ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၂/၁၅ စာ. ၃၀-၃၁
  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အကြောင်းခြင်းရာ ဖြစ်ရပ်မှန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ကြိမ်လုံးသုံးခြင်း
  • လွဲမှားသော မျှော်လင့်ချက်
  • ဤ “လောကနှင့် မစပ်ဆိုင်”
  • ရှင်ပြန်ထမြောက်ခြင်း၌ သင့်ယုံကြည်ချက်မည်မျှခိုင်မာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သေပြီးနောက်စိုးလ်ဆက်အသက်ရှင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • သေခြင်း
    နိုးလော့!—၂၀၁၅
  • စိုးလ်အတွက် သာ၍ကောင်းသောမျှော်လင့်ချက်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၂/၁၅ စာ. ၃၀-၃၁

အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

ကြိမ်လုံးသုံးခြင်း

“ကြိမ်လုံးမသုံးနှင့်၊သို့သော်ရလဒ်ကိုကြည့်ပါ ”။ယင်းသည်တောင်အာဖရိက စာစောင်တစ်ခုဖြစ်သည့်( The Natal Mercury) တွင်ပါလာသောအကြောင်းတစ်ခု၏ ခေါင်းစဉ်ဖြစ်သည်။အိမ်နှင့်ကျောင်းတွင်ကလေးများကို ကိုယ်ထိလက်ရောက် မဆုံးမသည့် ယနေ့သဘောထားကို၊မြည်တမ်းထားသည်။ရိုက်ခြင်းအပေါ် သဘောထားပြောင်းသွားခြင်းသည် မည်သူ့အပေါ်တာဝန်ရှိသနည်း။တောင်အာဖရိက နတာလ်( Natal ) တက္ကသိုလ်မှကလေး ပညာရှင်ပါမောက္ခစမစ်သ်က ကလေးပညာရှင်များအပေါ် တည့်တည့်ပင်အပြစ်ဖို့လိုက်သည်။စိတ်ဓာတ်ဆိုင်ရာပြသနာ၏ ဇစ်မြစ်ကို ရှာဖွေလိုက်သောအခါ စမစ်သ်ကဆက်ပြောသွားသည်။စိတ်ပိုင်းဆိုင်ရာအယူအဆနှင့် ပတ်သက်၍၊သဘောထားပြောင်းလဲမှုကိုတွေ့ရသည်။ပဌမတော့ ကိုယ်ထိလကိရောက်ဆုံးခြင်းကို ပြင်းပြင်းထန်ထန်ဆန့်ကျင်ကြသည်။နောက်တော့ စိတ်ဓာတ်မကျစေရ၊ မဆီးတားရ ဝါဒကြောင့်မပဲ့ပြင်ရာမှဖြစ်ပေါ်လာသောရလဒ်များကြောင်း တုန်လှုပ်ကြရသည်။

စမစ်သ်သည် မျှတစွာပြောသည်။“အလွန်အကျွံလွှတ်ထားခြင်းသည် အလွန်အကျွံဆုံးမမှုကဲ့သို့ မကောင်းချေ”။သူဆက်၍ ပြောသည်။“ အလွန်အကျွံ ဆုံးမခံရသောသူသည်၊ ဆုံးမ မခံရသောသူထက် ပြုပြင်ရလွယ်သည်။သံသယဝင်သောအခါ ဆုံးမဘက်သို့ယိုင်သည်” ပါမောက္ခက ကိုယ်ထိလက်ရောက် ဆုံးမရာ၌ မေတ္တာ၊စိုးရိမ်စိတ်ဖြင့် ကလေး၏ယခုနှင့်နောင်ရေးကောင်းစားရေး အတွက်ရည်ရွယ်ချက်ဖြစ်သင့်ကြောင်း အလေးအနက်ပြောသည်။

ဤအကြံပြုချက်သည် အသစ်မဟုတ်ချေ။ မမှားနှိင်သော သမ္မာကျမ်းလမ်းညွန်သို့ ပြန်လာခြင်းသာဖြစ်သည်။-သု ၁၃:၂၄ သု ၂၃:၁၃,၁၄ ကိုလည်းကြည့်ပါ။

