သိမ်းထားပါ
အကြံပြုထားသောလယ်ကွင်းလုပ်ငန်းတင်ဆက်မှုများ
လစဉ်ဝေငှမည့်စာပေကို အသားပေးဖော်ပြသည့် တင်ဆက်မှုများပြင်ဆင်ရာတွင် သင့်အတွက် အကူအညီဖြစ်စေရန် အောက်ပါအကြံပြုချက်များကို အသုံးပြုပါ။
ယေဟောဝါထံချဉ်းကပ်လော့
“ဘုရားသခင်ကို ယုံကြည်သူများစွာဟာ ကိုယ်တော်နဲ့တရင်းတနှီးရှိတယ်လို့ ခံစားချင်ကြမှာပဲ။ ဘုရားသခင်က သူ့ထံချဉ်းကပ်ဖို့ ကျွန်တော်တို့ကိုဖိတ်ခေါ်ထားတယ်ဆိုတာ မိတ်ဆွေသိသလား။ [ယာကုပ် ၄:၈ ဖတ်။] ဘုရားသခင်ထံချဉ်းကပ်ရာမှာ မိမိတို့ရဲ့ကိုယ်ပိုင်ကျမ်းစာကို အသုံးပြုတတ်အောင် လူတွေကိုကူညီပေးဖို့ ဒီစာပေကိုစီစဉ်ထားတယ်။” စာမျက်နှာ ၁၆ [လိပ်] ရှိအပိုဒ် ၁ ကိုဖတ်ပါ။
“အခုအချိန်မှာ မတရားမှုတွေ ပြည့်နှက်နေပါတယ်။ ဒီမှာဖော်ပြထားတဲ့အတိုင်းပါပဲ။ [ဒေသနာ ၈:၉ခ ဖတ်။] ဘုရားသခင် ဂရုမှစိုက်သေးရဲ့လားလို့ လူအများတွေးကြတယ်။ [စာမျက်နှာ ၁၁၉ [လိပ်] ရှိအပိုဒ် ၄ ၏ပထမဝါကျနှစ်ခုကို ဖတ်ပြပါ။] ဒီအခန်းက မတရားမှုကို ဘုရားသခင် ဘာကြောင့် အချိန်အတန်ကြာခွင့်ပြုထားသလဲဆိုတာ ရှင်းပြတယ်။”
သင့်အား ဂရုစိုက်စောင့်ရှောက်သည့် ဖန်ဆင်းရှင်တစ်ပါးရှိ၏လော
“ကျွန်တော်တို့ရဲ့ အရှုပ်ထွေးဆုံးပြဿနာတွေကို ဖြေရှင်းပုံနဲ့ပတ်သက်ပြီး အကောင်းဆုံးအကြံဉာဏ် ဘယ်နေရာမှာရရှိနိုင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၇:၂၈၊ ၂၉ ကိုဖတ်ပါ။] ဒီကျမ်းချက်က ယေရှုရဲ့တောင်ပေါ်ဒေသနာကို လူတွေဘယ်လိုတုံ့ပြန်တယ်ဆိုတာ ဖော်ပြတယ်။ တခြားပြောဆိုခဲ့တဲ့စကားတွေကို သတိပြုကြည့်ပါ။ [စာမျက်နှာ ၁၅၂ ရှိမှတ်ချက်များကို သုံးသပ်ပါ။] ဒီအခန်းက ယေရှုရဲ့အသက်တာနဲ့ သွန်သင်ချက်တွေကို ဆွေးနွေးထားတယ်။”
“‘ဘုရားတစ်ဆူရှိမယ်ဆိုရင် ကမ္ဘာပေါ်မှာရှိတဲ့ ဆင်းရဲဒုက္ခနဲ့ မတရားမှုတွေကို တစ်ချိန်ချိန်မှာဖယ်ရှားပေးမလား’ ဆိုပြီး မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပါ။] ဒီစာအုပ်က ဆင်းရဲဒုက္ခနဲ့ ဆင်းရဲဒုက္ခရဲ့မူလရင်းမြစ်ကို ဘုရားသခင် ဘယ်လိုဖယ်ရှားပေးမယ်ဆိုတာ ရှင်းပြထားတယ်။” အခန်း ၁၀ ကိုပြပါ။
စောင့်နေကြလော့!
