ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • es18 စာ. ၄၇-၅၇
  • မေ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မေ
  • ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
  • ခေါင်းစ‎ဥ်ငယ်များ
  • အင်္ဂါနေ့၊ မေ ၁
  • ဗုဒ္ဓဟူးနေ့၊ မေ ၂
  • ကြာသပတေးနေ့၊ မေ ၃
  • သောကြာနေ့၊ မေ ၄
  • စနေနေ့၊ မေ ၅
  • တနင်္ဂနွေနေ့၊ မေ ၆
  • တနင်္လာနေ့၊ မေ ၇
  • အင်္ဂါနေ့၊ မေ ၈
  • ဗုဒ္ဓဟူးနေ့၊ မေ ၉
  • ကြာသပတေးနေ့၊ မေ ၁၀
  • သောကြာနေ့၊ မေ ၁၁
  • စနေနေ့၊ မေ ၁၂
  • တနင်္ဂနွေနေ့၊ မေ ၁၃
  • တနင်္လာနေ့၊ မေ ၁၄
  • အင်္ဂါနေ့၊ မေ ၁၅
  • ဗုဒ္ဓဟူးနေ့၊ မေ ၁၆
  • ကြာသပတေးနေ့၊ မေ ၁၇
  • သောကြာနေ့၊ မေ ၁၈
  • စနေနေ့၊ မေ ၁၉
  • တနင်္ဂနွေနေ့၊ မေ ၂၀
  • တနင်္လာနေ့၊ မေ ၂၁
  • အင်္ဂါနေ့၊ မေ ၂၂
  • ဗုဒ္ဓဟူးနေ့၊ မေ ၂၃
  • ကြာသပတေးနေ့၊ မေ ၂၄
  • သောကြာနေ့၊ မေ ၂၅
  • စနေနေ့၊ မေ ၂၆
  • တနင်္ဂနွေနေ့၊ မေ ၂၇
  • တနင်္လာနေ့၊ မေ ၂၈
  • အင်္ဂါနေ့၊ မေ ၂၉
  • ဗုဒ္ဓဟူးနေ့၊ မေ ၃၀
  • ကြာသပတေးနေ့၊ မေ ၃၁
ကျမ်းစာကို နေ့စဉ် ဆန်းစစ်ပါ—၂၀၁၈
es18 စာ. ၄၇-၅၇

မေ

အင်္ဂါနေ့၊ မေ ၁

အမ္မုန်လူတွေ . . . ရှုံးနိမ့်သွားတယ်။ —သူကြီး. ၁၁:၃၃။

အစ္စရေးတွေကို အမ္မုန်လူတွေလက်ကနေ ကယ်တင်ဖို့ဆိုရင် ဘုရားသခင့်အကူအညီ လိုအပ်မှန်း ယေဖသ သိတယ်။ တိုက်ပွဲမှာ အနိုင်ရအောင် ကူညီပေးရင် အောင်ပွဲခံပြီး ပြန်လာတဲ့အခါ ဦးဆုံးထွက်ကြိုသူကို “မီးရှို့ရာအလှူ” အဖြစ် ပေးလှူပါ့မယ်လို့ ယေဟောဝါကို ယေဖသ ကတိပေးတယ်။ (သူကြီး. ၁၁:၃၀၊ ၃၁) ဘာကိုဆိုလိုသလဲ။ လူတွေကို အလှူအဖြစ် ပူဇော်တာ ယေဟောဝါ မုန်းတယ်။ ဒါကြောင့် တစ်ယောက်ယောက်ကို တကယ် ပူဇော်ဖို့ ယေဖသ မဆိုလိုတာ သေချာတယ်။ (တရား. ၁၈:၉၊ ၁၀) ပညတ်တရားအရ မီးရှို့ရာအလှူဆိုတာ ယေဟောဝါဆီ တစ်ကောင်လုံး ပူဇော်တဲ့ အထူးလက်ဆောင် ဖြစ်တယ်။ ဒါကြောင့် ဦးဆုံးထွက်ကြိုသူဟာ ကျန်တစ်သက်တာလုံး တဲတော်မှာ အမှုဆောင်လိမ့်မယ်လို့ ယေဖသ ဆိုလိုနေတာ ဖြစ်တယ်။ ယေဖသရဲ့ ကမ်းလှမ်းမှုကို ယေဟောဝါ လက်ခံလိုက်ပြီး တိုက်ပွဲမှာ အနိုင်ရအောင် ကူညီပေးခဲ့တယ်။ (သူကြီး. ၁၁:၃၂) တိုက်ပွဲကနေ ယေဖသ ပြန်လာတော့ ဦးဆုံးထွက်ကြိုသူဟာ သူ့ရဲ့တစ်ဦးတည်းသောချစ်သမီးလေး ဖြစ်နေတယ်။ စမ်းသပ်မှု စပါပြီ။ ကတိအတိုင်း သမီးကို ကျန်တစ်သက်တာလုံး တဲတော်မှာ အမှုဆောင်ဖို့ ယေဖသ ပေးဆက်မလား။ w16.04 ၁:၁၁-၁၃

ဗုဒ္ဓဟူးနေ့၊ မေ ၂

ဖတ်ပြတဲ့အရာကို လူတွေ သဘောပေါက်အောင် ကူညီပေးတယ်။—နေ. ၈:၈။

အသင်းတော်အများစုဟာ မကြာသေးခင်က အသင်းတော် ကျမ်းစာလေ့လာမှုမှာ ယေဟောဝါထံချဉ်းကပ်လော့ စာအုပ်ကို လေ့လာခဲ့ကြတယ်။ ယေဟောဝါရဲ့ အရည်အသွေးတွေအကြောင်း ဆွေးနွေးတဲ့အခါ၊ ညီအစ်ကိုညီအစ်မတွေရဲ့ မှတ်ချက်တွေကို ကြားရတဲ့အခါ သင် ဘယ်လို ခံစားရသလဲ။ ယေဟောဝါကို ပိုချစ်လာမှာ သေချာပါတယ်။ ဟောပြောချက်တွေ၊ သရုပ်ပြတွေ၊ ကျမ်းစာဖတ်ရှုခြင်းတွေကို အာရုံစိုက်နားထောင်တဲ့အခါ ကျမ်းစာအသိပညာ တိုးများလာတယ်။ အစည်းအဝေးတွေက ဘဝကဏ္ဍတိုင်းမှာ ကျမ်းစာမူတွေကို ကျင့်သုံးနိုင်အောင် သွန်သင်ပေးတယ်။ (၁ သက်. ၄:၉၊ ၁၀) ဥပမာ၊ ကင်းမျှော်စင် သင်တန်းက ဘုရားသခင့်လူမျိုးရဲ့ လိုအပ်ရာတွေကို သတ်သတ်မှတ်မှတ် ဖော်ပြလေ့ရှိတယ်။ ကိုယ့်ပန်းတိုင်တွေကို ပြန်ဆန်းစစ်ဖို့၊ ဆုတောင်းခြင်း အရည်အသွေး တိုးတက်အောင်လုပ်ဖို့၊ တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့ လှုံ့ဆော်ပေးတဲ့ ကင်းမျှော်စင် သင်တန်းကို သင် မှတ်မိသလား။ ကြားရက်အစည်းအဝေးတွေကလည်း သတင်းကောင်း ဘယ်လို ဟောပြောရမယ်၊ ကျမ်းစာအမှန်တရားအကြောင်း တခြားသူတွေ နားလည်လာအောင် ဘယ်လို ထိထိရောက်ရောက် ကူညီပေးရမယ်ဆိုတာ သွန်သင်ပေးတယ်။—မ. ၂၈:၁၉၊ ၂၀။ w16.04 ၃:၄၊ ၅။

ကြာသပတေးနေ့၊ မေ ၃

ကျမ်းစာမှာ ကြိုတင်ရေးထားသမျှဟာ ကျွန်တော်တို့ကို သွန်သင်ဆုံးမဖို့ ဖြစ်တယ်။—ရော. ၁၅:၄။

ကျမ်းစာမှာပါတဲ့ အငြင်းပွားမှုတွေအကြောင်း သင် စဉ်းစားဖူးသလား။ ကမ္ဘာဦးကျမ်းရဲ့ အစပိုင်း အခန်းကြီးတွေမှာ အာဗေလကို ကာအိန သတ်တဲ့အကြောင်း (က. ၄:၃-၈)၊ လူငယ်တစ်ယောက်ကို လာမက် သတ်တဲ့အကြောင်း (က. ၄:၂၃)၊ အာဗြဟံရဲ့ သိုးထိန်းတွေနဲ့ လောတရဲ့ သိုးထိန်းတွေ စကားများတဲ့အကြောင်း (က. ၁၃:၅-၇)၊ စာရာကို မလေးမစားလုပ်တဲ့ ဟာဂရကို စာရာ စိတ်ဆိုးတဲ့အကြောင်း (က. ၁၆:၃-၆)၊ လူတိုင်းကို ရန်လုပ်ပြီး လူတိုင်းကလည်း ပြန်ရန်လုပ်တဲ့ အိရှမေလအကြောင်း (က. ၁၆:၁၂) ကျွန်တော်တို့ ဖတ်ရတယ်။ အဲဒီ လိုအငြင်းပွားမှုတွေကို ကျမ်းစာမှာ ဘာကြောင့် ဖော်ပြထားတာလဲ။ ပြဿနာဖြစ်ခဲ့တဲ့ အဲဒီ မစုံလင်သူတွေဆီကနေ ကျွန်တော်တို့ သင်ခန်းစာယူနိုင်ဖို့ ဖြစ်တယ်။ ကျွန်တော်တို့လည်း မစုံလင်သူတွေဖြစ်ပြီး သူတို့လိုပဲ ဘဝပြဿနာတွေ ရှိတယ်။ ဒါကြောင့် ကျမ်းစာမှာပါတဲ့ ပုံနမူနာကောင်းတွေကို တုပနိုင်ပြီး မကောင်းတဲ့ ပုံနမူနာတွေကို ရှောင်နိုင်တယ်။ အဲဒီ ပုံနမူနာတွေက တခြားသူတွေနဲ့ သင့်သင့်မြတ်မြတ် နေနိုင်အောင် ကူညီပေးပါလိမ့်မယ်။ w16.05 ၁:၁၊ ၂

