သင်မှတ်မိသလော
မကြာမီကထုတ်ဝေသော ကင်းမျှော်စင် စာစောင်များကို ဂရုတစိုက်တွေးတောဆင်ခြင်ပြီးပြီလော။ ပြီးပါက အောက်ပါတို့ကိုပြန်လည်စဉ်းစားခြင်းက သင့်အားစိတ်ဝင်စားမှုတွေ့စေပေမည်–
▫လူနှင့်တိရစ္ဆာန်တို့အကြား အဓိကခြားနားချက်ကား အဘယ်နည်း။
အဓိကခြားနားချက်မှာ လူ့ဦးနှောက်တည်ဆောက်ပုံ၊ ယင်း၏အစွမ်းအစနှင့် ဆောင်ရွက်ပုံပေါ်တွင် အခြေပြုသည်။ တိရစ္ဆာန်များတွင် ဦးနှောက်ဆိုင်ရာလုပ်ဆောင်မှုအားလုံးနီးပါးကို ပင်ကိုယ်ဉာဏ်ဟုခေါ်ဆိုကြသည့်အရာတွင် ထည့်သွင်းစီစဉ်ထားပြီးဖြစ်သည်။ လူနှင့်စပ်လျဉ်း၍မူကား ယင်းသို့မဟုတ်ချေ။ ပြုလိုစိတ်လွတ်အစွမ်းသတ္တိဖြင့် လူကိုဘုရားသခင်ဖန်ဆင်းထားသည်။ (သု. ၃၀:၂၄-၂၈)—၄/၁၅၊ စာမျက်နှာ ၅။
▫ဣသရေလတို့၏ ဗိမာန်တော်ဝတ်ပြုရေးတွင် သီချင်းဆိုခြင်းသည် မည်သည့်အခန်းကဏ္ဍတွင်ပါဝင်သနည်း။
တေးဂီတ၊ အထူးသဖြင့် သီချင်းသည်များသည် ဝတ်ပြုရေးတွင် အရေးကြီးကဏ္ဍမှပါဝင်ခဲ့ခြင်းမှာ ပညတ္တိကျမ်း၏ သာ၍လေးနက်သောအကြောင်းအရာများကို နှလုံးသွင်းဖို့အတွက် လိုအပ်၍မဟုတ်ဘဲ ဝတ်ပြုရေးကို ခံစားချက်အမှန်ဖြင့် ဆောင်ရွက်နိုင်ရေးအတွက်ဖြစ်သည်။ ဤနည်းဖြင့် ဣသရေလလူမျိုးသည် ခံစားချက်အပြည့်နှင့် ယေဟောဝါအားကိုးကွယ်ကြရန် အကူအညီပေးခဲ့သည်။ (၁ ရာဇဝင်ချုပ် ၂၃:၄၊ ၅; ၂၅:၇)—၅/၁၊ စာမျက်နှာ ၁၀၊ ၁၁။
▫ကလေးများသည် မွေးကင်းစကတည်းကစ၍ မည်သည့်အရေးစိုက်မှုလိုအပ်သနည်း။
မိဘများသည် မွေးကင်းစကလေးကို မခြားမလပ်နီးပါးမျှ ဂရုစိုက်သွားရမည်။ ပေါလု ဤသို့ရေးသားခဲ့သည်– “ကယ်တင်ခြင်းအလိုငှာ ပညာကိုပေးနိုင်သောဓမ္မကျမ်းစာကို ငယ်သောအရွယ်မှစ၍လေ့ကျက်သည်။” (၂ တိမောသေ ၃:၁၅) ထိုကြောင့် ငယ်သောအရွယ်ကတည်းက တိမောသေရရှိခဲ့သော မိဘများ၏ဂရုစိုက်မှုတွင် ဝိညာဉ်ရေးအတွက်လည်းပါဝင်သည်။—၅/၁၅၊ စာမျက်နှာ ၁၁။
▫သမ္မာကျမ်းစာတွင် လူသားများအတွက် ဘုရားသခင့်သတင်းစကားပါကြောင်း မည်သည့်အထောက်အထားလေးခုက သက်သေထူသနည်း။
