ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၂/၁၅ စာ. ၈-၉
  • “လောကနှင့်မစပ်ဆိုင်”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “လောကနှင့်မစပ်ဆိုင်”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • “လောကနှင့်မစပ်ဆိုင်”
  • ခိုးခြင်းသည်အပြစ်မဟုတ်လော
  • ဘာသာရေးဖောက်ကားခြင်း
  • ခိုးမှု အဘယ်ကြောင့်တိုးပွားနေသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်းရဲနွမ်းပါးမှုသည် ခိုးခြင်းအတွက် အကြောင်းပြချက်လော
    နိုးလော့!—၁၉၉၈
  • ယနေ့မိစ္ဆာပရောဖက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဘာသာရေးက နိုင်ငံရေးမှာ ပါဝင်ပတ်သက်သင့်သလား
    ထပ်ဆင့် အကြောင်းအရာများ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၂/၁၅ စာ. ၈-၉

အကြောင်းခြင်းရာ ဖြစ်ရပ်မှန်

“လောကနှင့်မစပ်ဆိုင်”

အနောက်ဘာလင်အိုလံပစ်ကစားကွင်းကြီးတွင် ဂျာမန်ဧဝံဂေလိအသင်းညီလာခံ၏ နိဂုံးချုပ်အပိုင်းအတွက် လူတစ်သောင်းကျော်စုဝေးလာသောအခါ အသင်းတော်ဥက္ကဌဟဲမတ်စိုင်မွန်က သူတို့အားနိုင်ငံရေးတွင်ပါဝင်ရန် တိုက်တွန်းခဲ့သည်။

စိုင်မွန်ကသယံဇာတများကို လျော်ကန်စွာအသုံးပြုခြင်း၊ ဝန်းကျင်ထိန်းသိမ်းခြင်း၊ မျှတသောစီးပွားရေးစနစ်ကိုတည်ထောင်ခြင်း၊ လက်နက်ပြိုင်ဆိုင်မှုအဆုံးသတ်ခြင်းနှင့် အလုပ်လက်မဲ့ပပျောက်ရေးစသည်တို့ကို ဖော်ပြခဲ့သည်။ သူကယင်းတို့သည် လူသားများတွင်မဖြေရှင်းနိုင်ခဲ့သော ခြိမ်းခြောက်မှုများဟု သူယူဆသည်။ သူ့အားနားထောင်နေသူများကို ဤကိစ္စရပ်၏အရေးကြီးပုံတွင်ပါဝင်လာရန် “သူကသူတို့၏ပြည်သူပြည်သားများကို နိုင်ငံရေးတွင်ပါဝင်စေသည်ထက် အရှေ့နှင့်အနောက်အသိုင်းအဝိုင်းအတွက် ပိုကောင်းသည့်အရာမရှိတော့ဟုပြောကြောင်း” ဂျာမန်သတင်းစာ Frankfurter Allgemeine Zeitung ကဖော်ပြသည်။ စိုင်မွန်ကတက်ရောက်သူအားလုံးအား “ထိုသို့သောပါဝင်မှုကိုတာဝန်တစ်ရပ်အဖြစ်လည်းကောင်း အသင်းတော်ညီလာခံကိုပရိုတက်စတင့်ပြည်သူ့အခွင့်အရေးလှုပ်ရှားမှုအဖြစ်ရှုမြင်ရန် အားပေးခဲ့သည်။

သို့သော်၊ ခရစ်ယာန်စစ်များသည် ထိုသို့သောနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်နိုင်ပါမည်လော။ ယေရှုကသူ၏နောက်လိုက်များအား “အကျွန်ုပ်သည်ဤလောကနှင့်မဆက်ဆံသကဲ့သို့ ဤသူတို့သည်မဆက်ဆံကြပါ” ဟုမပြောခဲ့ပေလော။ (ယောဟန် ၁၇:၁၆) ယေရှုကမိမိနောက်လိုက်များအား ဘုရားနိုင်ငံတော်ကိုလူသားတို့၏ တစ်ခုတည်းသောမျှော်လင့်ရာအဖြစ် ဆုတောင်းရန်သင်ပေးခဲ့သည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ၊ ရှေးအချိန်ကပရောဖက်ဒံယေလကြိုတင်ဟောခဲ့သည့်အတိုင်း ဘုရားနိုင်ငံတော်သည်ကမ္ဘာ့အုပ်ချုပ်ရေးကို “ချိုးဖဲ့ဖျက်ဆီး၍ အစဉ်အမြဲတည်လိမ့်မည်။”—ဒံယေလ ၂:၄၄။

