မတ်အတွက်လုပ်ငန်းတော်စည်းဝေးများ
မတ် ၄ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု မှ ရွေးချယ်ထားသောကြေညာချက်များ။
၁၅ မိ– “‘တစ်နေ့လုံး’ ယေဟောဝါ၏ကျေးဇူတော်ကို ချီးမွမ်းပါ။” မေးဖြေရန်။ အပိုဒ် ၂-၅ ကိုအချိန်ရသရွေ့ဖတ်ရန်။ အရန်ရှေ့ဆောင်နှင့် မှန်မှန်ရှေ့ဆောင်လုပ်ငန်းအတွက် အပြုသဘောပါသောအားပေးစကားများကို ပြောဆိုပါ။
၂၀ မိ– “အသက်ရစေသည့် မှန်သောဘုရားသခင်အား သိကျွမ်းခြင်းပညာ။” အကြံပြုထားသော တင်ဆက်ပုံများကို ပြန်သုံးသပ်ပါ။ သရုပ်ပြခန်း တစ်ခုနှစ်ခုတင်ပြပါ။ ကမ္ဘာချီလုပ်ငန်းအတွက် လှူဒါန်းခွင့်ရှိကြောင်း အိမ်ရှင်များကို ပါးနပ်လိမ္မာစွာ အသိပေးနိုင်သည့်နည်းများ ဖော်ပြပါ။
သီချင်း ၇၈ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၁ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ စာရင်းအင်းမှတ်တမ်း။
၂၀ မိ– “၁၉၉၆ ခုနှစ်အတွက် သီအိုကရက်တစ်ဓမ္မအမှုကျောင်းမှ အကျိုးခံစား—အပိုင်း ၃။” ကျောင်းကြီးကြပ်မှူးဟောရန်။ နာမည်ပေးနိုင်သူအားလုံးကို စာရင်းသွင်းပြီး မိမိတို့တာဝန်ကို ကျေပွန်စွာထမ်းဆောင်ကြရန် အားပေး။ “ကျမ်းစာတစ်ကျမ်းလုံး” စာမျက်နှာ ၃၂၅-၆၊ အပိုဒ် ၂၇-၈ [လိပ်] ပါရှင်းပြချက်နှင့်အညီ ကျမ်းစာနာမည်များကို အသံထွက်ခြင်းနှင့်ပတ်သက်သည့်နည်းနာများကို ရှင်းပြပါ။
၁၅ မိ– မိသားစုလိုက် အတူတကွလုပ်ဆောင်ခြင်း။ ၁၉၉၃၊ စက်တင်ဘာ ၁ ကင်းမျှော်စင်၊ စာမျက်နှာ ၁၆-၁၉ ကိုအခြေပြုကာ အတူတကွလုပ်ဆောင်ဖို့လိုကြောင်း ဖခင်သည် မိသားစုကိုပြောပြနေ။ မိသားစုသင်အံမှုနှင့် ဧဝံဂေလိသတင်းဟောပြောခြင်းကို အာရုံပြုပါ။ ယခုခေတ်တွင် မိသားစုများ ပြိုကွဲနေရခြင်းသည် အတူတကွလုပ်ဆောင်မှုမရှိ၊ အသွင်တူညီမှု တစ်ခုမျှမရှိသောကြောင့်ဖြစ်ကြောင်း တင်ပြပါ။ ခရစ်ယာန်မိသားစုလိုက် အတူတကွ ဘုရားသခင်၏နှုတ်ကပါဌ်တော်ကိုလေ့လာခြင်း၊ ဓမ္မအမှုတွင်ပါဝင်ခြင်းသည် ကောင်းချီးတစ်ရပ်ဖြစ်သည်။ ယင်းတို့ကို ကောင်းစွာစီစဉ်ခြင်းသည် ဖခင်၏တာဝန်ဖြစ်ပြီး မိခင်မူကား ဝိုင်းဝန်းကူညီရန်ဖြစ်သည်။ သားသမီးများအနေနှင့် ဝိညာဏရေးရာများ၌ စိတ်ဝင်စားမှုပြပြီး မိဘများနှင့်အတူ တရင်းတနှီးလုပ်ဆောင်သင့်သည်။ သို့ ပြုပါက မိသားစုသည် စည်းလုံးပြီး လောကီဆန်ခြင်းသို့ သွေးဆောင်ခံရလေသမျှကို ငြင်းဆန်နိုင်ရန် ခွန်အားရှိပေမည်။
