ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwyp ဆောင်းပါး ၇
  • ကျောင်းတက်ဖို့ စိတ်ကုန်နေရင် ဘာလုပ်ရမလဲ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျောင်းတက်ဖို့ စိတ်ကုန်နေရင် ဘာလုပ်ရမလဲ
  • လူငယ်များအမေး
  • ဆင်တူတဲ့ အကြောင်းအရာ
  • ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး . . .တာသွားသည့်အဖြေ
  • ငါကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး—တာသွားသည့်အဖြေ၊ အတွဲ ၁
  • ကျောင်းကနေ အကျိုးအပြည့်အဝ ရနိုင်ပုံ
    နိုးလော့!—၂၀၁၂
  • ကျောင်းထွက်လိုက်ရင် ကောင်းမလား
    လူငယ်များအမေး
နောက်ထပ် ကြည့်ပါ
လူငယ်များအမေး
ijwyp ဆောင်းပါး ၇
ကျောင်းက ပစ္စည်းသိမ်းတဲ့နေရာမှာ ဆယ်ကျော်သက်ကောင်လေးတစ်ယောက် စိတ်ပျက်လက်ပျက် ရပ်နေ။

လူငယ်များအမေး

ကျောင်းတက်ဖို့ စိတ်ကုန်နေရင် ဘာလုပ်ရမလဲ

ကျောင်းတက်ရတာ မကြိုက်ဘူးလို့ ပြောတာ နားလည်ပါတယ်။a အိမ်စာတွေ တစ်ပုံတစ်ပင် လုပ်ရတာတစ်မျိုး၊ စာမေးပွဲတွေကြောင့် စိတ်ဖိစီးရတာတစ်မျိုး။ ဒီကြားထဲ ဆရာ၊ ဆရာမတွေက စည်းကမ်းတင်းကျပ်ပြီး ရွယ်တူချင်းဖိအားကိုလည်း ကြုံရသေးတယ်။ ရေချယ်b ဆိုတဲ့ မိန်းကလေးတစ်ယောက် ဒီလိုပြောတယ်–

“ကျောင်းကလွဲလို့ ဘယ်နေရာမဆို အကုန်ကြိုက်တယ်။ ကမ်းခြေသွားတာဖြစ်ဖြစ်၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်တာဖြစ်ဖြစ်ပေါ့။ အိမ်မှာ မိဘတွေကို ကူပြီး ချက်ရပြုတ်ရ၊ သန့်ရှင်းရေးလုပ်ရတယ်ဆိုရင်တောင် ကိစ္စမရှိပါဘူး။”

ရေချယ်လို ခံစားနေရသလား။ ဒါဆို ကျောင်းတက်ရတာ ထောင်ကျနေသလို ဖြစ်နေမှာပဲ။ အထက်တန်းကျောင်းပြီးမှ ဒီထောင်ကနေ လွတ်မှာဆိုပြီး ကြိတ်မှိတ်သည်းခံနေရတာ ဖြစ်နိုင်တယ်။ ဒါဆို ကျောင်းတက်ရတာ အကျိုးရှိတယ်လို့ မြင်နိုင်အောင် ဘာကများ ကူညီပေးနိုင်မလဲ။

သင် သိပါသလား။ ကျောင်းတက်ခြင်းကြောင့် ရလာတဲ့ အကျိုးကျေးဇူးတွေကို သိသွားမယ်ဆိုရင် အောင့်အီးသည်းခံပြီး ကျောင်းတက်နေရတယ်လို့ မတွေးတော့ဘဲ အခြေအနေကို အကောင်းဘက်ကနေ မြင်လာနိုင်မယ်။ တကယ်တော့ ကျောင်းဆိုတာ ဘဝမှာလိုအပ်မယ့် အရည်အချင်းတွေကို ထက်မြက်အောင် သွေးပေးတဲ့နေရာတစ်ခုပါ။

ကျောင်းတက်ခြင်းရဲ့ အကျိုးကျေးဇူးတွေကို မြင်နိုင်အောင် အောက်ပါကဏ္ဍတွေကို အလေးထားစဉ်းစားကြည့်ပါ–

