ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ၁ ရှမွေလ ၁၁
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

မာတိကာ

      • အမ္မုန်လူတွေကို ရှောလု အနိုင်ရ (၁-၁၁)

      • ရှောလုကို ဘုရင်အဖြစ် ထပ်မံအတည်ပြု (၁၂-၁၅)

၁ ရှမွေလ ၁၁:၁

ကျမ်းညွှန်းများ

  • +တရ ၂:၁၉
  • +သူ ၂၁:၈; ၁ရှ ၃၁:၁၁၊ ၁၂

၁ ရှမွေလ ၁၁:၄

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၂၆; ၁၄:၂

၁ ရှမွေလ ၁၁:၆

ကျမ်းညွှန်းများ

  • +သူ ၃:၉၊ ၁၀; ၆:၃၄; ၁၁:၂၉; ၁၄:၅၊ ၆; ၁ရှ ၁၀:၁၀၊ ၁၁; ၁၆:၁၃

၁ ရှမွေလ ၁၁:၁၀

ကျမ်းညွှန်းများ

  • +၁ရှ ၁၁:၃

၁ ရှမွေလ ၁၁:၁၁

ကျမ်းညွှန်းများ

  • +၁ရှ ၁၁:၁

၁ ရှမွေလ ၁၁:၁၂

ကျမ်းညွှန်းများ

  • +၁ရှ ၁၀:၂၆၊ ၂၇

၁ ရှမွေလ ၁၁:၁၃

ကျမ်းညွှန်းများ

  • +၂ရှ ၁၉:၂၂

၁ ရှမွေလ ၁၁:၁၄

ကျမ်းညွှန်းများ

  • +၁ရှ ၇:၁၅၊ ၁၆
  • +၁ရှ ၁၀:၁၇၊ ၂၄

၁ ရှမွေလ ၁၁:၁၅

ကျမ်းညွှန်းများ

  • +ဝ ၇:၁၁
  • +၁ဘု ၁:၃၉၊ ၄၀; ၂ဘု ၁၁:၁၂၊ ၁၄; ၁ရ ၁၂:၃၉၊ ၄၀

အထွေထွေ

၁ ရှ. ၁၁:၁တရ ၂:၁၉
၁ ရှ. ၁၁:၁သူ ၂၁:၈; ၁ရှ ၃၁:၁၁၊ ၁၂
၁ ရှ. ၁၁:၄၁ရှ ၁၀:၂၆; ၁၄:၂
၁ ရှ. ၁၁:၆သူ ၃:၉၊ ၁၀; ၆:၃၄; ၁၁:၂၉; ၁၄:၅၊ ၆; ၁ရှ ၁၀:၁၀၊ ၁၁; ၁၆:၁၃
၁ ရှ. ၁၁:၁၀၁ရှ ၁၁:၃
၁ ရှ. ၁၁:၁၁၁ရှ ၁၁:၁
၁ ရှ. ၁၁:၁၂၁ရှ ၁၀:၂၆၊ ၂၇
၁ ရှ. ၁၁:၁၃၂ရှ ၁၉:၂၂
၁ ရှ. ၁၁:၁၄၁ရှ ၇:၁၅၊ ၁၆
၁ ရှ. ၁၁:၁၄၁ရှ ၁၀:၁၇၊ ၂၄
၁ ရှ. ၁၁:၁၅ဝ ၇:၁၁
၁ ရှ. ၁၁:၁၅၁ဘု ၁:၃၉၊ ၄၀; ၂ဘု ၁၁:၁၂၊ ၁၄; ၁ရ ၁၂:၃၉၊ ၄၀
  • သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
  • ၁
  • ၂
  • ၃
  • ၄
  • ၅
  • ၆
  • ၇
  • ၈
  • ၉
  • ၁၀
  • ၁၁
  • ၁၂
  • ၁၃
  • ၁၄
  • ၁၅
သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
၁ ရှမွေလ ၁၁:၁-၁၅

၁ ရှမွေလ

၁၁ အဲဒီနောက် အမ္မုန်ဘုရင် နေဟက်က+ စစ်ချီလာပြီး ဂိလဒ်ပြည်၊ ယာဗက်မြို့ကို+ တိုက်ဖို့ စခန်းချတယ်။ ယာဗက်မြို့သားတွေက “ကျွန်တော်တို့နဲ့ မဟာမိတ်ဖွဲ့ပါ။ သစ္စာခံပါ့မယ်” လို့ လျှောက်တင်တဲ့အခါ၊ ၂ နေဟက်က “မင်းတို့ရဲ့ ညာဘက်မျက်လုံးကို ဖောက်ထုတ်ပြီး အစ္စရေးတစ်မျိုးလုံးကို အရှက်ခွဲရမှ ငါမဟာမိတ်ဖွဲ့နိုင်မယ်” ဆိုပြီး ပြောတယ်။ ၃ ယာဗက်မြို့ အကြီးအကဲတွေကလည်း “ကျွန်တော်တို့ကို ခုနစ်ရက်လောက်တော့ အချိန်ပေးပါ။ အစ္စရေးနယ် တစ်လျှောက်လုံးကို တမန်တွေ လွှတ်ကြည့်မယ်။ ကျွန်တော်တို့ကို ကယ်မယ့်သူမရှိရင် မင်းကြီးဆီမှာ အညံ့ခံပါ့မယ်” လို့ အကြောင်းပြန်လိုက်တယ်။ ၄ ဒီလိုနဲ့ တမန်တွေက ရှောလုရှိရာ ဂိဗာမြို့ကို+ ရောက်လာပြီး လူတွေကို အကြောင်းစုံ ပြောပြတော့ သူတို့ အကြီးအကျယ် အော်ငိုကြတယ်။

