ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၁၁/၁၅ စာ. ၈-၉
  • ကိုယ်ကျိုးစွန့်ခြင်းက ယေဟောဝါထံမှ ကောင်းချီးများရစေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကိုယ်ကျိုးစွန့်ခြင်းက ယေဟောဝါထံမှ ကောင်းချီးများရစေ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မှန်ကန်သော စေ့ဆော်မှု
  • ကိုယ်ကျိုးစွန့်လုပ်ငန်း
  • ယေဟောဝါအမှုတော်ကို ကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ထမ်းရွက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်နေသူတွေကို သတိရပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • အဘယ်ကြောင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ်ရှိရသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ယေရှုနောက်တော်သို့ အဆက်မပြတ်လိုက်လော့
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၁၁/၁၅ စာ. ၈-၉

‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏’

ကိုယ်ကျိုးစွန့်ခြင်းက ယေဟောဝါထံမှ ကောင်းချီးများရစေ

အမျိုးသားတစ်ဦးသည် ကင်မရွန်းနိုင်ငံ၏တောနက်ထဲတွင် စက်ဘီးဖြင့်ခရီးသွားနေသည်။ သူသည် အခြားသူများကိုအားပေးရန် ရေကြီးနေသည့်လမ်းများတစ်လျှောက် ရွှံ့ထဲတွင် အန္တရာယ်များကိုကျော်ဖြတ်လျက် နာရီနှင့်ချီပြီး စက်ဘီးနင်းရသည်။ သီးခြားအုပ်စုလေးတစ်ခုကို ကျမ်းစာသင်ပေးရန် ဇင်ဘာဘွေနိုင်ငံမှ အချို့သူတို့သည် သူတို့၏အဝတ်အစားနှင့် ရှူးဖိနပ်များ ရေမစိုစေရန် ခေါင်းပေါ်တွင်ရွက်ကာ ရေကြီးသောမြစ်များကိုဖြတ်၍ ကိုးမိုင်ခရီးသွားခဲ့ကြသည်။ အခြားတစ်နေရာတွင် အမျိုးသမီးတစ်ဦးသည် မနက်စောစော၌သာ အချိန်တစ်နာရီပေးနိုင်သော သူနာပြုဆရာမတစ်ဦးကို ကျမ်းစာသင်ပေးရန် မနက်လေးနာရီတွင် အိပ်ရာထရသည်။

ဤသာဓကသုံးခုတွင် တူညီချက်ကားအဘယ်နည်း။ သူတို့အားလုံးသည် သမ္မာကျမ်းစာအမှန်တရား သွန်သင်ပေးခြင်းလုပ်ငန်းတွင်ပါဝင်နေသော ယေဟောဝါသက်သေများ၏ အချိန်ပြည့်အမှုဆောင်များဖြစ်ကြသည်။ ထိုသူတို့တွင် မှန်မှန်ရှေ့ဆောင်၊ အထူးရှေ့ဆောင်၊ ခရစ်ယာန်သာသနာပြု၊ နယ်လှည့်ကြီးကြပ်မှူး၊ ကမ္ဘာတစ်ဝန်းရှိ ဗေသလအိမ်များမှ စေတနာ့ဝန်ထမ်းတို့ပါဝင်သည်။ ကိုယ်ကျိုးစွန့်ခြင်းသည် သူတို့၏ သိသာထင်ရှားသော အမှတ်လက္ခဏာဖြစ်သည်။a

