ဇူလိုင်အတွက်လုပ်ငန်းတော်စည်းဝေးများ
ဇူလိုင် ၅ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှရွေးချယ်ထားသောကြေညာချက်များ။ တစ်နိုင်ငံလုံးနှင့် ဒေသခံအသင်းတော်၏မတ်လလယ်ကွင်းလုပ်ငန်းမှတ်တမ်းကို မှတ်ချက်ပေးပါ။ သီအိုကရက်တစ်သတင်း။
၂၀ မိ– “ယေဟောဝါ၏အကူအညီအတွက် ဆုတောင်းပါ။” အဖွင့်နိဒါန်းကို တစ်မိနစ်ထက်မပိုစေဘဲ မေးဖြေဆွေးနွေးသွားရန်။ စိတ်ရင်းမှန်ဖြင့်တောင်းသောဆုတောင်းချက်အမျိုးမျိုးသည် အောင်မြင်သောဓမ္မအမှုတွင် အရေးပါသောအခန်းကဏ္ဍမှမည်သို့ပါဝင်ကြောင်း ရှင်းပြပါ။ အခန့်သင့်ဆုတောင်းချက်များသည် သူတို့၏ဓမ္မအမှုတွင် မည်သို့ကူညီပေးခဲ့ကြောင်းကိုတင်ပြသည့် တွေ့ကြုံမှုများကိုပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။—အောက်တိုဘာ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၂ ရှု။
၁၅ မိ– ဘရိုရှာများကို ကောင်းစွာအသုံးချပါ။ ဟောပြောရန်နှင့် သရုပ်ပြရန်။ ဘရိုရှာများသည် ကျွန်ုပ်တို့၏ဓမ္မအမှုတွင် အဘယ်ကြောင့် အဖိုးထိုက်သောကိရိယာများဖြစ်ကြောင်း ရှင်းပြပါ။ ယင်းတို့သည် အလွန်စိတ်ဝင်စားစရာကောင်းသည့်အကြောင်းအရာများကို ထိရောက်စွာတင်ပြသည်၊ အခြေခံအကြောင်းအရာတစ်ခုကို လိုရင်းတိုရှင်းသုံးသပ်ကာ ကျမ်းစာသွန်သင်ချက်များကို ရိုးရိုးကလေးရှင်းပြသည်။ ဤလတွင်ဝေငှမည့်ဘရိုရှာများကို ဖော်ပြကာ ဒေသအလိုက်ရရှိနိုင်မည့်ဘရိုရှာများကိုပြပါ။ ကင်းမျှော်စင်စာပေအညွှန်းပါ “တင်ဆက်မှုများ” ခေါင်းစဉ်အောက်ရှိ အကြံပြုချက်များကိုအခြေခံ၍ တိုတုတ်သည့်တက်ဆက်မှုနှစ်ခုသုံးခုကို သရုပ်ပြပါ။
သီချင်း ၁၈၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၂ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၁၅ မိ– “ကြိုတင်ပြင်ဆင်မှုသည် ရွှင်လန်းမှုကိုဖြစ်စေ၏။” ဟောပြော၍ လူတွေ့မေးမြန်းရန်။ ပြင်ဆင်မှုသည် လယ်ကွင်းလုပ်ငန်းလုပ်ဆောင်မှုအတွက် အဘယ်ကြောင့် မရှိမဖြစ်လိုအပ်ကြောင်းနှင့် ယင်းက ကျွန်ုပ်တို့အား မိမိတို့လုပ်ဆောင်သည့်အရာ၌ ကြီးစွာသောရွှင်လန်းမှုကို မည်သို့ခံစားရစေကြောင်းတို့ကို ရှင်းပြပါ။ (ကျောင်းလမ်းညွှန်စာအုပ်၊ စာမျက်နှာ ၃၇-၃၈၊ အပိုဒ် ၁-၃ ရှု။) အမှုဆောင်မသွားမီ မည်သို့ပြင်ဆင်ကြောင်းနှင့် ယင်းက သူတို့အား မည်သို့ကူညီပေးကြောင်းပြောပြသည့် အရည်အချင်းရှိကြေညာသူနှစ်ဦးသုံးဦးကို လူတွေ့မေးမြန်းပါ။ ဓမ္မအမှုအတွက်ပြင်ဆင်ရာတွင် ကျိုးကြောင်းဆင်ခြင်စာအုပ်အား ထိရောက်စွာအသုံးပြုခြင်းကိုတင်ပြလျက် ဧပြီ ၁၅၊ ၁၉၉၃၊ ကင်းမျှော်စင်၊ စာမျက်နှာ ၃၀ မှတွေ့ကြုံမှုကိုပြောပြပါ။
၂၀ မိ– “‘လိုရင်းကိုပြော!’ ကြစို့။” ပရိသတ်ကိုပါဝင်စေကာ သရုပ်ပြခန်းများပြုလုပ်ပါ။ အိမ်ရှင်နားထောင်ချင်စိတ်ရှိရန် ပြောရမည့်အရာများနှင့်စပ်လျဉ်း၍ အကြံပြုချက်တစ်ခုစီကိုသုံးသပ်ပါ။ ထိရောက်မှုရှိသည့်နိဒါန်းအချို့ကို အတွေ့အကြုံရှိသည့်ကြေညာသူများအား သရုပ်ပြစေပါ။ ထပ်ဆင့်အကြံပြုချက်များပေးရန်နှင့် ဒေသအလိုက် အမှန်တကယ်အကျိုးဖြစ်ထွန်းခဲ့ရာများကိုတင်ပြသည့် အားရှိစရာတွေ့ကြုံမှုများကို ပြောပြရန် ပရိသတ်ကိုဖိတ်ခေါ်ပါ။
