ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es17 စာ. ၆၇-၇၇
  • ဇူလိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဇူလိုင်
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
  • ခေါင်းစ‎ဥ်ငယ်များ
  • စနေနေ့၊ ဇူလိုင် ၁
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၂
  • တနင်္လာနေ့၊ ဇူလိုင် ၃
  • အင်္ဂါနေ့၊ ဇူလိုင် ၄
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၅
  • ကြာသပတေးနေ့၊ ဇူလိုင် ၆
  • သောကြာနေ့၊ ဇူလိုင် ၇
  • စနေနေ့၊ ဇူလိုင် ၈
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၉
  • တနင်္လာနေ့၊ ဇူလိုင် ၁၀
  • အင်္ဂါနေ့၊ ဇူလိုင် ၁၁
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၂
  • ကြာသပတေးနေ့၊ ဇူလိုင် ၁၃
  • သောကြာနေ့၊ ဇူလိုင် ၁၄
  • စနေနေ့၊ ဇူလိုင် ၁၅
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၁၆
  • တနင်္လာနေ့၊ ဇူလိုင် ၁၇
  • အင်္ဂါနေ့၊ ဇူလိုင် ၁၈
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၉
  • ကြာသပတေးနေ့၊ ဇူလိုင် ၂၀
  • သောကြာနေ့၊ ဇူလိုင် ၂၁
  • စနေနေ့၊ ဇူလိုင် ၂၂
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၂၃
  • တနင်္လာနေ့၊ ဇူလိုင် ၂၄
  • အင်္ဂါနေ့၊ ဇူလိုင် ၂၅
  • ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၆
  • ကြာသပတေးနေ့၊ ဇူလိုင် ၂၇
  • သောကြာနေ့၊ ဇူလိုင် ၂၈
  • စနေနေ့၊ ဇူလိုင် ၂၉
  • တနင်္ဂနွေနေ့၊ ဇူလိုင် ၃၀
  • တနင်္လာနေ့၊ ဇူလိုင် ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၇
es17 စာ. ၆၇-၇၇

ဇူလိုင်

စနေနေ့၊ ဇူလိုင် ၁

ဧည့်ဝတ်ပြုခြင်းအမှုကို မမေ့လျော့ကြနှင့်။ —ဟေဗြဲ ၁၃:၂။

“ဧည့်ဝတ်ပြုခြင်းအမှု” လို့ ပြန်ဆိုထားတဲ့ မူရင်းအသုံးအနှုန်းဟာ “သူစိမ်းတွေကို ကြင်နာမှုပြခြင်း” ဆိုတဲ့ အဓိပ္ပာယ်ရှိတယ်။ အဲဒီအသုံးအနှုန်းက အာဗြဟံနဲ့ လောတအကြောင်း အမှတ်ရစေတယ်။ သူတို့နှစ်ယောက်ဟာ မသိကျွမ်းတဲ့ ဧည့်သည်တွေကို ကြင်နာမှုပြခဲ့တယ်။ တကယ်တော့ အဲဒီဧည့်သည်တွေဟာ ကောင်းကင်တမန်တွေ ဖြစ်နေတယ်။ (က. ၁၈:၂–၅။ ၁၉:၁–၃) ကျွန်တော်တို့လည်း တခြားသူတွေကို ဘယ်လိုဧည့်ဝတ်ပြုနိုင်သလဲ။ ကိုယ့်အိမ်မှာ ထမင်းစားဖိတ်နိုင်တယ်။ ပေါင်းသင်းဖို့၊ အားပေးဖို့ အိမ်ကို ဖိတ်ခေါ်နိုင်တယ်။ အသင်းတော်ကို လာလည်ပတ်တဲ့ တိုက်နယ်ကြီးကြပ်မှူးနဲ့ ဇနီးကို ကောင်းကောင်းမသိရင်တောင် ဧည့်ဝတ်ပြုနိုင်တယ်။ (၃ ယော. ၅–၈) အကြီးအကျယ် ငွေကုန်ခံ ချက်ပြုတ်ပြင်ဆင်နေစရာ မလိုပါဘူး။ ကျွန်တော်တို့ရဲ့ ရည်ရွယ်ချက်က ကြွားဝါဖို့ မဟုတ်ဘူး။ ညီအစ်ကိုညီအစ်မတွေကို အားပေးဖို့ ဖြစ်တယ်။ ကိုယ့်ကို တစ်နည်းနည်းနဲ့ ပြန်ကျေးဇူးဆပ်နိုင်မယ့်သူတွေကိုပဲ မဖိတ်ခေါ်သင့်ဘူး။ (လု. ၁၀:၄၂။ ၁၄:၁၂–၁၄) အရေးကြီးဆုံးကတော့ ဧည့်ဝတ်မပြုနိုင်လောက်အောင် အလုပ်မများသင့်ဘူး။ က၁၆.၀၁ ၁:၁၁၊ ၁၂

တနင်္ဂနွေနေ့၊ ဇူလိုင် ၂

ကိုယ်တော်အားဖြင့် ဘုရားသခင်သည် ကတိထားတော်မူသည့် သန့်ရှင်းသော စွမ်းအားတော်ဖြင့် သင်တို့ကို တံဆိပ်ခတ်တော်မူ၏။—ဧ. ၁:၁၃၊ ၁၄။

ယေဟောဝါဟာ ဘိသိက်ခံတွေကို ကောင်းကင်သွားဖို့ ရွေးချယ်ထားမှန်း သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သေချာပေါက်သိရှိစေတယ်။ ဒီနည်းအားဖြင့် သန့်ရှင်းသော စွမ်းအားတော်ဟာ အနာဂတ်မှာ သူတို့ရရှိမယ့်အမွေရဲ့ “အာမခံချက်” ဒါမှမဟုတ် သက်သေခံချက် ဖြစ်လာတယ်။ (၂ ကော. ၁:၂၁၊ ၂၂။ ၅:၅) ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရတာ သေချာတဲ့သဘောပဲ ဖြစ်တယ်။ ဒါပေမဲ့ ကောင်းကင်ဆုကျေးဇူး တကယ်ရ,မရဆိုတာကတော့ သူ့ရဲ့သစ္စာရှိမှုအပေါ် မူတည်တယ်။ ပေတရု အခုလို ရှင်းပြတယ်– “ထို့ကြောင့် ညီအစ်ကိုတို့၊ သင်တို့ကို ခေါ်တော်မူခြင်းနှင့် ရွေးချယ်ခြင်းတို့သည် သင်တို့အတွက် သေချာစေရန် အစွမ်းကုန် ကြိုးစားအားထုတ်ကြလော့။ အကြောင်းမူကား သင်တို့သည် ထိုအရာများကို ဆက်လုပ်ဆောင်နေမည်ဆိုလျှင် မည်သည့်အခါမျှ ရှုံးနိမ့်လိမ့်မည် မဟုတ်။ သို့ဖြင့် ငါတို့၏သခင်၊ ကယ်တင်ရှင်ဖြစ်သော ယေရှုခရစ်၏ ထာဝရနိုင်ငံတော်သို့ ဝင်စားရသော ဘုန်းအသရေကို သင်တို့အား ရက်ရက်ရောရော ပေးသနားတော်မူလိမ့်မည်။” (၂ ပေ. ၁:၁၀၊ ၁၁) ဒါကြောင့် ဘိသိက်ခံယောက်တိုင်းဟာ ဆက်သစ္စာရှိနေဖို့ ကြိုးစားရမယ်။ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရပေမဲ့ ဆက်သစ္စာမရှိဘူးဆိုရင် ကောင်းကင်ဆုကျေးဇူး ရရှိမှာ မဟုတ်ဘူး။—ဟေဗြဲ ၃:၁။ ဗျာ. ၂:၁၀။ က၁၆.၀၁ ၃:၆၊ ၇

တနင်္လာနေ့၊ ဇူလိုင် ၃

ကိုယ့်ကိုယ်ကိုယ် ချီးမြှောက်သူသည် နှိမ့်ချခြင်းကို ခံရလိမ့်မည်။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချသူသည် ချီးမြှောက်ခြင်းကို ခံရလိမ့်မည်။—မ. ၂၃:၁၂။

တစ်ဦးတစ်ယောက်ကို အလွန်အကျွံ ချီးမြှောက်ရင် မှားပါလိမ့်မယ်။ ဘိသိက်ခံပဲဖြစ်နေပါစေ သူတို့ကို အလွန်အကျွံ မချီးမြှောက်သင့်ဘူး။ ကျမ်းစာမှာ အကြီးအကဲတွေရဲ့ ယုံကြည်ခြင်းကို တုပဖို့အားပေးထားပေမဲ့ လူတွေကို ခေါင်းဆောင်တင်ဖို့ လုံးဝမမိန့်မှာထားဘူး။ (ဟေဗြဲ ၁၃:၇) လူတချို့ဟာ “ရိုသေလေးစားမှု နှစ်ဆခံထိုက်” တယ်လို့ ကျမ်းစာမှာ ပြောထားတာ မှန်ပါတယ်။ ဒါပေမဲ့ အဲဒီလိုလေးစားသင့်တဲ့ အကြောင်းရင်းက သူတို့ ဘိသိက်ခံဖြစ်နေလို့ မဟုတ်ဘဲ “ကောင်းစွာဦးစီးနေ” လို့၊ “ဟောပြောခြင်းနှင့် သွန်သင်ခြင်းအမှုတို့ကို ကြိုးစားလုပ်ဆောင်နေ” လို့ ဖြစ်တယ်။ (၁ တိ. ၅:၁၇) ဘိသိက်ခံတွေကို အလွန်အကျွံ ချီးမွမ်းပြီး အရေးပေးတာက သူတို့ကို အနေရခက်စေတယ်။ ပိုဆိုးတာက သူတို့ မာနကြီးလာအောင် တွန်းပို့ရာကျတယ်။ (ရော. ၁၂:၃) ခရစ်တော်ရဲ့ညီတွေ အဲဒီလိုအမှားမျိုး ကျူးလွန်မိအောင် ကျွန်တော်တို့ မတွန်းပို့ချင်ဘူး။—လု. ၁၇:၂။ က၁၆.၀၁ ၄:၉

