တပည့်ဖြစ်စေခြင်းလုပ်ငန်းအတွက် ထောက်ကူသော စည်းဝေးများ
မတ် ၄ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၅ မိ။ ဒေသကြေညာချက်များနှင့် ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှကြေညာချက်များ။ ဤအပတ် စနေတနင်္ဂနွေနေ့များအတွက် လယ်ကွင်းလုပ်ငန်းအစီအစဉ်ကို ဖေါ်ပြပါ။
၂၅ မိ။ “ဒီဇင်ဘာလယ်ကွင်းလုပ်ငန်းတော်မှတ်တမ်း။” အရည်အချင်းရှိညီအစ်ကိုတစ်ဦးသည် ဤဆောင်းပါးကို ပရိသတ်နှင့်ဆွေးနွေးမည်။ ၁၉၉၀ ဧပြီ ၂၁ ရက်နေ့စွဲတပ်ထားသည့် အသင်းမထံမှစာပါ အချက်အလက်များကိုလည်း အကြီးအကဲထည့်ပြောဆိုနိုင်ပါသည်။ ရှိမည်ဆိုလျှင် သင်ပုန်းကိုအသုံးပြုပါ။
၁၅ မိ။ “သတင်းကောင်းဝေငှခြင်း—နိုးလော့ မဂ္ဂဇင်းများနှင့်။” မေးဖြေဆွေးနွေးရန်။ အပိုဒ် ၆ ကိုဆွေးနွေးပြီးနောက် ကြေညာသူတစ်ဦး မဂ္ဂဇင်းများကိုမည်သို့ဝေငှကြောင်း ကောင်းစွာပြင်ဆင်ထားသည့်သရုပ်ပြခန်းတစ်ခု တင်ဆက်ပါ။
သီချင်း ၆ နှင့် ဆုတောင်းချက်။
မတ် ၁၁ ရက်နေ့တွင် အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။ လှူဒါန်းငွေအတွက် ကျေးဇူးတင်စကားပြော။ သတိရအောက်မေ့ပွဲသည် စနေနေ့၊ မတ် ၃၀ ရက်တွင်ကျမည်အကြောင်း အားလုံးကိုသတိပေးပါ။ ကျင်းပမည့်အချိန်နှင့်နေရာကို အတိအကျတင်ပြပါ။ သတိရအောက်မေ့ပွဲသို့ လူသစ်များကိုဖိတ်ခေါ်ရန် မည်သို့ကြံရွယ်ထားကြောင်း အသင်းတော်အားမေးမြန်းပါ။ ယင်းကိုမည်သို့ပြုလုပ်နိုင်ကြောင်း သရုပ်ပြပါ။ ပုံနှိပ်ထားသည့်ဖိတ်စာများရှိကြောင်း အသင်းတော်ကိုသတိပေးပါ။
၁၅ မိ။ ဒေသလိုအပ်ရာများ
၂၀ မိ။ “၁၉၉၁ ခုနှစ်တွင် အရေးအကြီးဆုံးသောနေ့ရက်။” မေးဖြေရန်။ နှစ်၏အရေးအကြီးဆုံးရက်၏ စိတ်သဘောထားကိုအသင်းတော်ခံစားတတ်ကြရန် အားပေးသည့် လှိုက်လှဲအားတက်စွာတင်ဆက်ပြောဆိုပါ။ သတိရအောက်မေ့ပွဲကို ပထမအကြိမ်တက်ရောက်ခဲ့သူတို့၏စိတ်ဝင်စားမှုကို မီးထိုးပေးနိုင်ရန် အစီအစဉ်ကောင်းရှိဖို့အရေးကြီးကြောင်း ပေါ်လွင်စေပါ။
သီချင်း ၁၂၉ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၈ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သီအိုကရက်တစ်သတင်း။ လုပ်ငန်းတော်အစီအစဉ်များကိုတင်ပြပါ။ မဂ္ဂဇင်းလုပ်ငန်း၌ အသုံးပြုနိုင်မည့် နောက်ဆုံးထုတ်မဂ္ဂဇင်းများမှ ပေါ်လွင်ချက်များကို ဆွေးနွေးပါ။ လက်ရှိဝေငှရာကို ကြိုးစားဝေငှခြင်းနှင့်ပတ်သက်သည့် တွေ့ကြုံမှုများတင်ပြပါ။ ဧပြီလတွင် အရံရှေ့ဆောင်လုပ်ငန်း၌ပါဝင်ရန် အားပေးပါ။
