-
တရားဟောရာ ၂၈:၆၃၊ ၆၄သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆၃ “ယေဟောဝါဟာ ခင်ဗျားတို့ ကောင်းစားပြီး တိုးများအောင် လုပ်ပေးရတာကို နှစ်သက်ခဲ့သလို အစတုံးဖျက်ဆီးရတာကိုလည်း ယေဟောဝါနှစ်သက်လိမ့်မယ်။ ပိုင်ဆိုင်ရတော့မယ့် ပြည်ကနေ ခင်ဗျားတို့ ဖယ်ရှားခံရမယ်။
၆၄ “ယေဟောဝါက ခင်ဗျားတို့ကို မြေကြီးစွန်းတိုင်အောင် တိုင်းနိုင်ငံအရပ်ရပ်ဆီ တကွဲတပြား ဖြစ်စေမယ်။+ ကိုယ်တိုင်ရော ဘိုးဘေးတွေပါ မသိတဲ့ သစ်သားဘုရား၊ ကျောက်ဘုရားတွေကို အဲဒီမှာ ကိုးကွယ်ရလိမ့်မယ်။+
-
-
ယောရှု ၂၃:၁၅၊ ၁၆သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၁၅ ဒါပေမဲ့ ယေဟောဝါဘုရား ပြောခဲ့တဲ့ ကောင်းမွန်တဲ့ကတိအားလုံး ပြည့်စုံလာသလိုပဲ+ ယေဟောဝါက ကတိပေးထားတဲ့ ဘေးဆိုးအားလုံးကိုလည်း ကျရောက်စေမယ်။ ယေဟောဝါဘုရားပေးတဲ့ သာယာလှပတဲ့ ဒီပြည်မှာ ခင်ဗျားတို့ လုံးဝဖျက်ဆီးခံရမယ်။+ ၁၆ စောင့်ထိန်းရမယ့် ယေဟောဝါဘုရားရဲ့ ပဋိညာဉ်ကို ချိုးဖောက်မယ်ဆိုရင်၊ တခြားဘုရားတွေကို သွားဝတ်ပြုပြီး ဦးချမယ်ဆိုရင် ခင်ဗျားတို့ကို ယေဟောဝါဘုရား အမျက်ထွက်မယ်။+ ဘုရားပေးထားတဲ့ သာယာလှပတဲ့ ပြည်မှာ ခင်ဗျားတို့ အမြန်ဆုံး ပျက်စီးသွားမယ်။”+
-
-
၁ ဘုရင်များ ၉:၆၊ ၇သမ္မာကျမ်းစာ ကမ္ဘာသစ်ဘာသာပြန်ကျမ်း
-
-
၆ ဒါပေမဲ့ မင်းနဲ့ မင်းရဲ့သားမြေးတွေ ငါ့ကိုကျောခိုင်းပြီး ငါမှာထားတဲ့ ပညတ်ချက်တွေ၊ ဥပဒေတွေကို မလိုက်နာဘူးဆိုရင်၊ တခြားဘုရားတွေကို သွားပြီး ရှိခိုးဝတ်ပြုမယ်ဆိုရင်၊+ ၇ ငါပေးထားတဲ့ပြည်ကနေ အစ္စရေးတွေကို ပယ်ရှင်းမယ်။+ ငါ့နာမည်အတွက် သန့်ရှင်းမြင့်မြတ်စေတဲ့ ဒီအိမ်တော်ကို ငါ့ရှေ့မှောက်ကနေ ဖယ်ရှားမယ်။+ အစ္စရေးတွေဟာ လူမျိုးတွေအလယ်မှာ နှာခေါင်းရှုံ့စရာ၊ လှောင်ပြောင်စရာ ဖြစ်လာမယ်။+
-