အင်္ဂါနေ့၊ ဇူလိုင် ၄

အဆွေခင်ပွန်းသည် အခါခပ်သိမ်း ချစ်တတ်၏။ —သု. ၁၇:၁၇။

မိတ်ဆွေနှောင်ကြိုးဆိုတာ အဖိုးတန်ရတနာနဲ့တူတယ်။ ဒါပေမဲ့ အလှဆင်ရာမှာပဲ အသုံးပြုတဲ့ တန်ဖိုးကြီးပန်းအိုးနဲ့တော့ မတူဘူး။ ရှင်သန်ကြီးထွားလာအောင် ရေနဲ့ ဂရုစိုက်မှု လိုအပ်တဲ့ ပန်းပင်နဲ့ ပိုတူတယ်။ အာဗြဟံဟာ ယေဟောဝါနဲ့ မိတ်ဆွေဖြစ်ရတာကို မြတ်နိုးပြီး မိတ်ဆွေဆက်ဖြစ်နေအောင် လုပ်ဆောင်ခဲ့တယ်။ ဘယ်နည်းအားဖြင့်လဲ။ အာဗြဟံဟာ ဘုရားသခင်ကို ကြောက်ရွံ့တဲ့သဘောနဲ့ နာခံမှု ဆက်တင်ပြခဲ့တယ်။ ဥပမာ၊ ခါနာန်ပြည်ကို ခရီးသွားနေတုန်း ဆုံးဖြတ်ချက် ကြီးငယ်မှန်သမျှ ချတဲ့အခါ ယေဟောဝါရဲ့ လမ်းညွှန်မှုကို အမြဲရှာဖွေတယ်။ အာဗြဟံ အသက် ၉၉ နှစ်အရွယ်၊ ဣဇာက်မမွေးခင် တစ်နှစ်မှာ ယေဟောဝါက တစ်အိမ်လုံးမှာရှိတဲ့ ယောက်ျားမှန်သမျှကို အရေဖျားဖြတ်ခိုင်းတယ်။ ယေဟောဝါကို အာဗြဟံ သံသယဖြစ်သလား ဒါမှမဟုတ် ဆင်ခြေပေးသလား။ အဲဒီလို မလုပ်ခဲ့ပါဘူး။ အာဗြဟံဟာ ယေဟောဝါကို ယုံကြည်ပြီး ‘အဲဒီနေ့မှာပဲ’ ခိုင်းတဲ့အတိုင်း နာခံခဲ့တယ်။—က. ၁၇:၁၀-၁၄၊ ၂၃၊ ကဘ။ က၁၆.၀၂ ၁:၉၊ ၁၀

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၅

သူငယ်သော်လည်း မိမိပြုသောအမှုသည် စင်သည်မစင်သည်၊ မှန်သည်မမှန်သည်ကို မိမိအခြင်းအရာအားဖြင့် ပြ၍ မိမိသဘောကို ထင်ရှားစေ၏။—သု. ၂၀:၁၁။

မှန်ရာကို လုပ်ဆောင်တာ၊ ဖန်ဆင်းရှင်ဆီ ဆက်ကပ်အပ်နှံတာဟာ ဘာကို ဆိုလိုမှန်း ကလေးတစ်ယောက် နားလည်နိုင်တယ်။ ယေဟောဝါဆီ ဆက်ကပ်အပ်နှံထားပြီး အတိုင်းအတာတစ်ခုအထိ ရင့်ကျက်မှန်း ဖော်ပြနေတဲ့ လူငယ်တစ်ယောက်အတွက် နှစ်ခြင်းဟာ အရေးကြီးပြီး သင့်တော်တဲ့လုပ်ဆောင်မှု ဖြစ်တယ်။ (သု. ၂၀:၇) ရင့်ကျက်မှုဆိုတာ ဘာလဲ။ ရင့်ကျက်မှုဆိုတာ လူတစ်ယောက်ရဲ့ အသက်အရွယ် ဒါမှမဟုတ် ကိုယ်ခန္ဓာဖွံ့ဖြိုးမှုကိုပဲ အမြဲ မဆိုလိုဘူး။ ရင့်ကျက်သူဟာ အမှားအမှန်ကို ခွဲခြားသိနိုင်ဖို့ ‘ပိုင်းခြားသိမြင်နိုင်စွမ်း’ ကို လေ့ကျင့် ထားသူဖြစ်တယ်လို့ ကျမ်းစာပြောတယ်။ (ဟေဗြဲ ၅:၁၄) ရင့်ကျက်သူဟာ ယေဟောဝါရဲ့အမြင်မှာ မှန်ကန်ရာကို သိရှိတယ်။ အဲဒီအတိုင်း လုပ်ဆောင်ဖို့ စိတ်ပိုင်းဖြတ်ထားတယ်။ ဒါကြောင့် အလွယ်တကူ အမှားလုပ်မိမှာ မဟုတ်သလို မှန်တာလုပ်ဖို့ တစ်ယောက်ယောက်က အမြဲ တိုက်တွန်းနေစရာလည်း မလိုဘူး။ မိဘတွေ၊ တခြားလူကြီးတွေ မရှိချိန်မှာတောင် ဘုရားသခင့်စံနှုန်းတွေအတိုင်း မှန်ရာကို လုပ်ဆောင်မယ်လို့ နှစ်ခြင်းခံမယ့်လူငယ်ဆီက မျှော်လင့်တာ သဘာဝကျပါတယ်။—ဖိ. ၂:၁၂။ က၁၆.၀၃ ၁:၄၊ ၅

ကြာသပတေးနေ့၊ ဇူလိုင် ၆

မစိုးရိမ်နှင့်။ သင်သည် . . . ဣသရေလရှင်ဘုရင် ဖြစ်လိမ့်မည်။ ကျွန်ုပ်သည်လည်း သင့်အောက်မှာ အရာကြီးလိမ့်မည်။—၁ ရာ. ၂၃:၁၇။

လူငယ်ဒါဝိဒ်ရဲ့ သတ္တိကို ယောနသန် တော်တော်အံ့သြမိမှာပဲ။ ဖိလိတ္တိလူထွားကြီးဂေါလျတ်ကို သတ်ပြီး “သူ၏ဦးခေါင်း” ကို ယောနသန်ရဲ့ဖခင်၊ အစ္စရေးဘုရင် ရှောလုဆီ ဒါဝိဒ်ယူလာတယ်။ (၁ ရာ. ၁၇:၅၇) ဒါဝိဒ်နဲ့အတူ ဘုရားသခင်ရှိမှန်း ယောနသန် လုံးဝ ယုံကြည်သွားတယ်။ အဲဒီအချိန်ကစပြီး ယောနသန်နဲ့ ဒါဝိဒ်ဟာ သိပ်ခင်တဲ့သူငယ်ချင်းတွေ ဖြစ်သွားတယ်။ အချင်းချင်းအပေါ် သစ္စာစောင့်သိပါ့မယ်လို့ ကတိပေးကြတယ်။ (၁ ရာ. ၁၈:၁-၃) ကျန်တစ်ဘဝလုံး ဒါဝိဒ်အပေါ် ယောနသန် သစ္စာစောင့်သိခဲ့တယ်။ နောက်တက်မယ့်ဘုရင်အဖြစ် ယောနသန်ကို မဟုတ်ဘဲ ဒါဝိဒ်ကို ယေဟောဝါ ရွေးချယ်တာတောင် ဒါဝိဒ်အပေါ် ယောနသန် သစ္စာစောင့်သိခဲ့တယ်။ ဒါဝိဒ်ကိုသတ်ဖို့ ရှောလုကြိုးစားတဲ့အခါ သူငယ်ချင်းအတွက် စိတ်ပူမိတယ်။ ဟောရရှအရပ်မှာရှိတဲ့ တောကန္တာရမှာ ဒါဝိဒ်ပုန်းအောင်းနေမှန်း သိတဲ့အတွက် ယေဟောဝါကို ဆက်အားကိုးပါလို့ အားပေးဖို့ အဲဒီကို ယောနသန် လိုက်သွားတယ်။ ပြီးတော့ ဒီနေ့ ကျမ်းချက်ပါစကားတွေကို ပြောခဲ့တယ်။—၁ ရာ. ၂၃:၁၆။ က၁၆.၀၂ ၃:၁၊ ၂

သောကြာနေ့၊ ဇူလိုင် ၇

ကျွမ်းကျင်လုပ်သားအဖြစ် ဘုရားရဲ့ဘေးမှာ ရှိနေခဲ့တယ်။—သု. ၈:၃၀၊ ကဘ။

ယေဟောဝါနဲ့ ယေရှုဟာ ဖန်ဆင်းခြင်းလုပ်ငန်း စကတည်းက စည်းလုံးကြတယ်။ ယေဟောဝါရဲ့ ကျေးကျွန်တွေလည်း အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ ဥပမာ၊ နောဧဟာ မိသားစုနဲ့အတူ သင်္ဘောဆောက်တယ်။ နောက်ပိုင်းမှာ အစ္စရေးတွေဟာ တဲတော်ဆောက်ဖို့၊ ဖြုတ်ဖို့၊ ရွှေ့ဖို့ အတူလုပ်ဆောင်ခဲ့တယ်။ ဗိမာန်တော်မှာ ယေဟောဝါကို တေးဂီတနဲ့ ချီးမွမ်းဖို့ တူရိယာတွေ အတူတကွ တီးမှုတ်ပြီး သီဆိုခဲ့ကြတယ်။ ဒါတွေအားလုံး လုပ်ဆောင်နိုင်ခဲ့တာဟာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြလို့ပဲ။ (က. ၆:၁၄-၁၆၊ ၂၂။ တော. ၄:၄-၃၂။ ၅ ရာ. ၂၅:၁-၈) ပထမရာစု ခရစ်ယာန်တွေလည်း ခေါင်းဆောင်ယေရှုခရစ်ရဲ့ လက်အောက်မှာ အချင်းချင်း ပူးပေါင်းလုပ်ဆောင်ကြတယ်။ အားလုံးဟာ အရည်အချင်းတွေ၊ တာဝန်တွေ တစ်မျိုးစီ ရရှိထားပေမဲ့ စည်းလုံးကြတယ်လို့ ပေါလု ပြောတယ်။ အင်္ဂါအစိတ်အပိုင်းအားလုံး ပူးပေါင်းလုပ်ဆောင်တဲ့ ခန္ဓာကိုယ်နဲ့ သူတို့ကို ပေါလု ခိုင်းနှိုင်းခဲ့တယ်။—၁ ကော. ၁၂:၄-၆၊ ၁၂။ က၁၆.၀၃ ၃:၁၊ ၂