မှန်ကန်သော စေ့ဆော်မှု

တိမောသေအား တမန်တော်ပေါလု တိုက်တွန်းပြောဆိုခဲ့သည့် ဤစကားများကို ယေဟောဝါသက်သေများ လိုက်နာကြသည်– ‘သင်မူကား ဝန်ခံတော်မူသောသူ၊ ရှက်ကြောက်စရာအကြောင်းမရှိဘဲ အမှန်တရားကို မှန်ကန်စွာပိုင်းခြားတတ်သော ဆရာသမားဖြစ်လျက် ဘုရားသခင့်ရှေ့၌ ကိုယ်ကိုကိုယ်ဆက်သခြင်းငှာ ကြိုးစားအားထုတ်လော့။’ (၂ တိမောသေ ၂:၁၅) သို့သော် အချိန်ပြည့်အမှုဆောင်ရန် သိန်းနှင့်ချီသောယေဟောဝါသက်သေများကို အဘယ်အရာက လှုံ့ဆော်ပေးသနည်း။

ယေဟောဝါ၏အမှုတော်တွင် အဘယ့်ကြောင့် ကြိုးစားအားထုတ်နေကြကြောင်း အချိန်ပြည့်အမှုဆောင်များကို မေးကြည့်ပါက ဘုရားသခင်နှင့် လူသားချင်းကို ချစ်သည့်မေတ္တာကြောင့်ဟု ဖြေကြမည်။ (မဿဲ ၂၂:၃၇-၃၉) ယင်းသည် အသင့်တော်ဆုံးအဖြေဖြစ်၏။ မေတ္တာ၏စေ့ဆော်မှုသာမခံရပါက မည်မျှပင် ကြိုးစားအားထုတ်နေပါစေ အချည်းနှီးပင်ဖြစ်ပေလိမ့်မည်။—၁ ကောရိန္သု ၁၃:၁-၃။

ကိုယ်ကျိုးစွန့်လုပ်ငန်း

ဆက်ကပ်အပ်နှံပြီးသော ခရစ်ယာန်အားလုံး ယေရှု၏ဤဖိတ်ခေါ်ချက်ကို လက်ခံကြသည်– “ငါ၌ ဆည်းကပ်လိုသောသူဖြစ်လျှင် ကိုယ်ကိုကိုယ်ငြင်းပယ်ရမည်။ ကိုယ်လက်ဝါးကပ်တိုင်ကိုထမ်း၍ ငါ့နောက်သို့လိုက်ရမည်။” (မဿဲ ၁၆:၂၄) ကိုယ့်ကိုယ်ကိုငြင်းပယ်ခြင်းဟူသည် မိမိကို ယေဟောဝါနှင့်ယေရှု ပိုင်ဆိုင်ကြောင်း အသိအမှတ်ပြုကာ သူတို့၏လမ်းညွှန်ချက်များကို လိုလိုလားလား လက်အောက်ခံခြင်းကို ဆိုလိုသည်။ ယင်းက များစွာသောသူတို့ကို အချိန်ပြည့်လုပ်ငန်းတွင် ကိုယ်ကျိုးစွန့်ပါဝင်စေခဲ့သည်။

သက်သေခံများစွာသည် ယေဟောဝါ၏လုပ်ငန်းတော်ကို တိုးချဲ့လုပ်ဆောင်ရန် အလွန်ကြိုးစားအားထုတ်ခဲ့ကြသည်။ ဘရာဇီးနိုင်ငံ ဆောပိုလိုမြို့မှ အသက် ၅၆ နှစ်အရွယ် မှန်မှန်ရှေ့ဆောင် ဇူးလ်ယားကို သုံးသပ်ကြည့်ပါ။ သူဤသို့ပြောပြသည်– “တရုတ်လူမျိုးညီအစ်ကိုတစ်ယောက်က ကျွန်မဆီဖုန်းဆက်ပြီး တရုတ်စကားသင်ချင်လားလို့မေးတယ်။ ကျွန်မရဲ့အသက်အရွယ်ကြောင့် ဘာသာစကားအသစ်တစ်ခုကို သင်ယူဖို့ မစဉ်းစားခဲ့ဘူး။ ဒါပေမဲ့ ရက်အတော်ကြာပြီးနောက်မှာ အဲဒီစိန်ခေါ်ချက်ကို လက်ခံခဲ့တယ်။ အခုဆိုရင် ကျွန်မ တရုတ်စကားနဲ့ ကျမ်းစာအကြောင်းဟောပြောနိုင်ပြီ။”

