တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
ဒီဇင်ဘာ ၃ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိနစ်။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှုမှကြေညာချက်များ။ စနေတနင်္ဂနွေနေ့တွင်အသုံးပြုရန် မဂ္ဂဇင်းဆောင်းပါးများမှတင်ပြချက်များကို ဆွေးနွေးပါ။
၂၀ မိ။ “ဧဝံဂေလိသတင်းဟောသူ၏လုပ်ငန်းကို လုပ်ဆောင်။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၃ ကိုသုံးသပ်ပြီးနောက် တင်ပြပုံကိုသရုပ်ပြပါ။ ခရစ်ယာန်မဟုတ်သူများသည့်ရပ်ကွက်များရှိလျှင် ၄င်းတို့တွင်ကြိုးစားအမှုဆောင်ပါ။
၁၅ မိ။ ဒီဇင်ဘာမှတ်တမ်းသည် ရှိရှိသမျှအကောင်းဆုံးဖြစ်စေရန် အားတက်သရောဟောပြောပါ။
သီချင်း ၄၂ နှင့် ဆုတောင်းချက်။
ဒီဇင်ဘာ ၁၀ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ အလှူငွေအတွက် အသင်းမထံမှကျေးဇူးတင်စာများကိုဖတ်ပြပါ။ “မမြဲသောလောကီစည်းစိမ်” ကိုညီအစ်ကိုများအသုံးပြုပုံကို ချီးမွမ်းပါ။ (လု၊ ၁၆:၉၊ it-2, စာမျက်နှာ ၈၀၆)
၂၀ မိ။ “အဓိပ္ပာယ်ရှိရှိ မိသားစုကျမ်းစာသင်အံမှုများ ကျင်းပခြင်း” မေးဖြေသုံးသပ်ရန်။ မိသားစုကျမ်းစာသင်အံမှုကို သွန်သင်ချက်ပြည့်ဝပြီး ပျော်ရွှင်စရာဖြစ်စေရန် မည်သို့ပြုလုပ်ကြောင်း မိဘတစ်ဦးနှစ်ဦးအား အချိန်ရှိသ၍ တင်ပြပါလေစေ။
၁၅ မိ။ ဆက်သွယ်မှုလမ်းကြောင်းကို အမြဲဖွင့်ထားသလော။ မိသားစုဘဝစာအုပ်၊ အခန်း ၁၁ ပါမူနှစ်ခုသုံးခုကို အကြီးအကဲဆွေးနွေးတင်ပြ။ အပိုဒ် ၅-၈ ပါအကြောင်းများကိုအခြေခံကာ ကလေးနှင့်ဆက်သွယ်မှုကို မိဘများမည်သို့အားပေးနိုင်၊ သို့မဟုတ် ပြတ်တောက်စေနိုင်ပုံများ အမူအရာဖြင့်သာ အတိုချုပ်သရုပ်ပြပါ။
သီချင်း ၂၂၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၁၇ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များနှင့် မေးခွန်းသေတ္တာ။ သီအိုကရက်တစ်သတင်းတွင်ပါသောအချက်များကို အချိန်ခွင့်ပြုသ၍ ဖေါ်ပြပါ။
၂၀ မိ။ “သတင်းကောင်းဝေငှခြင်း—ပွဲနေ့များတွင်” မေးဖြေ၍သုံးသပ်ရန်။ ပိတ်ရက်များတွင် အမှုဆောင်ထွက်ပြီးပြီဖြစ်၍ အထူးအစီအစဉ်များအကြောင်းကြေညာပါ။
၁၅ မိ။ အမှုဆောင်ထွက်ပြီးနေကြပြီး လကုန်သည့်အခါ ချက်ချင်းမှတ်တမ်းများသွင်းကြရန် အားတက်သရောဟောပြောပါ။
သီချင်း ၉၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
ဒီဇင်ဘာ ၂၄ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ဒေသကြေညာချက်များ။ ပိတ်ရက်များတွင် သက်သေခံထွက်ရန်အားပေး။ မဂ္ဂဇင်းနေ့တွင်အသုံးပြုနိုင်သည့် ဆောင်းပါးများကိုတင်ပြပါ။
၂၀ မိ။ “ယေဟောဝါသွန်သင်မှုကိုခံယူခြင်း” ပရိသတ်နှင့် ကျောင်းကြီးကြပ်မှူးဆွေးနွေး။ အတုယူလောက်သောသင်သားတစ်ဦးကို လူတွေ့ခေါ်မေးပြီး ကြိုတင်ပြင်ဆင်ခြင်း၊ စကားပြောသွန်သင်ချက်များကို အမှီပြု၍တိုးတက်ရန်ကြိုးစားခြင်းမှ ရရှိသည့်အကျိုးများကို ပေါ်လွင်စေပါ။
၁၅ မိ။ ကျမ်းစာကိုနေ့တိုင်းအစဉ် စေ့စေ့ကြည့်ရှုခြင်း—၁၉၉၁ ကိုကောင်းမွန်စွာအသုံးပြုပါ။ ယင်းစာအုပ်ပါ ကျမ်းဦးစကားကိုအမှီပြု၍ဟောရန်။ နေ့စဉ်ကျမ်းချက်မှအချက်များနှင့်အတူ ယင်း၏တန်ဖိုးကိုဖေါ်ပြပါ။ ထိုနေ့ရက်ကျမ်းချက်ပါ အချက်အလက်များကို မိသားစုဆွေးနွေးတင်ပြပုံသရုပ်ပြပါ။
သီချင်း ၅၅ နှင့် နိဂုံးချုပ်ဆုတောင်းချက်။