ခိုးခြင်းသည်အပြစ်မဟုတ်လော

ခိုးခြင်းသည်အပြစ်လော။ ကက်သလစ်ဘုန်းကြီးအိုင်ဗိုစတောန်နီအိုလိုအရ အမြဲတိုင်းတော့မဟုတ်ချေ။ ဘရားဇီးလ်သတင်းစာ O Estado de S.Paulo ကစတောန်နီအိုလို ကိုကိုးကားပြီးဤသို့ဖော်ပြသည်။ “ဘုရားရှင်သည်ဆင်းရဲသူများခိုးသည်ကို ကောင်းချီးပေးပြီး၊ တရားဝင်စေသည်။” နောက်ပိုင်းတွင်သူက “အသက်ရှင်ရေးအတွက် ခိုးသူဆင်းရဲသားများကိုသာ” ရည်ညွှန်းကြောင်း သူပြောခဲ့သည်။ သူ၏စကားအရခိုးဝှက်သော၊ ဥပဒေချိုးဖောက်သည့်လူငယ်များကို အပြစ်ဒဏ်မပေးသင့်။ အကြောင်းမှာသူတို့သည် “ယခင်ကပိုခွန်အားရှိသူများ၏ လုယက်မှုကိုခံရပြီး၍ဖြစ်သည်။” “သူ့သဘောထားတွင်” မာဂျင်းနိပ်စ် [လူမှုရေးအပယ်ခံ သို့မဟုတ် မထိုက်လျော်သူ၊ သာမန်ဆင်းရဲသူ၊ အလုပ်လက်မဲ့] တို့သည်လည်းဘုရားသခင်ရွေးချယ်ခံရသူများတွင်ပါဝင်” သည်ဟု O Estado ကဖော်ပြသည်။

သမ္မာကျမ်းစာကထိုသို့သောအမြင်ကို ထောက်ခံပါသလော။ ယေရှုကသူ၏နောက်လိုက်များအား ချို့တဲ့သူများကိုကရုဏာပြရန် အားပေးခဲ့သော်လည်း နွမ်းပါးခြင်းကဲ့သို့သော လူမှုရေးပြဿာနာရှိသူများသည် ခိုးခွင့်ရှိသည်ဟုတစ်ခါမှမပြောခဲ့ချေ။ သို့အစား၊ တမန်တော်ပေါလုကဤသို့ရေးသားခဲ့သည်။ “သူခိုးဖြစ်ခဲ့သူသည် ခိုးခြင်းကိုရပ်ဆိုင်းရမည်။ သို့အစား၊ အခြားချို့တဲ့သူများနှင့်ဝေမျှနိုင်ရန် သူ၏ကိုယ်နှိုက်လက်များဖြင့် အခြားရိုးသားသောအလုပ်ကိုကြိုးစား၍လုပ်စေ။”—ဧဖက် ၄:၂၈၊ The New Jerusalem Bible.

