သက်သေခံခြင်း—မြေကြီးစွန်းတိုင်အောင်
မြေကြီးစွန်းတိုင်အောင် ဟူသောဗီဒီယိုခွေကို မည်သူတို့ ထပ်ခါတလဲလဲကြည့်ကြမည်နည်း။ သာသနာပြုလုပ်ဖို့ပန်းတိုင်ရှိသူများဖြစ်သည်။ အဘယ်ကြောင့်နည်း။ ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်ကျောင်းနှင့် သူတို့ကိုယ်ကိုအကျွမ်းတဝင်ရှိနေစေရန်ဖြစ်သည်။ ဗီဒီယိုခွေသည် “မြေကြီးစွန်းရှိသမျှ” အထိ သက်သေခံခြင်းလုပ်ငန်းတိုးချဲ့ရန် စီမံဖွဲ့စည်းထားသည့် ဤထူးခြားသောကျောင်း၏ အနှစ် ၅၀ မြောက်နှစ်ပတ်လည်နေ့ကို မှတ်သားဖော်ပြ၏။ (ဆာ. ၂၂:၂၇) သင်သည် ယင်းကိုကြည့်ရှုခြင်းဖြင့် အရေးအကြီးဆုံး သတင်းကောင်းဟောပြောခြင်းလုပ်ငန်းအပေါ် တန်ဖိုးထားမှုတိုးပွားလာမည်ဖြစ်ကာ တိုးချဲ့လုပ်ဆောင်ရန် လှုံ့ဆော်ခံရမည်ဖြစ်သည်။ သုံးသပ်ပါ– (၁) ၁၉၄၀ ပြည့်လွန်နှစ်များ၏အစောပိုင်းတွင် ယေဟောဝါ၏အဖွဲ့အစည်းသည် အဘယ်အရာကို အဓိကအာရုံစိုက်လာခဲ့သနည်း။ (တ. ၁:၈) (၂) ၁၉၄၂ ခုနှစ်တွင် အဘယ်အံ့အားသင့်ဖွယ်ကျမ်းစာပရောဖက်ပြုချက်သည် ပြည့်စုံခဲ့ကာ ကျွန်ုပ်တို့၏အာရုံစိုက်မှုသည် လောကသားများ၏အာရုံစိုက်မှုနှင့် မည်သို့ခြားနားခဲ့သနည်း။ (ဗျာ. ၁၇:၈; က၉၀ ၄/၁၅ စ. ၁၆ အပိုဒ် ၁၂) (၃) ဒုတိယကမ္ဘာစစ်ပြီးနောက် မျှော်လင့်ထားသည့်ငြိမ်သက်သောကာလကို အခွင့်အရေးယူအသုံးချရန် အဘယ်အစီအစဉ်များပြုလုပ်ခဲ့ကြသနည်း။ (jv စ. ၅၂၂ အပိုဒ် ၁-၂ [လိပ်]) (၄) ဂိလဒ်ကျောင်း ပထမဦးဆုံးသင်တန်းသားများ၏ အဘယ်အရည်အသွေးများကို သင်သဘောကျသနည်း။ (၅) ဂိလဒ်၏ပထမအနှစ် ၅၀ မြောက်တွင် သင်တန်းသားမည်မျှကျောင်းဆင်းခဲ့ကြသနည်း၊ ၎င်းတို့အား နိုင်ငံပေါင်းမည်မျှသို့ စေလွှတ်ခဲ့သနည်း။ (၆) သင်တန်းသားများသည် ကျမ်းစာပညာမည်မျှ အမှန်ရရှိကြသနည်း။ (၇) အဘယ်အရာက ဘုရားသခင့်နှုတ်ကပါဌ်စကားတော် ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ကျွမ်းကျင်သောသာသနာပြုများနှင့် သွန်သင်သူများဖြစ်စေသနည်း။ (၈) သာသနာပြုတစ်ဦး၏ဘဝကား မည်သို့နည်း၊ အဘယ်စိန်ခေါ်ချက်များ ရင်ဆိုင်ဖို့ရှိသနည်း။ (၉) သာသနာပြုများသည် မိမိတို့၏ဘဝလမ်းစဉ်နှင့်ပတ်သက်၍ မည်သို့ယူမှတ်ကြသနည်း၊ သူတို့၏ကိုယ်ကျိုးစွန့်လမ်းစဉ်မှ အဘယ်အထူးရွှင်လန်းမှုရရှိကြသနည်း။ (၁၀) ယခုအထိ သာသနာပြုထောင်ပေါင်းများစွာ ပြီးမြောက်စေခဲ့သည့်အရာကား အဘယ်နည်း။ ဥပမာများပေးပါ။ (၁၁) ဟောပြောရန် “မြေကြီးစွန်းတိုင်အောင်” သွားခဲ့ကြသည့် ညီအစ်ကိုညီအစ်မများနှင့်ပတ်သက်၍ သင်၌ အဘယ်စွဲမှတ်စရာများရှိသနည်း။ (၁၂) သာသနာပြုများချမှတ်ခဲ့သည့်ပုံသက်သေက အဘယ်အရာလုပ်ဆောင်ရန် သင့်ကိုအားပေးသနည်း၊ အဘယ်ကြောင့်နည်း။