“လူများစွာဟာ ယနေ့ကြုံတွေ့နေကြရတဲ့ ကြီးလေးတဲ့ပြဿနာတွေနဲ့ ထိတ်လန့်စရာဖြစ်ရပ်တွေကြောင့် စိုးရိမ်နေကြတယ်။ [ဒေသအတွင်း သိရှိထားသောနမူနာတစ်ခုကို ဖော်ပြပါ။] အဲဒီအရာတွေဟာ ကမ္ဘာ့အရေးကိစ္စတွေကို မကြာခင် ဘုရားသခင့်အစိုးရက ထိန်းချုပ်တော့မယ်ဆိုတာကိုညွှန်ပြတဲ့ ကမ္ဘာချီနိမိတ်တစ်ခုအဝင်ဖြစ်တယ်ဆိုတာ မိတ်ဆွေသိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၂၄:၃၊ ၇၊ ၈; လုကာ ၂၁:၇၊ ၁၀၊ ၁၁; သို့မဟုတ် ၂ တိမောသေ ၃:၁-၅ ကဲ့သို့သော သင့်လျော်သည့်ကျမ်းချက်တစ်ချက်ကို ဖတ်ပါ။] ဒီဘရိုရှာက ဒီဖြစ်ရပ်တွေရဲ့ အရေးပါမှုနဲ့ပတ်သက်ပြီး အခု နိုးနိုးကြားကြားရှိနေဖို့ ဘာကြောင့် အလွန်အရေးကြီးသလဲဆိုတာ ဆွေးနွေးထားတယ်။”
“အခုခေတ်လူများစွာဟာ ထိတ်လန့်စရာဖြစ်ရပ်တွေကြောင့် ဒါမှမဟုတ် အကြီးအကျယ်နစ်နာဆုံးရှုံးမှုကြောင့် စိတ်ဆင်းရဲနေကြရတယ်။ တချို့ကတော့ အဲဒီလိုအရာတွေမဖြစ်ရအောင် ဘုရားသခင် ဘာကြောင့် ကြားဝင်မဆောင်ရွက်တာလဲဆိုတာ သိချင်ကြတယ်။ လူသားတွေရဲ့ဒုက္ခကို သက်သာအောင် ဘုရားသခင် မကြာခင်လုပ်ဆောင်ပေးမယ်လို့ သမ္မာကျမ်းစာက အာမခံထားတယ်။ [ဗျာဒိတ် ၁၄:၆၊ ၇ ဖတ်။] ဘုရားသခင်ရဲ့တရားစီရင်ချက်က လူသားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိမလဲဆိုတာ သတိပြုကြည့်ပါ။ [၂ ပေတရု ၃:၁၀၊ ၁၃ ဖတ်။] ဒီဘရိုရှာက ဒီအရေးကြီးတဲ့အကြောင်းနဲ့ပတ်သက်တဲ့ ထပ်ဆင့်အချက်အလက်တွေကို ဖော်ပြပေးတယ်။”
ထာဝရအသက်ရစေသော အသိပညာ
“ဒီလိုမျိုးသာယာလှပတဲ့ဝန်းကျင်မှာအသက်ရှင်ဖို့ မိတ်ဆွေကို ဖိတ်ခေါ်မယ်ဆိုရင် မိတ်ဆွေလက်ခံမလား။ [စာမျက်နှာ ၄-၅ မှရုပ်ပုံကိုပြကာ တုံ့ပြန်မှုကိုစောင့်ပါ။] ဒီလိုမျိုးအသက်တာမှာ ထာဝစဉ်ပျော်မွေ့ဖို့ အဓိကသော့ချက်က ဘယ်အရာဖြစ်တယ်ဆိုပြီး ဘုရားသခင့် နှုတ်ကပါဌ်တော်ဖော်ပြထားတာကို သတိပြုကြည့်ပါ။ [ယောဟန် ၁၇:၃ ဖတ်။] ဒီစာအုပ်က ထာဝရအသက်ရစေတဲ့ အသိပညာရရှိဖို့ မိတ်ဆွေကို ကူညီပေးမှာဖြစ်တယ်။” နောက်တစ်ကြိမ်လည်ပတ်သည့်အခါ အခန်း ၁ ၏ပထမငါးပိုဒ်ကို ဆွေးနွေးရန်စီစဉ်ပါ။
