ဟောပြောသွန်သင်ခြင်းသင်တန်း ပြန်လည်သုံးသပ်ခြင်း
အောက်ပါမေးခွန်းတွေကို ၂၀၁၂၊ ဩဂုတ် ၂၇ ရက်မှာ စတင်မယ့် အပတ်အတွင်းမှာ သုံးသပ်မှာဖြစ်တယ်။ လေ့လာသုံးသပ်တဲ့ အပတ်ရဲ့ ရက်စွဲတွေကို ဖော်ပြထားတာက ပတ်စဉ်သင်တန်းအတွက် ပြင်ဆင်တဲ့အခါ ရှာဖွေလေ့လာနိုင်ဖို့ ဖြစ်ပါတယ်။
၁။ အယူဖောက်ပြန်တဲ့ ယုဒအကြောင်း ဖော်ပြထားတဲ့ ယေဇကျေလရဲ့ ရူပါရုံက ဘာကို ပုံဆောင်သလဲ။ ဘာအရေးကြီး သင်ခန်းစာကို သင်ပေးသလဲ။ (ယေဇ. ၈:၁၅-၁၇) [ဇူလိုင် ၂၊ က၀၇ ၇/၁ စ. ၂၀ ပိုဒ် ၁; က၉၃-E ၁/၁၅ စ. ၂၇-၂၈ ပိုဒ်. ၇၊ ၁၂]
၂။ ဒီနေ့ခေတ် ဘာသာရေးခေါင်းဆောင် အများစုက ယေဇကျေလအချိန်တုန်းက မှားယွင်းတဲ့ ပရောဖက်တွေနဲ့ ဘယ်လိုတူကြသလဲ။ (ယေဇ. ၁၃:၃၊ ၇) [ဇူလိုင် ၉၊ က၉၉ ၁၀/၁ စ. ၁၃ ပိုဒ်. ၁၄-၁၅]
၃။ ယေဇကျေလ ၁၇:၂၂-၂၄ မှာဖော်ပြထားတဲ့ “နုသောအညွန့်” ဆိုတာ ဘယ်သူလဲ၊ သူ ရွှေ့စိုက်ခံရမယ့် “မြင့်မြတ်သောတောင်” က ဘာလဲ၊ သူက ဘယ်လိုနည်းနဲ့ “ကောင်းမွန်သော စပျစ်နွယ်ပင်” ဖြစ်လာမလဲ။ [ဇူလိုင် ၁၆၊ က၀၇ ၇/၁ စ. ၁၉ ပိုဒ်. ၂]
၄။ ယေဇကျေလ ၁၈:၂ မှာဖော်ပြထားတဲ့ စကားပုံအရ ယေဇကျေလရဲ့ တစ်ခေတ်တည်းသား ပြည်နှင်ဒဏ်ခံရသူတွေဟာ သူတို့ရဲ့ ဆင်းရဲဒုက္ခအတွက် ဘယ်သူတွေကို အပြစ်တင်ကြသလဲ။ အဲဒီမှတ်တမ်းကနေ ဘာအဖိုးတန်သင်ခန်းစာ ရနိုင်သလဲ။ [ဇူလိုင် ၂၃၊ က၈၉ ၉/၁၅ စ. ၁၄ ပိုဒ်. ၁၀]
၅။ လူပဲဖြစ်ဖြစ်၊ နတ်ဆိုးပဲဖြစ်ဖြစ် ယေဟောဝါရဲ့ ရည်ရွယ်ချက်ကို ပြောင်းလဲအောင် မလုပ်နိုင်ဘူးဆိုတာ ယေဇကျေလ ၂၁:၁၈-၂၂ မှာ မှတ်တမ်းတင်ထားတဲ့ အဖြစ်အပျက်က ဘယ်လိုဖော်ပြပါသလဲ။ [ဇူလိုင် ၃၀၊ က၀၇ ၇/၁ စ. ၂၁ ပိုဒ်. ၂]
၆။ ယေဇကျေလ ၂၄:၆၊ ၁၁၊ ၁၂ မှာဖော်ပြထားတဲ့ သံချေးတက်နေတဲ့ အိုးကင်းက ဘာကို ဖော်ပြသလဲ။ အခန်းငယ် ၁၄ မှာ ဘာမူကို တွေ့ရသလဲ။ [ဩဂုတ် ၆၊ က၀၇ ၇/၁ စ. ၂၀ ပိုဒ်. ၉]
၇။ တုရုမြို့နဲ့ပတ်သက်တဲ့ ပရောဖက်ပြုချက် ဘယ်လိုပြည့်စုံခဲ့သလဲ။ [ဩဂုတ် ၆၊ it-1-E စ. ၇၀၊ လေးထောင့်ကွက်; bsi-02-1-BU စ. ၁၇ ပိုဒ်. ၄]
၈။ ယေဇကျေလ ၂၈:၂၊ ၁၂-၁၇ ပါ ဘယ်ဖော်ပြချက်တွေက “တုရုရှင်ဘုရင်” နဲ့ရော ဦးဆုံးသစ္စာဖောက်သူ စာတန်နဲ့ပါ သက်ဆိုင်မှုရှိသလဲ။ [ဩဂုတ် ၁၃၊ က၀၅ ၁၀/၁၅ စ. ၂၃-၂၄ ပိုဒ်. ၁၀-၁၄; it-2-E စ. ၆၀၄ ပိုဒ်. ၄-၅]
၉။ အီဂျစ်ပြည်က ဘယ်အချိန်မှာ အနှစ် ၄၀ ကြာ လူဆိတ်ညံရာအရပ် ဖြစ်သွားခဲ့သလဲ။ အဲဒီလိုဖြစ်ခဲ့တယ်ဆိုတာ ယုံကြည်ဖို့ ဘာအကြောင်းရင်းရှိသလဲ။ (ယေဇ. ၂၉:၈-၁၂) [ဩဂုတ် ၁၃၊ က၀၇ ၈/၁ စ. ၁၃ ပိုဒ်. ၅]
၁၀။ ဂရုမစိုက်ခြင်း၊ ကဲ့ရဲ့ခြင်းနဲ့ တုံ့ပြန်မှုကင်းမဲ့ခြင်းတွေကို ယေဇကျေလ ဘယ်လို တုံ့ပြန်ခဲ့သလဲ။ ယေဟောဝါက ဘာကို စိတ်ချစေခဲ့သလဲ။ (ယေဇ. ၃၃:၃၁-၃၃) [ဩဂုတ် ၂၀၊ က၉၁ ၃/၁၅ စ. ၂၂ ပိုဒ်. ၁၆-၁၇]