် အမှန်ပင် လမ်းရှင်းပေးခြင်းဖြစ်မည်ဟူသည့် အာမခံချက်လော။ မဟုတ်ပါ။ ယူအဲန်သည် မျှော်လင့်ထားသည်နှင့်ခြားနားသည့် အခြေအနေတစ်ခုကို ဆက်၍ရင်ဆိုင်ရမည်။ တစ်ဖက်တွင် လူများသည် ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို လိုလားကြသည်။ အခြားတစ်ဖက်တွင်မူ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို အကြီးမားဆုံးခြိမ်းခြောက်သူများမှာ လူများပင် ဖြစ်နေသည်။ မုန်းတီးခြင်း၊ မာန်မာန၊ ဘဝင်ကိုင်ခြင်း၊ အတ္တဆန်ခြင်းနှင့် အသိဉာဏ်မဲ့ခြင်းတို့သည် ပဋိပက္ခများနှင့် စစ်ပွဲရှိရှိသမျှကိုဖြစ်ပေါ်စေသည့် လူ့ဝသီများဖြစ်ကြသည်။—ယာကုပ် ၄:၁-၄။

ကျွန်ုပ်တို့အချိန်တွင် လူများသည် “ကိုယ့်ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ ဝါကြွားသောသူ၊ ထောင်လွှားစော်ကားသောသူ၊ သူ့အသရေကို ရှုတ်ချသောသူ၊ မိဘစကားကို နားမထောင်သောသူ၊ ကျေးဇူးမရှိသောသူ၊ သန့်ရှင်းခြင်းမရှိသောသူ၊ ပကတိကြင်နာစုံမက်ခြင်းနှင့် ကင်းသောသူ၊ ရန်ငြိုးဖွဲ့သောသူ၊ ချောစားတတ်သောသူ၊ ကိုယ်ဣန္ဒြေကို မချုပ်တည်းနိုင်သောသူ၊ ပြင်းထန်သောသူ၊ သူတော်ကောင်းကို မုန်းသောသူ၊ သစ္စာကိုဖျက်တတ်သောသူ၊ သတိပေးခြင်းကို မခံသောသူ၊ မာန်မာနနှင့်ယစ်မူးသောသူ” ဖြစ်ကြမည်ဟု သမ္မာကျမ်းစာတင်ကူးပြောထားသည်။—၂ တိမောသေ ၃:၁-၄။

အတွင်းရေးမှူးချုပ် ဘူထရို့စ် ဘူထရို့စ်-ဂါလီက “ကမ္ဘာသည် လူမှုရေးနှင့် စာရိတ္တရေးဆိုင်ရာ အကျဉ်းအကျပ်ကို တွေ့ကြုံခံစားနေရပြီး လူ့အဖွဲ့အစည်းများစွာတွင် အလွန်တရာကြီးကျယ်သောအတိုင်းအတာနှင့်ဖြစ်နေသည်” ဟု ဝန်ခံသည်။ လူမှုဆက်ဆံရေးချောမွေ့စေရန် မည်မျှပင် ကြံဆောင်လုပ်ကိုင်ပါစေ မစုံလင်သော လူ့သဘာဝ၏ ဘေးဖြစ်စေတတ်သည့် ဝသီများကို မဖျောက်ဖျက်ပစ်နိုင်ပါ။—ကမ္ဘာဦး ၈:၂၁; ယေရမိ ၁၇:၉ နှိုင်းယှဉ်။

ယေရှုခရစ်—ငြိမ်သက်ခြင်းမင်းသား

ယူအဲန်သည် ကမ္ဘာ့ငြိမ်းချမ်းရေးကို ဆောင်ကြဉ်းမပေးနိုင်ကြောင်း ရှင်းနေပါသည်။ ယင်း၏အဖွဲ့ဝင်များနှင့် ထောက်ပံ့သူများသည် မြင့်မားသော ပန်းတိုင်များရှိထားကြသော်လည်း အားလုံးသည်မစုံလင်သည့် လူသားများဖြစ်ကြသည်။ ကျမ်းစာက “လူသည်မိမိသွားရာလမ်းကို အစိုးမရ။ သွားစဉ်အခါ မိမိခြေရာတို့ကို မစီရင်တတ်” ကြောင်း ဆိုထားပါသည်။ (ယေရမိ ၁၀:၂၃) ထို့အပြင် ဘုရားသခင်က ဤသို့သတိပေးသည်– “မင်းများမှစ၍ မကယ်တင်နိုင်သော လူသားကို မကိုးစားကြနှင့်။”—ဆာလံ ၁၄၆:၃။

