ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၁၂/၁၅ စာ. ၂၄-၂၅
  • “ကျွန်မဟာ ယေဟောဝါအတွက်တန်ဖိုးရှိပါတယ်!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ကျွန်မဟာ ယေဟောဝါအတွက်တန်ဖိုးရှိပါတယ်!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ကို ယေဟောဝါ တန်ဖိုးထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၁
  • သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၁၉၉၈
  • အဘယ်အရာကမျှ “ဘုရားသခင်၏ မေတ္တာတော်နှင့် ငါတို့ကိုမကွာစေနိုင်”
    ယေဟောဝါထံ ချဉ်းကပ်လော့
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၁၂/၁၅ စာ. ၂၄-၂၅

“ကျွန်မဟာ ယေဟောဝါအတွက်တန်ဖိုးရှိပါတယ်!”

ဤ“ခဲယဉ်းသောကာလ” အတွင်း များစွာသောယေဟောဝါ၏သစ္စာရှိကျေးကျွန်တို့သည် တန်ဖိုးမရှိဟူသည့်ခံစားမှုများဖြင့် အမြဲရင်ဆိုင်တိုက်ခိုက်နေကြရသည်။ (၂ တိမောသေ ၃:၁) ယင်းသည် အံ့ဩစရာမဟုတ်ပါ။ အကြောင်းမှာ စာတန်၏ “စဉ်းလဲသောလုပ်ရပ်များ” မှ တစ်ခုမှာ ကျွန်ုပ်တို့သည် ချစ်ခင်နှစ်သက်မှုမခံရ၊ ကျွန်ုပ်တို့၏ဖန်ဆင်းရှင်ကပင်မချစ်မနှစ်သက်ဟု ခံစားရစေရန်ဖြစ်သည်! (ဧဖက် ၆:၁၁၊ ကဘ၊ အောက်ခြေမှတ်ချက်) သင့်လျော်စွာပင် ၁၉၉၅၊ ဧပြီ ၁ ရက်ထုတ် ကင်းမျှော်စင်တွင် “သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!” နှင့် “မေတ္တာနှင့် ကောင်းသောအလုပ်များတွင် နှိုးဆော်—မည်သို့အားဖြင့်နည်း” ဟူ၍ခေါင်းစဉ်တပ်ထားသည့် အသင်းတော်လေ့လာရန်အတွက် ဆောင်းပါးနှစ်ခုပါရှိခဲ့သည်။ ယင်းဆောင်းပါးများက ကျွန်ုပ်တို့၏အားထုတ်မှုကို ယေဟောဝါမြတ်နိုးတန်ဖိုးထားကြောင်း ကျွန်ုပ်တို့သတိရစေရန်အတွက် စီစဉ်ထားခြင်းဖြစ်သည်။ အောက်ပါတို့မှာ လက်ခံရရှိခဲ့သည့် ကျေးဇူးတင်သည့်ဖော်ပြချက်အချို့ ဖြစ်သည်–

“ယေဟောဝါသက်သေတစ်ဦးအနေနဲ့ ၂၇ နှစ်တာအတွင်းမှာ ကျွန်မကို ဒီလောက်ထိမိခဲ့တဲ့ မဂ္ဂဇင်းမရှိသေးဘူး။ ကျွန်မမထိန်းနိုင်တော့ဘဲ ငိုချမိတယ်—ဒီဆောင်းပါးတွေဟာ ကျွန်မအတွက် အဲဒီလိုသက်သာမှုမျိုးကို ရရှိစေပါတယ်။ အခု ကျွန်မကို ယေဟောဝါအလွန်ပဲချစ်မြတ်နိုးပါတယ်ဆိုတာကို ခံစားနေရပါပြီ။ အဲဒါက ကျွန်မရဲ့ပခုံးပေါ်ကနေ ဝန်ထုပ်ကြီးကိုဖယ်ချလိုက်သလိုပါပဲလေ။”—စီ. အိပ်ချ်.

“ဒီမဂ္ဂဇင်းကို တစ်နေ့တည်းမှာပဲလေးကြိမ် ကျွန်တော်ဖတ်ဖြစ်ခဲ့တယ်။ တန်ဖိုးမရှိဘူးလို့ထင်မှတ်နေတယ်ဆိုရင် သင်သည် မုသားကိုသွန်သင်ခံနေရသည်ဆိုပြီး အဲဒီဆောင်းပါးကပြောတဲ့နည်းအတိုင်း ကျွန်တော်ခံစားရတယ်။ ဒီဆောင်းပါးကို သိုးထိန်းလည်ပတ်မှုနဲ့ တစ်အိမ်မှတစ်အိမ်ဟောပြောခြင်းမှာ ကျွန်တော်အသုံးပြုသွားပါမယ်။”—အမ်. ပီ.