သောကြာနေ့၊ မေ ၄

အရင်ဆုံး၊ လူမျိုးအားလုံးကို သတင်းကောင်း ဟောရလိမ့်မယ်။—မာ. ၁၃:၁၀။

ဟောပြောခြင်းလုပ်ငန်းမှာ ဘယ်နည်းလမ်းတွေကို ယေရှုနဲ့ တပည့်တွေ အသုံးပြုခဲ့သလဲ။ လူရှိတဲ့နေရာတိုင်းကို သူတို့ သွားကြတယ်။ ဥပမာ၊ လမ်းတွေ၊ ဈေးတွေ၊ အိမ်တွေမှာ ဟောကြတယ်။ (မ. ၁၀:၁၁။ လု. ၈:၁။ တ. ၅:၄၂။ ၂၀:၂၀) တစ်အိမ်မှတစ်အိမ် ဟောပြောခြင်းဟာ လူအမျိုးမျိုးဆီ ရောက်ရှိနိုင်ဖို့ စနစ်ကျတဲ့နည်းလမ်း ဖြစ်တယ်။ ယေဟောဝါသက်သေတွေကော ဘယ်လိုလဲ။ ယေရှုဟာ ၁၉၁၄ ကစပြီး ဘုရင်အဖြစ် အုပ်ချုပ်နေပြီလို့ ဟောပြောတာ သူတို့ပဲ ရှိတယ်။ ယေရှုရဲ့စကားကို သူတို့နာခံပြီး ဘဝမှာ ဟောပြောခြင်းလုပ်ငန်းကို အဓိကထားကြတယ်။ ဟောပြောခြင်းလုပ်ငန်းဟာ ယေဟောဝါသက်သေတွေအတွက် အရေးကြီးဆုံးပဲလို့ စာအုပ်တစ်အုပ် (Pillars of Faith—American Congregations and Their Partners) မှာ “ယေဟောဝါသက်သေတွေဟာ ဒီလောက အဆုံးတိုင်တော့မယ့်အကြောင်း၊ ကယ်တင်ခြင်းအကြောင်း ဟောပြောဖို့က အဓိကတာဝန်ပဲဆိုတာ မမေ့ကြဘူး” လို့ ရေးထားတယ်။ ယေဟောဝါသက်သေတွေဟာ ယေရှုနဲ့ တပည့်တွေသုံးခဲ့တဲ့ နည်းလမ်းတွေကို သုံးပြီး သတင်းကောင်း ဆက်ဟောပြောနေကြတယ်။ w16.05 ၂:၁၀၊ ၁၂

စနေနေ့၊ မေ ၅

ဘုရားနဲ့ပတ်သက်တဲ့ အသိပညာကို ရလာမယ်။—ပညာ. ၂:၅။

ယေဟောဝါနှစ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချမယ်ဆိုရင် ကိုယ်တော်နဲ့ ပိုရင်းနှီးလာပါလိမ့်မယ်။ (ယာ. ၄:၈) ကိုယ်တော့် မျက်နှာသာနဲ့ကောင်းချီးလည်း ရရှိပါလိမ့်မယ်။ ယုံကြည်ခြင်း သန်စွမ်းလာပါလိမ့်မယ်။ ဒါကြောင့် ဆုံးဖြတ်ချက်ချတဲ့အခါ ကျမ်းစာပညတ်နဲ့ မူတွေက သင့်ကို လမ်းညွှန်ပါစေ။ ဒါဆို ဘုရားသခင့် စဉ်းစားပုံကို သိရှိလာပါလိမ့်မယ်။ ယေဟောဝါနဲ့ပတ်သက်ပြီး သင်ယူစရာအသစ်တွေ အမြဲရှိမှာ မှန်ပါတယ်။ (ယောဘ ၂၆:၁၄) ဒါပေမဲ့ ဝီရိယရှိရှိ ကြိုးစားအားထုတ်မယ်ဆိုရင် အခုအချိန်မှာ ဆုံးဖြတ်ချက်ကောင်းတွေ  ချနိုင်အောင်  လိုအပ်တဲ့ ဉာဏ်ပညာရရှိပါလိမ့်မယ်။ (ပညာ. ၂:၁-၅) လူသားတွေရဲ့ စိတ်ကူးတွေ၊ အကြံအစည်တွေ ပြောင်းလဲနေပေမဲ့ ယေဟောဝါကတော့ ဘယ်တော့မှ မပြောင်းလဲဘူး။ ‘ယေဟောဝါရဲ့ ဆုံးဖြတ်ချက်တွေက ထာဝစဉ်တည်လိမ့်မယ်။ ဘုရားရဲ့ စိတ်ကူးကြံစည်မှုတွေလည်း လူမျိုးအဆက်ဆက်တိုင်အောင် တည်လိမ့်မယ်’ လို့ ဆာလံဆရာ ပြောတယ်။ (ဆာ. ၃၃:၁၁) ကျွန်တော်တို့ဟာ ယေဟောဝါစဉ်းစားသလို စဉ်းစားပြီး ကိုယ်တော် နှစ်သက်တာ ကို လုပ်ဆောင်မယ်ဆိုရင် အကောင်းဆုံး ဆုံးဖြတ်ချက်တွေ ချနိုင်ပါလိမ့်မယ်။ w16.05 ၃:၁၇

တနင်္ဂနွေနေ့၊ မေ ၆

ယေဟောဝါကတော့ နှလုံးသားကို ကြည့်တယ်။ —၁ ရှ. ၁၆:၇။

သင့်တော်သူတွေကို ယေဟောဝါ ရွေးချယ်ပြီး ဆွဲဆောင်နိုင်စွမ်းရှိတယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ဒါကြောင့် ရပ်ကွက်မှာဖြစ်စေ၊ အသင်းတော်မှာဖြစ်စေ တခြားသူတွေကို ဝေဖန်အကဲဖြတ်တာမျိုး မလုပ်သင့်ဘူး။ (ယော. ၆:၄၄) ယေဟောဝါကို အိုးထိန်းရှင်အဖြစ် လက်ခံတဲ့အခါ ညီအစ်ကိုညီအစ်မတွေအပေါ်ထားတဲ့ ကျွန်တော်တို့ရဲ့ သဘောထားလည်း ပြောင်းလဲလာပါလိမ့်မယ်။ (ဟေရှာ. ၆၄:၈) သူတို့ကို ယေဟောဝါ အချောမသတ်သေးဘဲ ပုံသွင်းနေဆဲဖြစ်တယ်လို့ ကျွန်တော်တို့ ရှုမြင်လာပါလိမ့်မယ်။ ယေဟောဝါလည်း အဲဒီ လိုပဲ ရှုမြင်တယ်။ ဘုရားသခင်က သူတို့ရဲ့ အတွင်းစိတ်ကို ထိုးဖောက်မြင်ပြီး ခဏတာရှိနေတဲ့ မစုံလင်မှုတွေကို အာရုံမစိုက်ဘူး။ ပုံသွင်းပေးတဲ့အခါ ဘယ်လိုလူစားမျိုး ဖြစ်လာနိုင်တယ်ဆိုတာလည်း သိတယ်။ (ဆာ. ၁၃၀:၃) ကျွန်တော်တို့လည်း ညီအစ်ကိုညီအစ်မတွေအပေါ် အပြုသဘောထားရှိခြင်းအားဖြင့် ယေဟောဝါကို တုပနိုင်တယ်။ သူတို့ တိုးတက်လာအောင် ကူညီပေးခြင်းအားဖြင့် အိုးထိန်းရှင် ယေဟောဝါနဲ့ တွဲဖက်လုပ်ဆောင်နိုင်တယ်။ (၁ သက်. ၅:၁၄၊ ၁၅) ‘လက်ဆောင်’ ဖြစ်တဲ့ အကြီးအကဲတွေဟာ ဒီကိစ္စမှာ စံနမူနာကောင်း ပြသင့်တယ်။—ဧ. ၄:၈၊ ၁၁-၁၃။ w16.06 ၁:၄-၆

တနင်္လာနေ့၊ မေ ၇

ကိုယ့်ကိုယ်ကိုယ် တည်ကြည်တယ်လို့ ထင်နေရင် မလဲသွားအောင် သတိထားပါ။—၁ ကော. ၁၀:၁၂။

သတင်းကောင်းဟောပြောခြင်းက နှိမ့်ချမှုနဲ့ စွမ်းအားတော်အရည်အသွေးတွေ ရှိလာအောင် ကူညီပေးနိုင်တယ်။ (ဂလ. ၅:၂၂၊ ၂၃) ပိုအရေးကြီးတာ က ခရစ်တော်ကို ကျွန်တော်တို့ တုပတဲ့အခါ သတင်းကောင်းကို လူတွေ ပိုစိတ်ဝင်စားလာပြီး ကျွန်တော်တို့အပေါ် သဘောထား ပြောင်းလဲလာနိုင်တယ်။ ဥပမာ၊ သြစတြေးလျနိုင်ငံမှာ သက်သေခံနှစ်ယောက်က သိပ်ရိုင်းတဲ့ အိမ်ရှင်အမျိုးသမီး ပြောဆိုတာ ကို လေးလေးစားစား နားထောင်ပေးတယ်။ နောက်ပိုင်း အဲဒီ အမျိုးသမီးက သူ့လုပ်ရပ်ကြောင့် စိတ်မကောင်းဖြစ်သွားပြီး ဌာနခွဲရုံးကို စာရေးခဲ့တယ်။ “သိပ်စိတ်ရှည်ပြီး နှိမ့်ချတဲ့ အဲဒီ သက်သေခံနှစ်ယောက်ကို ကျွန်မရဲ့ ရိုင်းပျမှုအတွက် အနူးအညွှတ် တောင်းပန်ချင်ပါတယ်။ ကျမ်းစာအကြောင်း ဟောပြောတဲ့ သူတို့နှစ်ယောက်ကို မောင်းထုတ်မိတာ တော်တော်မိုက်တာပဲ” လို့ စာထဲမှာ ရေးထားတယ်။ ဟောပြောတဲ့အခါ နူးညံ့သိမ်မွေ့ဖို့ ဘယ်လောက် အရေးကြီးတယ်ဆိုတာ ဒီဖြစ်ရပ်ကနေ ကျွန်တော်တို့ သိနိုင်တယ်။ အမှုဆောင်လုပ်ငန်းက တခြားသူတွေကို ကူညီပေးတာ မှန်ပေမဲ့ တစ်ချိန်တည်းမှာ ကျွန်တော်တို့ရဲ့ အရည်အသွေးတွေ ကောင်းမွန်လာအောင်လည်း ကူညီပေးတယ်။ w16.06 ၂:၁၂၊ ၁၃