လွဲမှားသော မျှော်လင့်ချက်

သေခြင်းတရားအတွင်းသို့ “ပို၍ပုဂ္ဂလိကကျသောလမ်းကြောင်း” ရှာဖွေသူတို့သည် သမရိုးကျသင်္ဂြိုဟ်နည်းကို စွန့်၍ ရုပ်အလောင်းကို ဆေးစိမ်ပြီးထားခြင်း ရှေးဓလေ့ကို သဘောကျလာကြကြောင်း The Wall Street Journal သတင်းရေးသားထား၏။ အနိမ့်ဆုံးကြမ်းခင်းဈေး ဒေါ်လာ ၇၅၀၀ အကုန်အကျခံလျှင် “ဖောက်သည်တစ်ဦးအနေဖြင့် စပျစ်ရည်အရက် ဆေးဖုဆေးမြစ်များနှင့် ကြာရှည်ခံစေတတ်သော ဓာတုဗေဒဆေးရည်တို့တွင် နှစ်လစိမ်ထားခြင်းခံရပြီးနောက် နံ့သာဆီမွှေးနှင့် လိမ်းကျံပေးပြီး ပိတ်ချော၊ ဖန်ချည်မျှင်၊ ပိုလီယက်သလင်းနှင့် ပလစတာကျောက်ပတ်တီးတို့ဖြင့် ပြုလုပ်ထားသော ပိုးအိမ်သဏ္ဍာန်ရှိသည့်အကာဖြင့် အလုံပိတ်ပေးသည်” ဟု ထိုဂျာနယ်ကဆို၏။ ရုပ်အလောင်းပုံသဏ္ဍာန်သွန်းလုပ်ထားသော ကြေးခေါင်းကို ရွှေကွပ်ခြင်း သို့မဟုတ်ကျောက်မျက်ရတနာစီချယ်ခြင်းပြုလျှင် ဒေါ်လာ ၁၀၀၀၀၀ နှင့်အထက်ကုန်ကျနိုင်သည်။

သို့သော် ယင်းသည် ဖောက်သည်များကို ဆွဲဆောင်သည့် ရုပ်အလောင်းကို ဆေးစိမ်၍ထားခြင်း၏ ထူးခြားချက်မျှသာမဟုတ်ပေ။ “အချို့ခရစ်ယာန်များပြောသည့်အတိုင်း တရားစီရင် ရာနေ့တွင် သင်္ချိုင်းများမှ ကျွန်ုပ်တို့ကို ခရစ်တော်ခေါ်ထုတ်မည်ဟူသော အဆိုမှန်ကန်ခဲ့သည်ရှိသော် ကျွန်တော်.ကိုကျွန်တော် အကောင်းဆုံးပုံသဏ္ဍာန်မျိုးမှာ ရှိစေချင်သည်” ဟု ပုဂ္ဂိုလ်တစ်ဦးဆို၏။

လူသေပြီးနောက် ဝိညာဉ်ပြန်ဝင်လာနိုင်ရန် ရုပ်အလောင်းကို မပျက်မစီးအောင် ထားသင့်သည်ဟူ၍ ယုံကြည်ကြသော ရှေးအီဂျစ်လူမျိုးများကဲ့သို့ ထိုသူတို့သည် ဝိညာဉ်မသေနိုင်ဟူသော အယူပေါ် သူတို့၏မျှော်လင့်ချက်ကို အခြေစိုက်ထားကြမည်။ ဘာသာရေးခေါင်းဆောင်တို့ကလည်း တရားစီရင်ရာနေ့တွင် ဖြောင့်မတ်သောသူတို့နှင့် ဆိုးယုတ်သောသူတို့၏ ရုပ်အလောင်းများသည် ကိုယ်စီဆိုင်ရာ ဝိညာဉ်များနှင့် ပြန်လည်ပေါင်းဆည်းကြပြီး ကောင်းကင်သုခချမ်းသာသို့ဖြစ်စေ၊ မီးငရဲအပြစ်ဒဏ်ခံရာသို့ဖြစ်စေ အသီးသီး သွားကြမည်ဟု သွန်သင်ပေးလာခဲ့သည်။

သို့သော် ပင်ကိုယ်မသေနိုင်ခြင်းအယူဝါဒကို သမ္မာကျမ်းစာ၌ မသွန်သင်ထားပါ။ ဝိညာဉ်စိုးလ်သည် သေနိုင်သောအရာဖြစ်ကြောင်းသာ သင်ကြားထားသည်။ “ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။” (ယေဇကျေလ ၁၈:၄) ထိုကြောင့် အနာဂတ်ဘဝနှင့်ဆိုင်သော သမ္မာကျမ်းစာမျှော်လင့်ချက်မှာ မသေနိုင်သော ဝိညာဉ်စိုးလ် ဆက်၍အသက်ရှင်နေခြင်းအပေါ်မူတည်နေခြင်းမဟုတ်ဘဲ လူတစ်ဦးကို ကိုယ်ပိုင်ပုံစံနှင့်တကွ သေစဉ်ကရှိခဲ့သော နဂိုမူလအမှတ်အသားနှင့် မှတ်ဉာဏ်များပါရှိသော သင့်တော်သည့် ခန္ဓာကိုယ်ဖြင့် ဘုရားသခင်ရှင်ပြန်ထမြောက်စေခြင်းအပေါ်၌သာ မူတည်ပါသည်။ “သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် သားတော်၏ စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့” ဟူ၍ ယေရှုမိန့်တော်မူခဲ့သည်။—ယောဟန် ၅:၂၈၊ ၂၉။

