ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၃/၁၅ စာ. ၁၀-၁၁
  • လူ့ကျွန်လော၊ ဘုရားသခင့်ကျေးကျွန်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူ့ကျွန်လော၊ ဘုရားသခင့်ကျေးကျွန်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူတို့နောက်လိုက်ခြင်း၏အန္တရာယ်များ
  • ယေဟောဝါသက်သေများသည် တစ်ယူသန်ဂိုဏ်းတစ်ခုလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • ယေဟောဝါသက်သေများ
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • ခရစ်ယာန်များနှင့် ယနေ့ လူ့အဖွဲ့အစည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • သင်တို့က အမေရိကန်ဂိုဏ်းခွဲလား။
    ယေဟောဝါသက်သေတွေနဲ့ပတ်သက်ပြီး မေးလေ့ရှိတဲ့ မေးခွန်းများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၃/၁၅ စာ. ၁၀-၁၁

လူ့ကျွန်လော၊ ဘုရားသခင့်ကျေးကျွန်လော

“ယဟောဝါသက်သေတို့သည် အများအားဖြင့် ချီးကျူးစရာဖြစ်သည်။” ဤသို့ဂျာမန်စာအုပ် စီဟာ၊ ဂရူဗလာ၊ အန်သရူးဇီးအက်စ်တန် (စိတ်ကူးယဉ်သမားများ၊ စေ့စေ့စဉ်းစားဆင်ခြင်သူများ၊ စိတ်အားထက်သန်သူများ) ကဖော်ပြထားသည်။ သက်သေခံများကို အပြစ်တင်ဝေဖန်ထားသော်လည်း ဤသို့ဝန်ခံသည်– “အများအားဖြင့်၊ သူတို့သည် အပြစ်ကင်းအောင် နေထိုင်ကြသော အလယ်အလတ်တန်းစားများဖြစ်ကြသည်။ သူတို့သည် အလုပ်ကို ဝီရိယနှင့်အသိစိတ်ရှိရှိလုပ်ကိုင်သော၊ အေးဆေးငြိမ်သက်သော နိုင်ငံသားများဖြစ်ကြပြီး ရိုးသားမှန်ကန်စွာ အခွန်ပေးသူများလည်းဖြစ်ကြသည်။ သူတို့သည် စည်းစိမ်ဥစ္စာနောက်တကောက်ကောက်လိုက်ခြင်းကို ရှောင်ကြသည်။ . . . စည်းဝေးကြီးများတွင် သူတို့၏စည်းကမ်းသေဝပ်မှုကို ချီးကျူးထိုက်ပေသည်။ သူတို့၏ကိုယ်ကျိုးစွန့်စိတ်ဓာတ်သည် အခြားမည်သည့်ဘာသာရေးအုပ်စုနှင့်မဆို တန်းတူညီမျှဖြစ်သည်; အမှုတော်ဆောင်ခြင်းနှင့်ပတ်သက်လျှင် သူတို့သည် အခြားဘာသာ အားလုံးတို့ထက် သာလွန်သည်။ သို့သော် ကျွန်ုပ်တို့ခေတ်ရှိ အခြားခရစ်ယာန်ချာ့ချ်နှင့်အဖွဲ့တိုင်းထက် သူတို့သာလွန်ရခြင်းမှာ သူတို့ထဲမှအများစုသည် အခြေအနေအမျိုးမျိုးအောက်နှင့် ဘေးအမျိုးမျိုးကြားမှာပင် သူတို့၏အယူဝါဒများကို မဆုတ်မနစ်သောဇွဲဖြင့် ကြေညာခြင်းဖြစ်သည်။”a

ဤကဲ့သို့အပြုသဘောဖြင့် ဝေဖန်ခံရလျက်ပင် အချို့သူများသည် ယေဟောဝါသက်သေများကို အထင်အမြင်လွဲမှားရန်လုပ်နေကြသည်။ ကမ္ဘာတစ်ဝန်းရှိ နိုင်ငံအများစုတွင် သက်သေခံများသည် အနှောင့်အယှက်မရှိဘဲ မိမိတို့၏ဘာသာရေးလုပ်ငန်းတော်ကို ဆယ်စုနှစ်များစွာ မကွယ်မဝှက်လုပ်ဆောင်ခဲ့ကြပြီ။ သူတို့ကို သန်းပေါင်းများစွာသောသူတို့က သိကြပြီးလေးစားကြ၏၊ သူတို့ဘာသာကို သူတို့ကိုင်းရှိုင်းခွင့်ရှိကြောင်းကိုလည်း သူတို့သဘောတူဝန်ခံကြသည်။ သို့ဖြစ်လျှင် ယေဟောဝါသက်သေများသည် မည်သူမည်ဝါဖြစ်ကြောင်း မသေမချာဖြစ်ရခြင်းမှာ အဘယ်ကြောင့်နည်း။