“စာတန်ဟာ ယေဟောဝါကိုချစ်မြတ်နိုးတဲ့သူတွေကိုတောင် တန်ဖိုးမရှိဘူး၊ ချစ်ခင်နှစ်သက်မှုမခံရဘူးဆိုပြီး ခံစားမှုဖြစ်စေအောင် ပြောင်မြောက်စွာလုပ်ဆောင်ခဲ့ပါပြီ။ ယေဟောဝါဟာ ကျွန်မတို့ကိုအလွန်ချစ်တယ်ဆိုတဲ့အကြောင်း၊ ကိုယ်တော့်အတွက် ကျွန်မတို့လုပ်တဲ့ သေးငယ်တဲ့အရာကလေးကိုတောင် ကိုယ်တော်တန်ဖိုးထားတယ်ဆိုတဲ့အကြောင်း ‘သစ္စာရှိကျွန်’ အတန်းအစားကနေ သတိပေးတာဟာ ကျွန်မဖတ်ရတဲ့ အားအရှိဆုံးသောအရာတစ်ခုပါပဲ။ ဒီဆောင်းပါးတွေမှာ ရှင်တို့ဖော်ပြထားတဲ့ ခံစားမှုတွေကို ကျွန်မနှစ်ပေါင်းများစွာခံစားခဲ့ရတယ်။ ယေဟောဝါရဲ့မေတ္တာတော်နဲ့ ထိုက်တန်တယ်လို့ ကျွန်မဘယ်တော့မှမခံစားခဲ့ရဘူး။ ဒါကြောင့် အဲဒီမေတ္တာတော်ကိုရရှိဖို့အတွက် ကိုယ်တော်ရဲ့လုပ်ငန်းတော်မှာ ပိုပိုပြီးပါဝင်ဖို့ ကျွန်မကြိုးစားခဲ့တယ်။ ဒါပေမဲ့လည်း အပြစ်ရှိတယ်ဆိုတာရယ်၊ ရှက်ရွံ့မှုရယ်က ကျွန်မကိုလှုံ့ဆော်နေခဲ့တယ်။ ဒါကြောင့် အမှုတော်မှာ အချိန်နာရီပေါင်းဘယ်လောက်ပဲသုံးသုံး၊ လူဘယ်လောက်ကိုပင် ကူညီပေးခဲ့ပေးခဲ့ အဲ့ဒါတွေဟာ လုံလောက်မှုမရှိသေးဘူးလို ကျွန်မခံစားရတယ်။ ကျွန်မမှာပဲ လိုအပ်မှုရှိနေတာပါပဲလို့ ကျွန်မထင်မှတ်တယ်။ အခုတော့ ယေဟောဝါအတွက် မေတ္တာနဲ့ အမှုထမ်းတဲ့အခါ ကိုယ်တော်ပြုံးနေတာ၊ ကျွန်မအတွက်ကြောင့် ကိုယ်တော်ဂုဏ်ယူနေတာကို ကျွန်မမြင်ယောင်မိပါတယ်။ အဲဒါက ကိုယ်တော့်ကို ပိုပြီးချစ်မြတ်နိုးလာစေတယ်၊ ပိုပြီးလုပ်ဆောင်လိုမှု ဖြစ်လာစေပါတယ်။ အခုဆိုရင် ယေဟောဝါအတွက် အမှုထမ်းရခြင်းကနေ ကြီးမားလှတဲ့ပျော်ရွှင်မှုကို ကျွန်မခံစားနေရပါပြီ။”—အာ. အမ်.

