ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ijwbv ဆောင်းပါး ၁၆
  • ရောမ ၁၂:၂—“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ရောမ ၁၂:၂—“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”
  • ကျမ်းပိုဒ် ရှင်းပြချက်များ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရောမ ၁၂:၂ ရဲ့ အဓိပ္ပာယ်
  • ရောမ ၁၂:၂ ရဲ့ အထက်အောက်စကား
  • သင် ပြုပြင်ပြောင်းလဲပြီးပြီလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ရောမ ၅:၈—“ခရစ်တော်ကတော့ ကျွန်တော်တို့ အပြစ်ရှိသူတွေ ဖြစ်နေတာတောင် အသေခံပေးခဲ့”
    ကျမ်းပိုဒ် ရှင်းပြချက်များ
  • ဘုရားသခင်နဲ့ဆိုင်တဲ့ အသိပညာ မရဖို့ တားဆီးနေတဲ့ အယူအဆတွေကို ဖြိုဖျက်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ရောမသားများ—အကောင်းဆုံးသတင်းရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
နောက်ထပ် ကြည့်ပါ
ကျမ်းပိုဒ် ရှင်းပြချက်များ
ijwbv ဆောင်းပါး ၁၆

ကျမ်းပိုဒ် ရှင်းပြချက်များ

ရောမ ၁၂:၂—“စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ”

“ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။ ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ် ဖြစ်တဲ့၊ ပြီးပြည့်စုံတဲ့ အလိုတော်ကို ကောင်းကောင်း သိနိုင်ဖို့ ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။”—ရောမ ၁၂:၂၊ ကမ္ဘာသစ်ဘာသာပြန်ကျမ်း။

“သင်တို့သည် လောကီပုံသဏ္ဌာန်ကို မဆောင်ကြနှင့်။ ကောင်းမြတ်သောအရာ၊ နှစ်သက်ဖွယ်သောအရာ၊ စုံလင်သောအရာတည်းဟူသော ဘုရားသခင် အလိုတော်ရှိသောအရာသည် အဘယ်အရာ ဖြစ်သည်ကို သင်နိုင်မည်အကြောင်း၊ စိတ်နှလုံးကို အသစ်ပြင်ဆင်၍ ပုံသဏ္ဌာန် ပြောင်းလဲခြင်းသို့ ရောက်ကြလော့။”—ရောမ ၁၂:၂၊ ယုဒသန်ကျမ်း။

ရောမ ၁၂:၂ ရဲ့ အဓိပ္ပာယ်

ဘုရားသခင်ရဲ့ ချစ်ခင်မြတ်နိုးမှုကို လိုချင်တဲ့သူတွေက မကောင်းမှုကို ရှောင်ရမယ့်အပြင် ကိုယ့်ရဲ့ စရိုက်ကိုလည်း ပြုပြင်ပြောင်းလဲရမယ်။ အဲဒီလိုလုပ်ဆောင်တာက ဘုရားကို ချစ်လို့ ဖြစ်တယ်။ ဒါ့အပြင် ကိုယ်လုပ်နိုင်တာကိုပဲ မေတ္တာရှင် ဘုရားသခင် တောင်းဆိုတာ၊ ကိုယ့်အတွက်လည်း အကျိုးရှိစေတယ်ဆိုတာ သိလို့ ဖြစ်တယ်။ ဘုရားသခင်ကတော့ အတင်း ပြောင်းလဲခိုင်းမှာ မဟုတ်ဘူး။—ဟေရှာယ ၄၈:၁၇။

“ဒီလောကစနစ်ရဲ့ ပုံသွင်းမှုကို မခံပါနဲ့တော့။” “လောကစနစ်” ဆိုတာ လူ့ဘောင်အဖွဲ့အစည်းကို ဆိုလိုတယ်။ လူတွေရဲ့ အမူအကျင့်နဲ့ စရိုက်တွေကို လောကပုံစံ ထွက်အောင် ဒီလူ့ဘောင်အဖွဲ့အစည်းက အတင်း ဖိအားပေးတတ်တယ်။ လောကစနစ်ရဲ့ စံနှုန်း၊ အကျင့်အကြံ၊ အပြုအမူတွေက ဘုရားသခင်ရဲ့ စံနှုန်း၊ အတွေးအခေါ်တွေနဲ့ ပြဒါးတစ်လမ်း၊ သံတစ်လမ်းပဲ။ (၁ ယောဟန် ၂:၁၅-၁၇) ဒါကြောင့် လောကပုံစံကို ငြင်းပယ်မယ်ဆိုရင် သူ့ရဲ့ ဝတ်ပြုကိုးကွယ်မှုကို ဘုရားသခင် လက်ခံမယ်။ လောကပုံစံကို မငြင်းပယ်ဘူးဆိုရင် သူ့အတွက်လည်း အန္တရာယ် ရှိနိုင်သလို၊ သူ့ရဲ့ ဝတ်ပြုကိုးကွယ်မှုကိုလည်း ဘုရားသခင် လက်ခံမှာ မဟုတ်ဘူး။—ဧဖက် ၂:၁-၃။ ၄:၁၇-၁၉။