စာမျက်နှာ ၁၈၈-၉ မှရုပ်ပုံကိုဖွင့်ပြကာ ပုံစာမှ စကားလုံးများကို အသုံးပြု၍ အိမ်ရှင်အား ဤသို့မေးပါ– “မြေကြီးဟာ ဘုရားသခင်ကို သိကျွမ်းခြင်းပညာနဲ့ပြည့်စုံတဲ့အခါ ပရဒိသုမှာ အသက်ရှင်ဖို့ မိတ်ဆွေမျှော်လင့်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဟေရှာယ ၁၁:၉ ကိုဖတ်ပါ။] ဒီစာအုပ်က ပရဒိသုနဲ့ပတ်သက်တဲ့ ကျမ်းစာဖော်ပြချက်နဲ့ အဲဒီပရဒိသုမှာ ကျွန်တော်တို့ နေထိုင်နိုင်ပုံကိုသိရှိဖို့ မိတ်ဆွေကို ကူညီပေးမှာဖြစ်တယ်။” နောက်တစ်ကြိမ်လည်ပတ်သည့်အခါ အခန်း ၁ ၏ အပိုဒ် ၁၁-၁၆ ကိုဆွေးနွေးရန် စီစဉ်ပါ။
ကြီးမြတ်သော ဆရာထံမှသင်ယူပါ
“ဒီမှာပြောထားတဲ့အတိုင်း လူတွေနေထိုင်ကြရင် ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်တဲ့နေရာတစ်ခုဖြစ်လာမယ်လို့ မိတ်ဆွေထင်သလား။ [မဿဲ ၇:၁၂က ကိုဖတ်ပါ။ ထို့နောက် တုံ့ပြန်မှုကိုစောင့်ပါ။] အသက်ရှင်ခဲ့တဲ့သူတွေထဲမှာ အကြီးမြတ်ဆုံးဖြစ်တဲ့ ဆရာထံက သင်ခန်းစာတွေအများကြီး ဒီစာအုပ်ထဲမှာပါတယ်။” အခန်း ၁၇ မှရုပ်ပုံများနှင့် ပုံစာများကို ပေါ်လွင်စေပါ။
“ဒီကနေ့ မိဘအများစုဟာ အကျိုးပြုတဲ့စာရိတ္တစံနှုန်းတွေကို သားသမီးတွေလက်ခံကျင့်သုံးလာအောင် သွတ်သွင်းပေးဖို့ ကြိုးစားကြတယ်။ ဒါဟာ အရေးကြီးတဲ့ကိစ္စလို့ မိတ်ဆွေယူမှတ်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် သုတ္တံ ၂၂:၆ ကိုဖတ်ပါ။] သားသမီးတွေကို ငယ်ရွယ်စဉ်ကတည်းကစပြီး လေ့ကျင့်ပေးကြဖို့ မိဘတွေကို တိုက်တွန်းထားတာကို သတိထားမိလား။ အဲဒါကိုလုပ်တတ်အောင် မိဘတွေကိုကူညီပေးဖို့ ဒီစာအုပ်ကို စီစဉ်ရခြင်းဖြစ်တယ်။” အခန်း ၁၅ သို့မဟုတ် ၁၈ မှရုပ်ပုံများနှင့် ပုံစာများကို ပေါ်လွင်စေပါ။