“ကျွန်တော်ဖတ်ဖူးသမျှထဲမှာ ကျွန်တော်တို့ရဲ့နှလုံးကိုထိမိတဲ့ အကောင်းဆုံး၊ တည်ဆောက်မှု အပေးဆုံး၊ မှန်ပါတယ်၊ ပြောင်မြောက်လှတဲ့ဆောင်းပါးတွေပဲဖြစ်ပါတယ်! ကင်းမျှော်စင် ကို ကျွန်တော်ဖတ်လာတာ ၅၅ နှစ်ရှိပြီဖြစ်တယ်။ မှတ်သားလောက်တဲ့စာစောင်တွေ ရှိခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ဟာ ‘တန်ဖိုးမရှိဘူး’၊ ‘ချစ်ခင်နှစ်သက်မှုမခံရဘူး’၊ ယေဟောဝါရဲ့မေတ္တာတော်ကို ‘ရရှိ’ ဖို့ လုံလောက်အောင်မလုပ်ဆောင်နိုင်ဘူးဆိုတဲ့ စိတ်ထင့်မှု၊ စိုးရိမ်မှု၊ ကြောက်ရွံ့မှုတွေကို လျော့နည်းသက်သာစေခဲ့သမျှထဲမှာ ဒီစာစောင်ဟာ အသာလွန်ဆုံးပဲဖြစ်ပါတယ်။ ဒီကင်းမျှော်စင်မှာ ညီအစ်ကိုတွေအလွန်လိုအပ်နေတဲ့ ဝိညာဏကူညီမှုမျိုး ပါတယ်။ ဒီဆောင်းပါးတွေကို သိုးထိန်းလည်ပတ်မှုလုပ်တဲ့အခါမှာ ထပ်ခါထပ်ခါအသုံးပြုသွားဖို့ ကျွန်တော်ရည်ရွယ်ထားပါတယ်။”—အဲဖ်. ကေ.

“ကျွန်မတို့လိုသူတွေဟာ ကိုယ့်ကိုယ်ကိုအထင်မကြီးမှု၊ ဒါမှမဟုတ် ကိုယ့်ကိုယ်ကို မနှစ်မြို့တဲ့ခံစားချက်နဲ့ ရုန်းကန်လှုပ်ရှားနေရတာကြောင့် သမ္မာတရားမှာ ဆက်လျှောက်လှမ်းနိုင်အောင် ခွန်အားတွေစုစည်းဖို့ဆိုတာ တော်တော်ခက်ခဲပါတယ်။ ဒီဆောင်းပါးဟာ အလွန်ထောက်ထားစာနာမှုနဲ့ နားလည်မှုကို ထင်ဟပ်ပြတဲ့အတွက် နှလုံးထိတောင် အေးငြိမ်းသွားတဲ့ အနာရောဂါကိုပျောက်ကင်းစေနိုင်တဲ့ဆီမွှေးကို လိမ်းပေးလိုက်တာနဲ့တောင်တူနေပါတယ်။ ဒီလိုစကားလုံးတွေကို ကင်းမျှော်စင်မှာ ဖတ်ရှုရတာ၊ ယေဟောဝါ အမှန်ပဲနားလည်မှု ရှိ တယ်ဆိုတာကို သံသယကင်းစွာနဲ့သိရှိခွင့်ရတာဟာ တကယ့်ကိုစိတ်သက်သာမှုကြီးပါပဲ! ယေဟောဝါဟာ မိမိရဲ့လူတွေကို အပြစ်ရှိမှု၊ ရှက်ရွံ့မှု ဒါမှမဟုတ် ကြောက်ရွံ့မှုတွေကနေတစ်ဆင့် လှုံ့ဆော်ဖို့မကြိုးစားဘူးဆိုတာကို သတိပေးတဲ့အတွက် ရှင်တို့ကိုကျေးဇူးတင်ပါတယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မရဲ့ပါဝင်မှုဟာ မိသားစုငွေကြေးအခက်အခဲနဲ့ ကျန်းမာရေးပြဿနာတွေကြောင့် မကြာသေးမီက အတော့်ကိုကန့်သတ်ခံခဲ့ရပေမဲ့ ကျွန်မလုပ်နိုင်သလောက်အရာမှာ ကျေနပ်မှုရနေတုန်းပါပဲ။ မေတ္တာကို ကျွန်တော်ရဲ့လှုံ့ဆော်စွမ်းအားဖြစ်စေတဲ့အခါ လုပ်ငန်းတော်မှာ ပိုပျော်ရွှင်တယ်ဆိုတာ တွေ့ရှိရပါတယ်။”—ဒီ. အမ်.