စနေနေ့၊ ဇူလိုင် ၈

ထို့ကြောင့် သွား၍ လူမျိုးတကာမှ လူတို့ကို ငါ့တပည့်ဖြစ်စေ . . . ကြလော့။—မ. ၂၈:၁၉။

တပည့်တွေကို ယေရှုမိန့်မှာခဲ့တဲ့ ဟောပြောခြင်းလုပ်ငန်းအကြောင်း စဉ်းစားကြည့်ပါ။ ဟောပြောခြင်း နည်းလမ်းနဲ့ နယ်မြေအကျယ်အဝန်း ပြောင်းလဲလာတယ်။ ရှေးခေတ်တုန်းက လူမျိုးခြားတွေဟာ ယေဟောဝါကို ဝတ်ပြုဖို့ အစ္စရေးပြည်ကို လာရတယ်။ (၃ ရာ. ၈:၄၁-၄၃) ဒါပေမဲ့ ယေရှုကတော့ ကျွန်တော်တို့ကို ဒီနေ့ကျမ်းချက်မှာ ပါတဲ့အတိုင်း မိန့်မှာတယ်။ လူအားလုံးဆီ “သွား” ပါလို့ ယေရှု ပြောတယ်။ ယေဟောဝါရဲ့ နည်းလမ်း ပြောင်းလဲလာပြီ၊ တစ်ကမ္ဘာလုံးမှာ သတင်းကောင်း ဟောစေချင်ပြီဆိုတာ အေဒီ ၃၃၊ ပင်တေကုတ္တေပွဲနေ့မှာ ထင်ရှားလာတယ်။ အဲဒီနေ့မှာ အသင်းတော်သစ်ရဲ့ အဖွဲ့ဝင် ၁၂၀ ဟာ သန့်ရှင်းသော စွမ်းအားတော် ရရှိပြီး ဂျူးလူမျိုးနဲ့ ဘာသာပြောင်းဝင်လာသူတွေကို ဘာသာစကားအမျိုးမျိုးနဲ့ ဟောပြောခဲ့တယ်။ (တ. ၂:၄-၁၁) နောက်ပိုင်း၊ ဟောပြောရမယ့် ရပ်ကွက်ဟာ ရှမာရိလူတွေအထိ ကျယ်ပြန့်လာတယ်။ အေဒီ ၃၆ ရောက်တဲ့အခါ ဟောပြောရမယ့်ရပ်ကွက်ဟာ အရေပြားမဖြတ်ထားတဲ့ လူမျိုးခြားတွေအထိ ကျယ်ပြန့်လာတယ်။ ဒါကြောင့် ခရစ်ယာန်တွေဟာ ကမ္ဘာတစ်ဝန်းမှာရှိသူတွေကို သွားဟောပြောရတော့မယ်။ က၁၆.၀၃ ၄:၁၂

တနင်္ဂနွေနေ့၊ ဇူလိုင် ၉

ငါ့ထံမှ ကြားနာရသောအရာများကို သစ္စာရှိ အမျိုးသားများအား လွှဲအပ်လော့။—၂ တိ. ၂:၂။

လေ့ကျင့်မှုကနေ အောင်မြင်မှု ရစေတယ်ဆိုတာကို ဘုရားသခင့် ကျေးကျွန်တွေ ရှေးကတည်းက သိတယ်။ ဥပမာ၊ အာဗြံက ‘မိမိအိမ်၌ လေ့ကျင့်ထားသောလူ’ တွေကို ခေါ်ပြီး လောတကို သွားကယ်ခဲ့တယ်။ သူတို့ဟာ လောတကို ဖမ်းသွားသူတွေကို အောင်အောင်မြင်မြင် တိုက်ခိုက်နိုင်ခဲ့တယ်။ (က. ၁၄:၁၄-၁၆၊ သမ္မာ) ဘုရင်ဒါဝိဒ်ခေတ်မှာ လူတချို့ဟာ ယေဟောဝါကို ချီးမွမ်းတဲ့သီချင်းတွေ သီဆိုဖို့ ‘လေ့ကျင့်’ ခံထားရတယ်။ (၅ ရာ. ၂၅:၇၊ ကဘ) ဒီနေ့ခေတ်မှာ ကျွန်တော်တို့ဟာ စာတန်၊ စာတန့်လောကနဲ့ တိုက်ခိုက်နေရတယ်။ (ဧ. ၆:၁၁-၁၃) ယေဟောဝါရဲ့ နာမည်အကြောင်း တခြားသူတွေကို ပြောပြခြင်းအားဖြင့် ကိုယ်တော့်ကို ချီးမွမ်းဖို့ ကြိုးစားအားထုတ်နေကြတယ်။ (ဟေဗြဲ ၁၃:၁၅၊ ၁၆) ဒါကြောင့် ရှေးခေတ်က ဘုရားသခင့် ကျေးကျွန်တွေလိုပဲ အောင်မြင်မှုရချင်တယ်ဆိုရင် ကျွန်တော်တို့ လေ့ကျင့်ခံထားရဖို့ လိုအပ်တယ်။ ယေဟောဝါက အသင်းတော်မှာ တခြားသူတွေကို လေ့ကျင့်ပေးဖို့ အကြီးအကဲတွေကို တာဝန်ပေးထားတယ်။ အကြီးအကဲတစ်ယောက်ဟာ ကိုယ်လေ့ကျင့်ပေးမယ့်သူကို ဘာမှမသင်ပေးခင် သူနဲ့အတူ ကျမ်းစာမူတချို့ကို ဆွေးနွေးဖို့ လိုအပ်နိုင်တယ်။ အဲဒီကျမ်းစာမူတွေက သင်ယူသိရှိလာတာကို လက်တွေ့ကျင့်သုံးဖို့ အသင့်ဖြစ်နေနိုင်အောင် သူ့ကိုကူညီပေးပါလိမ့်မယ်။—၁ တိ. ၄:၆။ က၁၅ ၄/၁၅ ၂:၁၊ ၂

တနင်္လာနေ့၊ ဇူလိုင် ၁၀

[ယေရှုသည်] သေခြင်းတရားကို ဖြစ်ပေါ်စေသူ မာရ်နတ်ကို ဖျက်ဆီးတော်မူ[မည်]။—ဟေဗြဲ ၂:၁၄။

ဒီလိုပြောလို့ လူအားလုံးကို မာရ်နတ် တိုက်ရိုက်သတ်ပစ်တယ်လို့ မဆိုလိုပါဘူး။ ဒါဆို ဘာကိုဆိုလိုသလဲ။ တစ်ချက်အနေနဲ့ ဒီလောကဟာ စာတန်ရဲ့ မုန်းတီးတဲ့သဘော၊ ကြမ်းတမ်းတဲ့သဘောနဲ့ ပြည့်နှက်နေတယ်။ နောက်တစ်ချက်ကတော့ ဧဝဟာ စာတန်ရဲ့ အလိမ်အညာကို ယုံမိတဲ့အတွက်၊ အာဒံဟာ ဘုရားသခင်ကို မနာခံတဲ့အတွက် လူသားအားလုံး အပြစ်နဲ့သေခြင်းအောက် ရောက်ခဲ့ရတယ်။ (ရော. ၅:၁၂) ယေရှုက စာတန်ကို “လူ့အသက်ကို သတ်သောသူ” လို့ ခေါ်ခဲ့တယ်။ (ယော. ၈:၄၄) စာတန်ဟာ တကယ့်ကို တန်ခိုးရှိတဲ့ရန်သူပါပဲ။ စာတန်ကို ခုခံတွန်းလှန်ခြင်းက ဘုရားသခင့်အုပ်ချုပ်မှုကို ပုန်ကန်တဲ့ စာတန့်ဘက်တော်သားအားလုံးကိုလည်း ခုခံတွန်းလှန်ရာရောက်တယ်။ အဲဒီထဲမှာ နတ်ဆိုးတွေလို့ခေါ်တဲ့ ပုန်ကန်တဲ့ကောင်းကင်တမန်အုပ်စုကြီး ပါဝင်တယ်။ (ဗျာ. ၁၂:၃၊ ၄) နတ်ဆိုးတွေလည်း လူတွေထက် သိပ်တန်ခိုးကြီးမှန်း မကြာခဏ ဖော်ပြကြတယ်။ လူတွေကို သူတို့ အကြီးအကျယ် ထိခိုက်နာကျင်စေကြတယ်။ (မ. ၈:၂၈-၃၂။ မာ. ၅:၁-၅) နတ်ဆိုးတွေရဲ့ တန်ခိုး၊ “နတ်ဆိုးမင်း” ရဲ့ တန်ခိုးကို ဘယ်တော့မှ လျှော့မတွက်ပါနဲ့။ (မ. ၉:၃၄) ယေဟောဝါရဲ့ အကူအညီသာမပါရင် စာတန်ကို ကျွန်တော်တို့ ဘယ်တော့မှ တိုက်ခိုက်အောင်မြင်နိုင်မှာ မဟုတ်ဘူး။ က၁၅ ၅/၁၅ ၁:၆၊ ၇

အင်္ဂါနေ့၊ ဇူလိုင် ၁၁

မတရားမေထုန်ပြုသူ၊ ရုပ်တုကိုးကွယ်သူ၊ အိမ်ထောင်ရေးဖောက်ပြန်သူ၊ မိန်းမလျှာဖြစ်သူ၊ ယောက်ျားချင်းမေထုန်ပြုသူ၊ သူ့ဥစ္စာကိုခိုးသူ၊ လောဘကြီးသူ၊ သောက်ကြူးသူ၊ ဆဲရေးကဲ့ရဲ့သူ၊ လုယက်သူတို့သည် ဘုရားသခင်၏နိုင်ငံတော်ကို အမွေခံရမည်မဟုတ်။ —၁ ကော. ၆:၉၊ ၁၀။

သင်ဟာ လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်ခံရတယ်ဆိုရင် ဘာလုပ်နိုင်သလဲ။ ကိုယ့်ရဲ့ အားနည်းချက်ကို အသိအမှတ်ပြုပါ။ (ရော. ၇:၂၂၊ ၂၃) တွန်းလှန်နိုင်တဲ့ခွန်အားပေးဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ (ဖိ. ၄:၆၊ ၇၊ ၁၃) လိင်အကျင့်ယိုယွင်းမိစေနိုင်တဲ့ အခြေအနေတွေကို ရှောင်ပါ။ (သု. ၂၂:၃) သွေးဆောင်ခံရတဲ့အခါ ချက်ချင်း ရှောင်ထွက်သွားပါ။ (က. ၃၉:၁၂) ယေရှုဟာ ကျွန်တော်တို့အတွက် အကောင်းဆုံးစံနမူနာရှင် ဖြစ်တယ်။ စာတန့်ကတိစကားတွေကို နားမယောင်ဘူး။ အဲဒါတွေအကြောင်း စဉ်းတောင်မစဉ်းစားဘူး။ အဲဒီအစား “ကျမ်းစာ၌ ရေးထားသည်” လို့ စာတန်ကို ချက်ချင်းတုံ့ပြန်ခဲ့တယ်။ (မ. ၄:၄-၁၀) ယေရှုဟာ ကျမ်းစာကို အကျွမ်းတဝင်ရှိတာကြောင့် သွေးဆောင်ခံရတဲ့အခါ ကျမ်းချက်တွေကို ချက်ချင်း ကိုးကားနိုင်ခဲ့တယ်။ စာတန်ကို တိုက်ခိုက်အောင်မြင်ဖို့ဆိုရင် လိင်အကျင့်ယိုယွင်းဖို့ သွေးဆောင်မှုဖြစ်စေနိုင်တဲ့ အခြေအနေတွေကို ရှောင်ရမယ်။ က၁၅ ၅/၁၅ ၂:၁၅၊ ၁၆

