ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၁၁/၉၅ စာ. ၂
  • သတင်းကောင်းနှင့်ထိုက်လျော်စွာ ပြုမူကြလော့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတင်းကောင်းနှင့်ထိုက်လျော်စွာ ပြုမူကြလော့
  • Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင့်အိမ်တော်ကို တန်ဖိုးထားလေးစားကြောင်းတင်ပြလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၄
  • အမူအကျင့်ကောင်းများ—ဘုရားတရားကိုင်းရှိုင်းသူများ၏စရိုက်တစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၁
  • ကျွန်ုပ်တို့ဘုရားသခင်၏အိမ်တော်ကို လျစ်လျူမရှုခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၅
  • ယေဟောဝါ၏ဝတ်ပြုရာအရပ်ကို လေးစားမှုတင်ပြပါ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၈
နောက်ထပ် ကြည့်ပါ
Title: ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၅
နဓ ၁၁/၉၅ စာ. ၂

သတင်းကောင်းနှင့်ထိုက်လျော်စွာ ပြုမူကြလော့

၁ ကျွန်ုပ်တို့သည် ယေဟောဝါသက်သေများအနေနှင့် ကိုယ်တော်၏နာမတော်ကို ဂုဏ်တင်လိုကြသည်။ ကျွန်ုပ်တို့၏အပြုအမူ၊ အပြောအဆို၊ ဝတ်စားဖြီးလိမ်းပုံတို့သည် စစ်မှန်သောဝတ်ပြုရေးအပေါ် သူတစ်ပါး၏အမြင်ကို များစွာသြဇာလွှမ်းနိုင်သည်။ အထူးသဖြင့် အစည်းအဝေးများတက်ချိန်တွင် ယင်းသို့ဖြစ်တတ်သည်။ အစည်းအဝေးများ၌ ပြောဆိုသမျှ၊ ပြုမူသမျှတို့သည် သတင်းကောင်းနှင့်ဖြစ်စေ၊ ယေဟောဝါ၏နာမတော်နှင့်ဖြစ်စေ ထိုက်လျော်ပြီး ဂုဏ်တင်စရာဖြစ်စေလိုကြသည်။—ဖိ. ၂:၄။

၂ လောကကစံထားသည့် ဝတ်စားဖြီးလိမ်းပုံများစွာတို့သည် ခရစ်ယာန်များလက်မခံနိုင် ဖွယ်ရာဖြစ်သည်။ သတင်းကောင်းဟောပြောသူ၊ ဓမ္မအမှုဆောင်များမူကား ယင်းကို အထူးဂရုစိုက်သင့်သည်။ ၁၉၉၁၊ အသင်းတော်စာအုပ်ကြီးသင်တန်းတွင် လေ့လာရန် ဆောင်းပါးများ—အပိုင်း (၂) စာမျက်နှာ ၃၆ တွင် ဤသို့ဖတ်ရသည်– “တန်ဖိုးရှိအဝတ်အစားများ ဆင်ယင်စရာမလိုပါ။ သန့်ရှင်းစင်ကြယ် ဣန္ဒြေရရမည်။ ကျွန်ုပ်တို့ဖိနပ်တို့သည်လည်း စုတ်ပြတ်မနေသင့်။ သပ်ရပ်သန့်ရှင်းနေရမည်။ ထိုနည်းတူစွာ အသင်းတော်စာအုပ်ကြီးသင်တန်းအပါအဝင် အစည်းအဝေးတိုင်းတွင် ကျွန်ုပ်တို့သည် ခန္ဓာကိုယ်သန့်ရှင်းမှုရှိရုံမက သပ်ရပ်လျော်ကန်စွာ ဝတ်ဆင်သင့်သည်။”

၃ အချိန်ကိုလေးစားခြင်းသည် ချစ်ခြင်းကိုရှေ့ထားသည့် စာနာထောက်ထားခြင်း၏ အမှတ်အသားဖြစ်သည်။ တစ်ခါတစ်ရံ အစည်းအဝေးတစ်ခုသို့ အချိန်အတိအကျ မရောက်နိုင်ဘဲ မထင်မမှတ်သောအခြေအနေများ ပေါ်ပေါက်လာတတ်သည်။ သို့သော် နောက်ကျရောက်လာတတ်သည့်အကျင့်သည် အစည်းအဝေးများ၏ မြင့်မြတ်သောရည်ရွယ်ချက်ကို မလေးစားရာရောက်စေသည်။ သူတစ်ပါးအတွက် အနှောင့်အယှက်မဖြစ်စေရန် ကျွန်ုပ်တို့မှာ တာဝန်ရှိကြောင်းကို သဘောမပေါက်ကြောင်း ထင်ရှားစေသည်။ များသောအားဖြင့် နောက်ကျလာတတ်သူများသည် သူတစ်ပါး၏အာရုံကို လွင့်ပါးစေသဖြင့် အစည်းအဝေးအစီအစဉ်မှ အကျိုးအပြည့်အဝမရရှိစေပါ။ အချိန်ကိုလေးစားခြင်းက တက်ရောက်သူအားလုံးတို့၏ စိတ်သဘောထားနှင့် သူတစ်ပါး၏အကျိုးကို လိုလား၍ တန်ဖိုးထားလေးစားကြောင်း တင်ပြသည်။

