ပြောင်းသာလဲသာရှိသောချဉ်းကပ်နည်း တစ်ခုကိုစမ်းကြည့်ပါ
လူတို့အား စိတ်ရင်းမှန်ဖြင့် စိတ်ဝင်စားခြင်းက သူတို့၏လိုအပ်ရာများကိုသိအောင် ကြိုးစားရန်နှင့် သူတို့ရင်ဆိုင်ကြရသည့် ပြဿနာများအား နိုင်ငံတော်က မည်သို့အပြည့်အဝဖြေရှင်းပေးမည်ကို ပြောပြရန် ကျွန်ုပ်တို့ကို လှုံ့ဆော်ပေးပါမည်။ (ဖိ. ၂:၄) ထိရောက်မှုရှိကြောင်း ကြေညာသူများစွာတွေ့ရှိကြသည့် ပြောင်းသာလဲသာရှိသောချဉ်းကပ်နည်းတစ်ခုမှာ ဤစာမျက်နှာ၏ ညာဘက်ကော်လံတွင် ဖော်ပြထားရာများကဲ့သို့သော ပရဒိသုမြင်ကွင်းများ၏ရုပ်ပုံများ နှင့်စပ်လျဉ်း၍ မှတ်ချက်ပေးရန် အိမ်ရှင်အား ဖိတ်ခေါ်ခြင်းဖြစ်၏။ အောက်ပါနိဒါန်းများထဲမှတစ်ခုကိုသုံး၍ ယင်းကို သင်ပြုလုပ်နိုင်ပေမည်–
◼ “ဒီမှာဖော်ပြထားတဲ့အခြေအနေမျိုးမှာ လူ့မိသားစု ပျော်မွေ့နေတာကို မြင်ရဦးမယ်လို့ မိတ်ဆွေထင်သလား။”
◼ “ကျွန်တော်တို့အားလုံးဟာ ကိုယ့်ရဲ့သားသမီးတွေကို ဒီမှာဖော်ပြထားတဲ့ကမ္ဘာမျိုးမှာ ပျော်မွေ့စေလိုကြတယ်။ အဲဒီလိုဖြစ်လာဖို့ ဘယ်အရာလိုမယ်လို့ မိတ်ဆွေထင်သလဲ။”
◼ “ဒါကတော့ ဘုရားသခင်ရဲ့အလိုတော် ကောင်းကင်ဘုံမှာပြည့်စုံသလို မြေကြီးပေါ်မှာပြည့်စုံလာတဲ့အခါ ကမ္ဘာမြေကြီးဟာ ဘယ်လိုမျိုးဖြစ်လာမယ်ဆိုတာ သရုပ်ဖော်ထားတဲ့ပုံဖြစ်တယ်။ မျက်မှောက်ခေတ်အသက်တာနဲ့ ကွာခြားတဲ့အရာတစ်ခုခုကို မိတ်ဆွေသတိပြုမိသလား။”
◼ “ဒီမှာဖော်ပြထားတဲ့အခြေအနေမျိုးမှာ မိတ်ဆွေအသက်ရှင်ချင်သလား။ [တုံ့ပြန်မှုကိုစောင့်ပါ။] ကျွန်တော်တို့ရဲ့သက်တမ်းအတွင်း အဲဒီလို ဖြစ်လာမယ်လို့ မိတ်ဆွေထင်သလား။”
လူတို့၏တုံ့ပြန်မှုကို သေသေချာချာနားထောင်ကာ ထပ်ဆင့်မေးခွန်းတစ်ခုနှစ်ခုဖြင့် သူ၏သဘောထားကို ကြင်နာစွာနှိုက်ထုတ်ပါ။ အချို့က သူတို့သည် သရုပ်ဖော်ထားသည့်အခြေအနေမျိုးတွင် အသက်မရှင်လိုကြောင်း သို့မဟုတ် ထိုသို့ဖြစ်လာနိုင်သည်ဟု မယုံကြည်ကြောင်းတုံ့ပြန်လျှင် သူတို့သည် စိတ်ဝင်စားမှုမရှိပါဟု အလျင်အမြန်ကောက်ချက်မချလိုက်ပါနှင့်။ သူတို့ထိုသို့တုံ့ပြန်ရသည့်အကြောင်းရင်းကို လိမ္မာပါးနပ်စွာမေးမြန်းပါ။ သူတို့၏မှတ်ချက်များက လူသားများရင်ဆိုင်နေရသည့် ဖြေရှင်းနိုင်ပုံမရသောပြဿနာများအတွက် အလွန်စိုးရိမ်ပူပန်ကြောင်း ဖော်ပြပေမည်။—ယေဇ. ၉:၄။
