ကျမ်းစာထဲက အဖိုးတန်ဘဏ္ဍာများ | ၂ ကောရိန္သု ၇-၁၀
ကျွန်တော်တို့ရဲ့ ကယ်ဆယ်ရေးလုပ်ငန်း
ခရစ်ယာန်တွေမှာ အမှုဆောင်လုပ်ငန်း နှစ်မျိုးရှိတယ်။ တစ်မျိုးက “ပြန်လည်သင့်မြတ်စေတဲ့ လုပ်ငန်း” ဖြစ်တဲ့ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်း။ နောက်တစ်မျိုးက ယုံကြည်သူချင်းတွေအကျိုးအတွက် “ကယ်ဆယ်ရေးလုပ်ငန်း” ဖြစ်တယ်။ (၂က ၅:၁၈-၂၀။ ၈:၄) ဒါကြောင့် ခက်ခဲတဲ့ ခရစ်ယာန်တွေကို ကူညီပေးတာက အမှုဆောင်လုပ်ငန်းရဲ့ ကဏ္ဍတစ်ခု ဖြစ်တယ်။ ဒီလုပ်ငန်းမှာ ကျွန်တော်တို့ ပါဝင်ခြင်းအားဖြင့်
ညီအစ်ကို/မတွေရဲ့ လိုအပ်ရာတွေကို ကောင်းကောင်း ဖြည့်ဆည်းပေးနိုင်တယ်။—၂က ၉:၁၂က
ယေဟောဝါကို ကျေးဇူးတင်ကြောင်း ဖော်ပြတဲ့ ဟောပြောခြင်းလုပ်ငန်းမှာ ထက်ထက်သန်သန် ပါဝင်တာ၊ ကိုယ်ပိုင်လေ့လာမှုလုပ်တာ၊ အစည်းအဝေးတက်တာတွေကို ပုံမှန် ပြန်လုပ်နိုင်အောင် ဘေးဒဏ်ခံစားနေရသူတွေကို ကူညီပေးရာရောက်တယ်။—၂က ၉:၁၂ခ
ယေဟောဝါရဲ့ဘုန်းကို ထင်ရှားစေတယ်။ (၂က ၉:၁၃) ကယ်ဆယ်ရေးလုပ်ငန်းက ယေဟောဝါသက်သေတွေအပေါ် အမြင်စောင်းနေသူတွေ အပါအဝင် အားလုံးအတွက် သက်သေခံချက် ဖြစ်စေတယ်။