ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န၉၈ ၆/၈ စာ. ၂၂
  • ကျွန်ုပ်တို့၏စာရှုသူများထံမှ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျွန်ုပ်တို့၏စာရှုသူများထံမှ
  • နိုးလော့!—၁၉၉၈
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကျွန်ုပ်တို့၏ စာရှုသူများထံမှ
    နိုးလော့!—၁၉၉၈
နိုးလော့!—၁၉၉၈
န၉၈ ၆/၈ စာ. ၂၂

ကျွန်ုပ်တို့၏စာရှုသူများထံမှ

နှစ်မြို့ဖွယ်အချိန်  “လူငယ်များအမေး . . . နှစ်မြို့ဖွယ်အချိန်ကို ကျွန်ုပ် မည်သို့ရနိုင်မည်နည်း” (၁၉၉၆၊ စက်တင်ဘာ ၂၂ [လိပ်]) ဆောင်းပါးမှာဖော်ပြထားသလိုပဲ လူငယ်တွေပျော်မွေ့နိုင်ဖို့ဘေးကင်းတဲ့ နည်းလမ်းအများကြီးရှိတယ်ဆိုတာ ကျွန်တော်လက်ခံပါတယ်။ ပြတိုက်တစ်ခုကိုဖြစ်စေ၊ တိရစ္ဆာန်ဥယျာဉ်ကိုဖြစ်စေ၊ ပျော်ပွဲစားဖြစ်စေ၊ မိတ်ဆုံစားပွဲကိုဖြစ်စေ ကျွန်တော်တို့သွားနိုင်ပါတယ်။ ငွေကြေးနည်းနည်းလောက်ပဲရှိတဲ့ကျွန်တော်တို့တောင် အိမ်မှာကစားဖို့၊ စားသောက်ဖို့ အခြားလူငယ်တွေကိုဖိတ်ခေါ်ပြီး ပျော်နိုင်ကြပါတယ်။

ဗီ.အေ.၊ ဘရာဇီးလ်

ရဲရင့်သော ကြောင်  ၁၉၉၆၊ စက်တင်ဘာ ၂၂ လထုတ်မှာ ဖော်ပြထားတဲ့ “မိမိရင်သွေးများကို သံယောဇဉ်တွယ်နေသည့်မိခင်” ဆောင်းပါးအတွက် ကျွန်တော်ဘယ်လောက်ကျေးဇူးတင်တယ်ဆိုတာ သိစေချင်ပါတယ်။ လိင်ဆိုင်ရာအကျင့်တွေတကယ်ပျက်ပြားပြီး ကိုယ်ဝန်ဖျက်ချဖို့ဝန်မလေးတဲ့ မိန်းကလေးများစွာရှိတဲ့နိုင်ငံတစ်နိုင်ငံမှာ ကျွန်တော်နေထိုင်ပါတယ်။ စဂါးလက်လို့နာမည်ပေးထားတဲ့ ကြောင်မကြီးဟာ အသိစိတ်ရှိတဲ့မိခင်တွေအတွက် ကောင်းတဲ့ပုံသက်သေတစ်ခုဖြစ်တယ်လို့ ကျွန်တော်ယူဆပါတယ်။

အီး.ဘီ.၊ မာလီ

မီးလောင်နေတဲ့ကားဂိုဒေါင်ထဲက သူမရဲ့ရင်သွေးပေါက်စလေးတွေကို ရဲရဲရင့်ရင့်ကယ်တင်ခဲ့တဲ့ စဂါးလက်ရဲ့အကြောင်းကိုဖတ်တဲ့အခါ ကျွန်တော်ကြက်သီးထမိတယ်။ လူအတော်များများ သူ့ဆီမှာ သင်ခန်းစာအများကြီးယူနိုင်တယ်လို့လည်း ကျွန်တော့်ကိုစွဲမှတ်စေခဲ့တယ်။ အဲသလိုကောင်းတဲ့ဆောင်းပါးတွေကို ခင်ဗျားတို့ထုတ်ဝေတာ သိပ်ကိုကောင်းတယ်လို့ ကျွန်တော်ထင်တယ်။

ဒီ.ဒဗ္ဗလျူ.၊ ဂျာမနီ

ကြည်နူးစရာကောင်းတဲ့ စဂါးလက်နဲ့သူမရဲ့ရင်သွေးပေါက်စလေးတွေအကြောင်းဟာ ကျွန်တော်ဖတ်ဖူးသမျှထဲမှာ ကိုယ်ဝန်ဖျက်ချခြင်းနဲ့ပတ်သက်လို့ အထိရောက်ဆုံးဆောင်းပါးဖြစ်ပါတယ်။