သီချင်း ၂၁၁ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၁၈ တွင် စမည့်အပတ်
၁၀ မိ– ဒေသကြေညာချက်များ။ သင်အံမှုများကျင်းပနေသူများသည် ကျမ်းစာသင်အံမှုတွင် ကောင်းစွာတိုးတက်နေသူ လူသစ်များကို နှစ်ခြင်းမခံရသေးသောကြေညာသူများဖြစ်လာကြရန် ကြိုးစားဖို့ အားပေးသင့်သည်။ မိဘများလည်း မိမိတို့သားသမီးများကို ကြေညာသူများဖြစ်လာကြရန် အားပေးနိုင်သည်။ မိမိတို့ဓမ္မအမှုကိုကျေပွန်ရန်အဖွဲ့အစည်း စာအုပ်၊ စာမျက်နှာ ၁၂၂-၁၂၅ တွင်အကြမ်းဖျင်းဖော်ပြသော ထောက်ခံထားသည့်နည်းကို ပြန်လည်သုံးသပ်ပါ။
၁၅ မိ– ဒေသလိုအပ်ရာများ။ ဧပြီလတွင် အရန်ရှေ့ဆောင်ရန် အားပေးခြင်း။
၂၀ မိ– “အသက်ရစေသောအသိပညာကိုရရှိရန် အခြားသူများကိုကူညီပေးခြင်း။” ပြန်လည်ပတ်မှုများတွင် အသုံးပြုရန် အကြံပြုထားသည့် တင်ဆက်နည်းများကို ပြန်သုံးသပ်ပါ။ သရုပ်ပြခန်း တစ်ခုနှစ်ခုတင်ပြပါ။ ကျမ်းစာသင်အံမှုများစခြင်းဆိုင်ရာပန်းတိုင်ကို အလေးအနက်ပြောဆိုပါ။
သီချင်း ၁၃၀ နှင့် နိဂုံးချုပ်ဆုတောင်းချက်။
မတ် ၂၅ တွင် စမည့်အပတ်
၁၅ မိ– ဒေသကြေညာချက်များ။ “သတိရအောက်မေ့ပွဲ သတိပေးချက်များ” ကိုပြန်လည်သုံးသပ်ပါ။ တက်ရောက်ရန် အဘယ်ကြောင့်အရေးကြီးကြောင်း ရှင်းပြပါ။ (၁၉၈၄၊ ဒီဇင်ဘာ ၁၊ ကင်းမျှော်စင်၊ စာမျက်နှာ ၁၈ ရှု) သက်ကြီးရွယ်အို၊ မသန်မစွမ်းနှင့် လူသစ်များပါ တက်ရောက်ကြရန် ကူညီပေးခြင်းအစီအစဉ်များကို ပြန်သုံးသပ်ပါ။ လာမည့်အပတ်အတွင်း လယ်ကွင်းလုပ်ငန်းတွင် တိုးချဲ့ပါဝင်ရန်အစီအစဉ်များကို ဆွေးနွေးပါ။
၁၅ မိ– အကြီးအကဲတစ်ဦးဟောပြောရန်။ ဧပြီလတွင် အကြီးအကျယ်တိုးတက်ရန် မည်သို့ ကြိုးစားနိုင်ကြောင်း ဆွေးနွေး။
၁၅ မိ– “ပြင်ဆင်မှု—အောင်မြင်မှု၏သော့ချက်။” မေးဖြေရန်။ ဧပြီနှင့်မေအတွင်း ကင်းမျှော်စင် နှင့် နိုးလော့! ကိုဝေငှကြမည်အကြောင်း ပြောပြပါ။ ယခုကတည်းက စောင်ရေအပို မှာယူထားရန်၊ နှစ်စဉ်ကြေးကောက်ခံရန် ပုံစံများ စုဆောင်းထားရန်နှင့် မဂ္ဂဇင်းနေ့လုပ်ငန်းအတွက် အသင်းတော်၏အစီအစဉ်များကို အားပေးရန် ကြိုတင်စီစဉ်ထားစေပါ။
သီချင်း ၇ နှင့် နိဂုံးချုပ်ဆုတောင်းချက်။