လုပ်ငန်းတော်အစည်းအဝေးအတွက် ပြင်ဆင်နိုင်ပုံ
၁။ လုပ်ငန်းတော်အစည်းအဝေး၏ရည်ရွယ်ချက်မှာ အဘယ်နည်း။ ယင်းအစည်းအဝေးမှ အဘယ်နည်းဖြင့် အကျိုးအပြည့်အဝခံစားနိုင်သနည်း။
၁ လုပ်ငန်းတော်အစည်းအဝေး၏ရည်ရွယ်ချက်မှာ ကျွန်ုပ်တို့ကို ဓမ္မအမှုတွင်သီးပွင့်ဖြစ်ထွန်းစေဖို့ ပြင်ဆင်ပေးရန်ဖြစ်၏။ ယင်းအစည်းအဝေးတွင် အဓိကသုံးသပ်သည့်အချက်မှာ နိုင်ငံတော်သတင်းကောင်းဟောပြောခြင်း၊ တပည့်ဖြစ်စေခြင်း၊ နီးကပ်လာနေသော ဘုရားသခင့်တရားစီရင်ချက်ကို ကြေညာခြင်းတို့ဖြစ်သည်။ (မ. ၂၈:၂၀; မာ. ၁၃:၁၀; ၂ ပေ. ၃:၇) ကျွန်ုပ်တို့သည် ကောင်းစွာပြင်ဆင်ထားပြီး ပါဝင်ရန်အသင့်ဖြစ်နေမည်ဆိုလျှင် ထိုအရေးကြီးသောအစည်းအဝေးမှ အကျိုးအပြည့်အဝခံစားနိုင်ပေမည်။
၂။ ဟောပြောချက်ကိုနားထောင်ရန် ကျွန်ုပ်တို့ မည်သို့ပြင်ဆင်နိုင်သနည်း။
၂ ဟောပြောချက်– ဟောပြောချက်အတွက် အဓိကအကြောင်းအရာကို ဟောပြောသူအတွက်ညွှန်ကြားချက်များတွင် ဖော်ပြလေ့ရှိသည်။ သင်သည် ကိုးကားထားသောကျမ်းချက်များအပါအဝင် သတ်မှတ်ထားသောအကြောင်းအရာကို ပြန်သုံးသပ်နိုင်သည်။ ထို့နောက် သင့်ဓမ္မအမှုတွင် မည်သို့ကျင့်သုံးနိုင်ကြောင်း တွေးတောပါ။
၃။ မေးဖြေဆွေးနွေးခြင်းအတွက် ပြင်ဆင်ရာတွင် ကျွန်ုပ်တို့ အဘယ်အရာလုပ်ဆောင်နိုင်သနည်း။
၃ မေးဖြေဆွေးနွေးခြင်း– ဤအပိုင်းသည် တိုတုတ်သောနိဒါန်းနှင့်နိဂုံးပါဝင်ပြီး ကင်းမျှော်စင်သင်တန်းကိုင်တွယ်ပုံနှင့် အလွန်ဆင်တူပါလိမ့်မည်။ အပိုဒ်တိုင်းမှ အဓိကအချက်များကို မျဉ်းသားပါ၊ အဓိကအချက်ကိုပေါ်လွင်စေသော မှတ်ချက်တိုများပေးရန် ပြင်ဆင်ပါ။
၄။ ပရိသတ်နှင့်ဆွေးနွေးခြင်းအပိုင်းအတွက် ကျွန်ုပ်တို့ မည်သို့ပြင်ဆင်နိုင်သနည်း။
၄ ပရိသတ်နှင့်ဆွေးနွေးခြင်း– ဤအပိုင်းသည် ဟောပြောချက်ပုံစံဖြင့် တင်ဆက်ရန်ဖြစ်သော်လည်း ဟောပြောသူသည် ပရိသတ်ထဲမှအချို့ကိုပါဝင်ရန် ဖိတ်ခေါ်ပေမည်။ သင်သည် အဓိကအချက်များကိုမျဉ်းသားပြီး ကိုးကားထားသောကျမ်းချက်များကို ဖွင့်ဖတ်မည်ဆိုလျှင် မေးခွန်းမေးလာသည့်အခါ ဖြေဆိုနိုင်ပေမည်။ ဤအပိုင်းကိုကိုင်တွယ်သော ညီအစ်ကိုသည် အဓိကအချက်များကိုခြုံငုံမိစေရန် ပရိသတ်များ မှတ်ချက်ပေးဖို့ အတတ်နိုင်ဆုံးကြိုးစားပါလိမ့်မည်။
၅။ သရုပ်ပြခန်းများမှ အကျိုးအပြည့်အဝခံစားနိုင်ရန် အဘယ်အရာက ကူညီပေးမည်နည်း။
၅ သရုပ်ပြခန်းများ– အချို့အပိုင်းများတွင် သုံးသပ်ခဲ့သောအကြောင်းအရာကို ဒေသ၌ကျင့်သုံးနိုင်ပုံကိုဖော်ပြသည့် လက်တွေ့ကျသောသရုပ်ပြခန်းများ ပါဝင်ပါလိမ့်မည်။ အကြီးအကဲများ သို့မဟုတ် အတွေ့အကြုံရှိကြေညာသူများ သို့မဟုတ် ရှေ့ဆောင်များသည် သရုပ်ပြရန် ဖိတ်ခေါ်ခံရနိုင်သည်။ သင်သည် ဤအပိုင်းကိုပြင်ဆင်ရာတွင် ယင်းကိုမည်သို့တင်ဆက်နိုင်မည်ကို တွေးတောသင့်သည်။ နမူနာတင်ဆက်နည်းတစ်ခုကို သရုပ်ပြပါက ယင်းကို သင့်ကိုယ်ပိုင်စကားဖြင့်တင်ဆက်နိုင်ပုံ၊ အိမ်ရှင်များအပေါ်မူတည်၍ အလိုက်သင့်တင်ဆက်နိုင်ပုံကို တွေးတောပါ။ သရုပ်ပြတွင်အသုံးပြုမည့် စာပေများ သို့မဟုတ် မဂ္ဂဇင်းများကို သင်နှင့်တစ်ပါတည်းယူဆောင်လာပါ။ သင်၏မိသားစုဝတ်ပြုမှုညချမ်းတွင် ထိုတင်ဆက်နည်းအချို့ကို အစမ်းလေ့ကျင့်ခြင်းက အကျိုးရှိကြောင်း သင်တွေ့ရှိပေမည်။
၆။ လုပ်ငန်းတော်အစည်းအဝေးအတွက် ပြင်ဆင်ရသည့်အကြောင်းရင်းအချို့ကား အဘယ်နည်း။
၆ ကျွန်ုပ်တို့သည် ကောင်းစွာပြင်ဆင်ထားပြီး တင်ဆက်မည့်ညွှန်ကြားချက်ကောင်းများကို စောင့်မျှော်မည်ဆိုလျှင် လုပ်ငန်းတော်အစည်းအဝေးသည် ပို၍ပျော်ရွှင်ဖွယ်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် အပြန်အလှန်အားပေးခွင့်ရရှိစေပါလိမ့်မည်။ (ရော. ၁:၁၁၊ ၁၂) ကျွန်ုပ်တို့သည် လုပ်ငန်းတော်အစည်းအဝေးအတွက် အချိန်ယူပြင်ဆင်မည်ဆိုလျှင် ကျွန်ုပ်တို့၏တာဝန်ကိုကျေပွန်စွာထမ်းဆောင်ရန် ပို၍အသင့်ဖြစ်နေပါလိမ့်မည်။—၂ တိ. ၃:၁၇။