မှတ်စုစာအုပ်နဲ့ ခဲတံ။

ပညာရေး။ ကောင်းကောင်း သင်ယူထားမှ ဘဝမှာ၊ လုပ်ငန်းခွင်မှာ ကြုံလာရမယ့် ပြဿနာတွေကို ကိုယ်တိုင် ကောင်းကောင်းဖြေရှင်းနိုင်မှာ။ မဟုတ်ရင်တော့ တစ်ဆိတ်ရှိ သူများကိုပဲ အားကိုးနေရမယ်။ ‘ကျောင်းတက်ရတာ မကြိုက်ရင်တောင် ကျောင်းပညာရေးကနေ ငါ ဘာအကျိုးကျေးဇူးတွေ ရနေသလဲ’ ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

ကျမ်းစာအခြေခံမူ။ “လက်တွေ့ကျဉာဏ်ပညာနဲ့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို ကာကွယ်စောင့်ရှောက်ပါ။”—ပညာအလိမ္မာ ၃:၂၁။

ထပ်သိချင်ရင် “ကျောင်းမှာ အဆင့်ကျသွားရင် ဘယ်လိုလုပ်မလဲ” ဆောင်းပါးကို ဖတ်ပါ။

စာရင်း။

အလေ့အထ။ အချိန်ကို ဘယ်လိုစီမံမလဲ၊ ကိုယ့်ကိုယ်ကိုယ် ဘယ်လိုကြပ်မတ်ရမလဲ၊ ဘယ်လိုကြိုးကြိုးစားစား လုပ်ကိုင်ရမလဲဆိုတဲ့ အလေ့အကျင့်ကောင်းတွေကို ကျောင်းတက်ရင်း ရလာနိုင်တယ်။ ဒါတွေဟာ လက်တွေ့ဘဝမှာ လိုအပ်မယ့်အရည်အသွေးတွေပဲ။ “ကိုယ့်ကိုယ်ကိုယ် ပိုကြပ်မတ်နိုင်အောင်၊ ပိုကြိုးစားတတ်အောင် ကျောင်းအချိန်ဇယားက ငါ့ကို ဘယ်လိုကူညီပေးနေသလဲ။ ဒီကဏ္ဍတွေမှာ ပိုတိုးတက်အောင် ငါ ဘယ်လိုလုပ်နိုင်သလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

ကျမ်းစာအခြေခံမူ။ “ကြိုးစားပမ်းစားလုပ်တဲ့ အလုပ်မှန်သမျှ အကျိုးရှိတယ်။”—ပညာအလိမ္မာ ၁၄:၂၃။

ထပ်သိချင်ရင် “အချိန်ကို ဘယ်လို အကျိုးရှိရှိ အသုံးချမလဲ” ဆောင်းပါးကို ဖတ်ပါ။

စကားပြောနေတဲ့ လူနှစ်ယောက်။

ပေါင်းသင်းဆက်ဆံရေး။ ကျောင်းမှာ အတန်းဖော်တွေနဲ့ ပေါင်းသင်းဆက်ဆံတာက တစ်ဖက်သားအပေါ် စာနာမှု၊ လေးစားမှုရှိဖို့ ကူညီပေးနိုင်တယ်။ “လူတွေနဲ့ ပြောနည်းဆိုနည်း အတတ်ပညာဟာ သမိုင်း၊ သိပ္ပံဘာသာရပ်လို အရေးကြီးတဲ့ပညာရပ်တစ်ခုပဲ။ တစ်ဘဝလုံး သုံးသွားရမှာ” ဆိုပြီး လူငယ်ဂျော်ရှဝါ ပြောတယ်။ “တခြားသူတွေနဲ့ တည့်အောင်ပေါင်းတတ်ဖို့၊ နောက်ခံ၊ ယုံကြည်ချက်မတူသူတွေနဲ့တောင် အဆင်ပြေအောင်နေတတ်ဖို့ ကျောင်းတက်ရင်း ဘယ်လိုသိလာသလဲ” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် မေးပါ။

ကျမ်းစာအခြေခံမူ။ “လူအားလုံးနဲ့ သင့်မြတ်စွာနေဖို့ . . . အစွမ်းကုန်ကြိုးစားပါ။”—ဟီဘရူး ၁၂:၁၄။