အင်္ဂါနေ့၊ မေ ၈

လူလူချင်းကို ကိုယ်နဲ့ ထပ်တူချစ်ပါ။—မ. ၂၂:၃၉။

လူသားအားလုံး မစုံလင်မှုနဲ့ မွေးဖွားလာကြတယ်လို့ ကျမ်းစာပြောတယ်။ (ရော. ၅:၁၂၊ ၁၉) ဒါကြောင့် ညီအစ်ကိုညီအစ်မတချို့ရဲ့ အပြောအဆို၊ အပြုအမူက ကျွန်တော်တို့ကို စိတ်ထိခိုက်မိစေနိုင်တယ်။ အဲဒီ အခါ ယေဟောဝါနဲ့ ညီအစ်ကိုညီအစ်မတွေအပေါ်ထားတဲ့မေတ္တာ စမ်းသပ်ခံရနိုင်တယ်။ အဲဒီ လိုအခြေအနေမျိုးမှာ ဘာဆက်လုပ်ကြမလဲ။ ဥပမာ၊ ယဇ်ပုရောဟိတ်မင်းဧလိရဲ့ သားနှစ်ယောက်က ယေဟောဝါရဲ့ ပညတ်တွေကို မနာခံဘူး။ ‘ဧလိရဲ့သားတွေကတော့ ဆိုးညစ်သူတွေ၊ ယေဟောဝါကို မလေးစားသူတွေပဲ’ လို့ ကျမ်းစာပြောတယ်။ (၁ ရှ. ၂:၁၂) ဖခင်ဟာ စစ်မှန်တဲ့ဝတ်ပြုရေးမှာ အဓိကတာဝန်ရှိသူဖြစ်ပေမဲ့ သားနှစ်ယောက်ကတော့ အပြစ်ကြီးတွေ ကျူးလွန်နေကြတယ်။ သားနှစ်ယောက်ရဲ့ လုပ်ရပ်ဆိုးကို ဧလိ သိပေမဲ့ ခပ်ပေါ့ပေါ့ပဲ ဆုံးမခဲ့တယ်။ ဒါကြောင့် ဧလိနဲ့ သားနှစ်ယောက်ကို ယေဟောဝါ အပြစ်ပေးခဲ့တယ်။ နောက်ပိုင်း၊ ယဇ်ပုရောဟိတ်မင်းအဖြစ် အမှုဆောင်ဖို့ ဧလိရဲ့သားစဉ်မြေးဆက်တွေကို ယေဟောဝါ ခွင့်မပြုတော့ဘူး။ (၁ ရှ. ၃:၁၀-၁၄) သင်သာ ဧလိခေတ်မှာ အသက်ရှင်ခဲ့မယ်ဆိုရင် သားတွေ အပြစ်လုပ်တာ ကို ဧလိ လွှတ်ထားလို့ တိုက်မိလဲသွားမလား။ ယေဟောဝါအပေါ် ယုံကြည်ခြင်းအားနည်းလာပြီး ဆက်ဝတ်မပြုတော့တဲ့အထိတောင် ဖြစ်သွားမလား။ w16.06 ၄:၅၊ ၆

ဗုဒ္ဓဟူးနေ့၊ မေ ၉

နောက်မှ အဲဒါတွေကို ဖြည့်ဆည်းပေးလိမ့်မယ်။ —မ. ၆:၃၃။

ယေရှု ဘာကြောင့် အဲဒီ လို ပြောတာလဲ။ ရှေ့အခန်းငယ်မှာ “ဒါတွေအားလုံး ခင်ဗျားတို့လိုအပ်မှန်း ကောင်းကင်အဖ သိပြီးသားပဲ” လို့ ယေရှု ပြောတယ်။ သင် လိုအပ်တာ ကို သင်ကိုယ်တိုင် မသိခင်မှာတောင် ယေဟောဝါ သိတယ်။ (ဖိ. ၄:၁၉) ဘယ်အချိန်မှာ အဝတ်အစားအသစ် လိုအပ်တယ်ဆိုတာ ကိုယ်တော်သိတယ်။ ဘာအစားအစာ လိုအပ်တယ်ဆိုတာလည်း သိတယ်။ သင်နဲ့ သင့်မိသားစုအတွက် နေစရာလိုအပ်တယ်ဆိုတာလည်း သိတယ်။ သင် အမှန်တကယ်လိုအပ်ရာကို ရရှိအောင် ယေဟောဝါ စီစဉ်ပေးပါလိမ့်မယ်။ မှန်ပါတယ်၊ ကိုယ်တော်တောင်းဆိုရာတွေကို လုပ်ဆောင်ပြီး နိုင်ငံတော်ကို ဦးစားထားမယ်ဆိုရင် ကျွန်တော်တို့လိုအပ်သမျှအပြင် ထပ်ပြီးတော့တောင် ပေးမယ်ဆိုတာ ကျွန်တော်တို့ ယုံကြည်စိတ်ချတယ်။ ယေဟောဝါနဲ့ ဆက်ဆံရေးကောင်းရှိမှသာ စစ်မှန်တဲ့ပျော်ရွှင်မှု ရရှိနိုင်ပြီး “စားစရာ၊ ဝတ်စရာ ရှိနေတယ်ဆိုရင် ရှိတာလေးနဲ့ ရောင့်ရဲနေ” နိုင်မယ်ဆိုတာ ကျွန်တော်တို့ သိတယ်။—၁ တိ. ၆:၆-၈။ w16.07 ၁:၁၇၊ ၁၈

ကြာသပတေးနေ့၊ မေ ၁၀

ရန်သူတွေ ဖြစ်နေချိန်မှာတောင် သားတော်ရဲ့သေခြင်းကြောင့် ဘုရားသခင်နဲ့ ကျွန်တော်တို့ ပြန်လည်သင့်မြတ်လာခဲ့တာ။—ရော. ၅:၁၀။

ရွေးနုတ်ဖိုးကြောင့် ဘုရားသခင်နဲ့ ပြန်သင့်မြတ်လာပြီး ဆက်ဆံရေးကောင်း ရရှိနိုင်ကြတယ်။ ပေါလုက အဲဒီ အခွင့်ထူးကို ယေဟောဝါရဲ့ မဟာကရုဏာနဲ့ အခုလို ဆက်စပ်ခဲ့တယ်– “ကျွန်တော်တို့ [ခရစ်တော်ရဲ့ဘိသိက်ခံညီတွေ]ဟာ ယုံကြည်ခြင်းကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရပြီ။ ဒါကြောင့် သခင်ယေရှုခရစ်အားဖြင့် ဘုရားသခင်နဲ့ အမြဲ ခင်မင်ရင်းနှီးနေကြစို့။” (ရော. ၅:၁၊ ၂) ယေဟောဝါနဲ့ ဆက်ဆံရေးကောင်း ရရှိထားလို့ ကျေးဇူးတင်စရာပဲ။ ကျွန်တော်တို့ အားလုံးဟာ ပင်ကိုအရ မစုံလင်ကြပါဘူး။ ဒါပေမဲ့ “ထိုးထွင်းဉာဏ်ရှိသူတွေ” ဖြစ်တဲ့ ဘိသိက်ခံတွေဟာ နောက်ဆုံးကာလမှာ “လူများစွာကို ဖြောင့်မတ်တဲ့လမ်းစဉ်လိုက်” စေမယ်လို့ ပရောဖက်ဒံယေလ ကြိုပြောတယ်။ (ဒံ. ၁၂:၃) ဘိသိက်ခံတွေ ဘယ်နည်းနဲ့ အဲဒီ လို လုပ်ဆောင်နေသလဲ။ ဟောပြောခြင်းနဲ့ သွန်သင်ခြင်းလုပ်ငန်းအားဖြင့် “တခြားသိုး” သန်းပေါင်းများစွာကို ဘုရားရှေ့ ဖြောင့်မတ်တဲ့အနေအထား ရရှိအောင် သူတို့ ကူညီပေးနေတယ်။ (ယော. ၁၀:၁၆) ဒါပေမဲ့ ယေဟောဝါရဲ့ မဟာကရုဏာကြောင့်သာ အဲဒီ အနေအထားကို ရရှိနိုင်တယ်။—ရော. ၃:၂၃၊ ၂၄။ w16.07 ၃:၁၀၊ ၁၁

သောကြာနေ့၊ မေ ၁၁

သူတို့နှစ်သက်သူတွေကို ဇနီးအဖြစ် ယူကြတယ်။ —က. ၆:၂။

သဘာဝလွန်ပေါင်းစပ်မှုဖြစ်တာကြောင့် နက်ဖလင်လို့ခေါ်တဲ့ လူထွားကြီးတွေ မွေးဖွားလာတယ်။ အဲဒီ အချိန်အတွင်း “ကမ္ဘာပေါ်မှာ လူတွေ သိပ်ဆိုးသွမ်း” ခဲ့တယ်။ (က. ၆:၁-၅) နောဧခေတ်မှာ ရေလွှမ်းမိုးဘေးအားဖြင့် လူဆိုးတွေကို ယေဟောဝါ ဖျက်ဆီးခဲ့တယ်။ အဲဒီ ဘေးအကြောင်း လူတွေကို “ဖြောင့်မတ်ခြင်းတရား ဟောပြောတဲ့ နောဧ” သတိပေးခဲ့တယ်။ (၂ ပေ. ၂:၅) ဒါပေမဲ့ အိမ်ထောင်ပြုခြင်းအပါအဝင် နေ့စဉ်ဘဝကိစ္စတွေနဲ့ အလုပ်ရှုပ်နေလို့ နောဧပြောတာကို သူတို့ နားမထောင်ကြဘူး။ ယေရှုက နောဧခေတ်ကို ကျွန်တော်တို့ခေတ်နဲ့ နှိုင်းယှဉ်ခဲ့တယ်။ (မ. ၂၄:၃၇-၃၉) ဒီနေ့ခေတ်မှာလည်း ဒီစနစ်ဆိုး ဖျက်ဆီးမခံရခင် လူမျိုးအပေါင်းအတွက် သက်သေဖြစ်စေဖို့ ကျွန်တော်တို့ဟောနေတဲ့ နိုင်ငံတော်သတင်းကောင်းကို လူများစွာ နားမထောင်ကြဘူး။ ဘာသင်ခန်းစာ သင်ယူနိုင်သလဲ။ အိမ်ထောင်ပြုတာ ၊ သားသမီးယူတာ စတဲ့ကိစ္စတွေကြောင့် ယေဟောဝါရဲ့ နေ့ကြီး နီးနေတာကို မေ့သွားတာမျိုး မဖြစ်သင့်ဘူး။ w16.08 ၁:၈၊ ၉

စနေနေ့၊ မေ ၁၂

အချိန်နည်းနည်းပဲ ကျန်တော့တယ်။ ဒါကြောင့် အခုချိန်ကစပြီး ဇနီးရှိတဲ့သူဟာ ဇနီးမရှိတဲ့သူလို နေကြပါ။ . . . ဒီလောကကို သုံးတဲ့သူဟာ အပြည့်အဝ မသုံးတဲ့သူလို နေကြပါ။—၁ ကော. ၇:၂၉-၃၁။

