ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • နဓ ၇/၉၉ စာ. ၄
  • “လိုရင်းကိုပြော!” ကြစို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လိုရင်းကိုပြော!” ကြစို့
  • ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏အသက်ကယ်ဆယ်ရေး ဓမ္မအမှုတွင် အောင်မြင်စွာ ပါဝင်ခြင်း
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • ဘုရားသခင့်သားတော် ယေရှုခရစ်အကြောင်းသိရှိလာရန် သူတစ်ပါးကို ကူညီလေ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
  • မဂ္ဂဇင်းတင်ဆက်နည်းအတွက် ပြင်ဆင်နိုင်ပုံ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၇
  • ရိုးရိုးလေးနှင့် ထိရောက်သော ပြန်လည်ပတ်မှုများ
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၁၉၉၉
နဓ ၇/၉၉ စာ. ၄

“လိုရင်းကိုပြော!” ကြစို့

၁ သင်အသေအချာပြင်ဆင်ပြီးဟောသည်ကို အိမ်ရှင်တစ်ဦးက “ခင်ဗျား ဘာအလိုရှိသလဲ၊ လိုရင်းကိုပြောပါ!” ဟူ၍ စကားဖြတ်ပြောသည်ကို ကြုံဖူးပါသလော။ ထိုသို့သောအတွေ့အကြုံတစ်ခုမှ ကျွန်ုပ်တို့ဘာသင်ယူနိုင်သနည်း။

၂ ယနေ့လူများစွာသည် စိတ်မရှည်ကြပါ။ ကျွန်ုပ်တို့သည် မည်သူများဖြစ်ကြောင်းနှင့် အဘယ်ကြောင့် ထိုနေရာသို့ရောက်လာသည်ကို သူတို့သိလိုကြသည်။ ကျွန်ုပ်တို့လည်ပတ်ရသည့်ရည်ရွယ်ချက်သည် သမ္မာကျမ်းစာဆွေးနွေးရန်ဖြစ်ကြောင်း သူတို့သိရှိသောအခါ နားထောင်ဖို့ငြင်းဆိုကြပေမည်။ ကျမ်းစာဖတ်ရှုခြင်းနှင့် ဝိညာဉ်ရေးအကြောင်းပြောဆိုခြင်းသည် လူများစွာတို့၏အသက်တာတွင် အရေးကြီးရာများမဟုတ်ကြပေ။ ကျွန်ုပ်တို့သည် ထိုသို့သောအိမ်ရှင်များအား ကျမ်းစာအကြောင်းအရာတစ်ခုကို ကျွန်ုပ်တို့နှင့်ဆွေးနွေးရန် အချိန်အနည်းငယ်ယူသင့်ကြောင်း မည်သို့သဘောပေါက်စေနိုင်သနည်း။

၃ အကောင်းဆုံးလုပ်ရပ်များ– သော့ချက်မှာ အိမ်ရှင်အား သမ္မာကျမ်းစာသည် သူနှင့်သက်ဆိုင်သည့်ပြဿနာများအတွက် လက်တွေ့ကျဖြေရှင်းနည်းများကို ဖော်ပြကြောင်းပြောပြရန်နှင့် တတ်နိုင်သရွေ့ စကားနည်းနည်းဖြင့် ယင်းကိုပြောရန်ဖြစ်၏။ အထိရောက်ဆုံးတင်ဆက်မှုများတွင် အိမ်ရှင်အား စဉ်းစားစေသည့် သတ်သတ်မှတ်မှတ်မေးခွန်းတစ်ခုကိုဖော်ပြကာ ယင်းနောက် မေးခွန်းကိုဖြေကြားပေးသည့် ကျမ်းချက်တစ်ချက်ကို ဖတ်ပြခြင်းဖြစ်၏။ အောက်ပါအကြံပြုချက်များအနက်အချို့ကို သင်စမ်းကြည့်လိုပေမည်။ ၎င်းတို့သည် အိမ်ရှင်၏စိတ်ဝင်စားမှုကိုနှိုးဆွပေးစဉ် သွက်လက်စွာဖြင့် “လိုရင်းကိုပြော” နိုင်ရန် ကျွန်ုပ်တို့ကိုကူညီပေးဖို့ စီစဉ်ထားသည်။

