ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၈/၁၅ စာ. ၃၁
  • သင်မှတ်မိသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သင်မှတ်မိသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်သည် အာဗြဟံနှင့် ပဋိညာဉ်ဖွဲ့
    သမ္မာကျမ်းစာ—ယင်းတွင် အဘယ်သတင်းတရား ပါရှိသနည်း
  • ယေဟောဝါက သူ့ကို ‘ငါ့မိတ်ဆွေ’ လို့ခေါ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • အာဗြဟံ—မေတ္တာပြည့်ဝတဲ့ အမျိုးသား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • “ကိုယ်စိတ်နှလုံးကို မြဲမြံစေကြလော့”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၈/၁၅ စာ. ၃၁

သင်မှတ်မိသလော

မကြာမီကထုတ်ဝေခဲ့သော ကင်းမျှော်စင် စာစောင်များတွင် သင့်အတွက်လက်တွေ့ကျတန်ဖိုးကို သင်တွေ့ရှိသလော။ သို့ဆိုလျှင် အောက်ပါမေးခွန်းများဖြင့် သင့်မှတ်ဉာဏ်ကိုစစ်ဆေးကြည့်ပါ။

▫ အကျင့်ယိုယွင်းသည့်အတွေးအခေါ်များ သင့်စိတ်ထဲသို့ မဖိတ်ခေါ်ဘဲရောက်လာပါက ဘာလုပ်သင့်သနည်း။ သင့်စိတ်ကိုပြောင်းလိုက်သင့်သည်။ လမ်းထလျှောက်ခြင်း၊ စာအုပ်တစ်အုပ်ဖတ်ခြင်း၊ အိမ်အလုပ်တစ်ခုခုလုပ်ခြင်းတို့ကို လုပ်လိုက်ပါ။ ဤကိစ္စတွင် ဆုတောင်းခြင်းသည် အထူးသဖြင့်ခွန်အားကြီးမားသည့်အကူအညီဖြစ်သည်။ (ဆာလံ ၆၂:၈)—၄/၁၅၊ စာမျက်နှာ ၁၇။

▫ လူငယ်များသည် သူတို့ နားထောင်သည့် တေးဂီတများကို အဘယ်ကြောင့်သတိပြုသင့်သနည်း။ တေးဂီတတွင် လှုံ့ဆော်နိုင်သော၊ စွဲမက်စေနိုင်သော၊ ဩဇာလွှမ်းမိုးနိုင်သော အစွမ်းတန်ခိုးရှိသည်။ ခေတ်တေးသီချင်းများစွာတို့သည် လိင်ဆိုင်ရာစောင်းချိတ်ပြောသည့်စကားများနှင့် စာရိတ္တပျက်ပြားမှုကိုရည်ညွှန်းသည့် ညစ်ညမ်းသောစကားမြောက်မြားစွာပါသည်။ ထိုကြောင့် တိပ်ခွေများ၊ ဓာတ်ပြားများကို သင်ရွေးချယ်သည့်အခါ အလွန်ဂရုပြုရန်လိုကြောင်း ထင်ရှားသည်။—၄/၁၅၊ စာမျက်နှာ ၂၀-၁။

▫ “ကျွန်ုပ်တို့သခင်ယေရှု၏ရောက်ရှိနေခြင်း” အသုံးအနှုန်းသည် မည်သည့်အဓိပ္ပာယ်ရှိသနည်း။ (၁ သက်သာလောနိတ် ၅:၂၃) ဤအသုံးအနှုန်းက သခင်ယေရှုခရစ်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ပလ္လင်တွင်နန်းထိုင်ပြီး ဘုရင်အဖြစ်မျက်မြင်မရကြွမြန်းရောက်ရှိနေတော်မူခြင်းကို ရည်ညွှန်းပါသည်။ (ဆာလံ ၁၁၀:၁၊ ၂)—၅/၁၊ စာမျက်နှာ ၁၁။

▫ ဝိညာဏဗိမာန်တော်ကို ယေဟောဝါသန့်စင်ပေးတော်မူခြင်းမှ မည်သည့်ရည်ရွယ်ချက်ဖြစ်မြောက်သနည်း။ (မာလခိ ၃:၁–၄) မြေကြီးမျှော်လင့်ချက်ရှိသည့် များပြားစွာသောဝတ်ပြုသူများသည် ထိုသို့စုသိမ်းခံရသည့်အခါ ကိုယ်တော်၏စကြဝဠာတစ်ခုလုံးပိုင်သအုပ်စိုးခွင့်ကို ရိုသေလေးစားသည့်နေရာ၊ ကိုယ်တော်၏မြင့်မြတ်သောနာမတော် သန့်ရှင်းစင်ကြယ်ခြင်းခံရသည့်နေရာ၊ ကိုယ်တော်၏ဖြောင့်မတ်သောပညတ်တော်များအား နာခံလိုက်လျှောက်သည့်နေရာကို သူတို့အားရှာတွေ့စေလိုသဖြင့် ကိုယ်တော်၏ဗိမာန်တော်ကို သန့်ရှင်းသည့်အခြေအနေတွင်ထားရှိစေလိုခြင်းဖြစ်သည်။—၅/၁၊ စာမျက်နှာ ၁၆။