‘နောက်ဆုံးကာလ’ ရဲ့ အဆုံးပိုင်းမှာ ကျွန်တော်တို့ အသက်ရှင်နေတဲ့အတွက် “ခက်ခဲကျပ်တည်း” မှုတွေ ရင်ဆိုင်နေရတယ်။ (၂ တိ. ၃:၁-၅) ဒါပေမဲ့ ယေဟောဝါနဲ့ ဆက်ဆံရေး ခိုင်မာအောင် လုပ်ဆောင်နေခြင်းက လောကရဲ့ မကောင်းတဲ့ သြဇာလွှမ်းမိုးမှုတွေကနေ ကာကွယ်ပေးပါလိမ့်မယ်။ ဒီနေ့ကျမ်းချက်မှာ ကိုယ့်အိမ်ထောင်ဖက်ကို ပစ်ထားရမယ်လို့ ပေါလု ပြောနေတာမဟုတ်ဘူး။ အဲဒီ အစား အချိန် သိပ်မကျန်တော့တဲ့အတွက် ဝတ်ပြုရေးကိစ္စတွေကို ဦးစားပေးဖို့ လိုအပ်တယ်။ (မ. ၆:၃၃) ဒီခက်ခဲတဲ့ကာလမှာ အိမ်ထောင်များစွာ ပြိုကွဲနေတယ်။ အောင်မြင်ပျော်ရွှင်တဲ့ အိမ်ထောင် တည်ဆောက်ဖို့ ဖြစ်နိုင်ပါ့မလား။ ယေဟောဝါနဲ့၊ ကိုယ်တော့်လူမျိုးနဲ့ နီးနီးကပ်ကပ်နေမယ်၊ ကျမ်းစာမူတွေကို ကျင့်သုံးမယ်၊ ယေဟောဝါရဲ့ သန့်ရှင်းသောစွမ်းအားတော် လမ်းညွှန်မှုကို လက်ခံမယ်ဆိုရင် ဖြစ်နိုင်ပါတယ်။ ဒီနည်းအားဖြင့် “ဘုရားသခင် တွဲဖက်ထား” တဲ့ အိမ်ထောင်ကို ကျွန်တော်တို့ ဂုဏ်တင်နိုင်ပါတယ်။—မာ. ၁၀:၉။ w16.08 ၂:၁၇၊ ၁၈

တနင်္ဂနွေနေ့၊ မေ ၁၃

ဘုရားသခင့် သိုးတော်စုကို ထိန်းကျောင်းကြပါ။ —၁ ပေ. ၅:၂။

အသင်းတော်မှာ သိုးထိန်းအဖြစ် ညီအစ်ကိုတွေကို လေ့ကျင့်ပေးဖို့ ပိုလိုအပ်နေတယ်။ “ငါ့ဆီကနေ မင်းကိုယ်တိုင်ရော လူအတော်များများပါ ကြားသိခဲ့ရတဲ့အရာတွေကို သစ္စာရှိအမျိုးသားတွေဆီ အပ်နှင်းပါ။ ဒါမှ တခြားသူတွေကို သွန်သင်ပေးဖို့ သူတို့ အရည်အချင်းရှိလာလိမ့်မယ်” လို့ တိမောသေကို ပေါလု ပြောခဲ့တယ်။ (၂ တိ. ၂:၁၊ ၂) အကြီးအကဲနဲ့ တမန်တော်ဖြစ်သူ ပေါလုဆီကနေ တိမောသေ အများကြီး သင်ယူခဲ့တယ်။ ပေါလုရဲ့ နည်းလမ်းတွေကို အမှုဆောင်လုပ်ငန်းနဲ့ အသင်းတော်မှာ တိမောသေ ကျင့်သုံးခဲ့တယ်။ (၂ တိ. ၃:၁၀-၁၂) တိမောသေကို ပေါလု ကောင်းကောင်း လေ့ကျင့်ပေးချင်တဲ့အတွက် သူနဲ့ အချိန်ပေးပေါင်းသင်းခဲ့တယ်။ (တ. ၁၆:၁-၅) အကြီးအကဲတွေလည်း သင့်တော်တဲ့အခါ အသင်းတော်အမှုထမ်းတွေကို သိုးထိန်းလည်ပတ်မှု ခေါ်သွားခြင်းအားဖြင့် ပေါလုရဲ့ ပုံသက်သေကို တုပနိုင်တယ်။ ဒီနည်းအားဖြင့် အကြီးအကဲတွေရဲ့ သွန်သင်ခြင်း၊ ယုံကြည်ခြင်း၊ စိတ်ရှည်ခြင်းနဲ့ မေတ္တာကို ဘယ်လို တုပရမယ်၊ သိုးတော်စုကို ထိန်းကျောင်းရာမှာ ယေဟောဝါကို ဘယ်လို အားကိုးရမယ်ဆိုတာ သူတို့ တတ်သိလာပါလိမ့်မယ်။ w16.08 ၄:၁၆၊ ၁၇

တနင်္လာနေ့၊ မေ ၁၄

လက်အား မလျှော့နဲ့။—ဇေ. ၃:၁၆။

တစ်ခါတလေ စိတ်ဓာတ်ကျတာ၊ စိတ်ပျက်တာ၊ မျှော်လင့်ချက် မဲ့သွားတာကို ဖော်ပြဖို့ လက်အားလျော့တယ်ဆိုပြီး သုံးနှုန်းလေ့ရှိတယ်။ (၂ ရာ. ၁၅:၇။ ဟီ. ၁၂:၁၂) အဲဒီ လို အခြေအနေမျိုးမှာ အရှုံးပေးလိုက်တတ်ကြတယ်။ စာတန့်စနစ်ဆိုးမှာ အသက်ရှင်နေရတဲ့အတွက် ဖိအားတွေအများကြီး ရင်ဆိုင်နေရတယ်။ လှေတစ်စင်းကို မရွေ့နိုင်အောင် ထိန်းချုပ်ထားတဲ့ ကျောက်ဆူးလိုပဲ စိုးရိမ်ပူပန်မှုကလည်း လူတစ်ယောက်ကို လှုပ်လို့မရအောင် ချုပ်ထားနိုင်တယ်။ အဲဒါက စိတ်ပျက်အားလျော့သွားစေနိုင်တယ်။ (ပညာ. ၁၂:၂၅) ဘာတွေက စိုးရိမ်ပူပန်စေနိုင်သလဲ။ ချစ်မြတ်နိုးရသူတစ်ဦး သေဆုံးသွားတာ၊ ကျန်းမာရေး မကောင်းတာ ၊ မိသားစုကို ခက်ခက်ခဲခဲ ရှာဖွေကျွေးမွေးရတာ၊ ဆန့်ကျင်မှု ကြုံရတာတွေ ဖြစ်နိုင်တယ်။ စိတ်ဖိစီးလွန်းလို့ ခွန်အားတွေ ကုန်ခန်းဆုတ်ယုတ်သွားနိုင်တယ်။ ပျော်ရွှင်မှုလည်း ပျောက်ဆုံးသွားနိုင်တယ်။ ဒါပေမဲ့ ဘုရားသခင် လက်ကမ်းကူညီပေးမယ်လို့ အာမခံထားတယ်။—ဟေရှာ. ၄၁:၁၀၊ ၁၃။ w16.09 ၁:၂၊ ၄

အင်္ဂါနေ့၊ မေ ၁၅

ပညတ်လမ်းစဉ်တွေကို ကျွန်တော် မက်မက်မောမော လိုက်လျှောက်မယ်။—ဆာ. ၁၁၉:၃၂။

ဘုရားသခင့် ကောင်းချီးရဖို့ ဘာကြောင့် တိုက်လှန်နေရမလဲ။ မစုံလင်တဲ့အတွက် မကောင်းတဲ့ ဆန္ဒတချို့ကို တိုက်လှန်နေရတာ ဖြစ်နိုင်တယ်။ တချို့က အမှုဆောင်လုပ်ငန်းအပေါ် အပြုသဘောထား ရှိဖို့ တိုက်လှန်နေရတယ်။ တချို့က ကျန်းမာရေး ပြဿနာတွေ၊ အထီးကျန်စိတ်တွေကို တိုက်လှန်နေရတယ်။ တချို့ကျတော့ ခွင့်လွှတ်ဖို့ ခက်နေကြတယ်။ အမှုဆောင်နေတာ ဘယ်လောက်ပဲ ကြာနေပါစေ သစ္စာရှိသူတွေကို ဆုချတဲ့အရှင် ယေဟောဝါကို ဆက်အမှုဆောင်ဖို့ အခက်တွေ့စေတဲ့ အရာတွေကို ဆက်တိုက်လှန်နေရမယ်။ အဲဒီ လို ခံစားနေရတယ်ဆိုရင် သန့်ရှင်းသော စွမ်းအားတော်ရဖို့ ယေဟောဝါဆီ ဆုတောင်းပါ။ ဆုတောင်းခြင်းနဲ့ သန့်ရှင်းသော စွမ်းအားတော်က မှန်ရာ လုပ်ဖို့ ခွန်အားပေးနိုင်တယ်။ ဘုရားသခင့် ကောင်းချီးတွေ ရရှိစေနိုင်တယ်။ ဆုတောင်းချက်နဲ့အညီ အသက်ရှင်ဖို့ စိတ်ပိုင်းဖြတ်ထားပါ။ နေ့တိုင်း ကျမ်းစာဖတ်ဖို့ ကြိုးစားပါ။ ကိုယ်ပိုင်လေ့လာမှုနဲ့ မိသားစု ဝတ်ပြုမှုအတွက် အချိန်ပေးပါ။—ဆာ. ၁၁၉:၃၂။ w16.09 ၂:၁၀၊ ၁၁

ဗုဒ္ဓဟူးနေ့၊ မေ ၁၆

ယုံကြည်ခြင်းဆိုတာ . . . မမြင်ရပေမဲ့ အမှန်တကယ်ရှိတယ်လို့ စိတ်ချနေတာ ဖြစ်တယ်။—ဟီ. ၁၁:၁။