“ခင်ဗျားတို့ရဲ့ စိတ်သဘောကို ပြုပြင်ပြောင်းလဲကြပါ။” “ပြုပြင်ပြောင်းလဲ” လို့ ဘာသာပြန်ထားတဲ့ ဂရိစကားလုံးက ခူကောင်ကနေ လိပ်ပြာအဖြစ် လုံးလုံးလျားလျား ပြောင်းလဲမှုမျိုးကို ဆိုလိုတယ်။ အဲဒီနည်းအတိုင်း ကိုယ့်ရဲ့ အတွင်းစိတ်သဘောထား၊ စိတ်ခံစားချက်ကိုလည်း ပြောင်းလဲပစ်ရမယ်။ ဘုရားသခင်ကို ဝတ်ပြုသူတွေက “စရိုက်သစ်” နဲ့အညီ ကြိုးစားနေထိုင်ရမယ်။—ဧဖက် ၄:၂၃၊ ၂၄။ ကောလောသဲ ၃:၉၊ ၁၀။

‘ဘုရားသခင်ရဲ့ ကောင်းမြတ်တဲ့၊ လက်ခံဖွယ် ဖြစ်တဲ့၊ ပြီးပြည့်စုံတဲ့ အလိုတော်ကို ကောင်းကောင်း သိပါ။’ ဘုရားသခင်က မိမိကို ဝတ်ပြုသူတွေ ကိုယ်ယုံကြည်ထားရာ အားလုံးကို လက်ခံကျင့်သုံးစေလိုတယ်။ သူတို့က ကျမ်းစာကို ဖတ်ရှုလေ့လာပြီး လိုက်နာကြတယ်။ ဘုရားသခင့် စံနှုန်းအတိုင်း နေထိုင်ပြီး အကျိုးကျေးဇူး ရရှိနေကြတယ်။ ဒါကြောင့်လည်း ဘုရားသခင့် လမ်းစဉ်တွေက အကောင်းဆုံး ဖြစ်တယ်ဆိုတာ သိရှိလာကြတယ်။—ဆာလံ ၃၄:၈။

ရောမ ၁၂:၂ ရဲ့ အထက်အောက်စကား

ဘုရားသခင် လက်ခံတဲ့ ဝတ်ပြုကိုးကွယ်မှုဟာ ဘယ်လိုမျိုးလဲဆိုတာ ရောမ အခန်းကြီး ၁၂ မှာ ဖော်ပြထားတယ်။ ပါးစပ်က ဘုရားဘုရား၊ လက်က ကားယားကားယားမျိုး မဖြစ်ရဘူး။ ဝတ်ပြုကိုးကွယ်မှုဟာ ဘဝကဏ္ဍတိုင်းနဲ့ ဆက်စပ်နေရမယ်။ မျက်စိမှိတ် ယုံကြည်မှုကြောင့် ဒါမှမဟုတ် စိတ်လှုပ်ရှားမှုကြောင့် မဟုတ်ဘဲ “စဉ်းစားဆင်ခြင်နိုင်စွမ်း” ကို သုံးပြီး ဝတ်ပြုကိုးကွယ်တာမျိုး ဖြစ်ရမယ်။ (ရောမ ၁၂:၁၊ ၃) ဒါ့အပြင် ဘုရားသခင် နှစ်သက်တဲ့ အရည်အသွေးတွေကို ဘယ်လို တင်ပြရမလဲ၊ တခြားသူတွေနဲ့ ဘယ်လို ပြောဆိုဆက်ဆံရမလဲ၊ မတရားဆက်ဆံခံရရင် ဘယ်လို တုံ့ပြန်ရမလဲစတဲ့ လက်တွေ့ကျ အကြံပြုချက်တွေကိုလည်း ဖော်ပြထားတယ်။—ရောမ ၁၂:၉-၂၁။

ရောမ အခန်းကြီး ၁၂ ကို အောက်ခြေမှတ်ချက်၊ ပြန်လှန်အညွှန်းတွေနဲ့အတူ ဖတ်ပါ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