ထပ်သိချင်ရင် “စကားပြောစွမ်းရည် တိုးတက်အောင် ဘာလုပ်ရမလဲ” ဆောင်းပါးကို ဖတ်ပါ။

လမ်းလျှောက်နေတဲ့ လူတစ်ယောက်။

အနာဂတ်။ ကိုယ်ဘယ်နေရာမှာ အားသန်သလဲ၊ တော်သလဲဆိုတာ သိနိုင်ဖို့၊ အားသန်ရာအလိုက် ပန်းတိုင်တွေ ချနိုင်ဖို့ ကျောင်းပညာရေးက ကူညီပေးနိုင်တယ်။ ဘရွတ်ခ်လို့ခေါ်တဲ့ အမျိုးသမီးငယ်တစ်ယောက် ဒီလိုပြောတယ်– “ပညာရပ်တစ်ခုခုမှာ ပိုကျွမ်းကျင်သွားအောင် လေ့ကျင့်မှုတွေ ယူထားလို့ရတယ်။ ကျွန်မလည်း အဲဒီလိုယူထားလို့ ကျောင်းပြီးသွားတဲ့အခါ အလုပ်တန်းရသွားတယ်။” ကိုယ့်ကိုယ်ကိုယ် ဒီလိုမေးပါ– ‘အထက်တန်းကျောင်းပြီးတဲ့အခါ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်နိုင်အောင် ဘာအလုပ်လုပ်မလဲ။ အဲဒီလိုအလုပ်မျိုးရနိုင်အောင် အခုကတည်းက ကျောင်းမှာ ဘာတွေ သင်ယူထားရင် ကောင်းမလဲ။’

ကျမ်းစာအခြေခံမူ။ “မိမိပြုရမည့်အမှုကို သေချာစွာ စဉ်းစားကြံဆပြီးမှ ပြုပါလော့။”—ပညာအလိမ္မာ ၄:၂၆၊ ခေတ်သုံးမြန်မာသမ္မာကျမ်း။

a ဒီဆောင်းပါးမှာပါတဲ့ အခြေခံမူအများစုကို အိမ်မှာနေရင်း ကျောင်းတက်နေသူတွေလည်း ကျင့်သုံးနိုင်တယ်။

b အမည်လွှဲများ

ရွယ်တူချင်းတွေ ပြောဆိုရာ

  • မက်ဒီဆန်။

    “အုပ်စုလိုက်လုပ်ရတဲ့ ပရောဂျက်တွေမှာဆိုရင် ကျောင်းသားအမျိုးမျိုးနဲ့ တွဲလုပ်ရတာဆိုတော့ နောက်ခံ၊ စရိုက်မတူသူတွေရဲ့အမြင်ကို နားထောင်တတ်လာတယ်။ အတန်းဖော်အများစုက ကျွန်မကို လေးလေးစားစား၊ ကောင်းကောင်းမွန်မွန် ဆက်ဆံကြပါတယ်။ သူတို့ကို အပြစ်မရှာဘဲ ကူညီပေးတတ်တယ်ဆိုတာ သိထားကြလို့ပါ။”—မက်ဒီဆန်။

  • ရိုင်ယန်။

    “အတန်းဖော်တွေကို အကောင်းမြင်တတ်လာပြီ။ အများစုက ကောင်းအောင် ကြိုးစားနေတဲ့သူတွေပါ။ ဒီတော့ သူတို့ကို ကျမ်းစာထဲက အားရှိစရာအချက်တစ်ခုခု ပြောပြနိုင်ဖို့ ကျွန်တော် အခွင့်အရေးရှာတယ်။”—ရိုင်ယန်။

  • ဘရွတ်ခ်။

    “ကျောင်းတက်လို့ လူမှုပေါင်းသင်းဆက်ဆံရေး တိုးတက်လာတာ။ အတန်းဖော်တွေနဲ့ တစ်နေကုန်နေရင်း ပြောသင့်တာ၊ မပြောသင့်တာတွေ သိလာတယ်၊ စိတ်ရှည်တတ်လာတယ်၊ ဝေမျှတတ်လာတယ်။ ကာယအချိန်ဆိုရင် အုပ်စုလိုက် အားကစားလုပ်ရတော့ အဖွဲ့လိုက် ပူးပေါင်းလုပ်ဆောင်တတ်လာတယ်။ ကိုယ့်ဘာသာကိုယ်ဆိုရင် ဒါတွေ သိလာမှာမဟုတ်ဘူး။”—ဘရွတ်ခ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