▫ ခန့်အပ်ခံကျေးကျွန်အား ခရစ်တော်ယေရှုအပ်နှင်းသည့် “ဥစ္စာရှိသမျှ” ကားအဘယ်နည်း။ (မဿဲ ၂၄:၄၅–၄၇) ဤ “ဥစ္စာရှိသမျှ” ကား ကိုယ်တော်၏ကောင်းကင်ဘုရင်အခွင့်အာဏာတော်နှင့်ဆက်စပ်နေသော ခရစ်တော်၏ဥစ္စာဖြစ်လာသည့် မြေကြီးဆိုင်ရာဝိညာဏအရာအားလုံးဖြစ်ကြောင်းထင်ရှားသည်။ ယင်းတို့တွင် လူမျိုးအပေါင်းမှလူတို့ကို ခရစ်တော်၏တပည့်များဖြစ်စေခြင်းလုပ်ငန်းပါဝင်မည်။ (မဿဲ ၂၈:၁၉၊ ၂၀)—၅/၁၊ စာမျက်နှာ ၁၇။

▫ ခရစ်ယာန်အကြီးအကဲများသည် ၁ ပေတရု ၅:၂ ပါ ပေတရု၏တိုက်တွန်းချက်အရ သိုးထိန်းခြင်းလုပ်ငန်းတွင် ‘စေတနာစိတ်’ ပါကြောင်း မည်သို့တင်ပြသနည်း။ သိုးများကိုဂရုစိုက်သော ခရစ်ယာန်အကြီးအကဲသည် မိမိစိတ်လိုကိုယ်လျောက် ကောင်းသောသိုးထိန်း ယေရှုခရစ်၏ညွှန်ကြားမှုအောက် စေတနာရှိရှိသိုးထိန်းပါသည်။ အလိုလိုစေတနာစိတ်နှင့်ထမ်းဆောင်ခြင်းသည် ခရစ်ယာန်သိုးထိန်းတစ်ဦး ယေဟောဝါ၏အာဏာတော်ကို လက်အောက်ခံပြီး သီအိုကရက်တစ်အစီအစဉ်ကို လေးမြတ်တန်ဖိုးထားရာ၌ပေါ်လွင်ထင်ရှားသည်ဟူ၍လည်း အဓိပ္ပာယ်ရသည်။။—၅/၁၅၊ စာမျက်နှာ ၂၀။

▫ ယေရှုကမိမိနောက်ကိုလိုက်သောသူသည် ‘ကိုယ့်ကိုယ်ကို စွန့်လွှတ်ရမည်’ ဟုဆိုရာ၌အဓိပ္ပာယ်ကား အဘယ်နည်း။ (မဿဲ ၁၆:၂၄) ‘မိမိကိုယ်ကိုစွန့်လွှတ်ခြင်း’ သည် မိမိကိုယ်မိမိပိုင်ဆိုင်မှုကို ယေဟောဝါအား လွှဲအပ်လိုက်ခြင်းဖြစ်သည်။ (၁ ကောရိန္သု ၆:၁၉၊ ၂၀) မိမိကိုယ်ကိုစွန့်လွှတ်သောသူသည် ကိုယ်သဘောကျရန်မဟုတ်ဘဲ ဘုရားသခင်သဘောတော်ကျစေရန် အသက်ရှင်သည်။ (ရောမ ၁၄:၈)—၆/၁၊ စာမျက်နှာ ၉။

▫ လူတစ်ယောက်ဝမ်းမြောက်နိုင်ရန် အဘယ်အရာလိုသနည်း။ ယေဟောဝါနှင့် ကောင်းမွန်သောဆက်ဆံရေးရှိပြီး ကိုယ်တော့်လုပ်ငန်းတော်တွင် အလုပ်များနေခြင်းက စစ်မှန်သောဝမ်းမြောက်မှုကို ပေးပါသည်။—၆/၁၊ စာမျက်နှာ ၂၂။

