ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၉/၁၅ စာ. ၃၁
  • ယေဟောဝါ၏တရားတော်ကို မွေ့လျော်သူ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါ၏တရားတော်ကို မွေ့လျော်သူ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဂိလဒ်ကျောင်းဆင်းများ—“သာသနာပြုအစစ်များ!”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဂိလဒ်ကျောင်း နှစ်သက်တမ်း ၅၀ ဖြစ်၍သန်စွမ်းလျက်ပင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • အောင်မြင်သောကျောင်းသားများမှ အောင်မြင်သော သာသနာပြုများသို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ယေဟောဝါကိုကျေးဇူးတင်ခြင်း—အချိန်ပြည့်လုပ်ငန်းဖြင့်!
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၉/၁၅ စာ. ၃၁

ယေဟောဝါ၏တရားတော်ကို မွေ့လျော်သူ

ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ အဲလ်ဘတ်ဒီရှရိုးဒါးသည် ၂၀၀၆၊ မတ်လ ၈ ရက်၊ ဗုဒ္ဓဟူးနေ့တွင် မြေကြီးအသက်တာကုန်ဆုံးခဲ့သည်။ သူသည် အသက် ၉၄ နှစ်ရှိပြီး အချိန်ပြည့်ဓမ္မအမှုလုပ်ငန်းတွင် ၇၃ နှစ်ကျော်ပါဝင်ခဲ့သည်။

ညီအစ်ကိုရှရိုးဒါးသည် ၁၉၁၁ ခုနှစ်၌ အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်၊ စဲဂီနောမြို့တွင် မွေးဖွားခဲ့သည်။a ကလေးဘဝတွင် အမေဘက်မှအဖွားက ကျမ်းစာအကြောင်းသင်ပေးပြီး သမ္မာကျမ်းစာဖတ်ရှုခြင်းကို နှစ်ခြိုက်ပျော်မွေ့လာစေခဲ့သည်။ မစ်ရှီဂန်တက္ကသိုလ်တွင် လက်တင်၊ ဂျာမန်ဘာသာစကားနှင့် လျှပ်စစ်အင်ဂျင်နီယာဘာသာရပ်များကို သင်ယူခဲ့သည်။ သို့သော် သမ္မာကျမ်းစာကို လေးမြတ်စိတ်တိုးများလာရာ ကျောင်းပညာရေးကို ဆက်မဆည်းပူးတော့ဘဲ အချိန်ပြည့်သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် ပါဝင်ခဲ့သည်။ ၁၉၃၂ ခုနှစ်တွင် နယူးယောက်ရှိ ဘရွတ်ကလင်ဗေသလမိသားစုဝင်ဖြစ်လာသည်။

၁၉၃၇ ခုနှစ်တွင် အသက် ၂၆ နှစ်အရွယ်ရှိ ညီအစ်ကိုရှရိုးဒါးသည် ဗြိတိန်နိုင်ငံရှိ ယေဟောဝါသက်သေများ၏လုပ်ငန်းကို ကြီးကြပ်ရန် ခန့်အပ်ခံရသည်။ ဟောပြောခြင်းလုပ်ငန်းတွင် သူ၏ဇွဲထက်သန်မှုက အခြားသူများ အချိန်ပြည့်လုပ်ငန်းတွင် ပါဝင်လာရန် အားပေးမှုဖြစ်စေခဲ့သည်။ လန်ဒန်ဗေသလတွင် သူပေါင်းသင်းခဲ့သော လူငယ်တစ်ဦးမှာ ဂျွန်အီးဘားရ်ဖြစ်သည်။ နောက်ပိုင်း သူတို့သည် အုပ်ချုပ်ရေးအဖွဲ့တွင် နှစ်များစွာ အတူအမှုဆောင်ကြသည်။