ဘုရားကို ယုံတာ က ယုံကြည်ခြင်းကို အခြေခံပေမဲ့ ဆင့်ကဲအယူကတော့ သိပ္ပံပညာကို အခြေခံလို့ ဆင့်ကဲအယူကို ယုံကြည်တယ်လို့ တစ်ယောက်ယောက် ပြောတာကို ကြားဖူးပါသလား။ အဲဒီ လိုပဲ လူများစွာ ယူဆကြတယ်။ ဘုရားကို ယုံတာပဲဖြစ်ဖြစ်၊ ဆင့်ကဲအယူကို ယုံတာပဲဖြစ်ဖြစ် ယုံကြည်ခြင်း ပါဝင်ပတ်သက်တယ်ဆိုတာ သတိရပါ။ ဘယ်လိုနည်းနဲ့လဲ။ ဘုရားသခင်ကို ဘယ်သူမှ မမြင်ဖူးဘူး။ တစ်ခုခု ဖန်ဆင်းနေတာကိုလည်း မမြင်ဖူးကြဘူး။ (ယော. ၁:၁၈) ဆင့်ကဲအယူကို ယုံကြည်သူတွေကော။ သူတို့လည်း မမြင်နိုင်တဲ့အရာကို ယုံကြည်နေကြတာပဲ။ သက်ရှိတစ်မျိုးကနေ နောက်တစ်မျိုး ကူးပြောင်းသွားတာကို ဘယ်သိပ္ပံပညာရှင်၊ ဘယ်လူသားတစ်ယောက်မှ မမြင်ဖူးကြဘူး။ ဥပမာ၊ မျောက်ကနေ လူဖြစ်လာတာ ကို ဘယ်သူမှ မမြင်ဖူးဘူး။ (ယောဘ ၃၈:၁၊ ၄) ဒါကြောင့် အထောက်အထားတွေကို ရှာဖွေပြီး သေသေချာချာ ဆန်းစစ်ရမယ်။ မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်ဖို့ စဉ်းစားဆင်ခြင်နိုင်စွမ်းကို အသုံးပြုရမယ်။ “ဖန်ဆင်းထားရာတွေကို ကြည့်ပြီး ဘုရားသခင်ရဲ့ ထာဝရတန်ခိုးတော်နဲ့ အရည်အသွေးတွေအပြင် ကိုယ်တော်ဟာ ဘုရားသခင်ဖြစ်ကြောင်း လောကကို ဖန်ဆင်းချိန်ကတည်းက အထင်အရှား သိမြင်နိုင်တယ်။ ဒါကြောင့် သူတို့ ဆင်ခြေပေးလို့မရဘူး” လို့ တမန်တော်ပေါလု ပြောတယ်။—ရော. ၁:၂၀။ w16.09 ၄:၄

ကြာသပတေးနေ့၊ မေ ၁၇

ဧည့်ဝတ်ကျေပွန်ဖို့ မမေ့ပါနဲ့။—ဟီ. ၁၃:၂။

နိုင်ငံခြားသားတွေဟာ အခွင့်အရေး သိပ်မရတတ်ကြတော့ သူတို့ ကောက်သင်းကောက်ခွင့် ရဖို့ ယေဟောဝါ မေတ္တာပါပါ ပြင်ဆင်ပေးတယ်။ (ဝတ်. ၁၉:၉၊ ၁၀) နိုင်ငံခြားသားတွေကို လေးစားဖို့သာမက ကိုယ်ချင်းစာဖို့လည်း အစ္စရေးတွေကို ယေဟောဝါ မိန့်မှာခဲ့တယ်။ (ထွက်. ၂၃:၉) နိုင်ငံခြားသား ဖြစ်ရတာ ဘယ်လိုလဲဆိုတာ သူတို့ သိတယ်။ အီဂျစ်ပြည်မှာ ကျွန်မဖြစ်ခင်ကတည်းက အီဂျစ်တွေရဲ့ လူမျိုးရေး၊ ဘာသာရေးအစွဲကြောင့် သူတို့ ရှောင်ကြဉ်ခံရကြတယ်။ (က. ၄၃:၃၂။ ၄၆:၃၄။ ထွ. ၁:၁၁-၁၄) တိုင်းတစ်ပါးသားတွေအဖြစ် ခါးသီးတဲ့ဘဝကို ခံစားခဲ့ကြတယ်။ ဒါပေမဲ့ သူတို့အလယ်မှာရှိတဲ့ နိုင်ငံခြားသားတွေကို “ကိုယ့်ပြည်သားလိုပဲ ယူမှတ်ရမယ်” လို့ ယေဟောဝါ တောင်းဆိုတယ်။ (ဝတ်. ၁၉:၃၃၊ ၃၄) အသင်းတော်မှာ အစည်းအဝေးတွေ တက်နေတဲ့ နိုင်ငံခြားသားတွေကို ယေဟောဝါ ထပ်တူထပ်မျှ စိတ်ဝင်စားတယ်ဆိုတာ သေချာပါတယ်။ (တရား. ၁၀:၁၇-၁၉။ မာလ. ၃:၅၊ ၆) ခွဲခြားဆက်ဆံခံရတာ၊ ဘာသာစကား အတားအဆီး စတဲ့ အခက်အခဲတွေကို စဉ်းစားကြည့်မယ်ဆိုရင် သူတို့အပေါ် ကြင်နာမှု၊ စာနာမှုပြဖို့ နည်းလမ်းတွေ ရှာတွေ့ပါလိမ့်မယ်။—၁ ပေ. ၃:၈။ w16.10 ၁:၃-၅

သောကြာနေ့၊ မေ ၁၈

အသက်စွမ်းအား မရှိတဲ့ ကိုယ်ခန္ဓာဟာ အသေဖြစ်သလို လုပ်ရပ်မပါတဲ့ ယုံကြည်ခြင်းကလည်း အသေပဲ။ —ယာ. ၂:၂၆။

“လက်တွေ့မပါတဲ့ ခင်ဗျားရဲ့ ယုံကြည်ခြင်းကို ကျွန်တော့်ကို ပြပါ။ ကျွန်တော့်ရဲ့ ယုံကြည်ခြင်းကိုလည်း လုပ်ရပ်နဲ့ ပြမယ်” လို့ ယာကုပ် ရေးခဲ့တယ်။ (ယာ. ၂:၁၈) ယုံကြည်ခြင်းရှိတယ်လို့ ပြောတာနဲ့ ယုံကြည်ခြင်းရှိကြောင်း တင်ပြခြင်းရဲ့ ကွာခြားချက်ကို ယာကုပ် ဖော်ပြခဲ့တယ်။ နတ်ဆိုးတွေဟာ ဘုရားသခင် ရှိကြောင်း ယုံကြည်ပေမဲ့ စစ်မှန်တဲ့ ယုံကြည်ခြင်း မရှိကြဘူး။ ဘုရားသခင့် ရည်ရွယ်ချက်တွေ မပြည့်စုံအောင် ဆန့်ကျင်တားဆီးနေကြတယ်။ (ယာ. ၂:၁၉၊ ၂၀) ဆန့်ကျင်ဘက်အနေနဲ့ ရှေးခေတ် သစ္စာရှိသူတစ်ယောက်အကြောင်း ယာကုပ် အခုလိုပြောတယ်– “ဘိုးဘေးအာဗြဟံက သားအိဇက်ကို ပူဇော်ရာပလ္လင်ပေါ်မှာ ပူဇော်ပြီးတဲ့နောက် အဲဒီ လုပ်ရပ်ကြောင့် ဖြောင့်မတ်သူအဖြစ် သတ်မှတ်ခံရတယ် မဟုတ်လား။ သူ့ရဲ့ယုံကြည်ခြင်းဟာ လုပ်ရပ်နဲ့ဒွန်တွဲနေလို့ ရှင်သန်နေတယ်၊ လုပ်ရပ်ကြောင့် ပြည့်ဝစုံလင်သွားတယ်ဆိုတာ ခင်ဗျားတို့သိပါတယ်။” (ယာ. ၂:၂၁-၂၃) အဲဒီ နောက် ယုံကြည်ခြင်းကို လုပ်ရပ်နဲ့ တင်ပြရမှာဖြစ်ကြောင်း ဒီနေ့ကျမ်းချက်ပါ စကားတွေကို ဆက်ပြောတယ်။ w16.10 ၄:၈

စနေနေ့၊ မေ ၁၉

[ဘုရားက] လူသားတွေရဲ့ စိတ်ထဲမှာ ထာဝရကာလကို ထည့်ပေးထားတယ်။—ဒေ. ၃:၁၁။

သိပ္ပံပညာက စကြဝဠာနဲ့ ကမ္ဘာ့စံအိမ်အကြောင်း များစွာ ဖော်ပြတယ်။ အသက်ရဲ့ ကဏ္ဍအမျိုးမျိုးကို အကျိုးပြုတယ်။ ဒါပေမဲ့ သိပ္ပံပညာ မဖြေနိုင်တဲ့မေးခွန်းတွေ ရှိသေးတယ်။ ဥပမာ၊ နက္ခတ္တပညာရှင်တွေက စကြဝဠာ တည်ရှိလာပုံ၊ ကမ္ဘာဂြိုဟ်ပေါ် သက်ရှိအများအပြား ရှိနေရတဲ့ အကြောင်းရင်းကို အတိအကျ မပြောနိုင်ကြဘူး။ လူမှာ ထာဝစဉ် အသက်ရှင်ဖို့ ပြင်းပြတဲ့ဆန္ဒ ဘာကြောင့် ရှိနေသလဲဆိုတာကိုလည်း မရှင်းပြနိုင်ကြဘူး။ အဖြေမရှိတဲ့ အရေးကြီးမေးခွန်းတွေ ဘာကြောင့် ဒီလောက် များနေရသလဲ။ အကြောင်းရင်းတစ်ခုကတော့ သိပ္ပံပညာရှင်တွေနဲ့ တခြားသူများစွာက ဘုရားမဲ့ဝါဒနဲ့ ဆင့်ကဲအယူအဆကို အားပေးအားမြှောက်လုပ်ချင်ကြလို့ပါပဲ။ ဘုရားစကားတော် ကျမ်းစာမှာတော့ နေရာတိုင်းက လူတွေ စဉ်းစားရခက်နေတဲ့ မေးခွန်းတွေကို ယေဟောဝါ ဖြေပေးထားပါတယ်။ ယေဟောဝါက တစ်သမတ်တည်းဖြစ်ပြီး အားထားနိုင်တဲ့ သဘာဝ နိယာမတရားတွေကို ချမှတ်ထားတယ်။ အဲဒါတွေကို ကျွန်တော်တို့ အမှီပြုနေရတယ်။ လျှပ်စစ်သမား၊ ပိုက်သမား၊ အင်ဂျင်နီယာ၊ လေယာဉ်မှူး၊ ခွဲစိတ်ဆရာဝန်တွေအားလုံး ဒီနိယာမတရားတွေကို အမှီပြုနေကြတယ်။ w16.11 ၂:၄၊ ၅