အိမ်ရှင်၏စိုးရိမ်ပူပန်မှုများကို သိရသည့်အခါ သင်၏တင်ဆက်မှုကို အလိုက်သင့်ပြုပြင်ပြောင်းလဲပါ။ သူ၏လိုအပ်ရာများနှင့် တိုက်ရိုက်သက်ဆိုင်သည့် နိုင်ငံတော်သတင်း၏ကဏ္ဍကို ပေါ်လွင်စေပါ။ သူစိုးရိမ်နေသည့်ကိစ္စနှင့်သက်ဆိုင်သော ကျမ်းချက်တစ်ချက်နှစ်ချက်ကို သူ့အားဝေမျှပါ။ (ညာဘက်ကော်လံပါ အကြံပြုချက်များကိုရှု။) ဘုရားသခင့်နှုတ်ကပါဌ်တော်က ဖော်ပြထားသည့်အရာကို သူကိုယ်တိုင်အား တွေ့မြင်စေပါ။ သူစိတ်ဝင်စားမှုပြလျှင် စာပေကိုဝေငှကာ ပြန်လည်ပတ်ရန်စီစဉ်ပါ။ သင်နှင့်ဦးဆုံးပြောဆိုခဲ့ရာအပေါ် စိတ်ဝင်စားမှုကို ဆက်လက်တိုးများလာစေပါ။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ပရဒိသုမြင်ကွင်းနမူနာများ
ဖန်ဆင်းခြင်း စာအုပ်– စာမျက်နှာ ၂၃၇၊ ၂၄၃၊ ၂၅၁ [လိပ်]
ဆရာ စာအုပ်– စာမျက်နှာ ၂၅၁-၄ [လိပ်]
အသိပညာ စာအုပ်– စာမျက်နှာ ၄-၅၊ ၁၈၈-၉
တောင်းဆို ဘရိုရှာ– စာမျက်နှာ ၁၁၊ ၁၃
စစ်မှန်သောငြိမ်းချမ်းရေး စာအုပ်– စာမျက်နှာ ၉၈ [လိပ်]
ဘုရားသခင်ကိုကိုးကွယ်လော့ စာအုပ်– စာမျက်နှာ ၉၂-၃ [လိပ်]
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
လူများစိုးရိမ်ကြသည့်ကိစ္စများ
အကျင့်ပျက်မှု၊ မတရားမှု
ရာဇဝတ်မှု၊ အကြမ်းဖက်မှု
သေခြင်း၊ ဝမ်းနည်းပူဆွေးခြင်း
စိတ်ဓာတ်ကျခြင်း
အစာခေါင်းပါးခြင်း၊ အာဟာရချို့တဲ့ခြင်း
နေစရာ၊ စီးပွားရေးပြဿနာများ
စွမ်းဆောင်နိုင်စွမ်းမရှိသောအစိုးရ
တိရစ္ဆာန်များအား နှိပ်စက်ညှဉ်းဆဲခြင်း
စာရိတ္တယိုယွင်းမှု
ဆင်းရဲမွဲတေမှု၊ ဖိနှိပ်မှု
စိတ်စွန်းကွက်မှု၊ မမျှတမှု
မြေကြီးကိုဖျက်ဆီးခြင်း
ဖျားနာမှု၊ မသန်မစွမ်းမှု
စစ်ပွဲ၊ အကြမ်းဖက်ဝါဒ