ပီရူးနိုင်ငံမှ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးက ဤသို့ဖော်ပြသည်– “မကြာသေးမီနှစ်များအတွင်းတွင် ရာနှင့်ချီသော မှန်မှန်ရှေ့ဆောင်များသည် တာဝန်မခန့်အပ်သေးသောရပ်ကွက်များသို့ ပြောင်းရွှေ့သွားပြီး ရဲစွမ်းသတ္တိနှင့် ကိုယ်ကျိုးစွန့်စိတ်ဓာတ် တင်ပြခဲ့ကြသည်။ အခြေခံဝန်ဆောင်မှုလုပ်ငန်းများမရှိသည့်၊ အလုပ်အကိုင်အခွင့်အလမ်း နည်းပါးသည့် ဝေးလံသောမြို့များသို့ သူတို့ပြောင်းရွှေ့ခဲ့ကြသည်။ ထိုညီအစ်ကိုညီအစ်မများသည် သူတို့၏တာဝန်ကို ဆက်ထမ်းဆောင်နိုင်ရန် မည်သည့်အရာကိုမဆို လုပ်ဆောင်ဖို့ လိုလိုလားလားရှိကြသည်။ ခရစ်ယာန်ဓမ္မအမှုတွင် သူတို့၏လုပ်ဆောင်မှုကြောင့် နေရာများစွာတွင် ရလဒ်ကောင်းများဖြစ်ထွန်းခဲ့သည်။ ဤကိုယ်ကျိုးစွန့်သည့် မှန်မှန်ရှေ့ဆောင်များ၏ အကူအညီဖြင့် အုပ်စုသစ်များဖြစ်ပေါ်လာခဲ့ပြီဟု နယ်လှည့်ကြီးကြပ်မှူးများက အစီရင်ခံတင်ပြသည်။”

ခရစ်ယာန်အချို့သည် ယုံကြည်သူချင်းများကို ကူညီရန် အသက်အန္တရာယ်နှင့်ပင်ကြုံတွေ့ခဲ့သည်။ (ရောမ ၁၆:၃၊ ၄) အာဖရိက၏ စစ်ဖြစ်နေသောနယ်မြေမှ တိုက်နယ်ကြီးကြပ်မှူးတစ်ဦးက ဤသို့ပြောပြသည်– “သူပုန်တွေ သိမ်းပိုက်ထားတဲ့နယ်မြေနဲ့ အစိုးရထိန်းချုပ်ထားတဲ့နယ်မြေကြားက နောက်ဆုံးလမ်းဆို့ မရောက်ခင်မှာ သူပုန်ဘက်က စစ်ဗိုလ်လေးယောက်နဲ့ သူတို့အစောင့်တွေက ကျွန်တော်တို့ဇနီးမောင်နှံကို ဝိုင်းလိုက်ပြီး မင်းတို့က ဘယ်သူတွေလဲလို့ မေးတယ်။ ကျွန်တော်တို့ရဲ့ စိစစ်ရေးကတ်ပြားတွေကိုကြည့်ပြီး အစိုးရထိန်းချုပ်ထားတဲ့နယ်မြေက လူတွေဆိုတာလည်းသိရော သူတို့မယုံသင်္ကာဖြစ်လာတယ်။ ကျွန်တော့်ကို သူလျှိုဆိုပြီး စွပ်စွဲပါလေရော။ ဒါကြောင့် ချောက်ထဲပစ်ချဖို့ သူတို့ဆုံးဖြတ်လိုက်တယ်။ ကျွန်တော်တို့ ဘယ်သူတွေဖြစ်တယ်ဆိုတာ ရှင်းပြလိုက်တော့မှ သွားခွင့်ပေးလိုက်တယ်။” ဤကိုယ်ကျိုးစွန့်သောဇနီးမောင်နှံသည် အသင်းတော်များကို လည်ပတ်နိုင်ခဲ့သည့်အတွက် ညီအစ်ကိုညီအစ်မများ မည်မျှကျေးဇူးတင်လိုက်ကြမည်ဖြစ်ခြင်း။

