ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • mrt ဆောင်းပါး ၄၇
  • ယူကရိန်းကနေ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယူကရိန်းကနေ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး
  • ထပ်ဆင့် အကြောင်းအရာများ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဒီဒုက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ
  • ဒုက္ခသည်တွေ ဘယ်နေရာကနေ မျှော်လင့်ချက် ရနိုင်သလဲ
  • ဒီနေ့အချိန်မှာ သမ္မာကျမ်းစာက ဒုက္ခသည်တွေကို ကူညီပေးနိုင်သလား
  • “ယေဟောဝါကို ဝမ်းမြောက်စွာ ဝတ်ပြု” ဖို့ “တိုင်းတစ်ပါးသားတွေကို” ကူညီပေးခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ကျမ်းစာထဲက သတင်းစကား—ဒုက္ခသည်များအတွက် မျှော်လင့်ချက်
    ထပ်ဆင့် အကြောင်းအရာများ
  • ယူကရိန်းကို ရုရှား ကျူးကျော်ဝင်ရောက်
    ထပ်ဆင့် အကြောင်းအရာများ
  • “စစ်မက်သတင်းတွေ” ကြားက ကယ်ဆယ်ရေးလုပ်ငန်း
    အလှူငွေတွေကို အသုံးပြုပုံ
နောက်ထပ် ကြည့်ပါ
ထပ်ဆင့် အကြောင်းအရာများ
mrt ဆောင်းပါး ၄၇

သတိနဲ့ စောင့်နေကြပါ

ယူကရိန်းကနေ သန်းနဲ့ချီတဲ့ ဒုက္ခသည်တွေ ထွက်ပြေး

၂၀၂၂၊ ဖေဖော်ဝါရီ ၂၄ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်တိုက်ခိုက်တဲ့အတွက် သန်းနဲ့ချီတဲ့ ပြည်သူတွေ အသက်ဘေးက လွတ်ဖို့ ထွက်ပြေးခဲ့ကြရတယ်။a

“ဗုံးတွေ ပေါက်ကွဲတယ်။ ကျွန်မ သိပ်ကြောက်တာပဲ။ ထွက်ခွာဖို့ ရထား ရှိတယ်လည်း ကြားရော ထွက်လာလိုက်တယ်။ ကျောပိုးအိတ်လေးပဲ ဆွဲပြီး ထွက်လာရတယ်။ စာရွက်စာတမ်းတွေ၊ ဆေးဝါး၊ ရေနဲ့ မုန့်နည်းနည်းပဲ သယ်နိုင်တယ်။ အားလုံး ထားရစ်ခဲ့ပြီး ဗုံးတွေကြားကပဲ ဘူတာရုံဆီ ပြေးခဲ့ရတယ်။—ခါကိခ်မြို့မှ နတာလီယာ၊ ယူကရိန်း။

“စစ်ဖြစ်မယ်လို့ကို မထင်ထားတာ။ မြို့ရဲ့ တချို့အပိုင်းတွေမှာ ပေါက်ကွဲသံတွေ ကြားရပြီး ပြတင်းပေါက်တွေ တုန်ခါသွားတယ်။ ဒါနဲ့ လိုသလောက်ပဲ ယူပြီး ထွက်ပြေးဖို့ ဆုံးဖြတ်လိုက်တယ်။ မနက် ၈ နာရီမှာ အိမ်ကနေ ထွက်တယ်၊ လဗိဗ်မြို့ကို ရထားစီးတယ်။ ပိုလန်ကို ဘတ်စကားနဲ့ ထွက်လာတယ်။”—ခါကိခ်မြို့မှ နဒီယာ၊ ယူကရိန်း။

ဒီဆောင်းပါးမှာ

  • ဒီဒုက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ

  • ဒုက္ခသည်တွေ ဘယ်နေရာကနေ မျှော်လင့်ချက် ရနိုင်သလဲ

  • ဒီနေ့အချိန်မှာ သမ္မာကျမ်းစာက ဒုက္ခသည်တွေကို ကူညီပေးနိုင်သလား

ဒီဒုက္ခတွေ ဖြစ်ရတဲ့ အကြောင်းရင်းက ဘာလဲ

ယူကရိန်းကို ရုရှားစစ်တပ် ကျူးကျော်တိုက်ခိုက်မှုကြောင့် ပြည်သူတွေဟာ ဒုက္ခသည်တွေအဖြစ် ထွက်ပြေးကြရတယ်။ ကျမ်းစာမှာ အဲဒါတွေ ဖြစ်ရတဲ့ အကြောင်းရင်းကို ဖော်ပြထားတယ်။

