ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၈ ဧပြီ စာ. ၃၀-စာ. ၃၁ ပိုဒ်. ၃
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်—ကျွန်ုပ်တို့ကိုယ်တိုင်နဲ့ တခြားသူတွေအကျိုးအတွက်ဖြစ်
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၁၂
  • လေ့လာစရာ အကြံပြုလွှာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • အကူအညီ ရနိုင်ပါတယ်
    နိုးလော့!—၂၀၂၀
  • နေ့စဉ် ဘဝအသက်တာအတွက် ဉာဏ်ပညာ ရဖို့ JW.ORG မှာ ရှာပါ
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၈
က၁၈ ဧပြီ စာ. ၃၀-စာ. ၃၁ ပိုဒ်. ၃
ယေဟောဝါသက်သေတွေရဲ့ မူပိုင်စာပေတွေကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေမှာ မတင်သင့်

စာရှုသူများထံမှ မေးခွန်းလွှာ

ယေဟောဝါသက်သေတွေရဲ့ စာပေတွေကို ကိုယ်ပိုင် ဝက်ဘ်ဆိုက်၊ လူမှုမီဒီယာတွေမှာ ဘာကြောင့် တင်ခွင့်မပြုတာလဲ။

ကျမ်းစာအခြေပြုစာပေတွေကို အခမဲ့ ဖြန့်ဝေနေတာဖြစ်တဲ့အတွက် ကူးယူပြီး တခြားဝက်ဘ်ဆိုက်တွေ၊ လူမှုမီဒီယာတွေပေါ် တင်တာ မမှားဘူးလို့ တချို့ယူဆကြတယ်။ ဒါပေမဲ့ အဲဒီလိုလုပ်တာက ကျွန်တော်တို့ ဝက်ဘ်ဆိုက်ရဲ့ လိုက်နာရန် စည်းကမ်းများaကို ချိုးဖောက်ရာရောက်တယ်။ အဲဒါတွေကြောင့် ပြဿနာတွေ တက်ခဲ့တယ်။ လိုက်နာရန်စည်းကမ်းမှာ ဖော်ပြထားသလို ဘယ်သူမှ “ဒီဝက်ဘ်ဆိုက်မှာ တင်ထားတဲ့ ပန်းချီတွေ၊ အီလက်ထရောနစ်စာပေတွေ၊ အမှတ်တံဆိပ်တွေ၊ တေးဂီတ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ ဆောင်းပါးတွေကို တခြားဝက်ဘ်ဆိုက်၊ ဖိုင်တွေ ဖြန့်ဝေပေးနိုင်တဲ့ ဆိုက်၊ လူမှုဆက်သွယ်ရေး ကွန်ရက်အပေါ် တင်ခြင်း မပြုရပါ။” ဒီစည်းကမ်းချက်တွေ ချမှတ်ဖို့ ဘာကြောင့် လိုအပ်သလဲ။

ယေဟောဝါသက်သေတွေရဲ့ မူပိုင်စာပေတွေကို ကိုယ်ပိုင်ဝက်ဘ်ဆိုက်တွေမှာ မတင်သင့်

ကျွန်တော်တို့ရဲ့ မူပိုင်စာပေတွေကို တခြားဝက်ဘ်ဆိုက်တွေပေါ် တင်ခွင့်မရှိဘူး

ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားသမျှဟာ မူပိုင်ဖြစ်တယ်။ အယူဖောက်ပြန်သူတွေ၊ ဆန့်ကျင်သူတွေက သူတို့ရဲ့ ဝက်ဘ်ဆိုက်မှာ ကျွန်တော်တို့ရဲ့ စာပေတွေကိုတင်ပြီး ယေဟောဝါသက်သေတွေနဲ့ တခြားသူတွေကို ထင်ယောင်ထင်မှား ဖြစ်စေတယ်။ အဲဒီဝက်ဘ်ဆိုက်တွေက စာဖတ်သူတွေကို သံသယစိတ်ဝင်လာစေဖို့ ဖြစ်တယ်။ (ဆာ. ၂၆:၄။ ပညာ. ၂၂:၅) တချို့ကျတော့ ကျွန်တော်တို့ရဲ့ စာပေတွေနဲ့ jw.org တံဆိပ်ကို ကြော်ငြာတွေမှာ၊ ကုန်ပစ္စည်း ရောင်းချရာမှာ၊ မိုဘိုင်း apps တွေမှာ သုံးကြတယ်။ မူပိုင်ခွင့်နဲ့ အမှတ်တံဆိပ်တွေကို ကာကွယ်ထားတဲ့အတွက် အဲဒီလို တလွဲသုံးတာကို ဥပဒေအရ တားဆီးပိတ်ပင်နိုင်တယ်။ (ပညာ. ၂၇:၁၂) ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားတာတွေကို တခြားဝက်ဘ်ဆိုက်တွေမှာတင်ဖို့၊ ကုန်ပစ္စည်းရောင်းချရာမှာ jw.org တံဆိပ်ကို သုံးဖို့ ညီအစ်ကိုတွေနဲ့ တခြားသူတွေကို တမင်ခွင့်ပြုထားခဲ့မယ်ဆိုရင် ဆန့်ကျင်သူတွေနဲ့ စီးပွားရေးလုပ်ငန်းတွေကို ကျွန်တော်တို့ တားမြစ်တဲ့အခါ တရားရုံးက ကူညီပေးမှာ မဟုတ်ဘူး။