ဂျေ.ဂျီ.၊ အမေရိကန်

ဒီဆောင်းပါးကိုဖတ်တဲ့အခါမှာ မငိုဘဲမနေနိုင်ခဲ့ဘူး။ ကျွန်မဟာ တိရစ္ဆာန်မျိုးစုံကိုချစ်တတ်ပြီး သူတို့ကနေတစ်ဆင့်ယေဟောဝါသင်ပေးတဲ့သင်ခန်းစာတွေကို တန်ဖိုးထားပါတယ်။ “အသိဉာဏ်ရှိတဲ့” လူသားတွေတောင် မိမိတို့သားသမီးတွေကို အဲဒီလောက်ဂရုမစိုက်ကြဘူးဆိုတာသိရတဲ့အတွက် ကျွန်မတကယ့်ကိုဝမ်းနည်းမိပါတယ်။

စီ.စီ.၊ အမေရိကန်

နားအူခြင်း  “နားအူခြင်း—ခံရပ်သွားရမည့်ဆူညံသံလော” (၁၉၉၆၊ စက်တင်ဘာ ၂၂ [လိပ်]) ဆောင်းပါးအတွက် သိပ်ကျေးဇူးတင်ပါတယ်။ ကျွန်တော်ဒီဝေဒနာခံစားနေတာ ခြောက်နှစ်ရှိပြီ။ ဘယ်ဆရာဝန်မှ ကျွန်တော့်ရဲ့ရောဂါအခြေအနေကို တိတိကျကျမပြောပြနိုင်တဲ့အတွက် ကုမရနိုင်တဲ့ရောဂါခံစားနေရတယ်ဆိုပြီး ကျွန်တော်စိုးရိမ်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ဆောင်းပါးကိုဖတ်လိုက်ရလို့ ကျွန်တော်သက်သာမှုရသွားတယ်။ ဖျားနာတဲ့သူမရှိတော့မယ့် ဘုရားသခင့်ကမ္ဘာသစ်ကို စောင့်နေရင်း ဒီရောဂါကိုဆက်ခံရပ်သွားဖို့ကြိုးစားနေပါတယ်။

စီ.အက်ဖ်.၊ အီတလီ

ကျွန်တော်ဒီပြဿနာစပြီးခံစားရတာ ဆယ်နှစ်နီးပါးလောက်ရှိသွားပြီ။ ဒီဆူညံသံအမြဲကြားရမှာကို စဉ်းစားကြည့်ရင် တကယ့်တုန်လှုပ်စရာပါပဲ! ဒါပေမဲ့အခု ဆူညံသံနဲ့နေတတ်သွားဖို့ ကျွန်တော်သင်ယူနေပါပြီ။ ယေဟောဝါရဲ့ကျေးဇူးတော်အားဖြင့် ဆိတ်ညံသံပြန်ကြားရမယ့်အချိန်ကို မျှော်နေမိပါတယ်!

ဂျေ.အက်စ်.၊ ချက်ပြည်သူ့သမ္မတနိုင်ငံ

လွန်ခဲ့တဲ့နှစ်နှစ်ခွဲတစ်လျှောက် နားအူဝေဒနာကိုခံစားခဲ့ရပြီး ဦးနှောက်ကို CT scan နဲ့စမ်းသပ်ခြင်းအပါအဝင် ဆေးစမ်းသပ်မှုအမျိုးမျိုးကိုခံယူခဲ့တယ်။ စိုးရိမ်သောကနဲ့စိတ်ပင်ပန်းမှုတွေဟာ ကျွန်တော့်ဘဝမှာ စိတ်ဓာတ်ကျစရာကောင်းတဲ့ပြဿနာတွေဖြစ်ခဲ့တယ်။ ခင်ဗျားတို့ရဲ့ဆောင်းပါးကိုဖတ်လိုက်ရလို့ ဒီရောဂါနဲ့နေတတ်သွားဖို့သင်ယူနေပါတယ်။

အဲမ်.ဂျီ.တီ.အက်ဖ်.၊ သီရိလင်္ကာ

ကျွန်မရဲ့ခင်ပွန်းဟာ နားအူဝေဒနာသည်တစ်ယောက်ပါ။ စိတ်ကျဝေဒနာလည်းအကြီးအကျယ်ခံစားရသူဖြစ်တယ်။ ဒီအကြောင်းအရာက သူ့ကိုပိုပြီးထောက်ထားစာနာဖို့ ကျွန်မကိုအထောက်အကူဖြစ်စေပါတယ်။ တစ်ခါတလေ ဆူညံမှုဟာ သူ့ကိုအကြီးအကျယ်ဒုက္ခပေးပြီး ကျွန်မကလည်း သူ့ကိုထောက်ထားစာနာသင့်သလောက် မစာနာခဲ့ဘူးဆိုတာ ဝန်ခံရမယ်။ ဒီဆောင်းပါးကို ကျိုးကြောင်းဆီလျော်တဲ့နည်းနဲ့ ရေးသားဖော်ပြပေးတဲ့အတွက် တကယ်ပဲကျေးဇူးတင်မိတယ်။ နားအူနေတဲ့အိမ်ထောင်ဖက်များစွာကိုလည်းပိုပြီးနားလည်မှုရှိစေဖို့ အထောက်အကူပေးမယ်ဆိုတာ ကျွန်မအသေအချာပြောနိုင်ပါတယ်။

အယ်လ်.အက်ဖ်.၊ အမေရိကန်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