“. . . မှာ ဝေငှမယ့် မဂ္ဂဇင်းတွေအတွက် အကြံပြုချက်များ”
လုပ်ငန်းတော်စည်းဝေးမှာ လတိုင်းမဂ္ဂဇင်းဝေငှပုံအကြောင်း အပိုင်းတစ်ပိုင်းပုံမှန်ပါဝင်ခဲ့တယ်။ ဒီအပိုင်းက မဂ္ဂဇင်းမှာ ပါတဲ့အကြောင်းအရာတွေကို ပြန်လည်သုံးသပ်ဖို့မဟုတ်ဘူး။ အဲဒီအစား မဂ္ဂဇင်းဝေငှနိုင်ပုံ အကြံပြုချက်များကို ဆွေးနွေးဖို့ ဖြစ်တယ်။ ဒါကြောင့် ညွှန်ကြားချက်တွေနဲ့အညီ တာဝန်ရတဲ့ညီအစ်ကိုက မဂ္ဂဇင်းတွေကို စိတ်ဝင်စားစေဖို့ အကျဉ်းချုပ်နိဒါန်းတိုလေးကို ပြောမယ်။ ပြီးတဲ့နောက် ဆောင်းပါး(ဆောင်းပါးတွဲ)တစ်ခုနဲ့ပတ်သက်ပြီး ကြေညာသူတွေရဲ့ အကြံပြုချက်တွေကို တောင်းဆိုမယ်၊ ဒါမှသာ ပရိသတ်အားလုံးက လိုက်ကြည့်နိုင်မှာဖြစ်ပြီး သူတို့အသုံးပြုလိုတဲ့ အကြံပြုချက်ကို မှတ်သားနိုင်မယ်။ တင်ဆက်နည်းတစ်ခုလုံးကိုဖော်ပြပေးဖို့ မတောင်းဆိုဘဲ စိတ်ဝင်စားမှုဖြစ်စေတဲ့ မေးခွန်းတစ်ခုပြောပြပေးဖို့ ပရိသတ်ကိုတောင်းဆိုနိုင်တယ်။ ပြီးတဲ့နောက် ဖတ်ရမယ့်ကျမ်းချက်ကို အကြံပြုစေနိုင်တယ်။ မဂ္ဂဇင်းတစ်စောင်စီအတွက် သရုပ်ပြတင်ဆက်ခြင်းအားဖြင့် နိဂုံးချုပ်မှာ ဖြစ်တယ်။ ကျွန်ုပ်တို့အားလုံးဟာ မဂ္ဂဇင်းတွေ ကြိုတင်ဖတ်ရှုထားဖို့နဲ့ အကြံပြုချက်တွေ ပေးနိုင်အောင်ပြင်ဆင်ထားဖို့ အားပေးခံရတယ်။ အားလုံးကကောင်းကောင်း ပြင်ဆင်ထားမယ်ဆိုရင် ဒီအပိုင်းအားဖြင့် ညီအစ်ကို၊ ညီအစ်မတစ်ဦးကိုတစ်ဦး ထက်မြက်အောင် ကူညီပေးရာရောက်မှာ ဖြစ်တယ်။—သု. ၂၇:၁၇။