ယေဟောဝါသက်သေတွေရဲ့ တရားဝင် ဝက်ဘ်ဆိုက်နဲ့ apps

ကျွန်တော်တို့ရဲ့ စာပေတွေကို jw.org ကနေ မဟုတ်ဘဲ တခြားနေရာကနေ ကူးယူတာက အန္တရာယ်ရှိနိုင်တယ်။ ယေဟောဝါက အချိန်တန်အစာကို ပေးဖို့ “သစ္စာနဲ့သတိပညာရှိတဲ့ ကျွန်” ကိုပဲ တာဝန်ပေးထားတယ်။ (မ. ၂၄:၄၅) အဲဒီ “ကျွန်” က အချိန်တန်အစာ ဝေငှပေးဖို့ www.pr418.com၊ tv.jw.org၊ wol.jw.org ကိုပဲ အသုံးပြုနေတယ်။ မိုဘိုင်းကိရိယာတွေအတွက် တရားဝင် apps သုံးခုဖြစ်တဲ့ JW Language®၊ JW Library®၊ JW Library Sign Language® ကိုပဲ အသုံးပြုနေတယ်။ အဖွဲ့အစည်းသုံးနေတဲ့ ဝက်ဘ်ဆိုက်တွေမှာ ကြော်ငြာတွေ၊ စာတန့်လောကရဲ့ ညစ်ညမ်းမှုတွေနဲ့ လုံးဝကင်းတယ်။ တခြားဝက်ဘ်ဆိုက်တွေကနေ အချိန်တန်အစာကို ကူးယူမယ်ဆိုရင် ပြုပြင်ပြောင်းလဲထားတာတွေ ပါလာနိုင်တယ်။—ဆာ. ၁၈:၂၆။ ၁၉:၈။

ကျွန်တော်တို့ရဲ့ စာပေတွေကို တခြားဝက်ဘ်ဆိုက်ပေါ် တင်မယ်ဆိုရင် အယူဖောက်ပြန်သူတွေနဲ့ အပြစ်ရှာသူတွေရဲ့ မှတ်ချက်တွေ ပါလာပြီး ယေဟောဝါအဖွဲ့အစည်းကို သံသယဝင်စေနိုင်တယ်။ တချို့ညီအစ်ကိုတွေက အွန်လိုင်းမှာ ဆွေးနွေးငြင်းခုံမှုတွေ လုပ်ပြီး ယေဟောဝါဘုရားရဲ့နာမည်ကို ရှုတ်ချစရာ ဖြစ်စေခဲ့ကြတယ်။ အမှန်တော့ အွန်လိုင်းဖိုရမ်က “သဘောချင်းမတူတဲ့သူကို နူးညံ့သိမ်မွေ့စွာ သွန်သင်” ပေးတဲ့နေရာ မဟုတ်ဘူး။ (၂ တိ. ၂:၂၃-၂၅။ ၁ တိ. ၆:၃-၅) အဖွဲ့အစည်း၊ အုပ်ချုပ်ရေးအဖွဲ့၊ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ဦးစီရဲ့နာမည်နဲ့ လူမှုမီဒီယာအကောင့် အတုတွေ၊ ဝက်ဘ်ဆိုက်တွေ ဖွင့်ထားတာလည်း ရှိတယ်။ တကယ်တော့ အုပ်ချုပ်ရေးအဖွဲ့ဝင် တစ်ယောက်မှ ကိုယ်ပိုင် ဝက်ဘ်ပေ့ချ် မဖွင့်ထားသလို လူမှုမီဒီယာဆိုက် တစ်ခုခုမှာ ပါဝင်တာလည်း မရှိပါဘူး။

jw.org ကို ဝင်ကြည့်ဖို့ လူတွေကို အားပေးတာက “သတင်းကောင်း” ကို ပျံ့နှံ့စေတယ်။ (မ. ၂၄:၁၄) အမှုဆောင်မှာ အသုံးပြုတဲ့ ဒီဂျစ်တယ် နည်းပညာတွေကို အမြဲအဆင့်မြှင့်တင်ပေးနေတယ်။ အဲဒါတွေကနေ အားလုံးကို အကျိုးရစေချင်တယ်။ ဒါကြောင့် လိုက်နာရန် စည်းကမ်းများမှာ ပါတဲ့အတိုင်း jw.org က စာပေတစ်ခုကို အီမေးလ်နဲ့ ပို့ပေးနိုင်တယ်၊ ဒါမှမဟုတ် လင့်ခ်ကို ပို့ပေးနိုင်တယ်။ ကျွန်တော်တို့ရဲ့ တရားဝင်ဝက်ဘ်ဆိုက်ကို ဝင်ကြည့်ဖို့ စိတ်ဝင်စားသူတွေကို အားပေးတာက အချိန်တန်အစားအစာ ဝေပေးနေတဲ့ “သစ္စာနဲ့ သတိပညာရှိ ကျေးကျွန်” နဲ့ ဆက်သွယ်ပေးနေတာဖြစ်တယ်။

a jw.org/mya ပင်မစာမျက်နှာရဲ့ အောက်ခြေမှာ လိုက်နာရန် စည်းကမ်းများကို ချိတ်ဆက်ပေးတဲ့ လင့်ခ် ပါတယ်။ အဲဒီမှာပါတဲ့ တားမြစ်ချက်တွေဟာ ကျွန်တော်တို့ရဲ့ ဝက်ဘ်ဆိုက်မှာ တင်ထားရာမှန်သမျှနဲ့ သက်ဆိုင်တယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