“‘သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!’ ကို ကျွန်တော်ခုလေးတင်ဖတ်ပြီးသွားတယ်။ စာပိုဒ်တိုင်းက ကျွန်တော့်ကိုမျက်ရည်တွေဝဲလာစေတယ်။ ကျွန်တော်ဟာ မေတ္တာကင်းမဲ့တဲ့အိမ်ထောင်က ပေါက်ဖွားလာတာဖြစ်ပါတယ်။ ကျွန်တော်ဟာ အနှိမ်ခံရ၊ နောက်ပြောင်ခံရ၊ ပြက်ရယ်ပြုခံခဲ့ရတယ်။ ဘဝအစောပိုင်းတုန်းက ကျွန်တော်ဟာ တန်ဖိုးမရှိပါဘူးလို့ ခံစားခဲ့ရတယ်။ ဒုက္ခရောက်တဲ့အခါ ကျွန်တော့်ကိုပြိုလဲသွားစေတဲ့ အတိတ်ကခံစားချက်တွေကို ကျွန်တော်စွဲလမ်းနေတုန်းပါပဲ။ အသင်းတော်အကြီးအကဲအဖြစ် မထမ်းဆောင်တော့တဲ့အခါ ဘုရားသခင်၊ ကျွန်တော့်မိသားစုနဲ့ အသင်းတော်ကညီအစ်ကိုတွေကို ခါတိုင်းလိုပါပဲ ဆုံးရှုံးသွားပြီလို့ ကျွန်တော်ခံစားရတယ်။ အဲဒီခံစားချက်တွေကို ညတွင်းချင်း မပျောက်သွားစေပေမဲ့လည်း ဒီအခန့်သင့်ဆောင်းပါးဟာ စိတ်တည်ငြိမ်မှုအတော်အတန်ပြန်ရရှိဖို့ အကူအညီဖြစ်စေခဲ့ပါတယ်။ အဲဒါက ကျွန်တော့်ရဲ့အမြင်သဘောထားကို တောက်ပလာစေခဲ့တယ်။”—ဒီ. အဲလ်.

“‘သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!’ ဟူသည့်ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ ငယ်စဉ်ဘဝ မတော်မတရားကျင့်ခံရမှုကနေ အမြစ်တွယ်လာတဲ့ တန်ဖိုးမရှိဘူးဆိုတဲ့ နက်ရှိုင်းတဲ့ခံစားချက်တွေအပြင် ကိုယ့်ကိုယ်ကိုအလွန့်အလွန်မုန်းတီးမှုတွေနဲ့ ရင်ဆိုင်ဖြေရှင်းနေခဲ့ရတယ်။ ဒီထင်ယောင်ထင်မှားဖြစ်တဲ့ အတွေးတွေကို စာတန်ကိုယ်နှိုက်ရဲ့ စဉ်းလဲတဲ့လုပ်ရပ်အဖြစ်ရှုမြင်တာဟာ အမှန်ပဲသင့်တော်လှပါတယ်။ အဲ့ဒါဟာ လူတစ်ယောက်ရဲ့အသက်ရှင်နေထိုင်လိုစိတ်ကိုတောင် ချေဖျက်ပစ်လိုက်နိုင်တယ်။ ကျွန်မဟာ ချစ်ခင်နှစ်သက်မှုမခံရဘူးဆိုတဲ့ လိမ်ညာမှုကြီးကိုတွန်းလှန်ဖို့ အမှန်ပဲနေ့စဉ်လုပ်ဆောင်ရဦးမှာဖြစ်တယ်။ ဒီဆောင်းပါးဟာ ရှင်တို့သိနိုင်တာထက် ကျွန်မအတွက်ပိုပြီးလို့တောင်အဓိပ္ပာယ်ရှိနေပါသေးတယ်။”—စီ. အဲဖ်.

“ယနေ့ညီအစ်ကိုတွေဟာ အတင်း ဒါမှမဟုတ် ဖိအားပေးတာထက် မေတ္တာကလှုံ့ဆော်တဲ့လုပ်ရပ်တွေကို ယေဟောဝါတန်ဖိုးထားတယ်ဆိုတဲ့ထင်မြင်ချက်ကို အထူးသဖြင့်တုံ့ ပြန်လာကြတယ်။ ယေဟောဝါရဲ့နွေးထွေးတဲ့ချစ်ခင်ကြင်နာမှု၊ တစ်ယောက်ချင်းအပေါ်မှာ စိတ်ဝင်စားမှုနဲ့ မိမိကိုယ်ကိုကမ်းလှမ်းတဲ့ ချစ်ဖွယ်ကောင်းတဲ့အမူအကျင့်တွေကို ဆင်ခြင်စဉ်းစားလိုက်တာဟာ လန်းဆန်းမှုနှင့် လှုံ့ဆော်မှုကိုဖြစ်စေသည်။ အဲဒီအကြောင်းကြောင့် ‘သင်သည် ဘုရားသခင့်ရှေ့တော်၌ အဖိုးထိုက်လှပေစွ!’ ဆိုတဲ့ဆောင်းပါးကို ရရှိပြီးလျှင်ပြီးချင်း များစွာသောသူတို့ဟာ ကျေးဇူးတင်လေးမြတ်မှုကို တင်ပြကြတယ်။ အဲဒါက ယေဟောဝါနဲ့တိုက်ရိုက်ဆက်ဆံရေးမှာ ပိုပြီးတိုးတက်လာဖို့ များစွာသောသူတို့အတွက် လမ်းဖွင့်သွားတာနဲ့တူပါတယ်။ မကြာသေးခင်က ကင်းမျှော်စင်မဂ္ဂဇင်းမှာဖော်ပြထားတဲ့ လေသံနဲ့ အကင်းပါးမှုအတွက် ကျွန်တော့်ဇနီးနဲ့ ကျွန်တော်က ကျေးဇူးတင်လိုပါတယ်။ အသင်းတော်တွေကို လည်ပတ်တဲ့အခါ ဒီအချက်တွေ အများကြီးကို အသုံးပြုသွားဖို့အတွက် လုပ်ဆောင်နေကြပါတယ်။”—နယ်လှည့်ကြီးကြပ်မှူးတစ်ဦးထံမှ။