(၁) ရနိုင်သည့်အတိုင်းအတာ။ သမ္မာကျမ်းစာကို ကမ္ဘာ့လူဦးရေ၏ ၉၈ ရာခိုင်နှုန်းသော လူ့အတိုင်းအတာက ရရှိနိုင်သည်။ (၂) သမိုင်းဖြစ်ရပ်မှန်။ သမ္မာကျမ်းစာတွင် သက်သေမထူနိုင်သော ပုံပြင်ဒဏ္ဍာရီများမဟုတ်ဘဲ သမိုင်းနှင့်ကိုက်ညီသော အဖြစ်မှန်များပါဝင်သည်။ (၃) လက်တွေ့ကျခြင်း။ သမ္မာကျမ်းစာ၏ ပညတ်များနှင့်စည်းမျဉ်းများကို လိုက်လျှောက်သူများအား အကျိုးဖြစ်ထွန်းစေသည့် အသက်တာနည်းလမ်းတစ်မျိုးကို ယင်းတို့က လမ်းညွှန်ပေးသည်။ (၄) ပရောဖက်ပြုချက်များ။ အနာဂတ်တွင်ဖြစ်ပျက်မည့်အရာကို အသေးစိတ်ကြိုတင်ပြောထားသော စာအုပ်ဖြစ်သည်။—၆/၁၊ စာမျက်နှာ ၈၊ ၉။
▫မှန်သောဘာသာကိုသိရှိလာခြင်းနှင့်အတူ မည်သည့်တာဝန်ဒွန်တွဲလာသနည်း။
ကျွန်ုပ်တို့သည် မှန်သောဘာသာကို ခွဲခြားသိမြင်ပြီးသည်နှင့် ယင်းအပေါ်တွင် ကျွန်ုပ်တို့အသက်တာကို တည်ဆောက်ကြရမည်။ ယင်းသည် ဘဝလမ်းစဉ်ဖြစ်သည်။ (ဆာလံ ၁၁၉:၁၀၅; ဟေရှာယ ၂:၃)—၆/၁၊ စာမျက်နှာ ၁၃။
▫သမ္မာကျမ်းစာကို ကိုယ်ပိုင်လေ့လာခြင်းသည် အဘယ်ကြောင့်အလွန်လိုအပ်သနည်း။
ဘုရားသခင့်ကျေးကျွန်အားလုံးတို့သည် ဘုရားသခင့်နှုတ်ကပါဌ်တော်မှ သမ္မာတရားရှုထောင့်အသစ်များ သို့မဟုတ် သာ၍နက်နဲသောအကြောင်းများကို ဆည်းပူးခြင်းအားဖြင့် နေ့စဉ်နှင့်အမျှ ရွှင်လန်းအားရမှုနှင့် ခွန်အားအသစ် ထပ်လောင်းဖြည့်စွက်ပေးရန် လိုအပ်ကြသည်။ ဤနည်းအားဖြင့် မိမိတို့ကိုယ်ကို ဝိညာဉ်ရေးဆိုင်ရာ လှုံ့ဆော်မှုဆက်ရှိစေပါသည်။—၆/၁၅၊ စာမျက်နှာ ၈။
▫သမ္မာကျမ်းစာတွင် အသုံးပြုသော “အပြစ်” ဟူသည့်ဝေါဟာရ၏ အဓိပ္ပာယ်ကား မည်သို့နည်း။
သမ္မာကျမ်းစာတွင် အများအားဖြင့်သုံးလေ့ရှိသော ဟေဗြဲနှင့်ဂရိကြိယာပုံစံဖြစ်သည့် “အပြစ်” ဟူသောစကားလုံးက ပန်းတိုင်၊ ရည်မှန်းချက် သို့မဟုတ် ပစ်မှတ်တစ်ခုကို လွဲချော်ခြင်း သို့မဟုတ် မမီနိုင်ခြင်းသဘောဖြင့် “လွဲသွား” သည်ဟု အဓိပ္ပာယ်ရှိသည်။ ကနဦးလူသားမောင်နှံသည် ကိုယ်တော်၏ပုံသဏ္ဌာန်တော်ဖြင့် ဖန်ဆင်းခံရခြင်းရည်ရွယ်ချက်အတိုင်း မဖြစ်တော့သည်နှင့် ဘုရားသခင်၏ဂုဏ်ရည်တော်ကိုမမီ၊ အသရေပျက်ကြလေတော့သည်။ တစ်နည်းအားဖြင့်ဆိုရလျှင် သူတို့သည် ပြစ်မှားကြသည်။ (ကမ္ဘာဦး ၂:၁၇; ၃:၆)—၆/၁၅၊ စာမျက်နှာ ၁၂။
▫အယူဖောက်ပြန်သူများ၏ စာပေများကိုဖတ်ရှုခြင်းသည် အဘယ်ကြောင့် အလွန်ပညာမဲ့ရာကျသနည်း။
