ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ လက်သင်္ကေတပြဘာသာစကား
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • ဝတ်ပြုရာ ၆:၁၄
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၄ “‘ကောက်နှံအလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ အာရုန်ရဲ့သားတွေက ပူဇော်ရာပလ္လင်ရှေ့၊ ယေဟောဝါရှေ့မှာ  ကောက်နှံအလှူကို ဆက်သရမယ်။

  • ဝတ်ပြုရာ ၆:၁၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၆ ကျန်တဲ့ဂျုံနုကို အာရုန်နဲ့သူ့သားတွေ စားရမယ်။+ တဆေးမဲ့မုန့်လုပ်ပြီး သန့်ရှင်းရာဌာနတော်ဖြစ်တဲ့  တွေ့ဆုံရာတဲတော်ဝင်း  အတွင်းမှာ  စားရမယ်။+

  • ဝတ်ပြုရာ ၇:၁
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၇ “‘ဒုစရိုက်ဖြေရာ အလှူနဲ့ဆိုင်တဲ့ ပညတ်ကတော့–+ ဒါဟာ အသန့်ရှင်းဆုံးအလှူ  ဖြစ်တယ်။

  • ဝတ်ပြုရာ ၇:၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၆ အသားကိုတော့ သန့်ရှင်းရာဌာနတော်မှာ ပုရောဟိတ်တွေ စားရမယ်။+  ဒီအသားဟာ  အသန့်ရှင်းဆုံးပဲ။+

  • ဝတ်ပြုရာ ၁၀:၁၂၊ ၁၃
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၂ အဲဒီနောက် မောရှေက အာရုန်နဲ့ ကျန်တဲ့သား ဧလာဇာ၊ ဧသမာကို “ယေဟောဝါဘုရားအတွက်  မီးရှို့ဆက်သတဲ့  အလှူတွေထဲက ကျန်တဲ့ကောက်နှံအလှူကို ယူ၊ တဆေးမဲ့မုန့် ဖုတ်ပြီး ပူဇော်ရာပလ္လင်အနားမှာ စားပါ။+ ဒါဟာ အသန့်ရှင်းဆုံးအရာပဲ။+ ၁၃ အဲဒါက  ယေဟောဝါဘုရားအတွက် မီးရှို့ဆက်သတဲ့ အလှူတွေထဲက ခင်ဗျားနဲ့ ခင်ဗျားသားတွေရဲ့ ဝေစုဖြစ်လို့ သန့်ရှင်းရာဌာနတော်မှာပဲ စားရမယ်။+  ဒီလိုလုပ်ဖို့  ကျွန်တော့်ကို မိန့်မှာထားတယ်။

  • ဝတ်ပြုရာ ၂၄:၈၊ ၉
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၈ ဥပုသ်နေ့ရောက်တိုင်း ယေဟောဝါရှေ့မှာ မုန့်ကို ပုံမှန်တင်ထားရမယ်။+ ဒါဟာ အစ္စရေးလူမျိုးနဲ့ဖွဲ့တဲ့ အမြဲတည်တဲ့ ပဋိညာဉ်ပဲ။ ၉ အဲဒီမုန့်က အာရုန်နဲ့ သူ့သားတွေအတွက်ဖြစ်ပြီး+ သန့်ရှင်းရာဌာနတော်မှာ စားရမယ်။+ ယေဟောဝါဆီ မီးရှို့ဆက်သတဲ့ အလှူတွေထဲမှာ ဒီမုန့်ဟာ ပုရောဟိတ်အတွက် အသန့်ရှင်းဆုံးအရာပဲ။ ဒါဟာ အမြဲတည်တဲ့စည်းမျဉ်း ဖြစ်တယ်။”

  • တောလည်ရာ ၁၈:၁၀
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၁၀ အဲဒါတွေဟာ သန့်ရှင်းမြင့်မြတ်ရာဖြစ်လို့ သန့်ရှင်းရာဌာနတော်မှာပဲ စားရမယ်။+ ယောက်ျားအားလုံး စားရမယ်။+

  • ယေဇကျေလ ၄၀:၄၆
    သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
    • ၄၆ မြောက်ဘက်ကို မျက်နှာမူထားတဲ့ စားသောက်ခန်းဟာ ပူဇော်ရာပလ္လင်မှာ အမှုဆောင်ဖို့ တာဝန်ရထားတဲ့ ပုရောဟိတ်တွေအတွက်ပဲ။+ သူတို့ဟာ ယေဟောဝါရှေ့တော်မှာ အမှုဆောင်ဖို့ တာဝန်ရတဲ့ လေဝိအနွယ်ထဲက+ ဇာဒုတ်ရဲ့သားတွေ ဖြစ်တယ်။”+

မြန်မာ စာစောင်များ (၂၀၁၁-၂၀၂၅)
ထွက်ပါ
ဝင်ပါ
  • မြန်မာ လက်သင်္ကေတပြဘာသာစကား
  • ဝေမျှပါ
  • နှစ်သက်ရာ ရွေးချယ်ပါ
  • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
  • လိုက်နာရန် စည်းကမ်းများ
  • ကိုယ်ရေးလုံခြုံမှု မူဝါဒ
  • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
  • JW.ORG
  • ဝင်ပါ
ဝေမျှပါ