တနင်္ဂနွေနေ့၊ မေ ၂၀

ဘုရားသခင်ကြောင့်သာ ကျွန်တော်တို့ ဖြစ်တည်နေတာ၊ အသက်ရှင်ပြီး သွားလာလှုပ်ရှားနေတာပါ။ —တ. ၁၇:၂၈။

ယေဟောဝါကို ကျေးဇူးတင်သင့်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ်။ ယေဟောဝါကြောင့်သာ ကျွန်တော်တို့ ရှင်သန်လှုပ်ရှားနေကြတာ မို့ ကျွန်တော်တို့အသက်ကို ကိုယ်တော် ပိုင်တယ်။ အဖိုးတန်လက်ဆောင်ဖြစ်တဲ့ ဘုရားသခင့် စကားတော် ကျမ်းစာကိုလည်း ပေးထားတယ်။ သက်သာလောနိတ် ခရစ်ယာန်တွေလိုပဲ ကျွန်တော်တို့လည်း ကျမ်းစာကို ဘုရားသခင့် စကားတော်အဖြစ် ကျေးဇူးတင်စွာ ခံယူကြတယ်။ (၁ သက်. ၂:၁၃) ဘုရားသခင့် စကားတော်ကျမ်းစာကြောင့်သာ ဘုရားသခင်ဆီ ချဉ်းကပ်နိုင်ပြီး ကိုယ်တော်လည်း ကျွန်တော်တို့ဆီ ချဉ်းကပ်တယ်။ (ယာ. ၄:၈) ကိုယ်တော့် အဖွဲ့အစည်းဝင် ဖြစ်ရတဲ့ အခွင့်ထူးကြီးကိုလည်း ပေးထားတယ်။ အဲဒီ ကောင်းချီးတွေကို တန်ဖိုးထားကြပါတယ်။ ‘ယေဟောဝါကို ကျေးဇူးတင်ကြ။ ဘုရားသခင်ဟာ ကောင်းမြတ်တယ်။ ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်’ လို့ ဆာလံဆရာ သီဆိုခဲ့တယ်။ (ဆာ. ၁၃၆:၁) ဆာလံ ၁၃၆ မှာ “ခိုင်မြဲတဲ့မေတ္တာတော် ထာဝစဉ် တည်မြဲတယ်” ဆိုတဲ့ စကားစု ၂၆ ကြိမ်ပါတယ်။ ယေဟောဝါနဲ့ အဖွဲ့အစည်းအပေါ် သစ္စာစောင့်သိခြင်းအားဖြင့် ထာဝစဉ် အသက်ရှင်မှာဖြစ်လို့ အဲဒီ စကားတွေရဲ့ မှန်ကန်မှုကို တွေ့ကြုံခံစားကြရပါလိမ့်မယ်။ w16.11 ၃:၁၈၊ ၁၉

တနင်္လာနေ့၊ မေ ၂၁

အပြစ်ဟာ  လူတစ်ယောက်ကြောင့်   လူ့လောကထဲ ရောက်လာတယ်။ အပြစ်ကြောင့် သေခြင်းလည်း ပေါ်ပေါက်လာတယ်။ ဒါကြောင့် လူအားလုံးဟာ အပြစ်ရှိသူတွေ ဖြစ်သွားတဲ့အတွက် သေဆုံးကြရတယ်။ —ရော. ၅:၁၂။

အဲဒီ ကျမ်းချက်ကို သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်မှာ အကြိမ်ကြိမ် အသုံးပြုထားတယ်။ အခန်း ၃၊ ၅၊ ၆ တို့မှာပါတဲ့ ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားရည်ရွယ်ချက်၊ ရွေးနုတ်ဖိုး၊ လူသေတွေရဲ့ အခြေအနေတွေကို သားသမီးတွေနဲ့ဖြစ်စေ၊ တခြားသူတွေနဲ့ဖြစ်စေ လေ့လာတဲ့အခါ ရောမ ၅:၁၂ ကို ဖတ်ခဲ့မှာပဲ။ ဒါပေမဲ့ ယေဟောဝါရှေ့ သင့်အနေအထား၊ သင့်လုပ်ရပ်၊ အနာဂတ် အလားအလာနဲ့ဆက်စပ်ပြီး ရောမ ၅:၁၂ ကို ဘယ်နှစ်ကြိမ် စဉ်းစားမိသလဲ။ ကျွန်တော်တို့အားလုံး အပြစ်သားတွေ ဖြစ်ကြတယ်။ နေ့တိုင်း အမှားတွေ လုပ်ကြတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြေမှုန့်ဖြစ်မှန်း ဘုရားသခင် သတိရပြီး ကရုဏာပြချင်တယ်ဆိုတာ ယုံကြည်စိတ်ချကြတယ်။ (ဆာ. ၁၀၃:၁၃၊ ၁၄) ယေရှုရဲ့ နမူနာ ဆုတောင်းချက်မှာ ‘ကျွန်တော်တို့ရဲ့ အပြစ်တွေကို ခွင့်လွှတ်ပေးပါ’ ဆိုတဲ့အချက် ပါဝင်တယ်။ (လု. ၁၁:၂-၄) ဒါကြောင့် ဘုရားသခင် ခွင့်လွှတ်ပြီးသား အပြစ်တွေကို စဉ်းစားနေစရာ အကြောင်းမရှိဘူး။ ဒါပေမဲ့ ဘုရားသခင် ဘယ်လိုနည်းနဲ့ ခွင့်လွှတ်နိုင်တယ်ဆိုတာ စဉ်းစားခြင်းကနေ အကျိုးရရှိနိုင်တယ်။ w16.12 ၁:၁-၃

အင်္ဂါနေ့၊ မေ ၂၂

အပြစ်ရှိတဲ့ အလိုဆန္ဒနောက် လိုက်တဲ့သူဟာ အပြစ်ရှိတဲ့အရာတွေကိုပဲ စိတ်ရောက်နေတတ်တယ်။ —ရော. ၈:၅။

ရောမမြို့က ခရစ်ယာန်တွေဟာ ဘဝမှာ အဓိကထားရာတွေကို ပြန်ဆန်းစစ်သင့်တယ်။ “အပြစ်ရှိတဲ့အရာတွေ” ကို သူတို့ အဓိက ထားခဲ့တာ ဖြစ်နိုင်တယ်။ ကျွန်တော်တို့လည်း ဘဝမှာ အဓိက ထားတဲ့အရာတွေကို ပြန်ဆန်းစစ်သင့်တယ်။ ဘာကို စိတ်အဝင်စားဆုံးလဲ။ ဘာအကြောင်းကိုပဲ အမြဲ ပြောသလဲ။ တစ်နေ့တစ်နေ့ ဘာတွေကိုပဲ လုပ်နေသလဲ။ တချို့က ဝိုင်အမျိုးမျိုး စမ်းသောက်တာ ၊ အိမ်အလှဆင်တာ ၊ အဝတ်အစား ပုံစံသစ်တွေ ရှာတာ ၊ ရင်းနှီးမြှုပ်နှံတာ ၊ အပန်းဖြေခရီး ထွက်ဖို့ စီစဉ်တာ စတာတွေကိုပဲ အဓိကထားနေမှန်း တွေ့ရှိလာနိုင်တယ်။ အဲဒါတွေဟာ မမှားပါဘူး။ သာမန်ကိစ္စတွေပါပဲ။ တစ်ခါတုန်းက ယေရှုလည်း စပျစ်ဝိုင် လုပ်ပေးခဲ့ဖူးတယ်။ “စပျစ်ဝိုင် အနည်းငယ်” သောက်ဖို့ တိမောသေကို ပေါလု အကြံပေးခဲ့တယ်။ (၁ တိ. ၅:၂၃။ ယော. ၂:၃-၁၁) ဒါပေမဲ့ ယေရှုနဲ့ ပေါလုဟာ ဘဝတစ်လျှောက်လုံး ဝိုင်ပဲ လုပ်နေခဲ့သလား။ မဟုတ်ပါဘူး။ ကျွန်တော်တို့ကော။ ဘဝမှာ ဘာကို စိတ်အဝင်စားဆုံးလဲ။ w16.12 ၂:၅၊ ၁၀၊ ၁၁

ဗုဒ္ဓဟူးနေ့၊ မေ ၂၃

မင်းတို့ကို ငါဘယ်တော့မှ ပစ်ထားမှာ မဟုတ်ဘူး။ ဘယ်တော့မှ စွန့်ပစ်မှာ မဟုတ်ဘူး။—ဟီ. ၁၃:၅။

အဲဒီ ကျမ်းစကားကို ဘုရားသခင်ရဲ့ နိုင်ငံတော်နဲ့ ဘုရားသခင်ရဲ့ ဖြောင့်မတ်ခြင်းကို ဦးစားထားပါဆိုတဲ့ ယေရှုရဲ့စကားနဲ့ ချိတ်ဆက်နိုင်တယ်။ (မ. ၆:၃၃) တမန်တော် ပေတရုက “ကျွန်တော်တို့ ရှိသမျှကိုစွန့်ပြီး သခင့်နောက်ကို လိုက်လာပါပြီ။ ကျွန်တော်တို့ ဘာများရမှာလဲ” လို့ ယေရှုကို မေးခဲ့ဖူးတယ်။ (မ. ၁၉:၂၇) အဲဒီ လိုမေးလို့ ပေတရုကို အပြစ်တင်မယ့်အစား သူတို့ရဲ့ အနစ်နာခံမှုအတွက် ဆုချခံရမယ်လို့ ယေရှု ပြောတယ်။ သစ္စာရှိ တမန်တော်တွေ၊ တခြားသူတွေဟာ ကောင်းကင်မှာ ယေရှုနဲ့အတူ အုပ်စိုးကြရပါမယ်။ လောလောဆယ်လည်း ဆုလာဘ်တွေ ရရှိနေကြတယ်။ “ကျွန်တော့်နာမည်ကြောင့် မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီး၊ အိမ်၊ မြေယာ တစ်ခုခုကို စွန့်လွှတ်လိုက်ရသူတိုင်း အဆ ၁၀၀ ပြန်ရမယ့်အပြင် ထာဝရအသက်ကိုပါ ရလိမ့်မယ်” လို့ ယေရှု ပြောတယ်။ (မ. ၁၉:၂၉) တပည့်တွေဟာ စွန့်လွှတ်ခဲ့တာတွေထက် အဆပေါင်းများစွာ ကောင်းချီးရပါလိမ့်မယ်။ အသင်းတော်မှာရရှိတဲ့ မိဘ၊ ညီအစ်ကိုမောင်နှမ၊ သားသမီးတွေဟာ နိုင်ငံတော်ကြောင့် စွန့်လွှတ်ခဲ့ရတဲ့ ဘယ်အရာထက်မဆို ပိုတန်ဖိုးရှိတယ် မဟုတ်လား။ w16.12 ၄:၄၊ ၅