၂၀ မိ။ ထိရောက်သောနိဒါန်းများကိုပြင်ဆင်ပါ။ လယ်ကွင်းဓမ္မအမှုတွင် ထိရောက်စွာအမှုဆောင်သည့်အကြီးအကဲတစ်ဦးသည် ဒေသဆိုင်ရာရပ်ကွက်အတွက် လျောက်ပတ်သောနိဒါန်းများကို ကြေညာသူများနှင့်အတူပြင်ဆင်သည်။ Reasoning စာအုပ်၊ စာမျက်နှာ ၉-၁၅ ပါအကြံပြုချက်များကိုအသုံးပြုနိုင်သည်။ နောက်ဆုံး အပြန်အလှန်စကားအတွက်အကြောင်းအရာ သို့မဟုတ် အခြားသင့်တော်သောအကြောင်းတစ်ခုနှင့်တွဲ၍ အသုံးပြုနိုင်သောနိဒါန်း နှစ်ခုသုံးခုကိုဆွေးနွေးပါ။ အတွေ့အကြုံရှိသောကြေညာသူများအား တစ်အိမ်မှတစ်အိမ်ဟောပြောချက်နှစ်ခုကို တင်ပြပြောဆိုပါစေ။ အချိန်ရှိသ၍ အိမ်ရှင်၏စိတ်ဝင်စားမှုကိုနှိုးဆွပေးသောနိဒါန်းများ၏တန်ဖိုးကို ဖေါ်ပြပါ။
၁၅ မိ။ 1991 Calendar တွင်မတ်လ ၂၅-၃၀ အတွင်း သတိရအောက်မေ့ပွဲအတွက် ကျမ်းချက်များကိုဖတ်ရှုခြင်းတန်ဖိုးအကြောင်း ဟောပြောပါ။ ယင်းတို့ကိုမိသားစုများ အတူတကွဖတ်ရှုကာ ထိုနေ့ရက်၏အဓိပ္ပာယ်လေးနက်မှုကို ဆွေးနွေးနိုင်မည်။ Insight အတွဲ ၂၊ စာမျက်နှာ ၂၆၈-၇၁ ပါ “သခင့်ညစာစားပွဲ” အကြောင်းဖတ်ရှုလျှင် အကူအညီဖြစ်ပါလိမ့်မည်။ ဤသို့ပြင်ဆင်ခြင်းဖြင့် သတိရအောက်မေ့ပွဲကိုတန်ဖိုးထားစိတ် တိုးပွားလာမည်။ စစ်မှန်သောဝတ်ပြုမှုနှောင်ကြိုးဖြင့် မိသားစုတို့ကို တရင်းတနှီးပိုရှိစေမည်။
သီချင်း ၁၂၆ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၅ ရက်နေ့တွင်အစပြုမည့်အပတ်အတွက်
၁၀ မိ။ ဒေသကြေညာချက်များ။ သတိရအောက်မေ့ပွဲအတွက် အစီအစဉ်များကို ဖေါ်ပြပါ။ မိသားစုနှင့်စိတ်ဝင်စားသူတို့ကို နိုင်ငံတော်ခန်းမသို့ စောစောခေါ်ခဲ့၍ ထိုင်နေကြရန် ပရိသတ်ကိုသတိပေးပါ။ လူသစ်များကို ညီအစ်ကိုများနှင့်မိတ်ဆက်ပေးရန်၊ ပထမအကြိမ် နိုင်ငံတော်ခန်းမသို့ရောက်ရှိလာခြင်းဖြစ်ပါက လိုက်ပြပေးပါ။ ဤအပတ်စနေတနင်္ဂနွေနေ့ လယ်ကွင်းလုပ်ငန်းအတွက်အစီအစဉ်များကိုကြေညာပါ။ ဤနေ့ရက်များတွင် ဝိညာဏလုပ်ငန်း၌ လူတိုင်းအပြည့်အဝပါဝင်ကြရန် အားပေးတိုက်တွန်းပါ။
၁၅ မိ။ “ယေရှု၏ဘဝနှင့်ဓမ္မအမှု။” သင့်အိမ်ထောင်အတွက် အကျိုးအရှိဆုံးဖြစ်စေရန်နှင့်ပတ်သက်၍ ဟောပြောသရုပ်ပြရန်။
၂၀ မိ။ “ဓမ္မအမှုတွင်တိုးတက်ကြခြင်း။” သမ္မာတရားရသည်မှာ နှစ်ပေါင်းများစွာရှိငြား တိုးတက်မှုမရှိလှသူအဖြစ် သရုပ်ဆောင်သောညီအစ်ကိုတစ်ဦးနှင့် အတွေ့အကြုံရှိသောအကြီးအကဲ ဆွေးနွေးနေပုံ။ အပိုဒ် ၃ တွင်ပြသည့် လေ့ကျင့်ခြင်းကို လိုရင်းတိုရှင်းဆွေးနွေးကြ။ အပိုဒ် ၄ ကိုဆွေးနွေးရာတွင် ရှေ့ဆောင် သို့မဟုတ် အခြားထိရောက်မှုရှိကြေညာသူတစ်ဦး အတွေ့အကြုံမများသေးသောကြေညာသူအား ဒေသဆိုင်ရာရပ်ကွက်တွင် မကြာခဏကြုံတွေ့တတ်သည့်အခြေအနေတစ်ခုကို မည်သို့ကိုင်တွယ်ပြောဆိုပေးနိုင်ကြောင်း ဆွေးနွေးတင်ပြပါစေ။ ၁၉၈၆ ဩဂုတ် ၁ ရက်ထုတ်ကင်းမျှော်စင် စာမျက်နှာ ၁၆-၂၃ ပါနှလုံးကိုထိမိခြင်းနှင့်စပ်လျဉ်းသည့် အကြံပြုချက်များကိုဆွေးနွေးပါ။ လူတို့နှင့်စကားစမြည်ပြောဆိုရာတွင်၊ စိတ်ဝင်စားသူများထံ ပြန်လည်ပတ်သွားရာတွင် တိုးတက်လာမှုရှိလာနိုင်ရန် အစီအစဉ်များကိုအတိအကျပြုလုပ်ထားဖို့ အားပေးစကားဖြင့်နိဂုံးချုပ်ပါ။
သီချင်း ၁၂၃ နှင့် နိဂုံးချုပ်ဆုတောင်းချက်။