၄ စိတ်မဝင်စားပါဟု ပြောတတ်သူများရှိသည့်ရပ်ကွက်တွင် သူတို့နှင့် ကိုယ်တိုင်ကိုယ်ကျပတ်သက်နေသည့် မေးခွန်းတစ်ခုကိုမေးပါ–

▪ “နောက်အနှစ်တစ်ထောင်ကာလကို ချဉ်းကပ်လာတာနဲ့အမျှ မျှော်လင့်ချက်ရောင်ခြည်သန်းလာတယ် ဒါမှမဟုတ် ရင်လေးစရာဖြစ်နေတယ်လို့ မိတ်ဆွေခံစားရသလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] သမ္မာကျမ်းစာက ယနေ့ကျွန်တော်တို့တွေ့မြင်နေရတဲ့ ရတက်မအေးစရာအဖြစ်အပျက်တွေအပြင် ၎င်းတို့ရဲ့ရလဒ်ကိုပါ ကြိုတင်ဖော်ပြထားပါတယ်။” ၂ တိမောသေ ၃:၁၊ ၂၊ ၅ နှင့် သုတ္တံ ၂:၂၁၊ ၂၂ ကိုဖတ်ပြပါ။

▪ “ဒီနိုင်ငံမှာ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ပတ်သက်ပြီး စိုးရိမ်စရာအများကြီးရှိပါတယ်။ ကျန်းမာရေးပြဿနာအားလုံးကို ထာဝစဉ်ဖြေရှင်းပေးမယ်ဆိုတဲ့ ဘုရားသခင်ရဲ့ကတိတော်တွေကို မိတ်ဆွေသိပါသလား။” ဗျာဒိတ် ၂၁:၃၊ ၄ ကိုဖတ်ပြပါ။

▪ “ကမ္ဘာပေါ်မှာအသက်ရှင်နေထိုင်သူအားလုံး ကျမ်းစာမူတွေကိုကျင့်သုံးကြမယ်ဆိုရင် ကျွန်တော်တို့လူသားထုတစ်ရပ်လုံး ဘယ်လိုအကျိုးခံစားရမယ်လို့ မိတ်ဆွေထင်သလဲ။” မဿဲ ၂၂:၃၇-၃၉ ကိုဖတ်ပြပါ။

၅ ကျွန်ုပ်တို့၏ တာဝန်သည် နိုင်ငံတော်သတင်းကောင်းကိုဟောရန်ဖြစ်သောကြောင့် ဖြစ်နိုင်သည့်အခါတိုင်း နိုင်ငံတော်ကပြီးမြောက်စေမည့် အရာများကို အာရုံစူးစိုက်စေသင့်သည်။ သင်ဤသို့ပြောနိုင်သည်–

▪ “ကမ္ဘာ့ရှေးအကျဆုံးစာအုပ်ဖြစ်တဲ့ သမ္မာကျမ်းစာက တစ်ကမ္ဘာလုံးအတွက် အစိုးရတစ်ခုတည်းရှိမယ်လို့ ကြိုပြောခဲ့တာကို မိတ်ဆွေသိပါသလား။” ဒံယေလ ၂:၄၄၊ ၄၅ ကိုဖတ်ပြပါ။

▪ “ကမ္ဘာမြေကြီးကို ယေရှုခရစ်အုပ်စိုးမယ်ဆိုရင် အခြေအနေတွေဟာ ဘယ်လိုမျိုးဖြစ်လာမယ်လို့ မိတ်ဆွေထင်သလဲ။” ဆာလံ ၇၂:၇၊ ၈ ကိုဖတ်ပြပါ။

၆ ဘာသာတရားကိုင်းရှိုင်းသူများရှိသည့်ရပ်ကွက်တွင် ဤနိဒါန်းများအနက်တစ်ခုကို သင်စမ်းကြည့်နိုင်သည်–

▪ “အများသောသူတို့ဟာ လိင်၊ ဘာသာတရား ဒါမှမဟုတ် အသားအရောင်မတူတာကြောင့် ခွဲခြားဆက်ဆံတာကိုခံနေရပါတယ်။ အဲဒီလိုမျိုးစိတ်စွန်းကွက်တာကို ဘုရားသခင်ဘယ်လိုခံစားရမယ်လို့ မိတ်ဆွေထင်သလဲ။” တမန်တော် ၁၀:၃၄၊ ၃၅ ကိုဖတ်ပြပါ။