“မိဘတွေဟာ သားသမီးတွေမေးတဲ့ မေးခွန်းတွေကြောင့် အံ့အားသင့်လေ့ရှိကြတယ်။ တချို့မေးခွန်းတွေဟာ ဖြေရခက်တယ်မဟုတ်လား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဧဖက် ၆:၄ ကိုဖတ်ပါ။] ဒီစာအုပ်က အခုခေတ် သားသမီးတွေရဲ့မေးခွန်းတွေကို ဖြေဆိုတတ်အောင် မိဘတွေကို ကူညီပေးနိုင်တယ်။” အခန်း ၁၁ နှင့် ၁၂ သို့မဟုတ် ၃၄ မှ ၃၆ ရှိရုပ်ပုံများနှင့် ပုံစာအချို့ကို ပေါ်လွင်စေပါ။
အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော
“ကျွန်တော်တို့နယ်မြေမှာရှိတဲ့ ရာဇဝတ်မှုနဲ့ အကြမ်းဖက်မှုတွေအတွက် ကျွန်တော်တို့အားလုံး စိုးရိမ်နေကြတယ်။ ပြဿနာအတွက် စစ်မှန်တဲ့ဖြေရှင်းနည်း တစ်ဦးဦးမှာရှိမယ်လို့ မိတ်ဆွေထင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ဘုရားသခင်မှာ ဖြေရှင်းနည်းရှိပါတယ်။” စာမျက်နှာ ၁၉၆ [လိပ်] ကိုဖွင့်ပါ; အပိုဒ် ၁၉ ပါ သုတ္တံ ၂:၂၁၊ ၂၂ ကိုဖတ်ပြီး မှတ်ချက်ပေးပါ။ အခန်း ၁၆ ၏ခေါင်းစဉ်ကိုပြပြီး စာအုပ်ကိုဝေငှပါ။
စာမျက်နှာ ၆ [လိပ်] ကိုဖွင့်ပြီး ဤသို့ပြောပါ– “ကျွန်တော်တို့ရဲ့ သာယာလှပတဲ့ကမ္ဘာမြေနဲ့တကွ သက်ရှိတွေဟာ မတော်တဆဖြစ်လာတယ်လို့ လူအများယူဆကြတယ်။ အဲဒီအရာအားလုံး ဖြစ်ပျက်လာခဲ့ပုံနဲ့ပတ်သက်ပြီး အကျိုးသင့်အကြောင်းသင့်ရှိတဲ့ ရှင်းလင်းချက်က ဘယ်အရာဖြစ်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] အထောက်အထားများစွာက အလွန်တန်ခိုးကြီးမားပြီး ကျွန်တော်တို့ကို အလွန်ချစ်မြတ်နိုးတဲ့ ဖန်ဆင်းရှင်နဲ့ပတ်သက်တဲ့ကျမ်းစာမှတ်တမ်းကို အတည်ပြုပေးပါတယ်။ ကိုယ်တော်ဟာ စစ်မှန်တဲ့ဘုရားသခင်ဖြစ်တယ်၊ ကိုယ်တော်ရဲ့နာမတော်က ယေဟောဝါဖြစ်ပါတယ်။” ယေရမိ ၃၃:၂ ကိုဖတ်ကာ ကမ္ဘာမြေကြီးတစ်ခုလုံးကို ပရဒိသုအဖြစ်ပြောင်းလဲရန် ကိုယ်တော်၏ရည်ရွယ်ချက် မည်သို့အထမြောက်လာမည်ဖြစ်ကြောင်း အကျဉ်းချုံးရှင်းပြပါ။