ဘာသာရေးဖောက်ကားခြင်း

အီတလီမြောက်ပိုင်းတွင် တစ်ပြည်လုံးဆိုင်ရာဘာသာရေးပစ္စည်းနှင့် ပရိဘောဂပြသပွဲကျင်းပရာကုန်ထုတ်ဌာန ၉၇ ခုကသူတို့၏ထုတ်လုပ်မှုများတင်ပြခွင့်ရခဲ့သည်။ ပစ္စည်းများထဲတွင် ပျော့ပျောင်းသောအရာထည့်ထားသည့် ကုလားထိုင်အပါအဝင် အသံပြင်ပသို့မထွက်သော အာပတ်ဖြေရာနွေးထွေးသည့် ကျန်းမာရေးနှင့်ညီညွတ်အောင်ပြုပြင်ထားသည့် အခန်းများပါဝင်သည်။ ထို့ပြင် “ပုပ်ဂျွန်” ဆိုင်ရာ သစ္စာကတိနှင့်အညီပူဇော်သည့် အနံ့ကင်းသောနာရီ ၄၀ ကြာဖယောင်းတိုင်များ၊ ဘုရားကျောင်းခေါင်းလောင်းများကို ကွန်ပြူတာဖြင့်သံစုံညှိထားခြင်း၊ “လုံခြုံသော” အကာအကွယ်များဖြင့် အလှူငွေသေတ္တာများ၊ ကလေးများအတွက် ပညာပေးဆိုင်ရာဗွီဒီယိုများ (i.e, The Bible according to Johnny) နှင့်လေဟာပြင်မာ့စ်ပွဲအတွက် အရေးကြီးသောအရာများပါဝင်သည့် သားရေတုလက်ဆွဲအိတ်များဖြစ်သည်။

ပြပွဲတွင်ဓမ္မဆရာဖက်ရှင်ဝတ်စုံများလည်းပါဝင်သည်။ “ဘာသာရေးဖက်ရှင်ဝတ်စုံများ ပုံစံထုတ်လုပ်သူ” နှစ်ဦးက အီတလီသတင်းစာ La Stampa ကဤသို့ရှင်းပြသည်။ “ရဟန်းပျိုအများဟာ ဂျာမန်ပုံစံနဲ့ချယ်သမွန်းမံထားပြီး၊ ထည်ဝါတဲ့သိုးမွှေးအစစ်ဝတ်ရုံများနဲ့အမြင် သစ်ဆန်းလိုကြတယ်။ စီးပွားရေးကတော့ကောင်းတယ်။ ဘုရားကျေးဇူးတော်ပါပဲ။”

ဘာသာရေးခရီးသွားလုပ်ငန်းလည်း ဖောက်ကားရောင်းဝယ်မှုအတွက် ငွေဝင်ပေါက်ဖြစ်သည်။ “နှစ်စဉ်ဘာသာရေးအတွက်ခရီးသွားသူ ၁၅ သန်းရှိပြီး၊ ဘာသာရေးသမားဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ ခရီးပို့ဆောင်သူများက သူတို့ကိုရရန်အပြိုင်လုပ်ဆောင်ကြသည်” ဟုအီတလီသတင်းစာ La Repubblica ကဆိုသည်။ ဥပမာပြသည့်အနေနှင့် အီတလီသတင်းစာ Messaggero ကပဒူတွင်ရှိ “စိန့်” အန်တိုနီဝတ်ကျောင်းနှင့်စပ်လျဉ်း၍ “လူများသည်သန့်ရှင်းသောရုပ်ပုံများနှင့် ထိန်းသိမ်းထားရန်အတွက် ဟိုတယ်များနှင့်အထူးသဖြင့်ကျောင်းရှိ ပိုက်ဆံသေတ္တာများထဲသို့ သန်းနှင့်ချီ၍ထည့်ဝင်ကြသည်။

ထို့ကြောင့်ပင်ခရစ်ယာန်ဘောင်အပါအဝင် မဟာဗာဗုလုန်ဖျက်ဆီးခံရသောအခါ “လောကီကုန်သည်တို့သည် ငိုကြွေး၍စိတ်မသာညည်းတွားကြလိမ့်မည်။” (ဗျာဒိတ် ၁၈:၁၁) ဆက်လက်တင်ပြသည့်အတိုင်းပင်။ “သူတို့ကုန်သွယ်ဥစ္စာတို့ကို. . .. . .အဘယ်သူမျှနောက်တဖန်မဝယ်ရ”။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