ကျမ်းစာက ယေဟောဝါသည် မိမိ၏သားတော် ‘ငြိမ်သက်ခြင်းမင်းသား’ အားဖြင့် အထမြောက်စေမည်ဖြစ်ကြောင်း တင်ကူးပြောထားသည်။ ဟေရှာယ ၉:၆၊ ၇ ကဤသို့ဆိုသည်– “အကြောင်းမူကား ငါတို့အဖို့ သူငယ်ကိုဖွားမြင်၏။ ငါတို့အား သားကို သနားတော်မူ၏။ ထိုသူသည် အုပ်စိုးခြင်း အာဏာစက်ရှိလိမ့်မည်။ နာမတော်မူကား အံ့သြဖွယ်၊ တိုင်ပင်ဘက်၊ တန်ခိုးကြီးသောဘုရားသခင်၊ ထာဝရအဘ၊ ငြိမ်သက်ခြင်းအရှင်ဟု ခေါ်ဝေါ်သမုတ်ခြင်းကို ခံတော်မူလိမ့်မည် . . . အာဏာတော်တိုးတက်ခြင်းနှင့် ငြိမ်သက်တော်မူခြင်းသည် နိစ္စအမြဲရှိလိမ့်မည်။”

ကမ္ဘာ့နိုင်ငံများသည် စိတ်ပျက်စရာကောင်းသော နှစ် ၅၀ ကြာ အားထုတ်မှုများကြောင့် နွမ်းလျနေကြပေပြီ။ များမကြာမီ သူတို့သည် ပြည့်တန်ဆာကဲ့သို့သော ဘာသာရေးအဖွဲ့အစည်းများကို ဖျက်ဆီးလိမ့်မည်။ ထို့နောက် “ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်” ဖြစ်သည့် ယေရှုခရစ်နှင့် သူ၏ကောင်းကင်စစ်သည်တော်တပ်သည် လူ့အုပ်ချုပ်ရေးရှိရှိသမျှကို လက်စတုံးပစ်မည်ဖြစ်ပြီး ဘုရားသခင့်အကြွင်းမဲ့ပိုင်သအုပ်စိုးမှုကို ငြင်းဆန်သူများအား ကွပ်မျက်ပစ်မည်ဖြစ်သည်။ (ဗျာဒိတ် ၁၉:၁၁-၂၁; ဒံယေလ ၂:၄၄ နှိုင်းယှဉ်။) ဤနည်းဖြင့် ယေဟောဝါဘုရားသခင်သည် စစ်မဲ့ကမ္ဘာတစ်ခု ဆောင်ကြဉ်းပေးတော့မည်။

[အောက်ခြေမှတ်ချက်များ]

a မဟာဗာဗုလုန်နှင့် ပတ်သက်သော ဗျာဒိတ်ကျမ်း၏ ပရောဖက်ပြုချက်နှင့်ပတ်သက်၍ အတွင်းနက်နက်လေ့လာနိုင်ရန် ၁၉၈၈ ခုနှစ်တွင် နယူးယောက်မြို့ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့်ဝေစာအသင်းမှ ထုတ်ဝေလိုက်သည့် ဗျာဒိတ်ကျမ်း—ယင်း၏မဟာအထွတ်အထိပ်နီးပြီ! [လိပ်] စာအုပ် အခန်း ၃၃ မှ ၃၇ အထိရှု။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]