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၂

ဘုရားသခင်ကို တုပကြလော့။ —ဧ. ၅:၁။

ယေဟောဝါဟာ အတိုင်းအဆမဲ့ ဉာဏ်ပညာရှိသူဖြစ်တယ်။ အနာဂတ်မှာဖြစ်မယ့်အရာကို ကြိုမြင်နိုင်တယ်။ ကျွန်တော်တို့ကတော့ အနာဂတ်ကို ကြိုမသိနိုင်ဘူး။ ဒါပေမဲ့ ဘယ်လိုပညာရှိရှိ ပြုမူနိုင်သလဲ။ ဆုံးဖြတ်ချက်တစ်ခုမချခင် ကိုယ်နဲ့ တခြားသူတွေကို ဘယ်လိုထိခိုက်နိုင်တယ်ဆိုတာ ထည့်စဉ်းစားပါ။ ဥပမာ၊ သင် ရည်းစားထားတယ်ဆိုပါစို့။ တစ်ယောက်ယောက်ကို ကြိုက်သွားပြီဆိုတာနဲ့ ကိုယ့်ခံစားချက်နဲ့ လိင်ဆန္ဒတွေကို ထိန်းချုပ်ဖို့ ခက်သွားပြီဆိုတာ သတိရပါ။ ဒါကြောင့် ယေဟောဝါနဲ့ ကိုယ့်ဆက်ဆံရေးကို ထိခိုက်စေမယ့် ဘယ်အရာကိုမှ မလုပ်ပါနဲ့။ ပညာရှိပါ။ အန္တရာယ်ကိုရှောင်ပါ။ ‘အမြော်အမြင်ရှိသူဟာ အန္တရာယ်ကို ကြိုမြင်ပြီး ပုန်းနေတတ်တယ်။ အတွေ့အကြုံမရှိသူကတော့ ဆက်သွားပြီး ဆိုးကျိုးတွေ ခံစားရတတ်တယ်’ ဆိုတဲ့ ယေဟောဝါရဲ့ ပညာရှိအကြံဉာဏ်ကို နားထောင်ပါ။—သု. ၂၂:၃၊ ကဘ။ က၁၅ ၅/၁၅ ၄:၁၀၊ ၁၁

ကြာသပတေးနေ့၊ ဇူလိုင် ၁၃

မိန်းမတစ်ဦးကို ဆက်ကြည့်နေ၍ တပ်မက်သောစိတ်ပေါ်လာလျှင် စိတ်နှလုံးထဲ၌ ထိုမိန်းမနှင့် ဖောက်ပြန်ပြီ။—မ. ၅:၂၈။

ဘုရင်ဒါဝိဒ် အဲဒီလိုဖြစ်ခဲ့တယ်။ ‘အမျိုးသမီးတစ်ယောက် ရေချိုးနေတာကို နန်းတော်အမိုးပေါ်ကနေ သူလှမ်းတွေ့လိုက်တယ်။’ ချက်ချင်း အကြည့်လွှဲလိုက်မယ့်အစား ဆက်ကြည့်ပြီး ဆက်တွေးခဲ့တယ်။ (၂ ရာ. ၁၁:၂၊ ကဘ) ဒါကြောင့် အိမ်ထောင်သည်ဖြစ်မှန်း သိသိကြီးနဲ့ သူ့ကိုတပ်မက်လာပြီး အတူအိပ်ခဲ့တယ်။ အကျင့်ပျက်အတွေးတွေကို ငြင်းပယ်ချင်တယ်ဆိုရင် ယောဘရဲ့ ပုံနမူနာကို တုပရမယ်။ ‘ငါသည် ကိုယ်မျက်စိနှင့် ပဋိညာဉ်ပြုပြီ’ လို့ ယောဘပြောတယ်။ (ယောဘ ၃၁:၁၊ ၇၊ ၉) ယောဘလိုပဲ ကျွန်တော်တို့လည်း တခြားတစ်ယောက်ကို မကောင်းတဲ့စိတ်နဲ့ မကြည့်မိဖို့ ဆုံးဖြတ်ထားရမယ်။ ကွန်ပျူတာမှာဖြစ်စေ၊ ကြော်ငြာဆိုင်းဘုတ်မှာဖြစ်စေ၊ မဂ္ဂဇင်းမှာဖြစ်စေ ဘယ်နေရာမှာမဆို အကျင့်ပျက်ရုပ်ပုံတွေ တွေ့မိရင် ချက်ချင်း အကြည့်လွှဲပစ်ရမယ်။ ပြောင်းလဲဖို့ လိုအပ်ရင် ချက်ချင်း ပြောင်းလဲပါ။ ကျမ်းစာမှာပါတဲ့ ယေဟောဝါရဲ့အကြံဉာဏ်ကို နာခံခြင်းအားဖြင့် လိင်အကျင့်ပျက်ခြင်းကို ရှောင်ရှားနိုင်ပြီး ဆက်သန့်ရှင်းနေနိုင်ပါလိမ့်မယ်။—ယာ. ၁:၂၁-၂၅။ က၁၅ ၆/၁၅ ၃:၁၂-၁၄

သောကြာနေ့၊ ဇူလိုင် ၁၄

အပြစ်သွေးဆောင်ရာနောက်သို့ မလိုက်ပါစေ [နှင့်]။—မ. ၆:၁၃။

‘အပြစ်သွေးဆောင်ရာနောက် မလိုက်ပါစေနဲ့’ ဆိုတဲ့ နမူနာဆုတောင်းချက်ပါစကားက ယေရှု နှစ်ခြင်းခံပြီးပြီးချင်း ကြုံရတဲ့အရာကို သတိရစေတယ်။ ဘုရားသခင့်စွမ်းအားတော်က ယေရှုကို တောထဲသွားဖို့လမ်းညွှန်တယ်။ ‘မာရ်နတ်ရဲ့ သွေးဆောင်မှု’ ခံရစေဖို့ပဲ။ (မ. ၄:၁) အဲဒါကို ယေဟောဝါ ဘာကြောင့် ခွင့်ပြုခဲ့တာလဲ။ ယေဟောဝါရဲ့ အုပ်ချုပ်မှုကို အာဒံနဲ့ ဧဝ ငြင်းပယ်ချိန်မှာ ပေါ်ပေါက်ခဲ့တဲ့ ပြဿနာကို ဖြေရှင်းဖို့ ယေရှုကို မြေကြီးပေါ် ယေဟောဝါ စေလွှတ်ခဲ့တယ်။ အာဒံနဲ့ ဧဝရဲ့ပုန်ကန်မှုကြောင့် အချိန်ယူဖြေရှင်းရမယ့် ပြဿနာတွေ ပေါ်ပေါက်လာတယ်။ ဥပမာ၊ လူသားတွေကို ယေဟောဝါ ဖန်ဆင်းပုံ တစ်ခုခုများ မှားနေသလား။ စုံလင်တဲ့လူတစ်ယောက်က “ဆိုးညစ်သူ” ရဲ့ သွေးဆောင်မှု ကြုံရတဲ့အခါ ယေဟောဝါအပေါ် ဆက်သစ္စာတည်ကြည်နိုင်ပါ့မလား။ လူလူချင်း အုပ်ချုပ်ရင် ပိုကောင်းလာမလား။ (က. ၃:၄၊ ၅) အနာဂတ်မှာ အဲဒီပြဿနာအားလုံးကို ယေဟောဝါ စိတ်ကြိုက်ဖြေရှင်းပြီးတဲ့အခါ ယေဟောဝါရဲ့ အုပ်ချုပ်နည်းသာ အကောင်းဆုံးဖြစ်မှန်း ကောင်းကင်နဲ့ မြေကြီးပေါ်ရှိသူ အားလုံး သိလာပါလိမ့်မယ်။ က၁၅ ၆/၁၅ ၅:၁၂

စနေနေ့၊ ဇူလိုင် ၁၅

ကြီးစွာသောဒုက္ခသည် ထိုကာလ၌ ဖြစ်လိမ့်မည်။ —မ. ၂၄:၂၁။

ကြီးစွာသောဒုက္ခ ဘယ်လိုအစပြုမလဲ။ အယူမှားဘာသာအားလုံးကို ဖျက်ဆီးခြင်းနဲ့ အစပြုပါလိမ့်မယ်။ ကျမ်းစာမှာ အယူမှားဘာသာကို ‘ပြည့်တန်ဆာတွေရဲ့ အမိ၊ မဟာဗာဗုလုန်’ လို့ ခေါ်ထားတယ်။ (ဗျာ. ၁၇:၅-၇) အယူမှားဘာသာကို ပြည့်တန်ဆာလို့ ဘာကြောင့်ခေါ်တာလဲ။ ဘာကြောင့်လဲဆိုတော့ အယူမှားဘာသာရဲ့ ခေါင်းဆောင်တွေဟာ ဘုရားသခင်အပေါ် သစ္စာမရှိလို့ပဲ။ သူတို့ဟာ ယေရှုနဲ့ သူ့ရဲ့နိုင်ငံကို သစ္စာရှိရှိထောက်ခံမယ့်အစား နိုင်ငံရေးမှာ သြဇာလွှမ်းမိုးနိုင်ဖို့ လူ့အစိုးရတွေကို ထောက်ခံပြီး ကျမ်းစာသွန်သင်ချက်တွေကို လျစ်လျူရှုကြတယ်။ သူတို့ရဲ့ ဝတ်ပြုမှုဟာ ဘိသိက်ခံတွေရဲ့ သန့်ရှင်းတဲ့ဝတ်ပြုမှုနဲ့ လုံးဝဆန့်ကျင်ဘက်ပဲ။ (၂ ကော. ၁၁:၂။ ယာ. ၁:၂၇။ ဗျာ. ၁၄:၄) ဒါဆို မဟာဗာဗုလုန်ကို ဘယ်သူဖျက်ဆီးမလဲ။ ယေဟောဝါဟာ “မိမိ၏အကြံတော်ကို” “ချိုဆယ်ချောင်း” ရှိတဲ့ “နီမြန်းသောသားရဲ” ရဲ့စိတ်နှလုံးထဲ သွင်းပေးလိမ့်မယ်။ “နီမြန်းသောသားရဲ” ဟာ ကမ္ဘာ့ကုလသမဂ္ဂကို ပုံဆောင်ပြီး “ချိုဆယ်ချောင်း” ကတော့ သူ့ကိုထောက်ခံတဲ့ နိုင်ငံရေး အင်အားစုအားလုံးကို ပုံဆောင်တယ်။—ဗျာ. ၁၇:၃၊ ၁၆-၁၈။ က၁၅ ၇/၁၅ ၂:၃၊ ၄

တနင်္ဂနွေနေ့၊ ဇူလိုင် ၁၆

သင်တို့က “ငါသည် ပေါလု၏တပည့်ဖြစ်သည်။ ငါသည် အာပေါလု၏တပည့်ဖြစ်သည်။ ငါသည် ကေဖ၏တပည့်ဖြစ်သည်။ ငါသည် ခရစ်တော်၏တပည့်ဖြစ်သည်” ဟူ၍ အသီးအသီး ပြောကြ [၏။]—၁ ကော. ၁:၁၂။