အယူဖောက်ပြန်သူများ၏စာပေအချို့သည် မုသားများကို “ချော့မော့သောစကား” နှင့် “လှည့်ဖြားသောစကား” ဖြင့် ဖော်ပြပြောဆိုထားတတ်သည်။ (ရောမ ၁၆:၁၇၊ ၁၈; ၂ ပေတရု ၂:၃၊ သမ) အယူဖောက်ပြန်သူတို့၏အရေးအသားအားလုံးတို့သည် စွပ်စွဲရှုတ်ချခြင်းသာဖြစ်သည်။ တည်ဆောက်မှုလုံးဝမပေးချေ။—၇/၁၊ စာမျက်နှာ ၁၂။
▫ခရစ်ယာန်ထိမ်းမြားခြင်းကို မည်သည့်အရာက အောင်မြင်ဖြစ်ထွန်းစေသနည်း။
လင်နှင့်မယားတို့သည် ထိမ်းမြားခြင်းအပေါ် ဘုရားသခင်၏ရှုမြင်တော်မူချက်ကို လေးစားကာ ကိုယ်တော်၏နှုတ်ကပါဌ်တော်မှ ကျင့်ဝတ်မူများနှင့်အညီ နေထိုင်ရန် ကြိုးစားသောအခါ အောင်မြင်ဖြစ်ထွန်းသည်။ (ဧဖက် ၅:၂၁-၃၃)—၇/၁၅၊ စာမျက်နှာ ၁၀။
▫သင့်မိသားစုသင်အံမှုကို မည်သို့ပျော်မွေ့အားရစရာဖြစ်စေနိုင်သနည်း။
ကလေးအားလုံးကို ပါဝင်စေပါ။ အပြုသဘောနှင့် တည်ဆောက်အားပေးပြီး သားသမီးများပါဝင်ဖြေဆိုခြင်းကို လှိုက်လှဲစွာချီးမွမ်းပါ။ လေ့လာရမည့်အကြောင်းအရာကို ပြီးဆုံးဖို့သာမဟုတ်ဘဲ နှလုံးကိုထိမိဖို့ကြိုးစားပါ။—၇/၁၅၊ စာမျက်နှာ ၁၈။
▫“ငြိမ်သက်သည်၊ လုံခြုံသည်ဟု ဆိုလျက်နေကြစဉ်ပင်” ဟူသောအသုံးအနှုန်းက မည်သို့အဓိပ္ပာယ်ရှိသနည်း။ (၁ သက်သာလောနိတ် ၅:၃)
တိုင်းနိုင်ငံများသည် “ငြိမ်းချမ်းရေးနှင့်လုံခြုံမှု” ကို ရရှိ မည်ဟု ကျမ်းစာမပြောကြောင်း သတိပြုပါ။ ယင်းအကြောင်းကို သူတို့သည် ထူးခြားသည့်နည်းဖြင့် ထင်ထင်ပေါ်ပေါ် ပြောဆိုနေ ကြမည်ဖြစ်ပြီး အကောင်းမြင်ဝါဒနှင့် ယုံကြည်စိတ်ချမှုတို့ကို တစ်ခါနှင့်မျှမတူအောင် တင်ပြလာကြမည်ဖြစ်သည်။ ငြိမ်းချမ်းရေးနှင့်လုံခြုံမှုရနိုင်ဖွယ် အလားအလာများသည် တစ်ခါနှင့်မျှမတူအောင် နီးစပ်လာသည့် အသွင် ရှိမည်။—၈/၁၊ စာမျက်နှာ ၆။
▫ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့် တင်ပြတော်မူသော နည်းသုံးနည်းကိုဖော်ပြပါ။
ယေဟောဝါသည် အပြစ်လွှတ်လိုသောသဘောနှင့် ပြည့်စုံကြောင်းကို တင်ပြတော်မူသည်။ (ဆာလံ ၈၆:၅) အခြေအနေအသစ်ပေါ်လာသည့်အခါ ရည်ရွယ်ထားသည့် လမ်းစဉ်ကို ပြောင်းလဲရန် အသင့်ရှိတော်မူသည်။ (ယောန၊ အခန်းကြီး ၃ ကိုရှု။) ထို့အပြင် အခွင့်အာဏာကိုကျင့်သုံးရာတွင် ယေဟောဝါသည် အကျိုးသင့်အကြောင်းသင့်ရှိကြောင်း တင်ပြတော်မူသည်။ (၁ ဓမ္မရာဇဝင် ၂၂:၁၉-၂၂)—၈/၁၊ စာမျက်နှာ ၁၂-၁၄။