အခက်အခဲများကြုံတွေ့နေရသည့်ကြားမှ ဤသို့သော အချိန်ပြည့်အမှုဆောင်များ၏ အရေအတွက်မှာ တိုးတက်လျက်ရှိသည်။ (ဟေရှာယ ၆:၈) ဤဇွဲရှိသောလုပ်သားများသည် ယေဟောဝါအားအမှုဆောင်ရသည့် အခွင့်ထူးကို တန်ဖိုးထား လေးမြတ်ကြသည်။ ယခုအခါ သန်းနှင့်ချီသောသူများသည် အလားတူကိုယ်ကျိုးစွန့်စိတ်ဓာတ်ဖြင့် ယေဟောဝါအား ချီးမွမ်းလျက်ရှိသည်။ ယေဟောဝါကလည်း သူတို့အပေါ်သို့ ကောင်းချီးအလျှံပယ် သွန်းလောင်းတော်မူသည်။ (သု. ၁၀:၂၂) ယေဟောဝါထံမှ ကောင်းချီးနှင့်ထောက်မမှု ဆက်ရမည်ကို ယုံကြည်စိတ်ချလျက် ထိုဇွဲရှိသောလုပ်သားများသည် ‘ကူညီမစမှုကို ယေဟောဝါထံတော်မှ ငါရ၏’ ဟုစပ်ဆိုထားသော ဆာလံဆရာ၏သဘောထားကို တင်ပြနေကြသည်။—ဆာလံ ၁၂၁: ၂၊ ကဘ။

[အောက်ခြေမှတ်ချက်]

a ယေဟောဝါသက်သေများ၏ ၂၀၀၅ ခုနှစ် ပြက္ခဒိန်၊ နိုဝင်ဘာ/ဒီဇင်ဘာကိုရှု။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

“ကိုယ်တော်၏ဗိုလ်ခြေတော်တို့နေ့ရက်၌ ကိုယ်တော့်လူတို့သည် မိမိကိုယ်ကို တလိုတလား ပေးဆက်ကြပါလိမ့်မည်။”—ဆာလံ ၁၁၀:၃၊ ကဘ

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

တည်ကြည်သောကျေးကျွန်များကို ယေဟောဝါ ချစ်မြတ်နိုး

“ထိုကြောင့် ငါချစ်သောညီအစ်ကိုတို့ သင်တို့သည် သခင်ဘုရား၏အမှုတော်ကိုဆောင်ရွက်၍ အကျိုးကြီးသည်ကိုသိမှတ်သဖြင့် တည်ကြည်သောစိတ်နှင့်ပြည့်စုံ၍ မရွေ့လျော့မတိမ်းယိမ်းဘဲလျက် သခင်ဘုရား၏အမှုတော်ကို ကြိုးစားအားထုတ်ကြလော့။”—၁ ကောရိန္သု ၁၅:၅၈။

‘အကြောင်းမူကား သင်တို့သည် သန့်ရှင်းသူတို့ကို အထက်ကလုပ်ကျွေးသည်သာမက ယခုပင်လုပ်ကျွေးခြင်းအမှုကိုလည်းကောင်း၊ ထိုသို့ပြုသောအားဖြင့် နာမတော်ကိုထောက်၍ ပြသောမေတ္တာကိုလည်းကောင်း၊ ဘုရားသခင်သည် မေ့လျော့သည်တိုင်အောင် မကောင်းမှုကိုပြုတော်မူသည်မဟုတ်။’—ဟေဗြဲ ၆:၁၀။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