ဤ “လောကနှင့် မစပ်ဆိုင်”

နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ အင်ကော်ပိုရေးတက်သည် နယူးယောက်မြို့တော် ခန့်အပ်ရေး ဘုတ်အဖွဲ့နှင့် ယမန်နှစ်က တွေ့ဆုံ၍ အထပ် ၁၉ ထပ်ရှိသော နေအိမ်တိုက်တာဆောက်လုပ်ခြင်းနှင့်ပတ်သက်သော သဘောကွဲလွဲချက်ကို မေတ္တာရပ်ခံတောင်းဆိုခဲ့သည်။ ဘုတ်အဖွဲ့ဝင်အများက ထိုစီမံကိန်းကို ဆန့်ကျင်ခဲ့သော်လည်း မြို့ပြရပ်ကွက်ပြောင်းလဲရေးကို ထောက်ခံသော မဲနှစ်မဲကို နယူးယောက်မြို့တော်ဝန် အက်ဒွပ်ကောချ် (Edward Koch) ကပေးခဲ့ခြင်းဖြစ်သည်။ သူဤသို့ဆုံးဖြတ်ခဲ့ရသည့် အခြေခံအကြောင်းကို ရှင်းလင်းတင်ပြထားသော အစီရင်ခံစာ တစ်စောင်၌ မြို့တော်ဝန် ကောချ်က “ယေဟောဝါသက်သေများကို . . . အိမ်နီးချင်းကောင်းများဟူ၍ သတ်မှတ်ရန် သာရှိသည်။ . . . သူတို့ကို ကျွန်တော်အထူးလေးစားသည်” ဟူ၍ သူ့ထင်မြင်ချက်ကို ဖေါ်ပြထားသည်။ ထိုနောက် ဤသို့ထပ်၍ ဆိုထားသည်။ “သူတို့သည် ဘာသာရေး ယုံကြည်ချက်ကြောင့် မည်သည့်ရွေးကောက်ပွဲ၌မျှ မဲမထည့်ကြောင်း ကျွန်တော်ကြားဖူးသည်။ ဤအချက်သည် ယခုဤစီမံကိန်းအတွက် ပြဿနာတစ်ခုဖြစ်ကောင်းဖြစ်မည်။ အဘယ်ကြောင့်ဆိုသော် ရွေးချယ်တင်မြှောက်ခံရသော အရာရှိများကို ပြည်သူအများက ဖိအားပေးနိုင်သော ဒေသများ၌ မဲမထည့်သူများသည် အငြင်းပွားဖွယ်ကိစ္စမျိုး၌ အနိုင်ရဖို့ မလွယ်ကူပေ။”

မြို့တော်ဝန် ကောချ်သည် များပြားသော အတိုက်အခံများနှင့် ရင်ဆိုင်ရပါလျက် သတ္တိရှိရှိ မျက်နှာမလိုက်ဘဲ ဆုံးဖြတ်ခဲ့ခြင်းအတွက် ချီးကျူးထိုက်ပေသည်။ ယေဟောဝါသက်သေများသည် နိုင်ငံရေးရွေးကောက်ပွဲများတွင် ပါဝင်ခဲ့လျှင် အခြေအနေများ တစ်မျိုးတစ်ဖုံပြောင်းသွားနိုင်စရာရှိစေကာမူ နိုင်ငံရေးပြဿနာများ၌ သူတို့၏ ကြားနေမှုအနေအထား ပြောင်းသွားအောင် သွေးဆောင်၍ရမည်မဟုတ်ပေ။ မည်မျှကြီးမားသော ဆု ကြီးဖြစ်ပါစေ သွေးဆောင်နိုင်မည်မဟုတ်ပေ။ ခရစ်ယာန်စစ်များအဖို့ ရပ်တည်ရမည့် အနေအထားကား ရှင်းလှပေသည်။ “အကျွန်ုပ်သည် ဤလောကနှင့် မဆက်ဆံသကဲ့သို့ ဤသူတို့သည် ဤလောကနှင့်မဆက်ဆံကြပါ” ဟု ယေရှုမိန့်တော်မူ၏။—ယောဟန် ၁၇:၁၆။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