  • ကမ္ဘာတစ်ဝန်းက လူ့အစိုးရတွေဟာ လူ့မိသားစုကြီးရဲ့ လိုအပ်ရာကို ဖြည့်ဆည်းပေးနိုင်စွမ်း မရှိကြဘူး။ အစိုးရ အာဏာပိုင်တွေဟာ အခွင့်အာဏာကို သုံးပြီး ပြည်သူတွေကို ဖိနှိပ်လေ့ရှိတယ်။—ဒေသနာ ၄:၁။ ၈:၉။

  • ဒီလို ဆိုးညစ်မှုတွေဟာ “ဒီလောကရဲ့ မင်း” စာတန် မာရ်နတ်ကြောင့် ဖြစ်တယ်။ “တစ်လောကလုံးကတော့ ဆိုးညစ်သူရဲ့ ဩဇာအောက်မှာ ရှိနေ” တယ်လို့ ကျမ်းစာ ဖော်ပြတယ်။—ယောဟန် ၁၄:၃၀။ ၁ ယောဟန် ၅:၁၉။

  • လူသားတွေ ဒုက္ခနွံထဲ နစ်တာ နှစ်ထောင်ချီ ရှိနေပါပြီ။ ဒါပေမဲ့ ‘အလွန် ခက်ခဲကျပ်တည်းတဲ့ နောက်ဆုံးကာလမှာ’ ကျွန်တော်တို့ အသက်ရှင်နေရတယ်လို့ ကျမ်းစာ ကြိုဟောထားတယ်။ (၂ တိမောသေ ၃:၁) ဒီနောက်ဆုံးကာလမှာ စစ်ပွဲ၊ သဘာဝဘေး၊ အစာခေါင်းပါးမှု၊ ကပ်ရောဂါဘေးတွေ ဖြစ်မယ်လို့လည်း ကြိုဟောတယ်။—လုကာ ၂၁:၁၀၊ ၁၁။

ဒုက္ခသည်တွေ ဘယ်နေရာကနေ မျှော်လင့်ချက် ရနိုင်သလဲ

သမ္မာကျမ်းစာမှာ ဖန်ဆင်းရှင် ယေဟောဝါဘုရားကb ဒုက္ခသည်တွေ၊ နေအိမ်စွန့်ခွာရသူတွေကို မေတ္တာပြတဲ့ဘုရား၊ ထောက်ထားစာနာတဲ့ဘုရားအဖြစ် ဖော်ပြထားတယ်။ (တရားဟောရာ ၁၀:၁၈) ဘုရားသခင့် နိုင်ငံတော်၊ ကောင်းကင်အစိုးရက လူ့အစိုးရတွေကို ဖယ်ရှားပြီး ဒုက္ခသည်တွေရဲ့ ပြဿနာတွေကို ဖြေရှင်းပေးမယ်လို့ ဘုရား ကတိပြုထားတယ်။ (ဒံယေလ ၂:၄၄။ မဿဲ ၆:၁၀) ယေဟောဝါဘုရားက ဘုရားနိုင်ငံတော်အားဖြင့် စာတန် မာရ်နတ်ကို ချေမှုန်းမယ်။ (ရောမ ၁၆:၂၀) ဘုရားသခင့် နိုင်ငံတော်ဟာ တစ်ခုတည်းသော ကမ္ဘာ့အစိုးရ ဖြစ်လာမှာ ဖြစ်လို့ နိုင်ငံနယ်နိမိတ် အပိုင်းအခြားတွေ ရှိတော့မှာ မဟုတ်ဘူး။ လူသားအားလုံးဟာ စည်းလုံးတဲ့ ကမ္ဘာချီ မိသားစု ဖြစ်လာမယ်။ ဘယ်သူကမှ နေအိမ်စွန့်ခွာပြီး ထွက်ပြေးဖို့ မလိုတော့ဘူး။ ကျမ်းစာမှာ ဒီလို ကတိပေးထားတယ်– “လူတိုင်းက ကိုယ့်စပျစ်ပင်၊ ကိုယ့်သဖန်းပင်အောက်မှာ ထိုင်ကြလိမ့်မယ်။ ခြောက်လှန့်တဲ့သူ တစ်ယောက်မှ ရှိမှာ မဟုတ်ဘူး။ ဒါဟာ ဗိုလ်ခြေတို့ရဲ့ အရှင် ယေဟောဝါရဲ့ နှုတ်ထွက်စကားပဲ။”—မိက္ခာ ၄:၄။