ကြာသပတေးနေ့၊ မေ ၂၄

ယုံကြည်ခြင်းဆိုတာ မျှော်လင့်တဲ့အရာတွေကို စိတ်ချစွာ စောင့်မျှော်နေတာ [ဖြစ်တယ်]။—ဟီ. ၁၁:၁။

ခရစ်ယာန်စစ်တွေမှာ ကောင်းမွန်လှတဲ့ မျှော်လင့်ချက် ရှိထားကြတယ်။ ဘိသိက်ခံဖြစ်စေ၊ “အခြားသိုး” ဖြစ်စေ ကျွန်တော်တို့အားလုံးဟာ ဘုရားသခင့် မူလရည်ရွယ်ချက် ပြည့်စုံလာတာ ၊ ယေဟောဝါရဲ့ နာမည် သန့်ရှင်းမြင့်မြတ်လာတာ ကို မြင်ရဖို့ မျှော်လင့်နေကြတယ်။ (ယော. ၁၀:၁၆။ မ. ၆:၉၊ ၁၀) အဲဒါတွေဟာ အမွန်မြတ်ဆုံး မျှော်လင့်ချက်တွေပါပဲ။ “ကောင်းကင်သစ်” မှာဖြစ်စေ၊ “မြေကြီးသစ်” မှာဖြစ်စေ ထာဝရအသက်ဆု ရဖို့လည်း မျှော်လင့်နေကြတယ်။ (၂ ပေ. ၃:၁၃) ဒီအတောအတွင်း မိမိလူမျိုးကို ယေဟောဝါ ဘယ်လို ဆက်လမ်းပြမယ်ဆိုတာ စောင့်မျှော်နေကြတယ်။ စာတန့်လောကက လူတွေမှာလည်း မျှော်လင့်ချက်တွေ ရှိကြတယ်။ ဒါပေမဲ့ အဲဒါတွေ ပြည့်စုံလာမလားဆိုတာတော့ မသေချာဘူး။ ဥပမာ၊ ထီထိုးတဲ့သူများစွာဟာ ထီပေါက်ဖို့ မျှော်လင့်ကြပေမဲ့ ပေါက်မပေါက်တော့ မသေချာဘူး။ စစ်မှန်တဲ့ ယုံကြည်ခြင်းကတော့ ခရစ်ယာန် မျှော်လင့်ချက်ကို “စိတ်ချစွာ စောင့်မျှော်ခြင်း” ဖြစ်တယ်။ w16.10 ၃:၁၊ ၂

သောကြာနေ့၊ မေ ၂၅

ကိုယ်စီရရှိထားတဲ့ . . . ဆုကျေးဇူးကို အချင်းချင်းအတွက် အကျိုးဆောင်ဖို့ အသုံးပြုကြပါ။ —၁ ပေ. ၄:၁၀။

ယေဟောဝါဟာ မဟာကရုဏာတော်ကြောင့် ယောက်တိုင်းကို ဆု၊ ကျွမ်းကျင်လိမ္မာမှု၊ အရည်အသွေး၊ အစွမ်းအစတွေ ပေးထားတယ်။ ယေဟောဝါကို ဂုဏ်တင်ဖို့၊ တခြားသူတွေကို ကူညီဖို့ အဲဒါတွေကို အသုံးပြုနိုင်တယ်။ (ရော. ၁၂:၄-၈) ဂုဏ်တင်မှု၊ ယုံကြည်စိတ်ချမှု၊ တာဝန်တို့နဲ့ဒွန်တွဲနေတဲ့ ဘဏ္ဍာစိုးနေရာကို ယေဟောဝါ ပေးအပ်ထားတယ်။ ဘုရားသခင့် အစီအစဉ်မှာ ကျွန်တော်တို့ရဲ့ နေရာ ပုံသေမရှိဘူး။ အချိန်နဲ့အမျှ ပြောင်းလဲနိုင်တယ်။ ယေရှုရဲ့ အဖြစ်ကို သုံးသပ်ကြည့်ပါ။ အစပိုင်းမှာ သူနဲ့ ယေဟောဝါပဲ ရှိခဲ့တယ်။ (ပညာ. ၈:၂၂) အဲဒီ နောက် တခြားနာမ်ဝိညာဉ်ပုဂ္ဂိုလ်တွေ၊ စကြဝဠာနဲ့ လူသားတွေကို ဖန်ဆင်းရာမှာ ဘုရားသခင်ကို ကူညီပေးခဲ့ရတယ်။ (ကော. ၁:၁၆) နောက်ပိုင်း မြေကြီးပေါ် စေလွှတ်ခံရတယ်။ ဘာမှ မတတ်နိုင်တဲ့ ကလေးငယ်အဖြစ် မွေးဖွားကြီးပြင်းလာရတယ်။ (ဖိ. ၂:၇) ပူဇော်သကာအဖြစ် သေဆုံးပြီးနောက် ၁၉၁၄ မှာ ဘုရားနိုင်ငံတော် ဘုရင် ဖြစ်လာဖို့ ကောင်းကင်ကို နာမ်ဝိညာဉ်အဖြစ် ပြန်သွားခဲ့ရတယ်။ (ဟီ. ၂:၉) အနှစ်တစ်ထောင် အုပ်ချုပ်မှု ပြီးနောက် နိုင်ငံတော်ကို ယေဟောဝါဆီ ယေရှု ပြန်အပ်ရဦးမယ်။ အဲဒီ အခါ “ဘုရားသခင်ဟာ လူအားလုံးရဲ့ တစ်ပါးတည်းသော အုပ်စိုးရှင် ဖြစ်လိမ့်မယ်” ပါလိမ့်မယ်။—၁ ကော. ၁၅:၂၈။ w17.01 ၃:၁၁၊ ၁၂

စနေနေ့၊ မေ ၂၆

ဘယ်ဘုရားကို ဝတ်ပြုမယ်ဆိုတာ ဒီနေ့ ရွေးချယ်ကြ။—ယောရှု ၂၄:၁၅။

ရွေးချယ်စရာ ပေါ်လာတဲ့အခါ အမျိုးသမီးတစ်ယောက်က “ငါ့ကို မစဉ်းစားခိုင်းနဲ့။ ဘာလုပ်ရမလဲဆိုတာသာ ပြောလိုက်။ အဲဒါ ပိုလွယ်တယ်” လို့ သူငယ်ချင်းကို ပြောတယ်။ ဒီအမျိုးသမီးဟာ ဖန်ဆင်းရှင် ပေးထားတဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် လက်ဆောင်ကို အသုံးပြုမယ့်အစား တခြားသူ ပြောတဲ့အတိုင်း လုပ်တာကိုပဲ နှစ်သက်တယ်။ သင်ကော ဘယ်လိုလဲ။ ကိုယ်တိုင်ဆုံးဖြတ်ရတာကို ကြိုက်သလား။ သင့်အတွက် တခြားသူ ဆုံးဖြတ်ပေးတာကို ကြိုက်သလား။ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့် ကိစ္စကို ဘယ်လို ရှုမြင်သလဲ။ ဒီကိစ္စကို လူတွေ အချေအတင် ဆွေးနွေးလာကြတာ ရာစုနှစ်များစွာ ရှိနေပြီ။ တချို့က ကျွန်တော်တို့ရဲ့ လုပ်ရပ်မှန်သမျှကို ဘုရားသခင် ကြိုတင်ပိုင်းဖြတ်ပြီးသားမို့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်ဆိုတာ မရှိဘူးလို့ ဆိုကြတယ်။ တချို့ကလည်း အကြွင်းမဲ့လွတ်လပ်မှု ရှိမှပဲ စစ်မှန်တဲ့ လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့် ရှိလိမ့်မယ်လို့ ပြောကြတယ်။ ဒီကိစ္စကို မှန်ကန်စွာ နားလည်နိုင်ဖို့ ဘုရားသခင့် စကားတော် ကျမ်းစာမှာ ရှာကြည့်ရမယ်။ ဘာကြောင့်လဲ။ ယေဟောဝါက ကျွန်တော်တို့ကို လွတ်လပ်စွာ ရွေးချယ်ပိုင်ခွင့်နဲ့ ဖန်ဆင်းထားတယ်လို့ ကျမ်းစာမှာ သွန်သင်ထားတယ်။ အဲဒါက အသိဉာဏ်ရှိရှိ ရွေးချယ်နိုင်တဲ့ စွမ်းရည်နဲ့ လွတ်လပ်မှုကို ဆိုလိုတယ်။ w17.01 ၂:၁၊ ၂

တနင်္ဂနွေနေ့၊ မေ ၂၇

ရှောလမုန်ဟာ အသက်ကလည်းငယ်၊ အတွေ့အကြုံလည်း မရှိတော့ သူ့အတွက် အသင့်ပြင်ထားပေးမှ ဖြစ်မယ်။—၁ ရာ. ၂၂:၅။

ဒီလောက်အရေးကြီးတဲ့ ဘုရားအိမ်တော် ဆောက်လုပ်ရေး စီမံကိန်းကို ရှောလမုန် ဦးစီးနိုင်မှာ မဟုတ်ဘူးလို့ ဒါဝိဒ် တွေးမိနိုင်တယ်။ တကယ်တော့ ဗိမာန်တော်ဟာ “သိပ်ကို ခမ်းနားထယ်ဝါ” ပြီး အဲဒီ အချိန်မှာ ရှောလမုန်က “အသက်ကလည်း ငယ်၊ အတွေ့အကြုံလည်း မရှိ” ဖြစ်နေတယ်။ ဒါပေမဲ့ ရှောလမုန် လုပ်ဆောင်နိုင်ဖို့ ယေဟောဝါ ကူညီပေးမယ်ဆိုတာ ဒါဝိဒ် သိတယ်။ ဒါကြောင့် ကူညီထောက်မပေးဖို့ပဲ အာရုံစိုက်ပြီး ဆောက်လုပ်ရေးပစ္စည်းတွေကို စုဆောင်းပေးခဲ့တယ်။ အလားတူပဲ၊ လူငယ်တွေကို တာဝန်လွှဲပေးဖို့ လိုအပ်လာတဲ့အခါ အသက်ကြီးတဲ့ ညီအစ်ကိုတွေ စိတ်ဓာတ်မကျသင့်ဘူး။ တာဝန်ထမ်းဆောင်နိုင်ဖို့ လူငယ်တွေကို လေ့ကျင့်ပေးတဲ့အခါ အလုပ်ပြီးမြောက်ဖို့ အများကြီး အထောက်အကူ ရတယ်။ ကိုယ်လေ့ကျင့်ပေးလိုက်တဲ့ လူငယ်တွေ လုပ်နိုင်ကိုင်နိုင်တာ မြင်ရတဲ့အခါ လူကြီးတွေ ပီတိဖြစ်သင့်တယ်။ w17.01 ၅:၈၊ ၉