ဘုရားသခင်ကို လူသားများ၏ရှာပုံတော်
“ယနေ့ ကွဲပြားနေတဲ့ဘာသာတွေ ဒီလောက်များနေတာကြောင့် ဘယ်ဘာသာကို ဘုရားသခင်နှစ်သက်လက်ခံတယ်ဆိုတာ ဆုံးဖြတ်နိုင်ပုံကို မိတ်ဆွေစဉ်းစားဖူးသလား။” တုံ့ ပြန်မှုရပြီးနောက် စာမျက်နှာ ၃၇၇ [လိပ်] ကိုဖွင့်ပါ။ နံပါတ် ၇ အချက်ကိုပေါ်လွင်စေပြီး စစ်မှန်သောဘာသာသည် လူမျိုးနွယ်အားလုံးကို စည်းလုံးစေသင့်ကြောင်း အိမ်ရှင်အား သဘောတူမတူမေးပါ။ ညွှန်းထားသောကျမ်းချက်တစ်ချက်ကို ဖွင့်ဖတ်ပြီး စာရင်းတင်ပြထားသည့် အခြားအချက်အချို့ကို အချိန်ရသရွေ့ဆွေးနွေးပါ။ အမှန်တကယ်စိတ်ဝင်စားလျှင် စာအုပ်ကိုဝေငှပါ။ ထွက်လာသည့်အခါ “စစ်မှန်တဲ့ဘာသာက လူတစ်ဦးရဲ့ပြုမူကျင့်ကြံပုံကို ဘယ်လိုအကျိုးသက်ရောက်မှုရှိသင့်သလဲ” ဟုသင်မေးနိုင်သည်။ မေးခွန်းကိုဖြေဆိုရန် ပြန်လည်ပတ်ဖို့စီစဉ်ပါ။
လူတစ်ဦးက သူ့ကိုယ်သူ အဓိကဘာသာရေးအုပ်စု၏ အသင်းသားတစ်ဦးဖြစ်ကြောင်းဖော်ပြလျှင် သင်ဤသို့ပြောနိုင်သည်– “ဘာသာအသီးသီးကလူတွေနဲ့တွေ့ရတာ စိတ်ဝင်စားဖို့ကောင်းတယ်။ ဘုရားသခင်ကို လူတွေရှာတာ နည်းလမ်းမျိုးစုံရှိခဲ့ပြီ။ [သင့်လျော်လျှင် တမန်တော် ၁၇:၂၆၊ ၂၇ ကိုဖတ်ပါ။] အများအားဖြင့် လူတွေဟာ မိဘဘာသာကို လိုက်စားတတ်ကြတယ်။ [စာမျက်နှာ ၈ [လိပ်] မှ အပိုဒ် ၁၂ ကိုဖတ်ပါ။] တခြားဘာသာတွေအကြောင်း လေ့လာတာဟာ ဗဟုသုတတိုးများရုံမက ပညာလည်းရတယ်။ ဒီစာအုပ်က ကမ္ဘာ့အဓိကဘာသာတွေရဲ့ မူလဇာစ်မြစ်၊ ကျင့်ထုံးနဲ့ သွန်သင်ချက်တွေကို ရှင်းပြထားတယ်။” အောက်ပါစာမျက်နှာများတွင် တွေ့ရသည့်အတိုင်း လူတို့၏ဘာသာနှင့်စပ်လျဉ်း၍ စာအုပ်တွင်ပါသည့် အချက်အလက်နမူနာတစ်ခုကိုပြပါ– ဆစ်ခ်ဘာသာ (၁၀၀-၁); ဟိန္ဒူဘာသာ (၁၁၆-၁၇); ဗုဒ္ဓဘာသာ (၁၄၁); တာအိုဘာသာ (၁၆၄-၆); ကွန်ဖြူးရှပ်ဘာသာ (၁၇၇); ရှင်တိုဘာသာ (၁၉၀-၅); ဂျူးဘာသာ (၂၂၀-၁); နှင့် အစ္စလာမ်ဘာသာ (၂၈၉)။
ဗျာဒိတ်ကျမ်း—ယင်း၏မဟာ အထွတ်အထိပ်နီးပြီ!