သွေးကွဲစေတဲ့ ဒီလို အတွေးအခေါ်ကို ဘယ်လို ဖြေရှင်းခဲ့သလဲ။ ပေါလု အခုလို ဆုံးမတယ်– “ညီအစ်ကိုတို့၊ သင်တို့ရှိသမျှသည် တစ်စိတ်တစ်သဘောတည်း ပြောဆို၍ အချင်းချင်း စိတ်ဝမ်းကွဲပြားခြင်းမရှိဘဲ စိတ်သဘောထား တစ်မျိုးတည်းဖြင့် စည်းလုံးမှုရှိကြရန် . . . သင်တို့ကို ငါနှိုးဆော်ပါ၏။” (၁ ကော. ၁:၁၀၊ ၁၁၊ ၁၃) ဒီနေ့လည်း အဲဒီလိုပဲ။ အသင်းတော်မှာ စိတ်ဝမ်းကွဲပြားမှု လုံးဝမရှိသင့်ဘူး။ (ရော. ၁၆:၁၇၊ ၁၈) ဘိသိက်ခံခရစ်ယာန်တွေဟာ ကောင်းကင်နိုင်ငံသားတွေဖြစ်လို့ “မြေကြီးပေါ်ရှိသောအရာများ” ကို အာရုံမစိုက်ဖို့ ပေါလုသတိပေးခဲ့တယ်။ (ဖိ. ၃:၁၇-၂၀) ဘိသိက်ခံတွေဟာ ဘုရားသခင်နဲ့ ခရစ်တော်ကို ကိုယ်စားပြုတဲ့ သံအမတ်တွေဖြစ်တယ်။ သံအမတ်တွေဟာ ကိုယ်တာဝန်ကျတဲ့ နိုင်ငံရဲ့ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်ကြဘူး။ အဲဒီလိုပဲ၊ ဘိသိက်ခံတွေဟာ ဒီလောကရဲ့ ပြဿနာတွေနဲ့ နိုင်ငံရေးကိစ္စတွေမှာ မပါဝင်သင့်ဘူး။ (၂ ကော. ၅:၂၀) မြေကြီးမှာ ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်ချက်ရှိသူတွေလည်း ဘုရားသခင့် နိုင်ငံတော်ကို သစ္စာစောင့်သိပြီး ဒီလောကရဲ့ ပဋိပက္ခတွေမှာ မပါဝင်ကြဘူး။ က၁၅ ၇/၁၅ ၃:၉၊ ၁၀

တနင်္လာနေ့၊ ဇူလိုင် ၁၇

ကိုယ်တော်မူကား ကရုဏာစိတ်ရှိ၍ သူတို့ကိုမဖျက်ဆီးဘဲ အပြစ်လွှတ်တော်မူ၏။ ကြိမ်ဖန်များစွာ စိတ်တော်ပြေ၍ အမျက်တော်ကို နှိုးဆော်တော်မမူ။ —ဆာ. ၇၈:၃၈။

အဲဒီအခန်းငယ်ကို တွေးတောဆင်ခြင်ခြင်းက သင့်ကို ယေဟောဝါ ဘယ်လောက်ချစ်ပြီး ဂရုစိုက်တယ်ဆိုတာ သိမြင်စေနိုင်တယ်။ ကျွန်တော်တို့ကို ယေဟောဝါ သိပ်ဂရုစိုက်တယ်ဆိုတာ ယုံကြည်စိတ်ချနိုင်ပါတယ်။ (၁ ပေ. ၅:၆၊ ၇) ကျမ်းစာကို သိပ်တန်ဖိုးထားသင့်တယ်။ အကြောင်းကတော့ ကျမ်းစာကတစ်ဆင့် ကျွန်တော်တို့ကို ယေဟောဝါ စကားပြောလို့ပဲ။ မိဘနဲ့ သားသမီးကြားမှာ ပွင့်လင်းတဲ့ ပြောဆိုဆက်သွယ်မှုရှိမယ်ဆိုရင် အချင်းချင်းပေါ်ထားတဲ့ မေတ္တာနဲ့ ယုံကြည်မှု တိုးများလာမယ်။ ယေဟောဝါဟာ ကျွန်တော်တို့ရဲ့ မေတ္တာရှင်ဖခင် ဖြစ်တယ်။ ကိုယ်တော့်ကို တစ်ခါမှမမြင်ဖူး၊ အသံလည်း မကြားဖူးပေမဲ့ ကျမ်းစာကတစ်ဆင့် ကိုယ်တော်စကားပြောတယ်။ အဲဒါကို နားထောင်ဖို့လိုအပ်တယ်။ (ဟေရှာ. ၃၀:၂၀၊ ၂၁) ကျမ်းစာဖတ်တဲ့အခါ ကျွန်တော်တို့ကို ကာကွယ်လမ်းပြပေးတဲ့ ယေဟောဝါအကြောင်း သိလာပြီး ယုံကြည်ကိုးစားလာမယ်။—ဆာ. ၁၉:၇-၁၁။ သု. ၁:၃၃။ က၁၅ ၈/၁၅ ၁:၆၊ ၇

အင်္ဂါနေ့၊ ဇူလိုင် ၁၈

ဘုရားသခင်ထံတော်သို့ ချဉ်းကပ်ကြလော့။ ကိုယ်တော်သည်လည်း သင်တို့ထံ ချဉ်းကပ်တော်မူလိမ့်မည်။ —ယာ. ၄:၈။

မြေကြီးပရဒိသုကို ကျွန်တော်တို့ စောင့်မျှော်နေပေမဲ့ ယေဟောဝါကို ဝတ်ပြုရခြင်းက အပျော်ရွှင်ရဆုံးအရာ ဖြစ်ပါလိမ့်မယ်။ ယေဟောဝါရဲ့နာမည် သန့်ရှင်းမြင့်မြတ်လာပြီး ကိုယ်တော့်ကို အချုပ်အခြာအာဏာရှင်အဖြစ် လူတွေလက်ခံလာတဲ့အခါ ဘယ်လောက် ကျေနပ်စရာကောင်းမယ်ဆိုတာ စဉ်းစားကြည့်ပါ။ (မ. ၆:၉၊ ၁၀) ကမ္ဘာကို စုံလင်သူတွေနဲ့ ပြည့်စေမယ်ဆိုတဲ့ ဘုရားသခင့် ရည်ရွယ်ချက် ပြည့်စုံလာတာကို မြင်ရတဲ့အခါ သိပ်စိတ်လှုပ်ရှားမိမှာပဲ။ ကျွန်တော်တို့ တဖြည်းဖြည်းစုံလင်လာတဲ့အခါ ယေဟောဝါဆီ ချဉ်းကပ်ဖို့ ဘယ်လောက် လွယ်ကူလာမယ်ဆိုတာ တွေးကြည့်ပါ။ (ဆာ. ၇၃:၂၈) အဲဒီကောင်းချီးအားလုံးကို ယေဟောဝါပေးမယ်ဆိုတာ ကျွန်တော်တို့ စိတ်ချတယ်။ အကြောင်းကတော့ ‘အရာခပ်သိမ်းကို ဘုရားသခင် တတ်နိုင်’ လို့ပဲ။ (မ. ၁၉:၂၅၊ ၂၆) ဒါပေမဲ့ ကမ္ဘာသစ်မှာ နေထိုင်ဖို့ မျှော်လင့်တယ်ဆိုရင် အခုကတည်းက ထာဝရအသက်ကို “ခိုင်မြဲစွာကိုင်စွဲထား” ရမယ်။ (၁ တိ. ၆:၁၉) မကြာခင် အဆုံးရောက်တော့မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။ ဒါကြောင့် ကျွန်တော်တို့ရဲ့ အသက်ရှင်နေထိုင်ပုံက အချိန်မရွေး အဆုံးရောက်လာနိုင်တာကို မျှော်လင့်နေကြောင်း ဖော်ပြနေသင့်တယ်။ ကမ္ဘာသစ်အသက်တာအတွက် အခုကတည်းက အတတ်နိုင်ဆုံး ပြင်ဆင်ထားရမယ်။ က၁၅ ၈/၁၅ ၃:၂၊ ၃

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၁၉

ထာဝရအသက်ရရန် မှန်သောဘုရားသခင် တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်နှင့် စေလွှတ်ခြင်းခံရသော ယေရှုခရစ်တို့နှင့်ဆိုင်သည့် အသိပညာကို သူတို့ဆည်းပူးနေရမည်။—ယော. ၁၇:၃။

တီဗီ၊ အင်တာနက်၊ စာအုပ်စတဲ့ သတင်းမီဒီယာအများစုဟာ ကျွန်တော်တို့နဲ့ ယေဟောဝါရဲ့ ဆက်ဆံရေးကို ပျက်စီးစေနိုင်တယ်။ ယေဟောဝါနဲ့ ကိုယ်တော့်ကတိတွေကို ပိုယုံကြည်လာဖို့ အထောက်အကူမပြုဘူး။ အဲဒီအစား စာတန့်စနစ်ဆိုးကို ယုံကြည်ကိုးစားဖို့ပဲ အားပေးတယ်။ ဒါကြောင့် “လောကတပ်မက်ခြင်း” ဖြစ်ပေါ်စေနိုင်တဲ့ ဘယ်အရာကိုမဆို မကြည့်ဖို့၊ မဖတ်ဖို့၊ နားမထောင်ဖို့ သတိထားရမယ်။ (တိ. ၂:၁၂) ယေဟောဝါရဲ့ အဖွဲ့အစည်းကတော့ စာတန့်လောကနဲ့ တခြားစီပဲ။ ထာဝရအသက်ရစေတဲ့ နည်းလမ်းအတိုင်း အသက်ရှင်နေထိုင်နိုင်အောင် ကျွန်တော်တို့ကို ကူညီပေးနေတယ်။ မဂ္ဂဇင်း၊ ဘရိုရှာ၊ စာအုပ်၊ ဝက်ဘ်ဆိုက်နဲ့ ဗီဒီယိုတွေက ယေဟောဝါရဲ့အမှုကို ဆက်ထမ်းဆောင်နိုင်အောင် ကူညီပေးတယ်။ အဖွဲ့အစည်းက တစ်ကမ္ဘာလုံးမှာရှိတဲ့ အသင်းတော်ပေါင်း ၁၁၀,၀၀၀ ကျော်မှာလည်း ပုံမှန်အစည်းအဝေးတွေ ကျင်းပပေးနေတယ်။ အဲဒီအစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေမှာ သိရှိလာတဲ့ ကျမ်းစာအခြေပြု အကြောင်းအရာတွေဟာ ယေဟောဝါနဲ့ ကိုယ်တော့်ကတိတွေကို ပိုယုံကြည်စိတ်ချလာစေတယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။ က၁၅ ၈/၁၅ ၄:၉၊ ၁၁