၄ ကိုယ်နှင့်စပ်ဆိုင်သောသူကို ချစ်ခြင်းက အစည်းအဝေးအတွင်း အနှောင့်အယှက်မပေးရန် သတိပြုစေသည်။ လေသံဖြင့် တိုးတိုးစကားပြောခြင်း၊ အစာစားခြင်း၊ ပီကေဝါးခြင်း၊ အသံမြည်အောင်စာရွက်များကို လှန်လှောခြင်းနှင့် မလိုအပ်ဘဲ အိမ်သာသို့ မကြာခဏသွားခြင်းတို့သည် သူတစ်ပါး၏အာရုံစိုက်မှုကို အနှောင့်အယှက်ဖြစ်စေပြီး ယေဟောဝါ၏ ဝတ်ပြုရာအရပ်တွင် ရှိသင့်ရှိအပ်သော ဂုဏ်သိက္ခာကို ထိပါးပါသည်။ အရေးပေါ်ကိစ္စတစ်ခုခုမှတစ်ပါး မိမိတို့ထိုင်ခုံတွင်မနေဘဲ အသင်းတော်ကိစ္စဆွေးနွေးခြင်း သို့မဟုတ် သူတစ်ပါးနှင့် စကားစမြည်ပြောဆိုခြင်းသည် မသင့်တော်ပါ။ အားလုံးတို့သည် မိမိနေရာတွင်ထိုင်ပြီး မိမိကိုယ်ကိုလည်းကောင်း၊ မိမိတို့၏ မိသားစုတို့ကိုလည်းကောင်း အကျိုးပြုအစီအစဉ်ကို စူးစိုက်နားထောင်နေသင့်သည်။ “မေတ္တာသည် . . . မလျောက်ပတ်စွာမကျင့်တတ်” သောကြောင့် မလေးမခန့်ပြုသောအမူအကျင့်များသည် နိုင်ငံတော်ခန်းမတွင် မလျော်ကန်ပါ။—၁ ကော. ၁၃:၄၊ ၅; ဂလ. ၆:၁၀။

၅ အစည်းအဝေးများတွင် ကျွန်ုပ်တို့သားသမီးများ၏ အကျင့်ကောင်းများသည်လည်း ယေဟောဝါ၏နာမတော်အား ဂုဏ်တင်ချီးမွမ်းမှုကိုဖြစ်စေသည်။ ဤတွင် မိဘများ၏ကြပ်မတ်မှုသည် အရေးကြီးသည်။ ဂရုစိုက်နားထောင်ပြီး ပါဝင်ဖြေဆိုကြရန် ကလေးများကို အားပေးသင့်သည်။ ကလေးငယ်များရှိသော မိဘများသည် သူတစ်ပါးအတွက် အနှောင့်အယှက်မဖြစ်စေဘဲ မိမိတို့ကလေးများ၏ လိုအပ်ရာများကို ပြုစုပေးရန် လွယ်ကူစွာထွက်နိုင်သည့်နေရာတွင် ထိုင်လိုကြမည်။

၆ ပေါလုက ဤသို့သြဝါဒပေးသည်– “ဝမ်းမြောက်ဖွယ်သတင်းတရားနှင့် အထိုက်အလျောက် ကျင့်ကြံပြုမူ၍နေကြလော့။” (ဖိ. ၁:၂၇၊ သမ္မာ) ထို့ကြောင့် အစည်းအဝေးများတက်သည့်အခါ ယဉ်ကျေးသိမ်မွေ့ ပြီး သူတစ်ပါးကို ထောက်ထားစာနာတတ်ကြဖို့ ကြိုးစားကြစို့လေ။ အားလုံး ပူးပေါင်းလုပ်ဆောင်ကြမည်ဆိုလျှင် “မိမိတို့အသီးသီး၏ . . . ဘဝအတွေ့အကြုံအားဖြင့် တစ်ဦးကိုတစ်ဦး အပြန်အလှန် အားပေးနိုင်လိမ့်မည်ဖြစ်သည်။”—ရော. ၁:၁၂၊ သတင်းကောင်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