“ကျွန်မဟာ စွဲစွဲမြဲမြဲစာဖတ်သူတစ်ယောက်အနေနဲ့ နှစ်ပေါင်း ၃၀ ကြာခဲ့ပြီဖြစ်ပေမဲ့ ဒီလောက်လှုံ့ဆော်၊ ဒီလောက်စိတ်ဓာတ်မြှင့်တင်ပေးတဲ့အရာကို တစ်ခါမှမဖတ်ဖူးခဲ့ဘူး။ ကျမ်းချက်တွေကို တန်ခိုးပါပါ၊ ကျွမ်းကျွမ်းကျင်ကျင်အသုံးပြုထားတာက ကျွန်မရဲ့ခံစားချက်မှာဖုံးကွယ်နေတဲ့လိမ်ညာမှုတွေကို အမြစ်လှန်ပစ်လိုက်ပြီး ယေဟောဝါနဲ့ပိုပြီးရင်းနှီးလာခွင့်ကိုဖြစ်စေခဲ့ပါတယ်။ နှစ်အတော်ကြာတောင် အပြစ်ရှိတယ်ဆိုတဲ့စိတ်ထင်နဲ့ ယေဟောဝါကိုအမှုဆောင်ခဲ့ရတယ်။ ရွေးနုတ်ဖိုးနဲ့ ဘုရားသခင့်မေတ္တာကို ကျွန်မဟာ ဦးနှောက်နဲ့ပဲနားလည်ခဲ့တယ်။ ဒီလောက်ထိုးထွင်းသိမြင်ပြီး ထောက်ထားစာနာမှုရှိတဲ့ဆောင်းပါးအတွက် ကျေးဇူးတင်ပါတယ်။ ဒီလိုဆောင်းပါးတွေအများကြီးကို ထပ်ပြီးဖတ်ရှုဖို့ ကျွန်မမျှော်လင့်နေပါတယ်။”—အမ်. အက်စ်.

“သမ္မာတရားအတွင်း ၂၉ နှစ်တာတစ်လျှောက်လုံးမှာ ဘယ်အချိန်ကများ ဆောင်းပါးတစ်ပုဒ်က ဒီလိုကျေးဇူးတင်မှု၊ လေးလေးနက်နက်စိတ်ခံစားမှုနဲ့ ကျွန်မကိုတုံ့ပြန်စေခဲ့တယ်ဆိုတာကို ကျွန်မဖြင့်မမှတ်မိနိုင်တော့ပါဘူးလေ။ ဂရုတစိုက်ရှိတဲ့မိသားစုက မေတ္တာကြီးမားစွာနဲ့ ကျွန်မကိုကျွေးမွေးသုတ်သင်ပေးခဲ့ပေမဲ့ ယေဟောဝါကိုအမှုထမ်းထိုက်ဖို့နေနေသာသာ အသက်ရှင်ထိုက်တယ်လိုတောင် ကျွန်မမခံစားရပါဘူး။ ဒီဆောင်းပါးကိုဖတ်ပြီးတဲ့နောက် ဒူးထောက်ပြီး ရှိုက်ကြီးတငင်နဲ့ ယေဟောဝါကိုကျေးဇူးတင်မိတယ်။ ဒီဆောင်းပါးကို ကျွန်မအမြဲအမြတ်တနိုးထားသွားပါ့မယ်။ ကျွန်မကိုယ်ကိုကျွန်မ ခြားနားတဲ့အမြင်နဲ့လည်း ရှုမြင်သွားပါတော့မယ်။ ဘာဖြစ်လို့လည်းဆိုရင် ကျွန်မဟာ ယေဟောဝါအတွက်တန်ဖိုးရှိပါတယ်ဆိုတာကို အခုသိရှိလာပြီးဖြစ်တဲ့အတွက်ကြောင့်ပါပဲ။”—ဒီ. ဘီ.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