စစ်ကာလအတွင်း ယေဟောဝါသက်သေများအတွက် ညီအစ်ကိုရှရိုးဒါး၏ လုပ်ဆောင်မှုကို မှတ်သားထိုက်သည်။ ၁၉၄၂ ဩဂုတ်လတွင် ဗြိတိန်မှ ပြည်နှင်ဒဏ်ခံရသည်။ စစ်ကာလအတွင်း ကြောက်မက်ဖွယ်ရေလမ်းခရီးဖြင့် အတ္တလန္တိတ်သမုဒ္ဒရာကိုဖြတ်ပြီး ဘရွတ်ကလင်သို့ စက်တင်ဘာလတွင် ပြန်ရောက်ရှိလာသည်။

ထိုအချိန်တွင် ယေဟောဝါ၏ကျေးကျွန်များသည် ဒုတိယကမ္ဘာစစ်ပြီးနောက် အကြီးအကျယ်လုပ်ဆောင်ရန် လိုအပ်လိမ့်မည်ကို ကြိုတင်မျှော်လင့်ထားကြသည်။ ညီအစ်ကိုရှရိုးဒါးသည် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ သင်ရိုးညွှန်းတန်းကို စီစဉ်ပေးရသည့် နောက်တာဝန်အတွက် အံ့သြပျော်ရွှင်ခဲ့သည်။ ခရစ်ယာန်သာသနာပြုများကို လေ့ကျင့်ပေးသော သင်တန်းပို့ချသူအဖြစ် နှစ်များစွာအမှုဆောင်ခဲ့သည်။ ဂိလဒ်ကျောင်းနှင့် နောက်ပိုင်း ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကျောင်းတွင် သူသွန်သင်ပေးခဲ့သော ကျောင်းသားများသည် သူ၏ပို့ချမှုများကို အမှတ်ရနေကြသည်။ ဘုရားသခင့်တရားတော်ကို ကျောင်းသားများ နှစ်ခြိုက်လာရန် ကူညီပေးရခြင်းကို သူမွေ့လျော်သည်။ ယေဟောဝါအကြောင်း သိကျွမ်းလာခြင်း၏ အရေးကြီးမှုကို အလေးပေးခဲ့သည်။

၁၉၅၆ ခုနှစ်တွင် ညီအစ်ကိုရှရိုးဒါးသည် ရှားလော့တ်ဘိုဝင်နှင့်လက်ထပ်ခဲ့ပြီး ၁၉၅၈ ခုနှစ်တွင် သားလေး ဂျူဒါဘဲန်မွေးဖွားလာသည်။ ညီအစ်ကိုရှရိုးဒါးသည် ခရစ်ယာန်လင်ယောက်ျားကောင်းနှင့် ဖခင်ကောင်းဖြစ်ခဲ့၏။ ၁၉၇၄ ခုနှစ်၌ အုပ်ချုပ်ရေးအဖွဲ့တွင် စတင်အမှုဆောင်ပြီး သူ၏ထိုးထွင်းသိမြင်မှုကို အလွန်တန်ဖိုးထားခဲ့ကြသည်။ သူသည် ကြင်နာပြီး နှိမ့်ချသူဖြစ်ကာ ဘုရားသခင့်မြင့်မြတ်သောနာမတော်ကို ဂုဏ်တင်လိုသူဖြစ်သည်။ ညီအစ်ကိုရှရိုးဒါးသည် ‘ယေဟောဝါ၏တရားတော်ကို မွေ့လျော်သော’ ဘိသိက်ခံခရစ်ယာန်တစ်ဦးအဖြစ် ကောင်းကင်ဆုကျေးဇူးရရှိခဲ့ကြောင်း ကျွန်ုပ်တို့ယုံကြည်စိတ်ချကြပါသည်။—ဆာလံ ၁:၂။

[အောက်ခြေမှတ်ချက်]

a ညီအစ်ကိုရှရိုးဒါး၏ အတ္ထုပ္ပတ္တိကို ၁၉၈၈၊ မတ် ၁ ကင်းမျှော်စင် [လိပ်] တွင်ရှု။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