ဒီနေ့ခေတ်မှာ ကြုံတွေ့နေရတဲ့ ဒုက္ခသည် အကျပ်အတည်းကို ဘုရားသခင့် နိုင်ငံတော်ကသာ ထာဝရပျောက်ကင်းသွားအောင် လုပ်ပေးနိုင်တယ်။ ဒီဒုက္ခတွေ ဖြစ်ပေါ်ရတဲ့ အရင်းခံ ပြဿနာကို ဘုရားနိုင်ငံတော်အားဖြင့် ယေဟောဝါ ဖယ်ရှားမယ်။ ဥပမာတချို့ကို သုံးသပ်ကြည့်ပါ။

  • စစ်ပွဲ။ “[ယေဟောဝါ] ဘုရားက မြေတစ်ခွင်လုံးမှာ စစ်မှုကို ငြိမ်းစေတယ်။” (ဆာလံ ၄၆:၉) ဘယ်လိုနည်းနဲ့ လုပ်ဆောင်မလဲဆိုတာ သိဖို့ “ကမ္ဘာ့ငြိမ်းချမ်းရေး ဘယ်လို ရနိုင်မလဲ” ဆောင်းပါးကို ဖတ်ပါ။

  • ဖိနှိပ်မှု၊ အကြမ်းဖက်မှု။ ယေဟောဝါဘုရားက “သူတို့ကို ဖိနှိပ်မှုနဲ့ အကြမ်းဖက်မှုကနေ ကယ်တင်လိမ့်မယ်။” (ဆာလံ ၇၂:၁၄) နှစ်ပေါင်းများစွာ အမြစ်စွဲနေတဲ့ မကောင်းတဲ့ စိတ်ထားတွေ ချေဖျက်နိုင်ပုံကို သိဖို့ “အမုန်းသံသရာကို ချေဖျက်ခြင်း” ဆောင်းပါးတွဲကို ဖတ်ပါ။

  • ဆင်းရဲနွမ်းပါးမှု။ ယေဟောဝါဘုရားက ‘အော်ဟစ်အကူအညီတောင်းနေတဲ့ နွမ်းပါးသူတွေကို ကယ်တင်လိမ့်မယ်။’ (ဆာလံ ၇၂:၁၂) ဆင်းရဲနွမ်းပါးမှု ဖြစ်ရတဲ့ အကြောင်းရင်းကို ဘုရား ဘယ်လို ဖြေရှင်းပေးမလဲဆိုတာ သိနိုင်ဖို့ “သာတူညီမျှ စီးပွားရေးစနစ် ရှိလာနိုင်မလား” ဆောင်းပါးကို ဖတ်ပါ။

  • အစာခေါင်းပါးမှု။ “ကောက်နှံတွေဟာ မြေပေါ်မှာ တောင်ပုံရာပုံ ရှိနေလိမ့်မယ်။” (ဆာလံ ၇၂:၁၆) ငတ်မွတ်သူ မရှိအောင် ဘုရား ဘယ်လို လုပ်ဆောင်ပေးမလဲဆိုတာ သိနိုင်ဖို့ “ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာ မကြာခင် လူတိုင်း စားရတော့မယ်” ဆောင်းပါးကို ဖတ်ပါ။

ဒီနေ့အချိန်မှာ သမ္မာကျမ်းစာက ဒုက္ခသည်တွေကို ကူညီပေးနိုင်သလား

ကူညီပေးနိုင်ပါတယ်။ ကျမ်းစာက ဒုက္ခသည်တွေကို ယုံကြည်စိတ်ချရတဲ့ အနာဂတ် မျှော်လင့်ချက် ပေးရုံသာမက လက်ရှိ ကြုံနေရတဲ့ အခက်အခဲတွေ ရင်ဆိုင်ဖြေရှင်းဖို့လည်း ကူညီပေးနိုင်တယ်။

ကျမ်းစာအခြေခံမူ– “ရိုးအတဲ့သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင် ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။”—ပညာအလိမ္မာ ၁၄:၁၅။

ဆိုလိုတာက– ကြုံရနိုင်တဲ့ အန္တရာယ်နဲ့ ကိုယ့်ကိုယ်ကိုယ် ကာကွယ်နိုင်ပုံကို ကြိုစဉ်းစားထားပါ။ နေရာသစ်မှာ လုံခြုံမှု မရှိ၊ အတွေ့အကြုံ မရှိတဲ့ ဒုက္ခသည်တွေကို အမြတ်ထုတ်သူတွေ ရှိတတ်လို့ သတိထားပါ။

ကျမ်းစာအခြေခံမူ– “စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေရမယ်။”—၁ တိမောသေ ၆:၈။