မသေမချာဖြစ်ရခြင်းအကြောင်းတစ်ခုမှာ မကြာမီအချိန်များက အခြားဘာသာရေး အုပ်စုအတော်များများသည် ကလေးကိုမတော်မတရားပြုခြင်း၊ အစုလိုက်အပြုံလိုက် ကိုယ့်ကိုယ်ကိုသတ်သေခြင်း၊ အကြမ်းဖက်တိုက်ခိုက်ခြင်းတို့တွင် ပါဝင်ခဲ့ကြခြင်းကြောင့် ဖြစ်ကောင်းဖြစ်နိုင်သည်။ အဆိုပါဖောက်ပြန်မှုများသည် ဘာသာတရားကိုင်းရှိုင်းသောသူတို့၌သာ ဖြစ်ပေါ်နေသည်မဟုတ်ဘဲ နေရာတိုင်းတွင် ဖြစ်ပေါ်နေသည်။ သို့တစေ လူအများသည် ဘာသာရေးအပေါ် သံသယဝင်လာကြ၏၊ အချို့ဆိုလျှင် ရန်စောင်လိုစိတ်ပင်ရှိကြသည်။

လူတို့နောက်လိုက်ခြင်း၏အန္တရာယ်များ

“ဂိုဏ်းဂဏ” မည်သည် “ကွဲပြားသောအယူဝါဒကိုစွဲကိုင်သည့်၊ သို့မဟုတ် ခေါင်းဆောင်တစ်ဦးကို ထောက်ခံသည့်အုပ်စုတစ်စု” ဖြစ်သည်ဟု အနက်ဖွင့်ထားသည်။ အလားတူ၊ “ဂိုဏ်း” ဝင်သူတို့သည် “ပုဂ္ဂိုလ်တစ်ဦး၊ အယူအဆတစ်ခု သို့မဟုတ် အရာဝတ္တုတစ်ခုကို အစွန်းရောက်အောင်စွဲလမ်း” တတ်ကြသည်။ စင်စစ်အားဖြင့် လူ့ခေါင်းဆောင်များနှင့် သူတို့၏အယူအဆများကို အခိုင်အမာလိုက်နာသော မည်သည့်ဘာသာရေးအုပ်စုဝင်မဆိုသည် လူတို့၏ကျွန်များဖြစ်လာကြဖို့ စိုးရိမ်စရာရှိသည်။ ခေါင်းဆောင်တစ်ဦးကို အလွန်စွဲငြိသည့်ဆက်ဆံရေးမျိုးသည် စိတ်ဓာတ်ရေးနှင့် ဝိညာဉ်ရေးဘက်တွင် မကောင်းသောမှီခိုအားထားမှု ဖြစ်ပေါ်လာစေနိုင်သည်။ လူတစ်ဦးသည် ကလေးဘဝကတည်းက ဂိုဏ်းဂဏအစွဲရှိအခြေအနေတွင် ကြီးပြင်းလာသောအခါ အန္တရာယ်ပိုများပေမည်။

ဘာသာတစ်ခုနှင့်စပ်လျဉ်း၍ ယင်းသို့သောစိုးရိမ်မကင်းဖြစ်သူများသည် စိတ်ချရသောအချက်အလက်လိုအပ်သည်။ ယေဟောဝါသက်သေတို့သည် အဖွဲ့ဝင်များကို ကျွန်ဘဝသို့ရောက်စေသော၊ အဖွဲ့ဝင်များအပေါ် အာဏာရှင်ဆန်ဆန်ထိန်းချုပ်သော၊ အဖွဲ့ဝင်များ၏လွတ်လပ်မှုကို ချုပ်ချယ်လွန်းသော၊ လူ့အဖွဲ့အစည်းတစ်ခုလုံးနှင့် သီးခြားရပ်တည်စေသော ဘာသာရေးအဖွဲ့အစည်းတစ်ခုဖြစ်သည်ဟု အချို့အပြောခံခဲ့ရသည်။

ဤစိုးရိမ်မကင်းဖြစ်မှုများသည် အတည်ပြု၍မရကြောင်း ယေဟောဝါသက်သေများသိကြသည်။ ထို့ကြောင့် အသင်ကိုယ်တိုင် စုံစမ်းစစ်ဆေးကြည့်ရန် သူတို့က သင့်အား ဖိတ်ခေါ်ပါသည်။ အသေအချာသုံးသပ်ပြီးနောက် သင့်ကိုယ်ပိုင်ဆုံးဖြတ်ချက်များချပါလေ။ သက်သေခံများပြောဆိုကြသည့်အတိုင်း သူတို့သည် ဘုရားသခင့်ကျေးကျွန်များလော သို့မဟုတ် အမှန်အားဖြင့် လူတို့၏ကျွန်များသာဖြစ်ကြသလော။ သူတို့ခွန်အား၏အရင်းအမြစ်ကား အဘယ်နည်း။ ထိုမေးခွန်းများကို စာမျက်နှာ ၁၂-၂၃ ရှိဆောင်းပါးနှစ်ပုဒ်က ကျေနပ်လောက်ဖွယ် အဖြေများပေးပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ၁၉၅၀ ပြည့်နှစ်ထုတ် မူရင်းစာစောင်တွင် အထက်ဖော်ပြပါအကြောင်း မပါရှိခဲ့ချေ။ ၁၉၈၂ ခုနှစ်တွင် ပြင်ဆင်တည်းဖြတ်ပြီး ထုတ်ဝေသောစာစောင်၌ အဆိုပါအချက်ပါဝင်ခြင်းကား ယေဟောဝါသက်သေများကို ပိုမိုသဘောပေါက်လာကြကြောင်းဖော်ပြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