၅ အဲဒီအချိန်မှာ  ရှောလုက တိရစ္ဆာန်အုပ်ကို မောင်းပြီး လယ်တောကနေ ပြန်လာတယ်။ “ဘာတွေ ဖြစ်နေတာလဲ။ လူတွေ ဘာလို့ ငိုနေကြတာလဲ” လို့ သူမေးတော့ ယာဗက်မြို့သားတွေဆီက သတင်းကို ပြန်ပြောပြကြတယ်။ ၆ အဲဒီသတင်းကို ကြားတဲ့အခါ ရှောလုအပေါ် ဘုရားသခင်ရဲ့ စွမ်းအားတော် သက်ရောက်လာတယ်။+ သူ အကြီးအကျယ် ဒေါသထွက်တဲ့အတွက်၊ ၇ နွားနှစ်ကောင်ကိုယူ၊ အပိုင်းပိုင်းဖြတ်၊ တမန်တွေလက်ထဲ ထည့်ပြီး အစ္စရေးနယ်မြေအားလုံးဆီ ပို့လိုက်တယ်။ “ရှောလုနဲ့ ရှမွေလနောက် မလိုက်တဲ့သူတွေရဲ့ နွားတွေကို ဒီလိုလုပ်ပစ်မယ်” ဆိုပြီး မှာလိုက်တယ်။ ယေဟောဝါက လူတွေကို ကြောက်စိတ်ဝင်စေတဲ့အတွက် တညီတညွတ်တည်း ထွက်လာကြတယ်။ ၈ ဗေဇက်အရပ်မှာ လူတွေကို ရေတွက်ကြည့်တဲ့အခါ အစ္စရေး ၃၀၀,၀၀၀၊ ယုဒအမျိုး ၃၀,၀၀၀ ရှိတယ်။ ၉ ရှောလုနဲ့ သူ့လူတွေက ရောက်နေတဲ့တမန်တွေကို “‘မနက်ဖြန် နေမြင့်ချိန်မှာ လာကယ်မယ်’ လို့ ဂိလဒ်ပြည် ယာဗက်မြို့သားတွေကို ပြောလိုက်ပါ” ဆိုပြီး မှာတယ်။ တမန်တွေက အဲဒီသတင်း ပြန်ပြောပြတဲ့အခါ ယာဗက်မြို့သားတွေ သိပ်ဝမ်းသာသွားကြတယ်။ ၁၀ ဒါနဲ့ သူတို့က “မနက်ဖြန်ကျရင် ကျွန်တော်တို့ အညံ့ခံပါ့မယ်။ မင်းကြီး ကြိုက်သလိုသာ လုပ်ပါ”+ ဆိုပြီး နေဟက်မင်းကို အကြောင်းပြန်တယ်။

၁၁ နောက်တစ်နေ့၊ ရှောလုက လူတွေကို သုံးစုခွဲပြီးနောက် မိုးသောက်ယံအချိန်မှာ တပ်စခန်းထဲဝင်ပြီး နေမြင့်ချိန်အထိ အမ္မုန်လူတွေကို ချေမှုန်းတယ်။+ မသေဘဲကျန်တဲ့သူတွေလည်း ကစဉ့်ကလျားဖြစ်ပြီး တစ်ယောက်တစ်ကွဲစီ ထွက်ပြေးကုန်တယ်။ ၁၂ အဲဒီအခါ လူတွေက “‘ရှောလုလိုလူကများ ငါတို့ကို အုပ်ချုပ်မလို့လား’+ ဆိုပြီးပြောတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့ဆီ အပ်ပါ။ သူတို့ကို သတ်ပစ်ရမယ်” လို့ရှမွေလကို ပြောကြတယ်။ ၁၃ ဒါပေမဲ့ ရှောလုက “ဒီနေ့ဟာ အစ္စရေးတွေကို ယေဟောဝါဘုရား ကယ်တင်တဲ့နေ့ပဲ။ ဘယ်သူ့ကိုမှ မသတ်ရဘူး”+ လို့ပြောတယ်။

၁၄ အဲဒီနောက် ရှမွေလက “ဂိလဂါလမြို့ကို သွားကြစို့။+ ရှောလု ဘုရင်ဖြစ်ပြီဆိုတာကို အဲဒီမှာ ထပ်ပြီးအတည်ပြုရအောင်”+ လို့ ပြောတယ်။ ၁၅ လူတွေလည်း ဂိလဂါလမြို့ကိုသွားပြီး ယေဟောဝါရှေ့မှာ ရှောလုကို မင်းမြှောက်ကြတယ်။ မိတ်သဟာယ ပူဇော်သက္ကာတွေကိုလည်း ယေဟောဝါရှေ့မှာ ဆက်သကြတယ်။+ ရှောလုနဲ့ အစ္စရေးတစ်မျိုးလုံး အကြီးအကျယ် ပွဲခံပြီး ရွှင်လန်းကြတယ်။+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