ကြာသပတေးနေ့၊ ဇူလိုင် ၂၀

သြတ္တပ္ပစိတ်သည်လည်း သူတို့နှင့်အတူ သက်သေခံနေ [၏။]— ရော. ၂:၁၅။

ယေဟောဝါရဲ့ ကျေးကျွန်တွေဟာ ကျမ်းစာမှာပါတဲ့ အမှားအမှန် စံနှုန်းတွေနဲ့အညီ သူတို့ရဲ့သိစိတ်ကို လေ့ကျင့်ပေးကြတယ်။ ကောင်းကောင်း လေ့ကျင့်ထားတဲ့ သိစိတ်ဟာ အသင်းတော်ရဲ့ စည်းလုံးမှု တိုးများလာအောင် ကူညီပေးနိုင်တယ်။ ဒါပေမဲ့ သိစိတ်ကို လေ့ကျင့်ဖို့၊ အသုံးပြုဖို့ဆိုရင် ကျမ်းစာအသိပညာ ဆည်းပူးရုံထက်မက လိုအပ်တယ်။ ဘုရားသခင့်စံနှုန်းတွေကို ချစ်မြတ်နိုးရမယ်။ အဲဒီစံနှုန်းတွေက ကျွန်တော်တို့ရဲ့ ကောင်းကျိုးအတွက်ဖြစ်တယ်ဆိုတာ ယုံကြည်ရမယ်။ ‘ထိုသို့မိန့်မှာရသည့် ရည်ရွယ်ချက်မှာ စင်ကြယ်သောနှလုံးမှလည်းကောင်း၊ ကြည်လင်သော ကိုယ်ကိုယ်ကိုယ် သိစိတ်မှလည်းကောင်း၊ ဟန်ဆောင်မှုကင်းသော ယုံကြည်ခြင်းမှလည်းကောင်း ထွက်ပေါ်လာသော ချစ်ခြင်းမေတ္တာရှိစေရန်ဖြစ်၏’ လို့ ပေါလုရေးခဲ့တယ်။ (၁ တိ. ၁:၅) ကိုယ့်ရဲ့သိစိတ်ကို လေ့ကျင့်ပြီး အဲဒီအတိုင်းလုပ်ဆောင်တဲ့အခါ ယေဟောဝါကို ချစ်တဲ့မေတ္တာနဲ့ ယုံကြည်ခြင်း တိုးများလာမယ်။ သိစိတ်ကို အသုံးပြုပုံက ယေဟောဝါနဲ့ ဆက်ဆံရေး ဘယ်လောက်ကောင်းတယ်၊ ကိုယ်တော့်ကို ဘယ်လောက် စိတ်ရွှင်လန်းစေချင်တယ်ဆိုတာ ဖော်ပြနေတယ်။ ကျွန်တော်တို့ ဘယ်လိုလူစားမျိုးဖြစ်တယ်ဆိုတာကိုလည်း ဖော်ပြတယ်။ က၁၅ ၉/၁၅ ၂:၂၊ ၃

သောကြာနေ့၊ ဇူလိုင် ၂၁

ငါတို့ကို ခမည်းတော် မည်မျှချစ်တော်မူကြောင်း ဆင်ခြင်ကြလော့။—၁ ယော. ၃:၁။

ကျွန်တော်တို့ကို ဖန်ဆင်းသူဟာ ယေဟောဝါဖြစ်တယ်။ (ဆာ. ၁၀၀:၃-၅) ဒါကြောင့် ကျမ်းစာမှာ ပထမဆုံးလူသားကို “ဘုရားသခင်၏သား” လို့ ဖော်ပြထားတယ်။ (လု. ၃:၃၈) ယေရှုကလည်း ယေဟောဝါကို “ကောင်းကင်ဘုံရှိ ကျွန်ုပ်တို့အဖ” လို့ခေါ်ဖို့ သင်ပေးတယ်။ (မ. ၆:၉) မှန်ပါတယ်။ ယေဟောဝါဟာ ကျွန်တော်တို့ကို အသက်ပေးထားတဲ့ ဖခင်ဖြစ်တယ်။ ကျွန်တော်တို့ကို ဖခင်မေတ္တာမျိုးနဲ့ ချစ်မြတ်နိုးတယ်။ လူတချို့က ဖခင်ကို မေတ္တာပြည့်ဝသူအဖြစ် တွေးကြည့်ဖို့ ခက်ကြတယ်။ ဖခင်ရဲ့ နှိပ်စက်မှုဒဏ်ကြောင့် စိတ်ဒဏ်ရာရနေတာဖြစ်နိုင်တယ်။ ယေဟောဝါကတော့ သူ့သားသမီးတွေကို ဘယ်တော့မှ အဲဒီလိုဆက်ဆံမှာ မဟုတ်ဘူး။ ကိုယ်တော်ဟာ အကောင်းဆုံးဖခင်ဖြစ်တယ်။ (ဆာ. ၂၇:၁၀) ကျွန်တော်တို့ကို အရမ်းချစ်ပြီး နည်းလမ်းများစွာနဲ့ ဂရုစိုက်တယ်။ ယေဟောဝါရဲ့ မေတ္တာကို ခံစားရလေ ကိုယ်တော့်ကို ပိုချစ်လေ ဖြစ်လာလိမ့်မယ်။—ယာ. ၄:၈။ က၁၅ ၉/၁၅ ၄:၃၊ ၄

စနေနေ့၊ ဇူလိုင် ၂၂

သင်တို့အလိုဆန္ဒရှိစေရန်လည်းကောင်း၊ ပြုမူလုပ်ဆောင်စေရန်လည်းကောင်း မိမိနှစ်သက်တော်မူရာအတွက် သင်တို့အထဲတွင် လုပ်ဆောင်နေတော်မူသောအရှင်ကား ဘုရားသခင်ဖြစ်၏။—ဖိ. ၂:၁၃။

ကိုယ်တော့်ကို ချစ်ခင်အားကိုးတဲ့အတွက် တစ်ခုခုမဆုံးဖြတ်ခင် ကိုယ်တော့်ဆီ အမြဲ အကူအညီတောင်းပြီး ကိုယ်တော့်အမြင်ကို သိဖို့ ကျွန်တော်တို့ အတတ်နိုင်ဆုံးကြိုးစားကြတယ်။ ယေဟောဝါကို အားကိုးမယ်ဆိုရင် မှန်ရာလုပ်နိုင်အောင် သန့်ရှင်းသောစွမ်းအားတော်အားဖြင့် ကိုယ်တော်ကူညီပေးပါလိမ့်မယ်။ ရှမွေလခေတ်တုန်းက အစ္စရေးတွေဟာ ဖိလိတ္တိတွေကို စစ်ရှုံးတယ်။ ဘာဆက်လုပ်ရမယ်ဆိုတာ ယေဟောဝါကို မေးမယ့်အစား ‘ယေဟောဝါဘုရား၏ ပဋိညာဉ်သေတ္တာတော်သည် လာ၍ ငါတို့ကို ရန်သူလက်မှကယ်တင်စေခြင်းငှာ ရှိလောမြို့မှ ဆောင်ခဲ့ကြကုန်အံ့’ လို့ သူတို့ပြောကြတယ်။ ဘာရလဒ် ရရှိခဲ့သလဲ။ ‘ကြီးစွာသောလုပ်ကြံခြင်းဖြစ်၍ အစ္စရေး ခြေသည်သူရဲ သုံးသောင်းတို့သည် သေကြ၏။ ဘုရားသခင်၏ သေတ္တာတော်သည် ရန်သူလက်သို့ ရောက်လေ၏။’ (၁ ရာ. ၄:၂-၄၊ ၁၀၊ ၁၁) သေတ္တာတော်ကို ဆောင်ထားရုံနဲ့ ယေဟောဝါ ကူညီ၊ ကာကွယ်ပေးမယ်လို့ အစ္စရေးတွေ ထင်နေတယ်။ ယေဟောဝါဆီမှာတော့ အကူအညီမတောင်းကြဘူး။ ကိုယ်တော့်အမြင်ကို သိဖို့ မကြိုးစားကြဘူး။ အဲဒီအစား ကိုယ့်အထင်အမြင်အတိုင်း ဆက်လုပ်တဲ့အတွက် မရှုမလှဒုက္ခရောက်ခဲ့တယ်။—သု. ၁၄:၁၂။ က၁၅ ၉/၁၅ ၅:၁၆၊ ၁၇

တနင်္ဂနွေနေ့၊ ဇူလိုင် ၂၃

ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ။ —လု. ၁၇:၅။

ကျွန်တော်တို့ဟာ နှစ်ခြင်းမခံခင်က ဆည်းပူးထားတဲ့ အသိပညာလောက်နဲ့ပဲ ကျေနပ်မနေသင့်ဘူး။ (ဟေဗြဲ ၆:၁၊ ၂) ဥပမာ၊ ပြည့်စုံပြီးသား ပရောဖက်ပြုချက်တွေကို လေ့လာခြင်းက ယုံကြည်ခြင်းကို တည်ဆောက်ဖို့၊ ဆက်ထိန်းထားဖို့ ကူညီပေးပါလိမ့်မယ်။ ယုံကြည်ခြင်းခိုင်,မခိုင် ဆိုတာကိုလည်း ကျမ်းစာသုံးပြီး ဆန်းစစ်နိုင်တယ်။ (ယာ. ၁:၂၅။ ၂:၂၄၊ ၂၆) ခရစ်ယာန်တွေဟာ “ယုံကြည်ခြင်းအားဖြင့် အပြန်အလှန် အားပေး” နိုင်တယ်လို့ တမန်တော်ပေါလု ပြောတယ်။ (ရော. ၁:၁၂) ဘာကို ဆိုလိုသလဲ။ ညီအစ်ကိုညီအစ်မတွေနဲ့ အချိန်ပေးပေါင်းသင်းခြင်းအားဖြင့် အချင်းချင်းရဲ့ ယုံကြည်ခြင်း ခိုင်မာလာအောင် ကူညီပေးနိုင်တယ်။ အထူးသဖြင့် “စမ်းသပ်ခံရ” ပြီးသားယုံကြည်ခြင်း ပိုင်ဆိုင်ထားသူတွေနဲ့ အချိန်ပေး ပေါင်းသင်းသင့်တယ်။ (ယာ. ၁:၃) မကောင်းတဲ့ အပေါင်းအသင်းတွေက ယုံကြည်ခြင်းကို ပျက်စီးစေနိုင်တယ်။ ကောင်းတဲ့ အပေါင်းအသင်းတွေကတော့ ယုံကြည်ခြင်းကို တည်ဆောက်ပေးတယ်။ (၁ ကော. ၁၅:၃၃) ဒါကြောင့် အစည်းအဝေးပုံမှန်တက်ဖို့ ကျမ်းစာမှာ သတိပေးထားတယ်။ အဲဒီမှာ “အချင်းချင်း အားပေး” နိုင်တယ်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။ က၁၅ ၁၀/၁၅ ၂:၂၊ ၈၊ ၉