သီချင်း ၁၈၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၁၉ တွင်စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။
၁၅ မိ– ဒေသလိုအပ်ရာများ။
၂၀ မိ– ကျွန်ုပ်သည် အဖွဲ့အစည်းတစ်ခုနှင့်ပူးပေါင်းရမည်လော။ ကျိုးကြောင်းဆင်ခြင်စာအုပ်၊ စာမျက်နှာ ၃၈၈-၉၂ ကိုအခြေခံ၍ ပရိသတ်နှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် နိုင်ငံတော်သတင်းတရားကို လက်ခံကြသော်လည်း ဘာသာရေးအဖွဲ့အစည်းတစ်ခုနှင့် “ပူးပေါင်းခြင်း” ကိုမနှစ်သက်သူများနှင့် ကြုံတွေ့ရလေ့ရှိသည်။ “အဖွဲ့အစည်း” ၏အဓိပ္ပာယ်သတ်မှတ်ချက်နှင့် ယေဟောဝါ၏အဖွဲ့အစည်းကို ခွဲခြားသိမြင်နိုင်သည့်အချက် ၇ ချက်ကိုသုံးသပ်ပါ။ ယင်းသည် အခြားအဖွဲ့အစည်းများနှင့် အဘယ်ကြောင့်ခြားနားရကြောင်းနှင့် ယင်းနှင့်ပူးပေါင်းခြင်းဖြင့် စစ်မှန်သောကောင်းချီးများ မည်သို့ခံစားရကြောင်းတို့ကို ရှင်းပြပါ။
သီချင်း ၁၈၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဇူလိုင် ၂၆ တွင်စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ ဇူလိုင်အတွက် လယ်ကွင်းလုပ်ငန်းမှတ်တမ်းများပေးရန် အားလုံးကို သတိပေးပါ။ မေးခွန်းသေတ္တာ။
၁၀ မိ– “တိုက်နယ်စည်းဝေးအစီအစဉ်သစ်။” ဟောရန်။ လူသစ်များကို နှစ်ခြင်းခံခြင်းနှင့်ပတ်သက်၍စဉ်းစားကြရန် အားပေးပါ။ အစီအစဉ်တိုင်းကိုတက်ကြရန် အာလုံးကိုတိုက်တွန်းပါ။
၂၀ မိ– ကျွန်ုပ်တို့သည် တပည့်ဖြစ်စေသူများလော။ လုပ်ငန်းတော်ကြီးကြပ်မှူးသည် ဖေဖော်ဝါရီ ၁၅၊ ၁၉၉၆၊ ကင်းမျှော်စင်၊ စာမျက်နှာ ၂၁-၂၄ မှအချက်များကို ဓမ္မအမှုထမ်းတစ်ဦး သို့မဟုတ် နှစ်ဦးနှင့်ဆွေးနွေးရန်။ ကျွန်ုပ်တို့သည် မိမိတို့၏ရပ်ကွက်ရှိထိုက်တန်သူများကို ရှာဖွေကာ သူတို့အားတပည့်ဖြစ်စေရန် အဘယ်ကြောင့်လိုအပ်ကြောင်း ကျမ်းဆိုင်ရာအကြောင်းရင်းများကို ပေါ်လွင်စေပါ။ (မ. ၁၀:၁၁) ဤသူတို့သည် သူတို့၏ဝန်းကျင်တွင်တွေ့ရသည့်ဆိုးညစ်မှုနှင့် ဘုရားတရားမဲ့သောအခြေအနေအားလုံးတို့ကြောင့် ညည်းတွားနေကာ ယေဟောဝါ၏အမျက်တော်ထွက်ရာနေ့မတိုင်မီ ကိုယ်တော်ကိုရှာဖွေလိုသူများဖြစ်ကြသည်။ (ယေဇ. ၉:၄; ဇေ. ၂:၂၊ ၃) သူတို့ထဲတွင် “ထာဝရအသက်ကို တလိုတလားရှိသူများ” ပါဝင်သည်။ (တ. ၁၃:၄၈၊ ကဘ) ကျွန်ုပ်တို့၏တာဝန်သည် တပည့်ဖြစ်စေရန်နှင့် ယေရှုမိန့်မှာခဲ့ရာအားလုံးကို လူတို့အား သင်ကြားပေးရန်ဖြစ်၏။ (မ. ၂၄:၁၄; ၂၈:၁၉၊ ၂၀) ကျွန်ုပ်တို့သည် တစ်အိမ်မှတစ်အိမ်အမှုဆောင်ခြင်း၊ အလွတ်သဘောသက်သေခံခြင်းနှင့် လမ်းပေါ်အမှုဆောင်စဉ်တွင်တွေ့ရသူတို့၏ အစကနဦးစိတ်ဝင်စားမှုကို နှိုးဆွပေးမည်ဖြစ်သော်လည်း ဆက်လိုက်ပေးခြင်းဓမ္မအမှု—ပြန်လည်ပတ်မှုများနှင့် ကျမ်းစာသင်အံမှုများ—တွင်မူ တပည့်ဖြစ်စေကြသည်။ ယင်းကို မည်သို့လုပ်ဆောင်နိုင်ကြောင်း လက်တွေ့ကျအကြံပြုချက်များကို ထောက်ပြပါ။
သီချင်း ၁၄ နှင့် နိဂုံးချုပ်ဆုတောင်းချက်။