ယူအဲန်နှင့်ပတ်သက်၍ ခရစ်ယာန်အမြင်

ကျမ်းစာပရောဖက်ပြုချက်တွင် လူ့အုပ်ချုပ်မှုများကို သားရဲများအားဖြင့် မှတ်သားပြလေ့ရှိသည်။ (ဒံယေလ ၇:၆၊ ၁၂၊ ၂၃; ၈:၂၀-၂၂) ထို့ကြောင့် ကင်းမျှော်စင်မဂ္ဂဇင်းသည် ယနေ့အစိုးရများအပါအဝင် ဗျာဒိတ် ၁၃ နှင့် ၁၇ ပါ သားရဲများကိုဆယ်စုနှစ်များစွာကြာ ခွဲခြားဖော်ပြလာခဲ့သည်။ ယင်းတွင် ဗျာဒိတ် ၁၇ ပါ ခေါင်းခုနစ်လုံး ချိုဆယ်ချောင်းရှိ သားရဲနီအဖြစ် ပုံဖော်ထားသည့် ယူအဲန်ပါဝင်သည်။

သို့ရာတွင် ကျမ်းစာရှုမြင်ပုံအရ အစိုးရများ သို့မဟုတ် သူတို့၏အရာရှိများအပေါ် မည်သည့်ပုံစံဖြင့်မဆို မလေးမစားပြုခွင့်မရှိပါ။ ကျမ်းစာက ဤသို့ရှင်းလင်းစွာဖော်ပြသည်– “အစိုးရသော မင်းအာဏာစက်၏အုပ်စိုးခြင်းကို လူတိုင်းဝန်ခံစေ။ အကြောင်းမူကား၊ ဘုရားသခင်၏အခွင့်မရှိလျှင် မင်းအာဏာစက်မရှိ၊ အာဏာစက်ရှိသမျှသည် ဘုရားသခင်ခန့်ထားတော်မူရာ ဖြစ်သတည်း။ ထို့ကြောင့် မင်းအာဏာကို ဆန်သောသူသည် ဘုရားသခင်စီရင်တော်မူရာကို ဆန်သောသူဖြစ်၏။ ထိုသို့ ဆန်သောသူသည်ရာဇဝတ်ကို ခံရမည်။”—ရောမ ၁၃:၁၊ ၂။

ထိုသို့နှင့်အညီ နိုင်ငံရေးကြားနေမှုကို အခိုင်အမာစွဲကိုင်ထားသော ယေဟောဝါသက်သေများသည် လူ့အစိုးရများကို မဆန့်ကျင်ကြပါ။ သူတို့သည် တော်လှန်မှုကို ဘယ်တော့မျှ ဆွမပေး သို့မဟုတ် မြို့ပြဥပဒေမနာခံသည့် အပြုအမူတို့တွင် ဘယ်တော့မျှမပါဝင်ကြပါ။ ယင်းအစား အချို့သောအုပ်ချုပ်မှုပုံစံသည် လူ့ဘောင်အဖွဲ့အစည်းတွင် တရားဥပဒေနှင့် အစီအစဉ်ကျနမှု ဆက်ရှိစေရန်အတွက် မရှိမဖြစ်လိုအပ်သည်ဟု အသိအမှတ်ပြုကြသည်။—ရောမ ၁၃:၁-၇; တိတု ၃:၁။

ယေဟောဝါသက်သေများသည် ကမ္ဘာပေါ်ရှိ အခြားအစိုးရအဖွဲ့အစည်းများအပေါ် သူတို့၏ရှုမြင်ပုံအတိုင်း ယူအဲန်အဖွဲ့အစည်းကိုရှုမြင်ကြသည်။ ယူအဲန်သည် ဘုရားသခင်၏ခွင့်ပြုချက်ဖြင့် ဆက်၍တည်ရှိနေသည်ဟု သူတို့အသိအမှတ်ပြုသည်။ ဘုရားသခင်ကို ပြစ်မှားရာမရောက်သ၍ ယေဟောဝါသက်သေများသည် ကျမ်းစာနှင့်အညီ အစိုးရရှိရှိသမျှကို လျောက်ပတ်သော ရိုသေလေးစားမှုနှင့် နာခံမှုတင်ပြကြသည်။—တမန်တော် ၅:၂၉။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