တနင်္လာနေ့၊ ဇူလိုင် ၂၄

ထိုအရာများကို ဆင်ခြင်သုံးသပ်လော့။ . . . စွဲမှတ်လော့။—၁ တိ. ၄:၁၅။

ကျမ်းစာသင်အံမှုအတွက် ပြင်ဆင်တဲ့အခါ တွေးတောဆင်ခြင်ဖို့ အချိန်လိုအပ်တယ်။ ကိုယ့်သင်သားအကြောင်း စိတ်ထဲထားပြီး သူ့ကို တိုးတက်အောင်ကူညီပေးနိုင်တဲ့ မေးခွန်း ဒါမှမဟုတ် ပုံဥပမာတစ်ခုကို စဉ်းစားပါ။ အဲဒီလိုနည်းနဲ့ ပြင်ဆင်မယ်ဆိုရင် သင့်ယုံကြည်ခြင်း ခိုင်မာလာမယ်။ ကျမ်းစာသွန်သင်ရာမှာ ပိုထိရောက်ပြီး ပိုထက်သန်လာပါလိမ့်မယ်။ အမှုဆောင်မသွားခင် စိတ်ကိုပြင်ဆင်တာလည်း အကျိုးရှိတယ်။ (ဧဇ. ၇:၁၀) အမှုဆောင်လုပ်ငန်းမှာ ပိုဇွဲထက်သန်လာအောင် ကူညီပေးနိုင်တဲ့ တမန်တော်ကျမ်း အခန်းကြီးတစ်ခုခုကို ဖတ်ရှုနိုင်တယ်။ အဲဒီနေ့မှာ အသုံးပြုဖို့ ကြံရွယ်ထားတဲ့ ကျမ်းချက်တွေ၊ ဝေငှဖို့ ကြံရွယ်ထားတဲ့ စာပေတွေအကြောင်းလည်း တွေးတောဆင်ခြင်နိုင်တယ်။ (၂ တိ. ၁:၆) ရပ်ကွက်မှာရှိတဲ့ လူတွေအကြောင်း စဉ်းစားပါ။ သူတို့စိတ်ဝင်စားနိုင်မယ့် ဘယ်အကြောင်း ပြောမယ်ဆိုတာ စဉ်းစားပါ။ အဲဒီလိုနည်းနဲ့ ပြင်ဆင်မယ်ဆိုရင် ကျမ်းစာကို ထိထိရောက်ရောက်အသုံးပြုပြီး သက်သေခံနိုင်ပါလိမ့်မယ်။—၁ ကော. ၂:၄။ က၁၅ ၁၀/၁၅ ၄:၉

အင်္ဂါနေ့၊ ဇူလိုင် ၂၅

ညာဘက်မျက်စိသည် သင့်ကို တိုက်မိ၍လဲစေလျှင် ထုတ်ပစ်လိုက်လော့။—မ. ၅:၂၉။

ကိုယ့်ကိုယ်ကိုယ် အခုလိုမေးပါ– ‘ညစ်ညမ်းရုပ်ပုံစာပေဟာ ဘာကြောင့် သိပ်အန္တရာယ်ရှိတယ်ဆိုတာ ငါ့ကလေး သိသလား။ အဲဒါတွေကို ကြည့်မိအောင် ဘယ်အရာတွေက သူ့ကို သွေးဆောင်နိုင်သလဲ။ အဲဒါတွေကိုကြည့်ဖို့ သွေးဆောင်ခံရတဲ့အခါ ငါ့ဆီ အကူအညီတောင်းရဲလောက်အောင် ငါက ချဉ်းကပ်ရလွယ်သူလား။’ သင့်ကလေး သိပ်ငယ်နေရင်တောင် အခုလိုပြောနိုင်တယ်– “အင်တာနက်မှာ လိင်နဲ့ပတ်သက်တာတစ်ခုခု တွေ့တဲ့အခါ၊ အဲဒါတွေကို ကြည့်ချင်တဲ့အခါ အချိန်မရွေး မေမေ့ကို/ဖေဖေ့ကို လာပြောနော်။ လာပြောဖို့ မကြောက်နဲ့။ ရှက်လည်းမရှက်နဲ့။ သားကို/သမီးကို ကူညီပေးချင်လို့ပါ။” ဖျော်ဖြေမှုရွေးချယ်ရာမှာ ကိုယ်တိုင်ပုံသက်သေကောင်း ပြခြင်းအားဖြင့်လည်း ထိုးထွင်းသိမြင်မှုရှိကြောင်း တင်ပြပါ။ ပရေနာ့စ်လို့ ခေါ်တဲ့ ဖခင်တစ်ယောက်က “သင် ဘာပြောပြော ကလေးတွေကတော့ သင့်လုပ်ရပ်ကိုပဲကြည့်နေပြီး အတုခိုးကြတယ်” လို့ပြောတယ်။ သင်ဟာ သန့်ရှင်းတဲ့တေးဂီတ၊ စာပေ၊ ရုပ်ရှင်တွေကို ရွေးချယ်မယ်ဆိုရင် သင့်ကလေးလည်း အဲဒီအတိုင်း ရွေးချယ်ဖို့ လှုံ့ဆော်ခံရပါလိမ့်မယ်။—ရော. ၂:၂၁-၂၄။ က၁၅ ၁၁/၁၅ ၁:၁၂-၁၄

ဗုဒ္ဓဟူးနေ့၊ ဇူလိုင် ၂၆

သင့်ကို ငါသွန်သင်မည်။ သင်သွားရမည့်လမ်းကို ပြညွှန်မည်။—ဆာ. ၃၂:၈။

သတင်းကောင်းပျံ့နှံ့ဖို့ ဒီနေ့ခေတ်မှာ အသုံးပြုနေတဲ့ နည်းတစ်နည်းကတော့ လူထုရှေ့သက်သေခံခြင်း ဖြစ်တယ်။ ကားဂိတ်၊ ရထားဘူတာ၊ ကားရပ်နားတဲ့နေရာ၊ လူစုဝေးရာနေရာနဲ့ စျေးတွေမှာ ဟောပြောဖို့ အခု ပိုအာရုံစိုက်လာတယ်။ အဲဒီလူထုရှေ့သက်သေခံခြင်း အမျိုးအစားတစ်ခုခုမှာ ပါဝင်ဖို့ သင်ကြောက်နေသလား။ အကူအညီရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ နယ်လှည့်ကြီးကြပ်မှူး ညီအစ်ကိုမာနီရာ အခုလိုပြောတယ်– “အမှုဆောင်လုပ်ငန်း နည်းသစ်တိုင်းကို ဘုရားအမှုဆောင်နိုင်တဲ့ နည်းတစ်နည်း၊ သစ္စာရှိကြောင်း တင်ပြနိုင်တဲ့ နည်းတစ်နည်း၊ သမာဓိကို စမ်းသပ်တဲ့ နည်းတစ်နည်းအဖြစ် ကျွန်တော်တို့ ယူမှတ်တယ်။ ယေဟောဝါ တောင်းဆိုတဲ့ ဘယ်နည်းနဲ့မဆို လိုလိုလားလား အမှုဆောင်လိုစိတ်ရှိမှန်း ဖော်ပြဖို့ ကျွန်တော်တို့ စိတ်ပြင်းပြနေတယ်။” ကြောက်စိတ်ကို ကျော်လွှားပြီး ဟောပြောနည်းသစ်တွေကို အသုံးပြုမယ်ဆိုရင် ယေဟောဝါအပေါ် ယုံကြည်ခြင်းတိုးများလာပြီး ဟောပြောခြင်းစွမ်းရည် တိုးတက်လာပါလိမ့်မယ်။ (၂ ကော. ၁၂:၉၊ ၁၀) ကြေညာသူများစွာဟာ လူတွေကို jw.org ဝက်ဘ်ဆိုက် အကြောင်းပြောပြရတာ နှစ်သက်ကြတယ်။ ဝက်ဘ်ဆိုက်အားဖြင့် နယ်စွန်နယ်ဖျားဒေသတွေကိုတောင် သတင်းကောင်း ရောက်ရှိနေပြီ။ က၁၅ ၁၁/၁၅ ၅:၁၂၊ ၁၃၊ ၁၅

ကြာသပတေးနေ့၊ ဇူလိုင် ၂၇

သံကို သံဖြင့် ထက်စေသကဲ့သို့ လူသည် အဆွေခင်ပွန်း၏ မျက်နှာကို ထက်စေတတ်၏။—သု. ၂၇:၁၇။

အရင်က အင်္ဂလိပ်ကမ္ဘာသစ်ဘာသာပြန်ကျမ်းရဲ့ ဒေသနာ ၉:၁၀ နဲ့ တခြားကျမ်းချက်တွေမှာ ဟီဘရူးစကားလုံး “ရှီးအိုးလ်” ကို အသုံးပြုထားတယ်။ အဲဒါဟာ တခြားအင်္ဂလိပ်ကျမ်းစာတွေမှာလည်း သုံးနေကျ အသုံးအနှုန်း ဖြစ်တယ်။ ဒါပေမဲ့ တခြားစကားတွေနဲ့ ဘာသာပြန်တဲ့အခါမှာတော့ အဲဒီအသုံးအနှုန်းကို သုံးလို့မဖြစ်ဘူး။ စာဖတ်သူအများစုက အဲဒီဟီဘရူးစကားလုံးကို မသိကြဘူး။ သူတို့ရဲ့ အဘိဓာန်တွေမှာလည်း အဲဒီအသုံးအနှုန်း မရှိဘူး။ တချို့က “ရှီးအိုးလ်” ကို နေရာဒေသတစ်ခုခုရဲ့ နာမည်လို့တောင် ထင်ကြတယ်။ အဲဒီအကြောင်းရင်းတွေကြောင့် ၂၀၁၃ ခုနှစ်မှာ ပြန်တည်းဖြတ်တဲ့ ကမ္ဘာသစ်ဘာသာပြန်ကျမ်းမှာ ဟီဘရူးစကားလုံး “ရှီးအိုးလ်” နဲ့ ဂရိစကားလုံး “ဟေးဒီးစ်” ကို “သင်္ချိုင်း” ဆိုပြီး ဘာသာပြန်ဖို့ ဘာသာပြန်သူတွေကို ခွင့်ပြုထားတယ်။ အဲဒါဟာ တိကျပြီး နားလည်ရလွယ်တဲ့ ဘာသာပြန်ဆိုမှု ဖြစ်တယ်။ ရှေးကျသွားပြီဖြစ်တဲ့ အင်္ဂလိပ် အသုံးအနှုန်းတွေကို ခေတ်ပေါ်အသုံးအနှုန်းတွေနဲ့ အစားထိုးလိုက်တယ်။ အဲဒါက ရိုးရှင်းပြီး နားလည်လွယ်စေတယ်။ တိကျမှန်ကန်မှုကိုလည်း မထိခိုက်ဘူး။ တခြားဘာသာစကားတွေရဲ့ ဖြေရှင်းနည်းအတိုင်း လုပ်ဆောင်ခြင်းကလည်း အင်္ဂလိပ်စာသားကို ပိုချောမောပြေပြစ်စေတယ်။ က၁၅ ၁၂/၁၅ ၂:၁၀၊ ၁၂

