ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၃/၁ စာ. ၇
  • ယင်းကိုသူတို့ အဘယ်ကြောင့်လုပ်ကြသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယင်းကိုသူတို့ အဘယ်ကြောင့်လုပ်ကြသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ၁၉၉၈ ခုနှစ် “ဘုရားသခင်၏အသက်လမ်း”ခရိုင်နှင့် အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
  • ၁၉၉၉ ခုနှစ် “ဘုရားသခင့်ပရောဖက်ပြုချက်ဆိုင်ရာစကားတော်” ခရိုင်စည်းဝေးကြီးများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • စည်းဝေးကြီးများ—ကျွန်ုပ်တို့ညီအစ်ကိုအသင်းအပင်းဖြစ်ကြောင်း ရွှင်လန်းဖွယ်အတည်ပြုချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ကျွန်ုပ်တို့ရဲ့ ခရိုင်စည်းဝေးကြီးများ—အမှန်တရားအတွက် အစွမ်းထက်တဲ့ သက်သေခံချက်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၃/၁ စာ. ၇

ယင်းကိုသူတို့ အဘယ်ကြောင့်လုပ်ကြသနည်း

ကမ္ဘာတစ်ဝန်းရှိယေဟောဝါသက်သေများသည် နှစ်စဉ်စည်းဝေးကြီးများ၌ထောင်နှင့်ချီ၍ စုဝေးကြသည်။ ထိုတွင် ပျော်ရွှင်စွာပေါင်းသင်းကြပြီး အထူးကောင်းမွန်သောသမ္မာကျမ်းစာလမ်းညွှန်မှုအစီအစဉ်ကို ကြားနာကြသည်။ အချို့သည် ဤစည်းဝေးကြီးများကိုတက်ရောက်ဖို့ အလွန်ပင်အားထုတ်ကြသည်။ သာဓကအနေဖြင့် လွန်ခဲ့သောနှစ်တွင် မာလာဝီမှအသက် ၆၅ နှစ်အရွယ်ရှိမောင်နှံတစ်စုံသည် သူတို့၏သား၊ ချွေးမ၊ မြေးနှင့်အတူ စည်းဝေးကြီးတက်ရောက်ဖို့ စက်ဘီးဖြင့်မိုင် ၅၀ သွားခဲ့ကြသည်။ သူတို့သည် နံနက်ခြောက်နာရီတွင် ရွာမှထွက်ခဲ့ပြီး ၁၅ နာရီအကြာတွင် စည်းဝေးကြီးကျင်းပမည့်နေရာသို့ ရောက်ရှိကြသည်။

မိုဇမ်ဘစ်နိုင်ငံတွင် အုပ်စုတစ်စုသည် စည်းဝေးကြီးတက်ရောက်ဖို့ စက်ဘီးဖြင့်သုံးရက်သွားခဲ့ကြသည်။ တစ်ညတွင် လဟာပြင်ကွက်လပ်၌စခန်းချကြသောအခါ အနီးမှခြင်္သေ့များ၏ဟောက်သံကို ကြားခဲ့ကြသည်။ တိရစ္ဆာန်များရှိရာအရပ်သို့ မီးထင်းများဖြင့်ပစ်ပေါက်ကြသော်လည်း ခြင်္သေ့များသည်မိုးသောက်သည့်အထိ ယင်းတစ်ဝိုက်တွင်ရှိနေကြသည်။ အခြားသက်သေခံတစ်ဦးသည် ယင်းစည်းဝေးကြီးကိုတက်ရောက်ဖို့ထွက်လာခဲ့ရာ လမ်းတွင် ခြင်္သေ့တစ်ကောင်နှင့်မျက်နှာချင်းဆိုင် ရင်ဆိုင်ခဲ့ရသည်။ သူသည် ခြင်္သေ့မထွက်သွားမီအထိ မလှုပ်ဘဲတိတ်ဆိတ်စွာရပ်နေခဲ့သည်။ စည်းဝေးကြီးတွင် ဤသက်သေခံများသည် “ခြင်္သေ့ခံတွင်းမှကယ်နုတ်ခြင်း” ခံရပုံကို ဝမ်းသာအယ်လဲပြောပြခဲ့ကြသည်။—၂ တိမောသေ ၄:၁၇။

ယေဟောဝါသက်သေများစွာသည် ဝတ်ပြုမှုအတွက် စည်းဝေးကြီးများ သို့မဟုတ် ပတ်စဉ်အစည်းအဝေးများကိုပင်တက်ရောက်ဖို့ အလွန်ပင်အားထုတ်ကြသည်။ အဘယ်ကြောင့်နည်း။ အတူတကွစည်းဝေးခြင်းသည် အဘယ်ကြောင့်အလွန်အရေးကြီးကြောင်းကို နောက်ဆောင်းပါးများက သိရှိနားလည်စေပါလိမ့်မည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