“[သတင်းတစ်ရပ်ကိုဖော်ပြပါ] အကြောင်းကို မိတ်ဆွေကြားမိပါလိမ့်မယ်။ မမျှော်လင့်ဘဲ ရုတ်တရက်သေဆုံးသွားတဲ့အခါ သေဆုံးသူများရဲ့မိသားစုတွေအတွက် နှစ်သိမ့်မှုပေးနိုင်တဲ့အရာကို လူအတော်များများသိချင်ကြတယ်။ မိတ်ဆွေကော ဘယ်လိုတွေးမိသလဲ။” တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် စာမျက်နှာ ၂၉၉ [လိပ်] ကိုဖွင့်ပြီး သရုပ်ဖော်ထားသည့် ရှင်ပြန်ထမြောက်ခြင်းမြင်ကွင်းကိုပြပါ။ ဤသို့ပြော၍ဆက်ပါ– “လူအတော်များများဟာ ဖြောင့်မတ်သူကော မဖြောင့်မတ်သူပါ မြေကြီးပရဒိသုမှာ အသက်ပြန်ရှင်လာမယ်ဆိုတာသိရလို့ အံ့သြမိကြတယ်။ [စာမျက်နှာ ၂၉၇ [လိပ်] ရှိအပိုဒ် ၉ တွင်ကိုးကားထားသည့်အတိုင်း တမန်တော် ၂၄:၁၅ ကိုဖတ်ပြပြီး အပိုဒ် ၁၀ တွင်ပါသည့် ရှင်းပြချက်ကို ပြောပြပါ။] ဒီစာအုပ်က အနာဂတ်အတွက် ဘုရားသခင်ရဲ့မူလရည်ရွယ်ချက်နဲ့ပတ်သက်တဲ့ အခြားစိတ်ဝင်စားစရာ အသေးစိတ်အချက်အလက်များစွာကို ဆွေးနွေးထားပါတယ်။”
သမ္မာကျမ်းစာ—ဘုရားသခင့် နှုတ်မြွက်လော၊ လူ့နှုတ်ထွက်လော
“လူတိုင်းလိုလို ကြီးလေးတဲ့ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့အချိန်မှာ ကျွန်တော်တို့အသက်ရှင်နေကြရတယ်။ လူများစွာဟာ လမ်းညွှန်မှုရဖို့ အကြံပေးသူအမျိုးမျိုးကို အားကိုးကြပါတယ်။ တချို့က အကူအညီရဖို့ နတ်ကတော်တွေကို အားကိုးကြတယ်။ ကျွန်တော်တို့ကိုတကယ်အကျိုးပြုမယ့် အားထားလောက်တဲ့အကြံဉာဏ် ဘယ်နေရာမှာရနိုင်မယ်လို့ထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ကျွန်တော်တို့အားလုံး နားလည်ထားဖို့လိုတဲ့ အရေးကြီးတဲ့အမှန်တရားတစ်ခုကို ဖော်ပြထားတယ်။ [၂ တိမောသေ ၃:၁၆ ကိုဖတ်ပါ။ ထို့နောက် စာမျက်နှာ ၁၈၇ ကိုဖွင့်ပြီး အပိုဒ် ၉ ကိုဖတ်ပြပါ။] သမ္မာကျမ်းစာမိန့်မှာတဲ့အတိုင်းလိုက်ခြင်းဟာ အမြဲပဲ အကောင်းဆုံးအကျိုးဖြစ်ထွန်းတယ်ဆိုတာ သဘောပေါက်အောင် ဒီစာအုပ်က မိတ်ဆွေကို ကူညီပေးပါလိမ့်မယ်။”
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