သောကြာနေ့၊ ဇူလိုင် ၂၈

နိမ့်ကျသူကို စာနာမှုပြတဲ့သူဟာ ပျော်ရွှင်တယ်။ သူဘေးဆိုးကြုံရချိန်မှာ ယေဟောဝါ ကယ်တင်လိမ့်မယ်။ ယေဟောဝါက သူ့ကို စောင့်ရှောက်ပြီး အသက်ဆက်ရှင်စေလိမ့်မယ်။—ဆာ. ၄၁:၁၊ ၂၊ ကဘ။

သင် ဖျားနာတဲ့အခါ သင့်ကို ယေဟောဝါ ကူညီ ဖေးမနှစ်သိမ့်ပေးပါလိမ့်မယ်။ ရှေးတုန်းက ကျေးကျွန်တွေကို အဲဒီအတိုင်း လုပ်ဆောင်ပေးခဲ့တယ်။ အဲဒီခေတ်တုန်းက နိမ့်ကျသူကို စာနာမှုပြတဲ့လူကောင်းဟာ ဘယ်တော့မှ မသေတော့ဘူးလို့ ဒါဝိဒ်ဆိုလိုနေတာ မဟုတ်ပါဘူး။ ဒါဆို အဲဒီလူကောင်းကို ယေဟောဝါ ဘယ်လို ကူညီပေးမလဲ။ ဒါဝိဒ် ဒီလိုအဖြေပေးတယ်– ‘သူအိပ်ရာထဲလဲနေချိန်မှာ ယေဟောဝါ ဖေးမပေးလိမ့်မယ်။ ဖျားနာနေချိန်မှာ ပြုစုပေးလိမ့်မယ်။’ (ဆာ. ၄၁:၃၊ ကဘ) မှန်ပါတယ်၊ ယေဟောဝါဟာ မိမိကျေးကျွန်တွေ ခံစားနေရတဲ့ ရောဂါဝေဒနာကို ကောင်းကောင်းသိပြီး သူတို့ရဲ့သစ္စာရှိမှုကို မမေ့ဘူး။ ဉာဏ်ပညာနဲ့ ခွန်အားပေးနိုင်တယ်။ ယေဟောဝါ ဖန်ဆင်းပေးထားတဲ့ လူ့ခန္ဓာကိုယ်ရဲ့ အလိုလိုပြုပြင်နိုင်စွမ်းကြောင့်လည်း သူတို့ ပြန်ကျန်းမာလာနိုင်တယ်။ က၁၅ ၁၂/၁၅ ၄:၇

စနေနေ့၊ ဇူလိုင် ၂၉

အကျဉ်းခံနေရသူတို့ကို သတိရကြလော့။ —ဟေဗြဲ ၁၃:၃။

အကျဉ်းသားတိုင်းကို သတိရဖို့ ပေါလု ပြောနေတာ မဟုတ်ဘူး။ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတဲ့ ညီအစ်ကိုတွေကို သတိရဖို့ ပြောနေတာဖြစ်တယ်။ ပေါလုကိုယ်တိုင် လေးနှစ် အကျဉ်းချခံခဲ့ရပြီး အဲဒီအချိန်မှာ ဟေဗြဲခရစ်ယာန်တွေဆီ စာရေးခဲ့တာဖြစ်တယ်။ (ဖိ. ၁:၁၂-၁၄) “အကျဉ်းကျသူများကို စာနာစိတ်ရှိ” တဲ့အတွက် အသင်းတော်ကို ပေါလု ချီးမွမ်းခဲ့တယ်။ (ဟေဗြဲ ၁၀:၃၄) ဟေဗြဲခရစ်ယာန်တွေကတော့ အဝေးမှာနေထိုင်တဲ့အတွက် ကိုယ်တိုင်ကိုယ်ကျ မကူညီနိုင်ကြဘူး။ ဒါဆို ပေါလုကို သူတို့ ဘယ်လိုနည်းနဲ့ ကူညီပေးနိုင်မလဲ။ သူ့အတွက် စိတ်ထက်သန်စွာ ဆုတောင်းပေးနိုင်တယ်။ (ဟေဗြဲ ၁၃:၁၈၊ ၁၉) ဒီနေ့လည်း သက်သေခံများစွာဟာ ယုံကြည်ချက်ကြောင့် အကျဉ်းကျနေတယ်။ အနီးအနားမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မတွေက သူတို့ကို လက်တွေ့ကျကျ ကူညီပေးနိုင်တယ်။ ဒါပေမဲ့ အဝေးမှာနေထိုင်တဲ့ ညီအစ်ကိုညီအစ်မတွေကော ဘယ်လိုကူညီပေးနိုင်သလဲ။ သူတို့အတွက် စိတ်ထက်သန်စွာ ဆုတောင်းပေးခြင်းအားဖြင့် ညီရင်းအစ်ကိုမေတ္တာ တင်ပြနိုင်တယ်။ က၁၆.၀၁ ၁:၁၃၊ ၁၄

တနင်္ဂနွေနေ့၊ ဇူလိုင် ၃၀

ငါတို့သည် ဘုရားသခင်၏ သားသမီး ဖြစ်ကြသည်ဟု စွမ်းအားတော်ကိုယ်တိုင် ငါတို့၏စိတ်နှင့်အတူ သက်သေခံ၏။—ရော. ၈:၁၆။

ဘုရားသခင်က လူသားတွေကို ကောင်းကင်မှာမဟုတ်ဘဲ မြေကြီးမှာ ထာဝစဉ်နေထိုင်ဖို့ ဖန်ဆင်းထားတယ်။ (က. ၁:၂၈။ ဆာ. ၃၇:၂၉) ဒါပေမဲ့ ခြွင်းချက်အနေနဲ့ တချို့ကိုတော့ ကောင်းကင်မှာ ဘုရင်တွေ၊ ယဇ်ပုရောဟိတ်တွေအဖြစ် အမှုဆောင်ဖို့ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် သူတို့ ဘိသိက်ပေးခံရတဲ့အခါ သူတို့ရဲ့ မျှော်လင့်ချက်နဲ့ စဉ်းစားတွေးခေါ်ပုံတွေ ပြောင်းလဲသွားပြီး ကောင်းကင်မှာ အသက်ရှင်ဖို့ စောင့်မျှော်ကြတယ်။ (ဧ. ၁:၁၈) လူတစ်ယောက်ဟာ ကောင်းကင်သွားဖို့ ဖိတ်ခေါ်ခံရမှန်း ဘယ်လိုနည်းနဲ့ သိလာသလဲ။ “သန့်ရှင်းသူများဟု ခေါ်ဆိုခြင်းခံရ” တဲ့ ရောမမြို့က ဘိသိက်ခံတွေကို ပေါလု အခုလို ပြောတယ်– “ဘုရားသခင့် စွမ်းအားတော်သည် ငါတို့ကို ကြောက်ရွံ့သည့်အဖြစ်သို့ ပြန်ရောက်စေမည့် ကျွန်၏သဘောကို ခံစေသည်မဟုတ်။ သားများအဖြစ် မွေးစားခြင်းကို ခံရစေ၍ ‘အဗ္ဗ၊ အဖ’ ဟုခေါ်စေ၏။ (ရော. ၁:၇။ ၈:၁၅) ဒါကြောင့် ယေဟောဝါဟာ လူတစ်ယောက်ကို ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်ချုပ်ဖို့ ဖိတ်ခေါ်ထားမှန်း သန့်ရှင်းသော စွမ်းအားတော်အားဖြင့် သေချာပေါက်သိရှိစေတယ်။—၁ သက်. ၂:၁၂။ က၁၆.၀၁ ၃:၈၊ ၉

တနင်္လာနေ့၊ ဇူလိုင် ၃၁

ကိုယ့်အမှုကိစ္စကို အာရုံစိုက်[လော့။] —၁ သက်. ၄:၁၁။

ယေဟောဝါ ဘိသိက်ပေးထားသူတွေကို ရိုသေလေးစားကြောင်း ဘယ်လို တင်ပြနိုင်သလဲ။ ဘိသိက်ပေးခံရခြင်းနဲ့ပတ်သက်တဲ့ ကိုယ်ရေးကိုယ်တာ မေးခွန်းတွေ သူတို့ကို မမေးသင့်ဘူး။ ဒီနည်းအားဖြင့် ကိုယ်နဲ့ မဆိုင်တဲ့ကိစ္စမှာ ကျွန်တော်တို့ ဝင်မစွက်ကြဘူး။ (၂ သက်. ၃:၁၁) ဘိသိက်ခံတွေရဲ့ မိဘ၊ အိမ်ထောင်ဖက်၊ တခြားမိသားစုဝင်တွေလည်း ဘိသိက်ခံဖြစ်မှာပဲလို့ မထင်သင့်ဘူး။ ဘိသိက်ခံဖြစ်ခြင်းဟာ မိသားစုမျိုးရိုးနဲ့မဆိုင်ဘူး။ (၁ သက်. ၂:၁၂) ဘိသိက်ခံတွေရဲ့ အိမ်ထောင်ဖက်ကို စိတ်ထိခိုက်စေမယ့် မေးခွန်းတွေ မမေးသင့်ဘူး။ ဥပမာ၊ ကိုယ့်အိမ်ထောင်ဖက်မပါဘဲ မြေကြီးပရဒိသုမှာ ထာဝစဉ်အသက်ရှင်ရမှာကို ဘယ်လို ခံစားရသလဲလို့ မမေးသင့်ဘူး။ ကမ္ဘာသစ်မှာ ယေဟောဝါက “အသက်ရှင်သော သတ္တဝါအပေါင်းတို့ကို ရောင့်ရဲစေ” မယ်ဆိုတာ ကျွန်တော်တို့ အကြွင်းမဲ့ ယုံကြည်စိတ်ချနိုင်ပါတယ်။ (ဆာ. ၁၄၅:၁၆) ဘိသိက်ခံခရစ်ယာန်တွေကို ပုံမှန်အတိုင်းဆက်ဆံခြင်းက ကိုယ့်ကိုယ်ကိုယ်လည်း ကာကွယ်ရာရောက်တယ်။ ဘယ်နည်းအားဖြင့်လဲ။ အသင်းတော်ထဲမှာ “ညီအစ်ကိုအတုအယောင်” တွေ ပေါ်လာမယ်လို့ ကျမ်းစာပြောတယ်။—ဂလ. ၂:၄၊ ၅။ ၁ ယော. ၂:၁၉။ က၁၆.၀၁ ၄:၁၀၊ ၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