▪ “ယေရှုခရစ်ဟာ သူ့ခေတ်မှာ အံ့ဖွယ်အမှုများစွာပြုလုပ်ခဲ့တယ်ဆိုတာကို ကျွန်တော်တို့သိကြတယ်။ နောက်တစ်ခါအံ့ဖွယ်အမှုပြုဖို့ မိတ်ဆွေတောင်းဆိုနိုင်မယ်ဆိုရင် ဘာကိုတောင်းဆိုမလဲ။” ဆာလံ ၇၂:၁၂-၁၄၊ ၁၆ ကိုဖတ်ပြပါ။

၇ အိမ်ရှင်သည် တံခါးဖွင့်ဖို့ အင်တင်တင်လုပ်နေသောအခါ သင်ဤသို့ပြော၍စကားစနိုင်သည်–

▪ “ယနေ့လူအများစုဟာ ပြဿနာတွေအကြောင်းကြားရတာကို စိတ်ကုန်လာကြတယ်။ ဖြေရှင်းနည်းအကြောင်း သူတို့ကြားချင်ကြတယ်။ မိတ်ဆွေလည်း အဲဒါကိုပဲကြားချင်မှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ပြဿနာတွေအတွက် စစ်မှန်တဲ့ဖြေရှင်းနည်းကို ဘယ်နေရာမှာတွေ့နိုင်သလဲ။” တုံ့ပြန်မှုကိုစောင့်ပါ။ ၂ တိမောသေ ၃:၁၆၊ ၁၇ ကိုဖတ်ပြပါ။

၈ ယင်းကို့ကို စမ်းကြည့်ပါလေ။ များသောအားဖြင့် အိမ်ရှင်၏စိတ်ဝင်စားမှုကိုနှိုးဆွပေးရန် ရိုးရိုးကလေးနှင့် လိုရင်းတိုရှင်းမေးခွန်းတစ်ခုသာလို၏။ ယခင်က အတိုက်အခံပြုခဲ့သောအမျိုးသမီးတစ်ဦးသည် ညီအစ်မနှစ်ဦးအနက်တစ်ဦးက “သခင့်ပတ္ထနာထဲက မိတ်ဆွေ ဆုတောင်းနေတဲ့နိုင်ငံတော်ဟာ ဘာလဲဆိုတာပြောပြနိုင်မလား” ဟုမေးပြီးနောက်တွင် သူတို့ကို အိမ်ထဲသို့ဖိတ်ခေါ်ခဲ့သည်။ အမျိုးသမီးသည် မေးခွန်းကြောင့် သိလိုစိတ်ပြင်းပြလာကာ ကျမ်းစာသင်အံမှုကို လက်ခံလိုက်သည်။ ယခု သူသည် ယေဟောဝါ၏ဆက်ကပ်အပ်နှံပြီးသောကျေးကျွန်တစ်ဦးဖြစ်နေပေပြီ!

၉ သင်သည် အိမ်ရှင်တစ်ဦးနှင့်စကားပြောသောအခါ သင့်စကားများသည် စစ်မှန်ပါစေ။ သင့်နှလုံးမှပြောပါ။ လူတို့သည် သူတို့ကို ကျွန်ုပ်တို့တကယ်စိတ်ဝင်စားကြောင်း သဘောပေါက်လာသည့်အခါ တလိုတလားတုံ့ပြန်ဖို့အကြောင်းပိုများပါသည်။—တ. ၂:၄၆၊ ၄၇။

၁၀ ယနေ့ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်၏။ အိမ်ရှင်အချို့သည် လူစိမ်းများကို သံသယရှိကြသည်။ အခြားသူများမူ ဗျာများနေကြပြီး အချိန်အနည်းငယ်သာပေးနိုင်ကြသည်။ သို့တိုင် ရှာရမည့်ထိုက်တန်သူများစွာရှိနေသေးကြောင်း ကျွန်ုပ်တို့စိတ်ချနိုင်သည်။ (မ. ၁၀:၁၁) ကျွန်ုပ်တို့၏တင်ဆက်မှုများကို တိုတုတ်ပြီး “လိုရင်း!” ဖြစ်စေမည်ဆိုလျှင် သူတို့ကိုရှာဖွေရန် ကျွန်ုပ်တို့၏ကြိုးစားမှုများသည် ပို၍အောင်မြင်နိုင်စရာရှိပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