“ဒီအချိန်အခါမျိုးမှာ ယေရှုအကြောင်း လူအများ စဉ်းစားနေကြပါတယ်။ ဒါပေမဲ့၊ တစ်ကမ္ဘာလုံးမှာ မကောင်းမှုတွေအများကြီးဖြစ်ပျက်နေတဲ့အတွက် ကျွန်တော်တို့ကို ယေရှု တကယ်မှဂရုစိုက်ရဲ့လားလို့ တချို့သိချင်ကြမယ်။ မိတ်ဆွေကော ဘယ်လိုထင်သလဲ။” တုံ့ပြန်မှုကိုစောင့်ပါ။ အခန်း ၂၄ ကိုဖွင့်ပြီး ကမ္ဘာပေါ်သို့ ယေရှုကြွလာရသည့်အကြောင်းရင်းကို တိုတိုတုတ်တုတ် ဆွေးနွေးပါ။ ထို့နောက် ယောဟန် ၁၅:၁၃ ကိုဖတ်ပြီး သူတစ်ပါးကို ယေရှု မည်မျှနှစ်နှစ်ကာကာချစ်ကြောင်း အလေးအနက်ပေါ်လွင်စေပါ။
“တစ်ယောက်ယောက်က ယေရှုခရစ်နာမည်ကို ပြောလိုက်တဲ့အခါ သူ့ကို ကလေးလေး၊ ဒါမှမဟုတ် သေခါနီး ဆင်းရဲဒုက္ခခံနေရတဲ့လူအနေနဲ့ အများက စဉ်းစားမိကြတယ်။ ယေရှုအကြောင်းစဉ်းစားတိုင်း သူမွေးဖွားတဲ့အချိန်နဲ့ သေတဲ့အချိန်ကိုပဲ သတိရကြတယ်။ သူအသက်ရှင်ခဲ့တဲ့အတောအတွင်း ပြောဆိုခဲ့သမျှ၊ ပြုလုပ်ခဲ့သမျှ အံ့ဩစရာတွေကို အများအားဖြင့် သတိမထားမိကြဘူး။ ကိုယ်တော်ပြုလုပ်ခဲ့တဲ့အရာတွေဟာ ဒီကမ္ဘာပေါ်မှာ အသက်ရှင်ခဲ့သမျှသူအားလုံးအပေါ် အကျိုးသက်ရောက်မှုရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အတွက် ကိုယ်တော်ပြုလုပ်ခဲ့တဲ့ အံ့ဩစရာ များနိုင်သလောက်များများ သိထားဖို့အရေးကြီးတယ်။” ယောဟန် ၁၇:၃ ကိုဖတ်ပါ။ နိဒါန်း၏ပထမစာမျက်နှာကိုဖွင့်ပြီး စတုတ္ထအပိုဒ်ကို ဖတ်ပါ။
ကျွန်ုပ်တို့ထံမှ ဘုရားသခင် အဘယ်အရာ တောင်းဆိုတော်မူသနည်း
“ယနေ့ ကျွန်တော်တို့ရင်ဆိုင်နေရသလို ပြဿနာတွေဝန်းရံပြီး အသက်ရှင်ဖို့ ဘုရားသခင်ရည်ရွယ်ခဲ့သလားလို့ မိတ်ဆွေစဉ်းစားမိသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် မဿဲ ၆:၁၀ ကိုဖတ်ပါ။] ဘုရားသခင်ရဲ့နိုင်ငံတော်ဟာ အမှန်တကယ်ဘာလဲဆိုရုံလောက်ကို မိတ်ဆွေစဉ်းစားဖူးသလား။” သင်ခန်းစာ ၆ ကိုဖွင့်ပြီး သင်ခန်းစာ၏အစတွင် မေးထားသောမေးခွန်းများကို ဖတ်ပြပါ။ သင်ခန်းစာကို စတင်ဆွေးနွေးပါ သို့မဟုတ် နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ထိုသို့ပြုလုပ်ရန် စီစဉ်ပါ။