▫ သောဒုံမြို့ကိုဖျက်ဆီးရန်ရည်ရွယ်ချက်နှင့်ပတ်သက်၍ ယေဟောဝါရှင်သည် အာဗြဟံအား ဤမျှလွတ်လပ်စွာပြောဆိုခွင့် အဘယ်ကြောင့်ပေးတော်မူခဲ့သနည်း။ (ကမ္ဘာဦး ၁၈:၂၂–၃၂) တစ်ကြောင်းမှာ၊ အာဗြဟံသည် ဘုရားသခင်၏မိတ်ဆွေဖြစ်သည်။ (ယာကုပ် ၂:၂၃) ထို့ပြင် အာဗြဟံသည် စိတ်ဒုက္ခရောက်နေကြောင်းကို ယေဟောဝါသိတော်မူသည်။ အာဗြဟံ၏တူ လောတသည် သောဒုံမြို့တွင်နေထိုင်၍ လောတ၏လုံခြုံမှုအတွက် အာဗြဟံစိုးရိမ်နေကြောင်းကိုလည်း ကိုယ်တော်သိတော်မူသည်။ ဤအကြောင်းများကြောင့် သောဒုံမြို့ကိုဖျက်ဆီးရန် ရည်ရွယ်ချက်နှင့်ပတ်သက်သော အာဗြဟံ၏မေးခွန်းများကို ယေဟောဝါဖြေဆိုပေးရန် အသင့်ရှိခဲ့သည်။—၆/၁၅၊ စာမျက်နှာ ၁၆။

▫ ၁၆ ရာစုမှ ပရိုတက်စတင့် ပြုပြင်ရေးက စစ်မှန်သောခရစ်ယာန်အခြေအနေ၊သို့ ပြန်ဆိုက်ရောက်စေသလော။ မရောက်စေပါ။ ခရစ်ယာန်ဘာသာစစ်သို့ ပြန်လှည့်မည့်အစား ပြုပြင်ရေးသည် နိုင်ငံရေးအကြိုက်လိုက်သည့် အမျိုးသား (ဝါ) ဒေသဆိုင်ရာ ချာ့ချ်မြောက်မြားစွာကို ပေါ်ထွက်စေကာ သူတို့၏စစ်ပွဲများတွင် တက်ကြွစွာ ထောက်မခဲ့ကြသည်။—၇/၁၊ စာမျက်နှာ ၁၀-၁၁။

▫ မဿဲ ၆:၂၀ တွင် ယေရှုပြောခဲ့သော “ကောင်းကင်ဘုံ၌ ဘဏ္ဍာ” က ဘာကိုဆိုလိုသနည်း။ ယင်းသည် ဘုရားသခင်နှင့် နာမည်ကောင်းရရှိထားခြင်းနှင့် သစ္စာရှိစွာခရစ်ယာန်လုပ်ငန်းကို ဆောင်ရွက်ခဲ့သည့်မှတ်တမ်းအပါအဝင် ဘယ်တော့မျှ ညှိုးနွမ်းစရာမလိုသည့်ဘဏ္ဍာများဖြစ်သည်။ ယင်းတို့သည် ယေဟောဝါဘယ်သောအခါမျှ မမေ့လျော့သည့်အရာများတွင် ပါဝင်သည်။ (ဟေဗြဲ ၆:၁၀)—၇/၁၊ စာမျက်နှာ ၃၂။

▫ ယုံကြည်ခြင်း၏ အရေးပါလက္ခဏာများအဖြစ် အဘယ်အရည်အချင်းများကို ပေတရု ဖော်ပြထားသနည်း။ (၂ ပေတရု ၁:၅–၇) ပေတရုက ယုံကြည်ခြင်း၌ အကျင့်သီလ၊ အသိပညာ၊ ကာမဂုဏ်ချုပ်တည်းခြင်း၊ ခံနိုင်ရည်ရှိခြင်း၊ ဘုရားဝတ်၌မွေ့လျော်ခြင်း၊ ညီရင်းအစ်ကိုသဘောထားနှင့် ချစ်ခြင်းမေတ္တာကို ထပ်လောင်းဖြည့်စွက်ရမည်ဟု ပြောပါသည်။—၇/၁၅၊ စာမျက်နှာ ၁၃။

▫ ဗာသရှေဘနှင့် ဒါဝိဒ်ပြစ်မှားခဲ့သည့်အကြောင်းက ဘုရားသခင်၏ကျေးကျွန်များကို မည်သို့သတိပေးချက်ဖြစ်သနည်း။ (၂ ဓမ္မရာဇဝင် ၁၁:၂–၄) မိမိအိမ်ထောင်တွင် သာယာမှုရယူနိုင်ခွင့်ရှိလျက်ပင် ဒါဝိဒ်သည် မတော်မလျော်သော ရာဂစိတ် နှိုးဆွခံခဲ့သည်။ ဥရိယဇနီး၏စွဲမက်ဖွယ်ရာကို သတိပြုကာ သူမနှင့် တဒင်္ဂအတွေ့အာရုံကိုခံစားရန် မချုပ်တည်းမစဉ်းစား—ပြုမူလေသည်။ ဤကဲ့သို့သော လောဘရမက်ကိုမရှောင်ကြဉ်လျှင် မည်သည့်ဘုရားသခင့်ကျေးကျွန်မဆို ထပ်တူပင် ပြစ်မှားနိုင်ပါသည်။ (ယာကုပ် ၁:၁၄၊ ၁၅)—၈/၁၊ စာမျက်နှာ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