ဆိုလိုတာက– ပစ္စည်းဥစ္စာတွေအပေါ် အာရုံမစိုက်ပါနဲ့။ အခြေခံ လိုအပ်ရာလေးတွေနဲ့ ကျေနပ်နေမယ်ဆိုရင် ပျော်ရွှင်လာပါလိမ့်မယ်။

ကျမ်းစာအခြေခံမူ– “ကိုယ့်ကို ပြုမူဆက်ဆံစေချင်တဲ့အတိုင်း သူတစ်ပါးကို ပြုမူဆက်ဆံပါ။”—မဿဲ ၇:၁၂။

ဆိုလိုတာက– စိတ်ရှည်ပါ၊ ကြင်နာပါ။ ဒီအရည်အသွေးတွေ ရှိမယ်ဆိုရင် ရောက်တဲ့နေရာမှာ အပြန်အလှန် လေးစားမှု၊ လက်ခံမှု ရနိုင်မယ်။

ကျမ်းစာအခြေခံမူ– “အဆိုးကို အဆိုးနဲ့ မတုံ့ပြန်ပါနဲ့။”—ရောမ ၁၂:၁၇။

ဆိုလိုတာက– မတရား ဆက်ဆံခံရတဲ့အခါ လက်တုံ့မပြန်မိအောင် ထိန်းချုပ်ပါ။ လက်တုံ့ပြန်ရင် အခြေအနေ ပိုဆိုးသွားရုံပဲ ရှိတယ်။

ကျမ်းစာအခြေခံမူ– “ကျွန်တော့်ကို အစွမ်းခွန်အား ပေးတဲ့ ဘုရားသခင်ကြောင့် အရာရာကို စွမ်းဆောင်နိုင်လို့ပဲ။”—ဖိလိပ္ပိ ၄:၁၃။

ဆိုလိုတာက– ဘုရားကို အားကိုးပါ။ ဆုတောင်းပါ။ ဘုရားက သင့်ကို ရင်ဆိုင်ကျော်လွှားနိုင်တဲ့ ခွန်အား ပေးပါလိမ့်မယ်။

ကျမ်းစာအခြေခံမူ– “ဘာမှ မစိုးရိမ်ဘဲ အရာရာမှာ ကျေးဇူးတော်ကို ချီးမွမ်းကြပါ၊ ဆုတောင်းကြပါ၊ တိုးလျှိုးအသနားခံကြပါ၊ ဘုရားသခင်ဆီ အသနားခံကြပါ။ ဒါဆိုရင် လူ့ဉာဏ်နဲ့ မမီနိုင်တဲ့ ဘုရားသခင့်ငြိမ်သက်ခြင်းက ... ခင်ဗျားတို့ရဲ့ စိတ်နှလုံးနဲ့ ဉာဏ်ရည်ဉာဏ်စွမ်းကို စောင့်ရှောက်ပေးပါလိမ့်မယ်။”—ဖိလိပ္ပိ ၄:၆၊ ၇။

ဆိုလိုတာက– ဘယ်လိုအခြေအနေပဲ ရင်ဆိုင်နေရပါစေ စိတ်ငြိမ်သက်မှု ရှိဖို့ ဘုရားဆီ ဆုတောင်းပါ။ “ဖိလိပ္ပိ ၄:၆၊ ၇—‘အဘယ်အမှုကိုမျှ စိုးရိမ်ခြင်း မရှိနှင့်’” ဆောင်းပါးကို ဖတ်ပါ။

a ကျူးကျော်စစ် စတင်ပြီးနောက်နေ့မှာ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးများရုံး (UNHCR) က ဒါဟာ အမြင့်ဆုံး အရေးပေါ် အခြေအနေ ဖြစ်တယ်လို့ ထုတ်ပြန်တယ်။ ၁၂ ရက်အတွင်းမှာပဲ ယူကရိန်း ဒုက္ခသည် တစ်သန်းကျော်က နိုင်ငံအတွင်း လုံခြုံတဲ့ ဒေသတွေဆီ ထွက်ပြေးကြရတယ်။ နောက်ထပ် နှစ်သန်းကျော်ဟာ အိမ်နီးချင်းနိုင်ငံတွေဆီ ထွက်ပြေးကြရတယ်။

b ယေဟောဝါဆိုတာ ဘုရားသခင်ရဲ့ နာမည်ပါ။ (ဆာလံ ၈၃:၁၈) “ယေဟောဝါဆိုတာ ဘယ်သူလဲ” ဆောင်းပါးကို ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