“မျက်မှောက်ခေတ်လူ့ဘောင် တိုးတက်နေပေမဲ့ အဖျားအနာနဲ့ သေခြင်းတရားက လူသားတွေအတွက် ဆင်းရဲဒုက္ခနဲ့ ဝမ်းနည်းပူဆွေးမှုကို ဆက်လက်ဖြစ်ပေါ်စေတုန်းပါပဲ။ ဖျားနာသူနဲ့ သက်ကြီးရွယ်အိုများအတွက်သာမက သေလွန်သူများအတွက်ပါ ယေရှုပြုလုပ်ပေးမယ့်အရာကို မိတ်ဆွေသိသလား။” တုံ့ပြန်မှုကိုစောင့်ပါ။ ထိုသူသည် အဖြေကိုသိလိုပါက သင်ခန်းစာ ၅ ကိုဖွင့်ကာ အပိုဒ် ၅-၆ အတွက်မေးခွန်းများကို ဖတ်ပြပါ။ အပိုဒ်များကို ဆွေးနွေးပါ သို့မဟုတ် နောက်တစ်ကြိမ်လည်ပတ်သည့်အခါ ထိုသို့ပြုလုပ်ရန် စီစဉ်ပါ။
စစ်မှန်၍ တစ်ဆူတည်းဖြစ်တော်မူသော ဘုရားသခင်ကိုကိုးကွယ်လော့
“ဘဝရဲ့ဖိစီးမှုတွေကို ရင်ဆိုင်ဖို့အကူအညီ ဘယ်နေရာမှာရနိုင်မယ်လို့ မိတ်ဆွေထင်သလဲ။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ရောမ ၁၅:၄ ကိုဖတ်ပြပါ။] မှုတ်သွင်းခံသမ္မာကျမ်းစာက အခက်အခဲတွေကိုကြံ့ကြံ့ခံဖို့ခွန်အားရှိစေနိုင်တဲ့ ညွှန်ကြားချက်၊ နှစ်သိမ့်မှုနဲ့ မျှော်လင့်ချက်ပေးတယ်ဆိုတာကို သတိထားမိလား။ ဒီစာအုပ်က ကျမ်းစာဖတ်ရှုခြင်းကနေ အကျိုးကျေးဇူးအများဆုံး ရရှိနိုင်ပုံနဲ့ပတ်သက်ပြီး အကူအညီဖြစ်စေတဲ့ အကြံပြုချက်တွေပေးထားတယ်။” စာမျက်နှာ ၃၀ [လိပ်] တွင်ဖော်ပြထားသည့် အချက်လေးချက်ကို ပေါ်လွင်စေပါ။
“မြေကြီးပေါ်မှာ ယေရှုရှိခဲ့ချိန်ကတည်းက လူများစွာဟာ ဘုရားသခင့်နိုင်ငံတော်တည်ထောင်ဖို့ ဆုတောင်းခဲ့ကြတယ်။ နိုင်ငံတော်တည်ထောင်ခြင်းဟာ လူသားတွေအတွက် ဘယ်လိုအဓိပ္ပာယ်ရှိမယ်ဆိုတာ မိတ်ဆွေစဉ်းစားဖူးသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။ ထို့နောက် ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပါ။] ဒီစာအုပ်က ဘုရားသခင့်နိုင်ငံတော်ဟာ ဘယ်အရာဖြစ်တယ်၊ ဘယ်အရာတွေကို ပြီးမြောက်စေမယ်၊ ၎င်းရဲ့ဖြောင့်မတ်တဲ့အုပ်ချုပ်မှုကနေ ကျွန်တော်တို့ ဘယ်လိုအကျိုးရရှိနိုင်တယ်ဆိုတာတွေကို ရှင်းပြပေးတယ်။” စာမျက်နှာ ၉၂-၃ [လိပ်] မှရုပ်ပုံကို သုံးသပ်ပါ။