တနင်္လာနေ့၊ မေ ၂၈

မင်းနဲ့ မိန်းမကိုရော မင်းရဲ့မျိုးနွယ်နဲ့ မိန်းမရဲ့မျိုးနွယ်ကိုပါ ငါရန်ငြိုးဖွဲ့စေမယ်။ သူက မင်းရဲ့ခေါင်းကို ကြိတ်လိမ့်မယ်။ မင်းလည်း သူ့ဖနောင့်ကို ပေါက်ရလိမ့်မယ်။—က. ၃:၁၅။

ယေရှု မြေကြီးပေါ်မှာ ရှိစဉ်တုန်းက နိုင်ငံတော်ဘုရင် အနေနဲ့ ဘုရားနိုင်ငံတော်ရဲ့ အရေးကြီးမှုကို သိမြင်ဖို့ တပည့်တွေကို ကူညီပေးခဲ့တယ်။ နှစ်ခြင်းခံပြီးတာနဲ့ “ဘုရားသခင့်နိုင်ငံတော် သတင်းကောင်း” ကို နေရာအနှံ့ ကြေညာခဲ့တယ်။ (လု. ၄:၄၃) ကောင်းကင် ပြန်မသွားခင် တပည့်တွေကို နောက်ဆုံးပြောခဲ့တဲ့စကားမှာ “ကမ္ဘာမြေ အစွန်အဖျားအထိ” သက်သေခံဖို့ ညွှန်ကြားခဲ့တယ်။ (တ. ၁:၆-၈) နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းကြောင့် ကမ္ဘာတစ်ဝန်းက လူတွေဟာ ရွေးနုတ်ဖိုးအကြောင်း သိရှိပြီး ဘုရားနိုင်ငံတော်သားတွေ ဖြစ်လာခွင့် ရကြပါလိမ့်မယ်။ ဒီနေ့ ကမ္ဘာတစ်ဝန်းမှာ ဘုရားနိုင်ငံတော်သတင်း ဟောပြောခြင်းအားဖြင့် မြေကြီးပေါ်မှာရှိတဲ့ ခရစ်တော်ရဲ့ ညီတွေကို ကူညီပြီး နိုင်ငံတော်ကို ထောက်ခံကြောင်း ကျွန်တော်တို့ ဖော်ပြကြတယ်။—မ. ၂၄:၁၄။ ၂၅:၄၀။ w17.02 ၂:၇၊ ၈

အင်္ဂါနေ့၊ မေ ၂၉

[ယေရှု]က လူတချို့ကို တမန်တော်တွေ . . . အဖြစ်ပေးတယ်။—ဧ. ၄:၁၁။

အစောပိုင်း အသင်းတော်မှာ အုပ်ချုပ်ရေးအဖွဲ့ဟာ အခွင့်အာဏာ ရှိပေမဲ့ ခေါင်းဆောင်ကတော့ ယေရှုပဲဆိုတာ အသိအမှတ်ပြုကြတယ်။ ဦးခေါင်းဖြစ်တဲ့ ခရစ်တော်လို အရာရာမှာ ရင့်ကျက်တဲ့သူတွေ ဖြစ်လာမယ်” လို့ တမန်တော် ပေါလု ရေးခဲ့တယ်။ (ဧ. ၄:၁၅) ထင်ပေါ်တဲ့ တမန်တော်တစ်ယောက်ရဲ့ နာမည်ကို ယူမယ့်အစား ‘တပည့်တွေက ဘုရားသခင့် လမ်းညွှန်ချက်အရ ခရစ်ယာန်ဆိုတဲ့နာမည်ကို ခံယူကြတယ်။’ (တ. ၁၁:၂၆) ဦးဆောင်တဲ့ တမန်တော်တွေ၊ တခြားအမျိုးသားတွေ ပေးတဲ့ ကျမ်းစာအခြေခံ “ညွှန်ကြားချက်တွေ” ကို “ဆက်ပြီးလိုက်နာ” ဖို့ အရေးကြီးကြောင်း ပေါလု အသိအမှတ်ပြုခဲ့တယ်။ “ယောက်ျားရဲ့ ဦးခေါင်းဟာ ခရစ်တော်၊ ခရစ်တော်ရဲ့ဦးခေါင်းဟာ ဘုရားသခင်ပဲဆိုတာကိုတော့ [အုပ်ချုပ်ရေးအဖွဲ့ဝင်တိုင်း အပါအဝင်] ခင်ဗျားတို့ကို သိစေချင်တယ်” လို့ ပေါလု ထပ်ပြောခဲ့တယ်။ (၁ ကော. ၁၁:၂၊ ၃) ဦးခေါင်း ယေဟောဝါဘုရားရဲ့ လက်အောက်မှာ မျက်မြင်မရ၊ ဘုန်းတန်ခိုးပြည့်ဝတဲ့ ခရစ်တော်ယေရှုက အသင်းတော်ကို ဦးဆောင်နေခဲ့ပါတယ်။ w17.02 ၄:၇

ဗုဒ္ဓဟူးနေ့၊ မေ ၃၀

ကောင်းကောင်းမွန်မွန် ဦးစီးနေတဲ့ အကြီးအကဲတွေ၊ . . . ရိုသေလေးစားမှု နှစ်ဆခံထိုက် [တယ်]။ —၁ တိ. ၅:၁၇။

ဂုဏ်တင်ထိုက်သူကို ဂုဏ်တင်ခြင်းက တစ်ကိုယ်ကောင်း မဆန်ဖို့၊ နှိမ့်ချနေဖို့ ကူညီပေးတယ်။ ယုံကြည်သူဖြစ်စေ၊ မယုံကြည်သူဖြစ်စေ လူသားတွေကို အလွန်အကျွံ ဂုဏ်မတင်တဲ့ ယေဟောဝါရဲ့ အဖွဲ့အစည်းနဲ့လည်း စည်းလုံးနေစေတယ်။ အဲဒီ အပြင် ကိုယ်ဂုဏ်တင်တဲ့လူတချို့ကြောင့် စိတ်ထိခိုက်ရတဲ့အခါမျိုးမှာ တိုက်မိမလဲအောင် ကူညီပေးတယ်။ ဂုဏ်တင်ထိုက်သူတွေကို သင့်လျော်စွာ ဂုဏ်တင်ခြင်းရဲ့ အကြီးမားဆုံး အကျိုးကတော့ ဘုရားသခင့် နှစ်သက်မှု ရရှိခြင်းပါပဲ။ ဘုရားအလိုတော်အတိုင်း လုပ်ဆောင်ရာ၊ သစ္စာစောင့်သိရာလည်း ရောက်ပါလိမ့်မယ်။ ကဲ့ရဲ့သူစာတန်ကို ပြန်ချေပခွင့် ရရှိစေနိုင်တယ်။ (ပညာ. ၂၇:၁၁) လောကမှာ လူအများစုဟာ ဂုဏ်တင်ခြင်းနဲ့ပတ်သက်ပြီး အမြင်မှားနေကြတယ်။ ယေဟောဝါရဲ့ နည်းလမ်းအတိုင်း ဘယ်လို ဂုဏ်တင်ရမလဲဆိုတာ သိခွင့်ရလို့ ကျေးဇူးတင်စရာပါပဲ။ w17.03 ၁:၁၃၊ ၂၀၊ ၂၁

ကြာသပတေးနေ့၊ မေ ၃၁

ယောရှဖတ်က . . . ယေဟောဝါရှေ့မှာ မှန်ရာကို လုပ်တယ်။—၂ ရာ. ၂၀:၃၂။

အာသရဲ့ သား ယောရှဖတ်ဟာ “ခမည်းတော်အာသရဲ့ လမ်းစဉ်ကို . . . ဆက်လိုက်” ခဲ့တယ်။ (၂ ရာ. ၂၀:၃၁၊ ၃၂) ဘယ်နည်းအားဖြင့်လဲ။ ဖခင်လိုပဲ ယေဟောဝါကို ရှာဖို့ လူတွေကို အားပေးခဲ့တယ်။ ‘ယေဟောဝါရဲ့ ပညတ်ကျမ်း’ ကို သုံးတဲ့ သွန်သင်ခြင်းလုပ်ငန်းကို စီစဉ်ဖွဲ့စည်းပေးခဲ့တယ်။ (၂ ရာ. ၁၇:၇-၁၀) အစ္စရေး မြောက်ပိုင်းနယ်မြေအထိ၊ ဧဖရိမ်တောင်တန်းဒေသအထိ သွားပြီး လူတွေကို ‘ယေဟောဝါဆီ ပြန်လှည့်လာအောင်’ လုပ်ခဲ့တယ်။ (၂ ရာ. ၁၉:၄) ဒီနေ့ ယေဟောဝါ လုပ်ဆောင်နေတဲ့ သွန်သင်ခြင်းလုပ်ငန်းကြီးမှာ ကျွန်တော်တို့အားလုံး ပါဝင်နိုင်တယ်။ လတိုင်း တခြားသူတွေကို ကျမ်းစာအကြောင်း သင်ပေးဖို့၊ ယေဟောဝါကို ဝတ်ပြုလာအောင် သူတို့ရဲ့ စိတ်နှလုံးကို လှုံ့ဆော်ဖို့ သင်ပန်းတိုင်ထားသလား။ အစွမ်းကုန် ကြိုးစားခြင်းနဲ့ ဘုရားသခင့် ကောင်းချီးကြောင့် ကျမ်းစာသင်အံမှုတစ်ခု စနိုင်ပါလိမ့်မယ်။ အဲဒီ ပန်းတိုင်အကြောင်း သင်ဆုတောင်းသလား။ အားလပ်ချိန်တချို့ကိုတောင် အဲဒီ လုပ်ငန်းအတွက် သုံးချင်သလား။ စစ်မှန်တဲ့ ဝတ်ပြုရေးဘက် လှည့်လာအောင် လူတွေကို ကူညီပေးဖို့ ဧဖရိမ်တောင်တန်းဒေသအထိ ယောရှဖတ် သွားခဲ့သလို ကျွန်တော်တို့လည်း မလှုပ်မရှား ဖြစ်နေသူတွေဆီ သွားနိုင်ပါတယ်။ w17.03 ၃:၁၀၊ ၁၁

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